iPhone 14 Pro ကံထူးနိုင်မယ့်အခွင့်အရေး 

KBZPay အသုံးပြုသူများ အနေဖြင့် မိမိနှင့် ချစ်ခင်ရင်းနှီးသော မိတ်ဆွေ ၊ သူငယ်ချင်းများကို KBZPay အကောင့်ဖွင့်ရန် ဖိတ်ခေါ်ပြီး ပြန်အမ်းငွေများ နှင့် အတူ iPhone 14 Pro ကံထူးနိုင်မယ့် အခွင့်အရေးတစ်ခု ရှိပါတယ်။ 

KBZPay အသုံးပြုသူများမှ အကောင့်ဖွင့်ရန် ဖိတ်ခေါ်ခံရသော သူသည်  KBZPay Level 2 သို့ အောင်မြင်စွာဖွင့်လှစ်ပြီးပါက ဖိတ်ခေါ်သူမှ ၁,၂၀၀ကျပ် ပြန်အမ်းငွေ ရရှိနိုင်မည် ဖြစ်ပြီး ဖိတ်ခေါ်ခံရသူ မှ  ၁,၀၀၀ ကျပ် တန်ဖိုးရှိ ကူပွန်များ ( ပြန်အမ်းငွေ ၃၀၀ ကျပ်၊ ဖုန်းဘေလ်ဖြည့် ကူပွန်အတွက် ၃၀၀ ကျပ် နှင့် KBZPay Market ကူပွန် အတွက် ၄၀၀ ကျပ်) ရရှိမှာဖြစ်ပါတယ်။ 

KBZPay အသုံးပြုသူ ၁ ဦးမှ   အသုံးပြုသူ အသစ်များကို အကန့်အသတ်မရှိ ဖိတ်ခေါ်နိုင်မှာ ဖြစ်ပြီး ပထမဦးဆုံး အောင်မြင်တဲ့ ဖိတ်ခေါ်မှုအတွက် ပြန်အမ်းငွေ ၁,၂၀၀ ကျပ် ၊ ဒုတိယအကြိမ် မြောက်မှ စတင်တဲ့ ထပ်တိုးဖိတ်ခေါ်မှုများအတွက် ပြန်အမ်းငွေ ၂,၀၀၀ ကျပ် စီ ရယူနိုင်မှာဖြစ်ပါတယ်။ 

ဒါ့အပြင် အသုံးပြုသူ အသစ်အများဆုံး အောင်မြင်စွာ ဖိတ်ခေါ်နိုင်တဲ့ သူတစ်ဦးကိုလည်း iPhone 14 Pro ဆုလက်ဆောင် ရရှိနိုင်မယ့်အခွင့်အရေးရှိတာဖြစ်လို့ အခုပဲ မိတ်ဆွေသူငယ်ချင်းတွေကို ယခု လင့်ခ့် ကနေ တစ်ဆင့် ဖိတ်ခေါ်လိုက်ရအောင်။ 

ယခုကမ်ပိန်းကာလ မှာ ဇူလိုင် ၁၀ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက် နေ့အထိ ဖြစ်ပါတယ်။ 

KBZPay ရဲ့စိတ်ဝင်စားဖွယ်အစီအစဉ်တိုင်းမှာပါဝင်နိုင်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံအတွက် KBZPay Level 2 သို့ အဆင့်မြှင့်ပြီး သင့် KBZPay အက်ပလီကေးရှင်းကိုလည်း နောက်ဆုံးဗားရှင်းသို့မြှင့်တင်လိုက်ပါ။ 

iOS: https://apple.co/31igRU9
Android : https://bit.ly/3rTwa2J