“၅၀% အထိလျော့ဈေးများ PRINCE HOTEL MINI APP မှာ ရယူပါ” အစီအစဉ် စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များ 

၁။ KBZPay သည် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၃၀) ရက်နေ့ အထိကို “၅၀% အထိလျော့ဈေးများ PRINCE HOTEL MINI APP မှာ ရယူပါ” အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 နှင့် KBZPay Level 1.5   အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဤအစီအစဥ် တွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၅.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 2 အသုံးပြုသူများ အားလုံး အစီအစဉ် ကာလအတွင်း KBZPay ပင်မစာမျက်နှာရှိ Mini Appsအောက်မှ Prince Hotel Mini Appတွင် အစီအစဥ် ကာလအတွင်း တည်းခိုရန် သတ်မှတ်ထားသောဟိုတယ်အခန်းများကို ဘိုကင်ပြုလုပ်ပါက အထူးလျော့ဈေး ၅၀% အထိရရှိနိုင်မည်ဖြစ်ပါသည်။

၄။ လျှော့ဈေးရယူရန် ငွေပေးချေမှုတစ်ကြောင်းအတွက် အနည်းဆုံး ပမာဏ သတ်မှတ်ထားခြင်း တစ်နေ့လျှင် ရရှိနိုင်သော လျှော့ဈေးပမာဏ သတ်မှတ်ထားခြင်း  မရှိပါ။ သို့သော် ဘိုကင်ပြုလုပ်နိုင်သော ခန်းအရေအတွက် ကန့်သတ်ချက်များရှိပါသည်။

၅။ KBZPay ပင်မစာမျက်နှာ၏ Mini Appsအောက်တွင်‌ရှိသော  Prince Hotel Mini App ရှိ သတ်မှတ်ထားသော အခန်းများကို အစီအစဥ် ကာလအတွင်း ဘိုကင်ပြုလုပ်၍ တည်းခိုခြင်း အတွက်သာလျှင်  ဤစည်းကမ်းသတ်မှတ်ချက်ပါ အထူးလျှော့ဈေးအား အသုံးပြုသူများအနေဖြင့် ခံစားခွင့်ရရှိနိုင်မည်ဖြစ်သည်။ ဤအစီအစဥ်ကာလ ကုန်ဆုံးပြီးနောက်တွင် ဤစည်းကမ်းသတ်မှတ်ချက်ပါ အထူးလျှော့ဈေးအား အသုံးပြုသူများ အနေဖြင့် ခံစားခွင့်ရရှိနိုင်မည် မဟုတ်ပါ။

၆။ ဤအစီအစဥ်ကာလအတွင်း KBZPay Level 2  အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၇။ KBZPay အသုံးပြုသူများမှ ဤအစီအစဉ် ကာလအတွင်း ဘိုကင်ပြုလုပ်ထားသောအခန်းများနှင့် ပတ်သက်၍ အခန်းအမျိုးအစားပြောင်းလဲခြင်း၊ တည်းခိုမည့် နေ့ရက်အချိန်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေတောင်းခံခြင်းများ ကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာပါက Prince Hotel နှင့်သာ သက်ဆိုင်မည်ဖြစ်၍ အသုံးပြုသူအနေဖြင့် Prince Hotel ထံသို့ တိုက်ရိုက်ဆက်သွယ်ရမည်။ အသုံးပြုသူတို့က Prince Hotel ၏ စည်းမျဉ်းသတ်မှတ်ချက်များအရ Prince Hotel ၏ ဆုံးဖြတ်ချက်အပေါ် လိုက်နာကြရမည်ဖြစ်သည်။

၈။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၃။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့်  Prince Hotel ၏ စည်းမျဉ်း စည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။