ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဝိုင်းဝန်းလက်တွဲလို့ဖေးမကူ

ပြင်းထန်သည့် ငလျင်ကြောင့် ဖြစ်ပေါ်လာရသည့် ပျက်စီးဆုံးရှုံးမှုများတွင် တဖက်တလမ်းကနေ ပါဝင်ကူညီလိုတဲ့မြန်မာနိုင်ငံတစ်ဝန်းရှိ နိုင်ငံသူ/နိုင်ငံသားများအနေဖြင့်ငလျင်ဒဏ်သင့်ပြည်သူများအတွက် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းများရဲ့လိုအပ်ချက်တွေကို KBZPay ရဲ့ Donation (အလှူဒါန) ကိုအသုံးပြုကာပါဝင်လှုဒါန်းကူညီမှုများပြုလုပ်နိုင်ပြီဖြစ်ကြောင်းအသိပေးအကြောင်းကြားလိုပါတယ်။ KBZPay မှ တစ်ဆင့် လှုဒါန်းမှုများသည် သက်ဆိုင်ရာ
အဖွဲ့အစည်းများသို့ ၁၀၀% အချိန်နှင့်တပြေးညီ ပြန်လည် ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

လိုအပ်တဲ့ကူညီမှုများပြုလုပ်ဖို့အတွက် စိတ်ဝင်စားပါက KBZPay ရဲ့ Home Page သို့ ဝင်ရောက်ပြီး Donation (အလှူဒါန) ကို ရွေးချယ်ကာ လှုဒါန်းနိုင်မှာ ဖြစ်ပါတယ်။

Donation (အလှူဒါန) ထဲရှိ

  • Myanmar Red Cross Society

-မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီး ကော်မတီ

  • Shwe Minn Tha Foundation(Myanmar)
  • “နေ”လူထုကျန်းမာရေးစတဲ့အဖွဲ့အစည်းများထဲမှ မိမိလှုဒါန်းလိုတဲ့
    အဖွဲ့အစည်းကို ရွေးချယ်ပြီး လှူဒါန်းလိုသောပမာဏကိုရိုက်ထည့်၍
    လှုဒါန်းနိုင်မှာဖြစ်ပါတယ်။
    လှူဒါန်းရန်- https://kbzpay.co/4hXEC9B
    ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဝိုင်းဝန်းလက်တွဲလို့ ဖေးမကူရင်းဖြင့်
    အတူတကွဒီအခက်အခဲများကို ကျော်ဖြတ်ကြပါစို့။