KBZPay အကောင့်ထဲတွင် ထားရှိနိုင်သော ငွေကြေးပမာဏ အသစ် နှင့် သိသင့်သော လုပ်ဆောင်ချက်များအကြောင်း

 မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများမှ လိုက်နာရမည့် မူဝါဒ အသစ် အရ KBZPay Customer App ၏ e-Wallet အကောင့်ထဲတွင် လက်ကျန်ငွေ ကျပ် သိန်း ၁၀၀ အထိ ထားရှိနိုင်မှာဖြစ်ပါတယ်။ KBZPay အသုံးပြုသူများ အနေဖြင့် ငွေကြေးစီမံမှုများ လွယ်ကူစွာ ဆက်လက်ပြုလုပ်နိုင်ရန်အတွက် KBZPay အကောင့် သုံးစွဲမှုနှင့် ပတ်သက်သည့် နည်းလမ်းများကို  ဝေမျှလိုက်ပါတယ်။

ပထမ နည်းလမ်း အနေဖြင့်  မိမိ၏ KBZPay e-Wallet အကောင့်ထဲတွင် လက်ကျန်ငွေ သိန်း ၁၀၀ ထက် ပိုသော ငွေကြေးပမာဏ များရှိပါက ချိတ်ဆက်ထားသော ဘဏ်အကောင့်အတွင်းသို့ မိမိကိုယ်တိုင် လွှဲပြောင်းနိုင်ပါ သည်။ ချိတ်ဆက်ထားသော ဘဏ်အကောင့် မရှိသေးပါက နီးစပ်ရာ ကမ္ဘောဇဘဏ် သို့ သွားရောက်၍ ဘဏ်အကောင့်အား ချက်ချင်း အလွယ်တစ်ကူ ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။

ဒုတိယ နည်းလမ်း အနေဖြင့် မိမိ၏ KBZPay e-Wallet အကောင့်ထဲတွင် လက်ကျန်ငွေ သိန်း ၁၀၀ ထက် ပိုသော ငွေကြေးပမာဏအား KBZPay Customer App တွင် အလိုအလျောက်ဖွင့်လှစ်ပေးသွားမည့် Transit Wallet အကောင့်အတွင်းသို့ ယနေ့ည (၁၀) နာရီ တွင် KBZPay မှ လွှဲပြောင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။

KBZPay မှ လွှဲပြောင်းပေးပြီးနောက် Customer အား SMS ဖြင့် အကြောင်းကြားသွားမည်ဖြစ်ပြီး မိမိ e-Wallet ၏ စုစု‌ပေါင်းစာရင်းပမာဏ ကို အလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ထိုသို့ ကြည့်ရှုနိုင်ရန် KBZPay App version 5.7.1 အား Update ပြုလုပ်ထားရန်လိုအပ်ပါတယ်။

Transit Wallet အကောင့် နှင့် ပတ်သက်ပြီး သိသင့်သောအချက်များ

Transit Wallet အကောင့် ဆိုသည်မှာ KBZPay application ထဲတွင် အသစ်ထွက်ရှိထားသော Wallet အကောင့် အမျိုးအစားတစ်ခုဖြစ်ပြီး KBZPay ထဲတွင် ထားရှိနိုင်သော လက်ကျန်ငွေ ပမာဏအား မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများမှ လိုက်နာရမည့် မူဝါဒအသစ်နှင့် ကိုက်ညီစွာ အသုံးပြုနိုင်ရန် ရည်ရွယ်ပြုလုပ်ထားသည့် Wallet အကောင့်တစ်ခုဖြစ်ပါသည်။
Transit Wallet အကောင့် ကို

(၁)  KBZPay e-Wallet အကောင့်ထဲတွင် လက်ကျန်ငွေ သိန်း ၁၀၀ ထက် ပိုသော ငွေကြေးပမာဏ အား Transit Wallet အကောင့် ထဲသို့ ယနေ့ည (၁၀) နာရီ တွင် KBZPay မှ လွှဲပြောင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

(၂) KBZPay e-Wallet ထဲရှိ ငွေပမာဏသည် မိမိ ငွေပေးချေရန် (သို့) အသုံးပြုရန် လိုအပ်နေသော ပမာဏများကိုလည်း Transit Wallet အကောင့် မှတစ်ဆင့် ပြန်လည်လွှဲပြောင်း၍ အသုံးပြုနိုင်ပါ သည်။

(၃) Transit Wallet အကောင့် ထဲရှိ ငွေပမာဏများကို e-Wallet နှင့် Bank Account သို့ လွှဲပြောင်း၍ အသုံးပြုနိုင်ပါသည်။

KBZPay အကောင့်ထဲရှိ လက်ကျန်ငွေ စစ်ဆေးပုံ အသေးစိတ်များ

KBZPay Home Screen တွင် မြင်တွေ့ရသော e-Wallet Balance ဆိုသည်မှာ e-Wallet ထဲရှိ လက်ကျန်ငွေပမာဏကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ (KBZPay e-Wallet အကောင့်၏ လက်ကျန် ငွေပမာဏမှာ သိန်း ၁၀၀ အထိ ထားရှိနိုင်ပါသည်။) Total Balance ဆိုသည်မှာ e-Wallet နှင့် Transit Wallet အကောင့်တို့၏ စုစု‌ပေါင်းစာရင်းပမာဏ ဖြစ်ပြီး Partial Frozen ပမာဏ ရှိခဲ့ပါကလည်း ယခု နေရာတွင် စုစုပေါင်းအနေဖြင့် ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။

ယနေ့တွင် မိမိ၏ KBZPay e-Wallet အကောင့်ထဲတွင် လက်ကျန်ငွေ ကျပ်သိန်း ၁၀၀ ထက် ပိုသော ငွေကြေးပမာဏအား KBZPay Application တွင် အလိုအလျောက်ဖွင့်လှစ်ပေးသွားမည့် Transit Wallet အကောင့်အတွင်းသို့ ယနေ့ည (၁၀) နာရီ တွင် KBZPay မှ လွှဲပြောင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။ ကျပ်သိန်း ၁၀၀ ထက် မကျော်ပါက Transit Wallet တွင် “0” သာ မြင်ရမှာ ဖြစ်ပါတယ်။

My Balance စာမျက်နှာရှိ Total Balance ဆိုသည်မှာ e-Wallet နှင့် Transit Wallet အကောင့်များ အားလုံး၏ စုစု‌ပေါင်းစာရင်း လက်ကျန်ငွေပမာဏကို ပြသပေးထားခြင်းဖြစ်ပြီး Available Balance တွင် e-Wallet နှင့် Transit Wallet အကောင့်တို့၏ အားလုံးပေါင်းပမာဏကို ပြသပေးထားမှာ ဖြစ်ပါတယ်။

(မှတ်ချက်။ မိမိ KBZPay အကောင့်တွင် Partial Frozen ပမာဏ ရှိပါက Available Balance တွင် ထိုပမာဏအား လျှော့၍ ပြသနေမည်ဖြစ်ပြီး Available Balance ဘေးရှိ အဝါရောင် icon အား နှိပ်ပြီး အသေးစိတ် ကြည့်ရှုစစ်ဆေးနိုင်ပါသည်။)

အလိုလျောက် ငွေလွှဲသည့် စနစ် အလုပ်လုပ်ပုံနှင့် သတ်မှတ်ချက်များ

  • အလိုလျောက်ငွေလွှဲသည့်စနစ်
    KBZPay e-Wallet အကောင့်ထဲတွင် လက်ကျန်ငွေ သိန်း ၁၀၀ ထက် ပိုသော ငွေကြေးပမာဏ အား Transit Wallet အကောင့် ထဲသို့ ယနေ့ည (၁၀) နာရီ တွင် KBZPay မှ လွှဲပြောင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
  • ကန့်သတ်ချက်
    အဆိုပါ အလိုအလျောက် ငွေလွှဲပြောင်းသည့်စနစ်အား ဆောင်ရွက်နေစဉ် ကာလအတွင်းတွင် ငွေလက်ခံခြင်းများအား ဆောင်ရွက်ရန်ရှိပါက e-Wallet အတွင်းထားရှိနိုင်သည့် လက်ကျန်ငွေ ပမာဏ ကျပ် သိန်း (၁၀၀) ထက် မပိုသည့်အခြေအနေဖြင့် လက်ခံရရှိနိုင်ပါသည်။ KBZPay သုံးစွဲသူများအနေဖြင့် လိုအပ်သည့်ငွေလက်ခံခြင်းများ ထပ်မံဆောင်ရွက်လိုပါက e-Wallet ထဲမှ Bank Account သို့ ဦးစွာလွှဲပြောင်း၍ ဆက်လက်ဆောင်ရွက်နိုင်ပါသည်။

လိုက်နာဆောင်ရွက်ရန် အချက်များ

  • အထက်ဖော်ပြပါ အချက်များကို အပြည့်စုံသုံးစွဲနိုင်ရန်နှင့် KBZPay ၏ နောက်ဆုံးပေါ် Features များအား ခံစားအသုံးပြုနိုင်စေရန် လူကြီးမင်း၏ KBZPay အား 5.7.1 နောက်ဆုံးဗားရှင်းသို့ မြှင့်တင်ပေးရန် လိုအပ်ပါသည်။
  • အသေးစိတ်အချက်အလက်နှင့် လိုအပ်သည့် ဆောင်ရွက်ချက်များအတွက် KBZPay Call Center 3211 သို့ ဖုန်းခေါ်ဆို၍သော်လည်ကောင်း [email protected] သို့ email ဖြင့် ဆက်သွယ်၍ သော်လည်းကောင်း မေးမြန်းနိုင်ပါသည်။

သတ်မှတ်ချက်နှင့် ဝန်ဆောင်ခများ ကို ယခု လင့်ခ့်မှ တစ်ဆင့် ကြည့်ရှုနိုင်ပါသည်။