KBZPay QR နဲ့ ငွေရှင်းပြီး ပြန်အမ်းငွေ ၁၀၀,၀၀၀ကျပ် အထိရယူပါ အစီစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ


၁။ KBZPay QR နဲ့ငွေရှင်းပြီး  ပြန်အမ်းငွေ ၁၀၀,၀၀၀ကျပ် အထိရယူပါ Campaign ကာလသည် ၂၀၂၁ ခုနှစ် မေလ (၁၈) ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇွန်လ (၈) ရက်နေ့ အထိဖြစ်ပါသည်

၂။ ​KBZPay အသုံးပြုသူ Level 1, 1.5 နှင့် 2 Customers များအားလုံးသည် အရောင်းမိတ်ဖက်ဆိုင်များတွင်  အနည်းဆုံးပမာဏ ၂၀၀ ကျပ်နှင့် အထက် ဈေးဝယ်ယူပြီး KBZPay QR သို့မဟုတ် အရောင်းမိတ်ဖက်ဆိုင်များရှိ  Short Code Payment ဖြင့် ငွေပေးချေခြင်းဖြင့် ကျပန်းပြန်အမ်းငွေ ၁၀၀,၀၀၀ ကျပ်အထိ ကံစမ်းခွင့်များရယူနိုင်မည်ဖြစ်ပါသည်။ 

၃။ ဤ Campaign တွင် နေ့စဉ် ကံထူးသူလူဉီးရေပမာဏ ကန့်သတ်ထားသောကြောင့် ကံထူးသူများအား ရွေးချယ်ရာတွင် ကျပန်းရွေးချယ်သွားမည်ဖြစ်ပြီး ပြန်အမ်းငွေများအား ကံထူးသူများ၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးမည်ဖြစ်ပါသည်။ Customer များသည် KBZPay QR Payment သို့မဟုတ် Short Code Payment ဖြင့် မိမိဝယ်ယူပေးချေသည့် ပမာဏအပေါ်မူတည်၍ အများဆုံး ပြန်အမ်းငွေ ၁၀၀,၀၀၀ကျပ် အထိ ကံစမ်းခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။ 

၄။ ဤအစီအစဉ်တွင်ပါဝင်နိုင်ရန်  Customer သည် တစ်ကြိမ်လျှင် ဝယ်ယူပေးချေသည့်ပမာဏ အနည်းဆုံး ၂၀၀ ကျပ် နှင့်အထက် ဖြစ်မှသာလျှင် ပြန်အမ်းငွေအား ဝယ်ယူသူ Customer အနေဖြင့် ရရှိခွင့်ရှိမည်ဖြစ်ပြီး ၂၀၀ကျပ်အောက် ဝယ်ယူပေးချေမှုများအတွက် ပြန်အမ်းငွေရရှိခွင့်ရှိမည်မဟုတ်ပါ။  KBZPay QR ကုဒ်ဖတ်၍ သို့မဟုတ် Short Code  ထည့်သွင်းပြီး ငွေပေးချေခြင်းနည်းဖြင့် ငွေပေးချေခြင်းမရှိ သော  Customer များ ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိမည်မဟုတ်ပါ။ 

၅။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Customerများ အနေဖြင့် အရောင်းမိတ်ဖက်ဆိုင်များတွင် ဝယ်ယူ၍ QR payment or Short Code Payment ဖြင့် ငွေပေးချေခြင်းအတွက် ကျပန်းပြန်အမ်းငွေအား ကံစမ်းခွင့်ရရှိမည်ဖြစ်သည်။ ဤအစီအစဉ်တွင်ပါဝင်နိုင်ရန် Customers များသည် KBZPay APP ၏ နောက်ဆုံး Version ကို Update လုပ်အသုံးပြုရန်လိုအပ်ပါသည်။ 

၆။ ဤ Campaign တွင် ပါဝင်နိုင်ရန်အတွက် Customer များသည် အရောင်းမိတ်ဖက်ဆိုင်များအတွက် သတ်မှတ်ထားသော QR Code နှင့် Short Code Payment ဖြင့်သာ ပေးချေရမည်ဖြစ်သည်။ KBZPay အပြာရောင် Customer App အသုံးပြု၍ ဝယ်ယူငွေပေးချေမှုများအား ဤ Campaign တွင် ထည့်သွင်းမည်မဟုတ်ပါ။

၇။ Customersများသည် အရောင်းမိတ်ဖက်ဆိုင်တစ်ဆိုင်လျှင် ပြန်အမ်းငွေအား တစ်နေ့ တစ်ကြိမ်သာ ရရှိမည်ဖြစ်သည်။

၈။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Accountနှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။

၉။ KBZPay QR နဲ့ငွေရှင်းပြီး ပြန်အမ်းငွေ ၁၀၀,၀၀၀ ကျပ် အထိရယူပါ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူကိုမဆို KBZPay ကပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ KBZPay Customer များနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZတစ်ဦးတည်း၏ အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၁။တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊ ဤစည်းကမ်းသတ်မှတ်ချက်များအရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှ ခံစားပိုင်ခွင့်မရှိပါ။

၁၂။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ပြန်အမ်းငွေ ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၃။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

(ဤ Campaign တွင်ပါဝင်၍ ပြန်အမ်းငွေအား ကံစမ်းနိုင်ရန်အတွက် KBZPay Customers အနေဖြင့် KBZPay နောက်ဆုံး upgrade version အား အသုံးပြုရန်လိုအပ်ပါသည်။)