KBZPay ရဲ့ ကိုယ်စားလှယ်ကြီးများ ဆုကြေးငွေထပ်ဆောင်းရယူနိုင်မည့် သတင်းကောင်း

KBZPay နှင့် မိတ်ဖက်ကိုယ်စားလှယ်ကြီးများအတွက် ထပ်တိုးငွေများထပ်မံရရှိနိုင်မည့်အကြောင်း သတင်းကောင်းတစ်ခုပေးချင်ပါတယ်။ ဒီအစီအစဉ်မှာ ကိုယ်စားလှယ်ကြီးများမှ တစ်လအတွင်း Level- 2 အဆင့်ရှိ Customer များ ကို Onboard လုပ်ပြီး ဆုကြေးငွေများကို ထပ်ဆောင်းရယူနိုင်မှာဖြစ်ပါတယ်။ 

ယခုအစီအစဉ်တွင်ပါဝင်ရန်အတွက် ကိုယ်စားလှယ်ကြီးများ ပြည့်မှီရမည့် သတ်မှတ်ထားသောလုပ်ဆောင်ချက်များမှာ- 

ဆုကြေးငွေ တွက်ချက်ပုံ (၁)

တစ်လအတွင်း Level- 2 အဆင့်ရှိ Customer များအား Onboard လုပ်ဆောင်နိုင်မှု အနည်းဆုံးအကောင့် ၁၀ ခုနှင့် ၎င်း အကောင့်ပိုင်ရှင်များမှ ငွေဖြည့်သွင်းမှု တစ်ယောက်လျှင်အနည်းဆုံး (၅,၀၀၀) ကျပ်ရှိပါက တစ်ဦးလျှင် (၁,၀၀၀) ကျပ်နှုန်းဖြင့် ဆုကြေးငွေ (၁၀,၀၀၀) ကျပ် တိတိရရှိမှာဖြစ်ပါတယ်။

မှတ်ချက် ။ ။ 

(၁) သတ်မှတ်ထားသည့် အကောင့်ဖွင့်လှစ်ရမည့်အရေအတွက်မှာ  အနည်းဆုံး ၁၀ ကောင့်ရရှိရမည်ဖြစ်ပြီး ၎င်းဖွင့်လှစ်ထားသည့် အကောင့်များအတွင်းသို့ E- Money (၅,၀၀၀) ကျပ်ကို တလအတွင်း Cash – in (ငွေသွင်း) ပြုလုပ်ပေးမှသာ အကျုံးဝင်မည် ဖြစ်သည်။ 

(၂) သတ်မှတ်ထားသည့် အသုံးပြုသူအရေအတွက် ရရှိသော်လည်း သတ်မှတ်ငွေသွင်း ပမာဏပြည့်မှီခြင်း မရှိပါက ဆုကြေးငွေအဖြစ် သတ်မှတ်တွက်ချက်ပေးမည်မဟုတ်ပါ။

(၃) ကိုယ်စားလှယ်များအနေဖြင့် မိမိဖွင့်လှစ်ပေးထားသည့် level-2 အကောင့်များအတွင်းသို့ ငွေထည့်သွင်းခြင်းကို မိမိဆိုင်တွင်မဟုတ်ဘဲ အခြားကိုယ်စားလှယ်ဆိုင်များတွင် ပြုလုပ်ပါက ဆုကြေးငွေအဖြစ် အကျုံးဝင်မည်မဟုတ်ပါ။

ဆုကြေးငွေတွက်ချက်ပုံ (၂)

တစ်လအတွင်း Level- 2 အဆင့်ရှိ Customer များအား Onboard လုပ်ဆောင်နိုင်မှု အနည်းဆုံး ၁၅ ကောင့်နှင့် ၎င်း အသုံးပြုသူ ၁၅ ကောင့်အား ငွေဖြည့်သွင်းမှု တစ်ယောက်လျှင်အနည်းဆုံး (၁၀,၀၀၀) ကျပ်ရှိပါက တစ်ဦးလျှင် (၁,၂၀၀) ကျပ်နှုန်းဖြင့် ဆုကြေးငွေ ၁၈,၀၀၀ ကျပ် တိတိရရှိမှာဖြစ်ပါတယ်။

မှတ်ချက် ။ ။ 

(၁) သတ်မှတ်ထားသည့် အကောင့်ဖွင့်လှစ်ရမည့်အရေအတွက်မှာ အနည်းဆုံး ၁၅ ကောင့်ရရှိရမည်ဖြစ်ပြီး ၎င်းဖွင့်လှစ်ထားသည့် အသုံးပြုသူအကောင့်များအတွင်းသို့ E- Money ၁၀,၀၀၀ ကျပ်ကို တလအတွင်း Cash – in (ငွေသွင်း) ပြုလုပ်ပေးမှသာ အကျုံးဝင်မည် ဖြစ်သည်။ 

(၂) သတ်မှတ်ထားသည့် အသုံးပြုသူအရေအတွက် ရရှိသော်လည်း သတ်မှတ်ငွေသွင်း ပမာဏပြည့်မှီခြင်း မရှိပါက ဆုကြေးငွေအဖြစ် သတ်မှတ်တွက်ချက်ပေးမည်မဟုတ်ပါ။

(၃) ကိုယ်စားလှယ်များအနေဖြင့် မိမိဖွင့်လှစ်ပေးထားသည့် level-2 အကောင့်များအတွင်းသို့ ငွေထည့်သွင်းခြင်းကို မိမိဆိုင်တွင်မဟုတ်ဘဲအခြားကိုယ်စားလှယ်ဆိုင်များတွင် ပြုလုပ်ပါက ဆုကြေးငွေအဖြစ် အကျုံးဝင်မည်မဟုတ်ပါ။