KBZPay Agent များရဲ့ စီးပွားရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေမယ့်အပြင် အထူးဆုကြီးတွေပါ ကံထူးခွင့်ရမယ့် အခွင့်အရေးကြီးတစ်ခုရှိလို့နေကြောင်းသတင်းကောင်းပေးချင်ပါတယ်။
အဲ့ဒါကတော့ KBZPay Agent တွေအနေနဲ့ စက်တင်ဘာလ (၁) ရက်နေ့မှ (၃၀) ရက်နေ့ ၂၀၂၃ခုနှစ် အတွင်း KBZPay Partner App ကနေ Quick Access Loan (လွယ်ကူချေးငွေ) ရယူပြီး အထူးဆုများကို ကံထူးနိုင်မှာပဲဖြစ်ပါတယ်။
ရရှိမည့် အထူးဆုများကတော့-
– Samsung Galaxy Tab A8 10.5” (၂) ဆု
– Remax Power Bank 20000 mAh (၁၄) ဆု တို့ပဲဖြစ်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေဖို့အပြင် အထူးဆုများကိုလည်း ကံထူးဖို့အတွက် Quick Access Loan (လွယ်ကူချေးငွေ)ကို အခုပဲ လျှောက်ထားရယူလိုက်ပါ။
Quick Access Loan ဆိုတာ KBZPay Agent များ KBZPay Transaction လုပ်ဆောင်ခြင်းအတွက်သာမက မိမိတို့ရဲ့လုပ်ငန်းတွေမှာ ငွေကြေးလိုအပ်ချက်ရှိလာသည့်အခါ လွယ်ကူစွာနဲ့ E-Money ထုတ်ယူအသုံးပြုနိုင်ရန် ရည်ရွယ်ပါတယ်။
Quick Access Loan နဲ့ဆိုရင် KBZ Bank မှ ခွင့်ပြုငွေပမာဏ ကျပ် (၅)သိန်း မှ ကျပ်သိန်း (၅၀) အထိရယူနိုင်ပြီး Agent များနှင့် ကိုက်ညီတဲ့ လိုအပ်သော ချေးငွေပမာဏကို KBZPay Partner App မှတစ်ဆင့် လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။
ဒီချေးငွေကိုဆိုရင် KBZPay Agent များအဖြစ်ဆောင်ရွက်လျှက်ရှိသော ကိုယ်စားလှယ်များမှ လျှောက်ထားနိုင်ပြီး ချေးငွေသက်တမ်း(၁) နှစ်အတွင်း ခွင့်ပြုချေးငွေ ပမာဏထဲမှ မိမိတို့လိုအပ်သည့် ငွေပမာဏအား လစဉ် စိတ်ကြိုက်ရယူသုံးစွဲခွင့်ရှိမှာဖြစ်ပါတယ်။ ရယူထားသည့် ငွေပမာဏနှင့် သက်သာသောအတိုးနှုန်းဖြင့်သာ လစဉ် ပြန်လည်ပေးသွင်းနိုင်မှာဖြစ်ပါတယ်။
Qucik Access Loan (လွယ်ကူချေးငွေ) ကို ရယူခဲ့တဲ့ KBZPay Agent များထဲမှ Samsung Galaxy Tab A8 10.5 များကို ကံထူးသူ (၂) ဦး နှင့် Remax Power Bank 20000 mAh များကို ကံထူးသူ (၁၄) ဦး ကတော့ ပေါ်ထွက်လို့လာခဲ့ပါပြီ။
အခုအစီအစဥ်မှာ ပါဝင်ပေးခဲ့ကြတဲ့ KBZPay Agent များအားလုံးကိုကျေးဇူး အထူးတင်ရှိပါကြောင်း ပြောချင်ပါတယ်။
နောက်ထပ်များမှာလည်း KBZPay Agent များအတွက် ဆုလက်ဆောင်ပေးမည့် အစီအစဥ်များကို အခါအားလျော်စွာ ပြုလုပ်သွားမှာဖြစ်လို့ ပါဝင်ပေးကြဖို့လည်း ကြိုတင်ဖိတ်ခေါ်လိုက်ရပါတယ်။
အခုအစီအစဥ်မှာ အထူးဆုလက်ဆောင်များကို ကံထူးသွားတဲ့ KBZPay Agent များအားလုံးကိုလည်း ဝမ်းသာဂုဏ်ပြုစကားမျှဝေလိုက်ပါတယ်။
ကံထူးသူများစားရင်းအား အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။
Winner Name | Phone Number | Prize | State |
---|---|---|---|
U LIN AUNG | 0978008xxxx | Samsung Tablet | Yangon |
DAW HNIN WAI OO | 0925456xxxx | Samsung Tablet | Naypyitaw |
DAW WIN THIDAR AUNG | 09509xxxx | Remax Power Bank | Yangon |
KO MYAT LYNN THU | 09510xxxx | Remax Power Bank | Yangon |
YEE YEE THANT | 0945358xxxx | Remax Power Bank | Yangon |
U ZAW LINN KYI | 0996471xxxx | Remax Power Bank | Bago |
U ZAW WIN HTIKE | 0942399xxxx | Remax Power Bank | Tanitharyi |
KHAING HEIN MYAT | 0997437xxxx | Remax Power Bank | Magway |
U YE MIN THU | 0966214xxxx | Remax Power Bank | Bago |
MAY CHAN MYAE | 0978723xxxx | Remax Power Bank | Yangon |
U YAN NAING TUN | 0944412xxxx | Remax Power Bank | Mon |
U NAING AYE | 0926467xxxx | Remax Power Bank | Ayeyawady |
U THAN HTIKE | 0942906xxxx | Remax Power Bank | Ayeyawady |
U HSEN LYNN | 0997355xxxx | Remax Power Bank | Bago |
U WIN NAING | 0945068xxxx | Remax Power Bank | Rakhine |
DAW WAI PHYO PAING | 09513xxxx | Remax Power Bank | Yangon |