ပြန်အမ်းငွေများရယူ KBZPay QR နဲ့အတူ

KBZPay သုံးစွဲသူ customer များအတွက် စျေးဝယ်ရင်း (၄) သိန်းကျပ်တန် ပြန်အမ်းငွေကို အပတ်စဉ် ကံစမ်းနိုင်မယ့်အပြင် ချက်ချင်းရယူနိုင်မယ့်  နေ့စဉ်ပြန်အမ်းငွေများနဲ့ နှစ်ထပ်ကွင်း အခွင့်အ‌ရေးကြီး ရောက်ရှိလို့ လာပါပြီ။

အိမ်အတွက်လိုအပ်တဲ့ ပစ္စည်းတွေ စျေးဝယ်ထွက်ပြီး KBZPay QR နဲ့ ၃၀,၀၀၀ ကျပ်ဖိုးနဲ့အထက် ငွေပေးချေမှုတိုင်းမှာ ပြန်အမ်းငွေတွေ ချက်ချင်းရရှိမှာဖြစ်ပါတယ်။ ဒါအပြင် တစ်ပတ်အတွင်း ၃၀,၀၀၀ ကျပ် ငွေပေးချေမှု (၇) ကြိမ် ပြည့်ပါက (၄)သိန်း ကျပ်တန် ပြန်အမ်းငွေ ကံစမ်းခွင့်ကို အပတ်စဉ် စနေနေ့တိုင်းမှာ ထပ်မံရရှိမှာဖြစ်ပါတယ်။ 

ယခုအစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ထိ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။  ယခုလင့်ခ် မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

(၄) သိန်းကျပ်တန် ကံစမ်းခွင့်ကိုရယူဖို့ မိမိရဲ့ တစ်ပတ်တွင်း ငွေပေးချေမှု အရေအတွက်ကို KBZPay Application ထဲမှာရှိတဲ့ Campaign Page မှာ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မလို့ စျေးဝယ်ထွက်တိုင်းမှာ KBZPay QR နဲ့ ရှင်းဖို့ မမေ့နဲ့နော်။

 အသေးစိတ် ကြည့်ရှုနိုင်ရန် ဒီလင့်ခ်ကိုနှိပ်ပါ။

KBZPay ရဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တိုင်းမှာ ပါဝင်နိုင်ဖို့ နဲ့ ပိုမိုကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံအတွက် KBZPay Level 2 သို့ အဆင့်မြှင့်ပြီး သင့် KBZPay အက်ပလီကေးရှင်းကိုလည်း နောက်ဆုံးဗားရှင်းသို့မြှင့်တင်လိုက်ပါ။ 

 iOS: https://apple.co/31igRU9 
Android: https://bit.ly/3rTwa2J