







Junction City မှာ ကျင်းပခဲ့တဲ့ KBZPay Mini Apps Café ပွဲကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီပွဲဟာ Mini Apps ecosystem ကို အသုံးပြုပြီး Digital စနစ်နဲ့ ဈေးဝယ်ယူခြင်းက နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာတွေကို ဘယ်လောက်ထိ လွယ်ကူမြန်ဆန်စေလဲဆိုတာကို လက်တွေ့ပြသနိုင်ခဲ့တဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။
ပွဲအတွင်းသို့ လာရောက်ပြီး Mini Apps ကတဆင့် ဝယ်ယူအားပေးခဲ့ကြတဲ့ Customer တစ်ယောက်ချင်းစီကို ကျေးဇူးတင်ရှိပါတယ်။ ၁၀ သိန်းဆုကြီးကို အသီးသီးဆွတ်ခူးသွားကြတဲ့ ကံထူးရှင်နှစ်ဦးနဲ့တကွ ဆုငွေများစွာ ကံထူးခဲ့ကြသူအားလုံးကိုလည်း ဝမ်းသာဂုဏ်ယူမိပါတယ်။
တစ်ဆက်တည်းမှာပဲ KBZPay Mini Apps နဲ့ အတူလက်တွဲလုပ်ကိုင်ဖို့ စိတ်ဝင်တစား လာရောက်ခဲ့ကြတဲ့ လုပ်ငန်းရှင်များကိုလည်း ကျေးဇူးတင်ရှိပါတယ်။ အသုံးပြုသူ ၂၁ သန်း ကျော်ရှိတဲ့ KBZPay Ecosystem ထဲမှာ အတူလက်တွဲပြီး လုပ်ငန်းတွေ ပိုမိုတိုးတက်အောင် ဖော်ဆောင်သွားဖို့ အစဉ်တစိုက် ကြိုးပမ်းသွားမှာပါ။
လာရောက်အားပေးခဲ့ကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး နောင်လာမယ့် အစီအစဉ်သစ်တွေမှာလည်း ပြန်လည်ဆုံတွေ့ကြဖို့ မျှော်လင့်ပါတယ်။