KBZPay အကောင့်ထဲသို့ MPU Cards များဖြင့် အခမဲ့ ငွေသွင်းပါ အစီအစဉ်​၏ စည်းမျဉ်းစည်ကမ်း သတ်မှတ်ချက်များ

၁။ “KBZPay အကောင့်ထဲသို့ MPU Cards များဖြင့် အခမဲ့ ငွေသွင်းပါ” အစီအစဉ်ကာလသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ (၂၃ )ရက်နေ့  အထိဖြစ်ပါသည်။

၂။ KBZPay Level 2 အသုံးပြုသူများအားလုံး  ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိပါသည်။

၃။ အစီအစဉ်ကာလအတွင်း KBZPay Level 2 အသုံးပြုသူ Customer များသည် မည်သည့် MPU ကတ် ဖြင့်မဆို KBZPay အကောင့်ထဲသို့ ဝန်ဆောင်ခ အခမဲ့ဖြင့် ငွေဖြည့်သွင်းနိုင်မည်ဖြစ်ပါသည်။ 

၄။ ဤအစီအစဉ်ကာလအား သတ်မှတ်ထားသော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်စေ သို့မဟုတ် KBZPay မှ သတ်မှတ်ထားသည့် ကန့်သတ်ချက်ထက် ကျော်လွန်သည့်အခါမျိုးတွင်ဖြစ်စေ KBZPay Customer များအား ထပ်မံအကြောင်းကြားချက် တစ်စုံတစ်ရာမရှိဘဲ KBZPay မှ  အစီအစဉ်ကာလအား ပြင်ဆင်ခြင်း သို့မဟုတ် အစီအစဉ်အား ရပ်စဲခြင်းများအား KBZPay ၏ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။

၅။ အသုံးပြုသူတစ်ဉီးလျှင် MPU မှ KBZPay အကောင့်ထဲသို့ ငွေဖြည့်သွင်းခြင်းအား တစ်နေ့လျှင် အများဆုံး ငွေပမာဏ ၁၀ သိန်း အထိသာ လွှဲပြောင်းဖြည့်သွင်းနိုင်မည်ဖြစ်ပြီး  KBZPay မှ သတ်မှတ်ထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နိုင်မည်ဖြစ်သည် (အသေးစိတ်အား KBZPay အပ်ပလီကေးရှင်း၏ ကျွန်ုပ်၏ပရိုဖိုင်ရှိ ‘သတ်မှတ်ချက်နှင့် ဝန်ဆောင်ခများ’ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

၆။ ငွေဖြည့်သွင်းရန်အတွက် မိမိ၏ MPU ကတ်အား e-commerce register ပြုလုပ်ထားရန်လိုအပ်ပါသည်။ 

၇။ ဤအစီအစဉ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူ Level 2 Customer များအနေဖြင့် MPU ကတ်မှ KBZPay အကောင့်ထဲသို့ လွှဲပြောင်းခအား အခမဲ့ ဖြင့် ငွေဖြည့်သွင်းခွင့်ရှိမည်ဖြစ်ပြီး အစီအစဉ် ကာလပြီးဆုံးသည်နှင့် တစ်ပြိုင်နက် KBZPay ၏ နဂိုမူလကောက်ခံမှုနှုန်းထားများအတိုင်းသာ ပြန်လည်ကောက်ခံသွားမည်ဖြစ်ပါသည်။

၈။ KBZPay ၏ ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များကို ပိုမိုကျယ်ပြန့်စွာ သိရှိအသုံးပြုနိုင်ရန် KBZPay နောက်ဆုံးဗားရှင်းအား မြှင့်တင်ပြီး အသုံးပြုမှုအတွေ့အကြုံအသစ်များကို ရယူရန်တိုက်တွန်းပါသည်။ 

၉။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။

၁၀။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူကိုမဆို KBZPay အသုံးပြုခြင်းကို ပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွား မှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ KBZPay အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာစိစစ်၍ ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၂။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၃။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၄။  KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၁၇။ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုး ဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်း သတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

(ဤ Campaign တွင်ပါဝင်ရန် Customer များသည် KBZPay level အားအဆင့်မြှင့်တင်ထားရန်လိုအပ်ပါသည်)

Chinese New Year Sale – KBZPay Market

၁) KBZPay Market Discount Sales အထူးလျော့ဈေးအစီအစဉ်မှာ ပစ္စည်းများကို လျော့ဈေးနဲ့ ဝယ်ယူနိုင်ပါပြီ။ 

၂) Campaign ၏ရည်ရွယ်ချက်မှာ KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက် အသုံးပြုသူသည့် KBZPay Customer များအတွက်ဖြစ်သည့်အတွက် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay အပ်ပလီကေးရှင်းအား 5.1 နှင့် အထက် ဗားရှင်းသို့ အဆင့်မြှင့်ထားရန်လိုအပ်ပါသည်။

၃)     ဇန်နဝါရီလ ၁၅ ရက်နေ့ မှ ဇန်နဝါရီလ ၂၃ ရက်နေ့အတွင်း သုံးသောင်းကျပ်နှင့်အထက် ဝယ်ယူမှုတိုင်းအတွက် ပို့ဆောင်ခအခမဲ့ အစီအစဥ် ရှိပါသည်။ ပို့ဆောင်ခအခမဲ့ အစီအစဥ်အတွက် အခမဲ့ပို့ဆောင်ပေးမည့် အများဆုံးပို့ဆောင်ခမှာ ၅,၀၀၀ ကျပ် (ငါးထောင်ကျပ်)အထိ သတ်မှတ်ထားပြီး ပို့ဆောင်ခ ၅,၀၀၀ ကျပ်အထက်ကို  ကျော်လွန်ပါက ကျော်လွန်နေသော ပို့ဆောင်ခပမာဏအား Customer ဘက်မှ ကျခံပေးချေရမည် ဖြစ်ပါသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့ မှ ဇန်နဝါရီလ ၂၃ ရက်နေ့အတွင်း သုံးသောင်းကျပ်နှင့်အထက် ဝယ်ယူမှုတိုင်းအတွက် ပို့ဆောင်ခအခမဲ့ အစီအစဥ် တွင် ပထမဆုံး ဝယ်ယူမှု (၆၀၀) အတွက်သာ အကျုံးဝင်သွားမှာ ဖြစ်ပါသည်။

၄) Customer များသည် KBZPay Application mini icon၊ KBZPay Home page banner၊ Facebook၊ KBZPay Market Official Account  (5.1 version နှင့်အထက် အသုံးပြုသူ သည့် KBZPay Customer များအတွက်) မှလည်းကောင်း ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။ 

၅) Customer များသည် KBZPay အပ်ပလီကေးရှင်း ရှိ KBZPay Market မှတဆင့်  အထူးလျော့ဈေးအစီအစဉ်မှ ပစ္စည်းများကို ဝယ်ယူနိုင်မည်။ 

၆) KBZPay Market တွင်ရောင်းချသော ကုန်ပစ္စည်းများသည် Merchant များမှ ‌လျော့ဈေးပေးထားသော Merchant များ၏ ကုန်ပစ္စည်းများဖြစ်သည်။ ‌ လျော့ဈေးပေးထားသော ကုန်ပစ္စည်းများသည် အရေအတွက်ကန့်သတ်ချက်များရှိနိုင်ပါသဖြင့် Customer များမှ အမြန်ဝယ်ယူရန်လိုအပ်ပါသည်။ KBZPay မှ Customer ထံသို့ order အတည်ပြုချက်ပေးပို့ထားခြင်း မရှိသော Customer ၏ order များကို အောင်မြင်စွာ ဝယ်ယူထားသော order အဖြစ် သတ်မှတ်မည်မဟုတ်ဘဲ ထို order များကို Merchant ဖက်မှ အချိန်မရွေး Cancel ခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ ထို order များကို KBZPay မှလဲ Customer ထံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိမည်မဟုတ်ပါ။

၇) KBZPay Market သည် Merchant များမှ ၎င်းတို့၏ ကိုယ်ပိုင်စတိုးဆိုင်များကဲ့သို့ စီမံခန့်ခွဲနိုင်သည့်  Market Place ဖြစ်သည့်အတွက် Merchant များဘက်မှ Cancelသည့် ပစ္စည်းများကို KBZမှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် Merchant ဘက်မှ Cancel ခြင်းသည် ကျိုးကြောင်းဆီလျော်သော သို့မဟုတ် ယုံကြည်ရလောက်သော အကြောင်းပြချက်မရှိသည့် Cancel ခြင်းမျိုးဖြစ်ပါက ထိုMerchant များကို KBZPay Market ရဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်း Cancel ခြင်းနဲ့ အခြားစည်ကမ်းချိုးဖောက်မှုများကို အရေးယူသွားမည်ဖြစ်သည်။

၈) ဤ Campaignအရ Customer များအား ပေးသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည်ဖြစ်စေ၊ စီစဉ်မထားဘဲ ဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင် ခြင်းတစ်ခုခုအတွက် KBZသည် Customer အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို Customerအနေဖြင့် သဘောတူပါသည်။

 ၉) Merchant ထံသို့ ကုန်ပစ္စည်းအား ပြန်လည်ပေးပို့ခြင်း၊ လိမ်လည်မှုကိစ္စနှင့် အရည်အချင်းမပြည့်မီသော ထုတ်ကုန်များနှင့် ပတ်သက်သည့် ပြဿနာများရှိပါက Customer မှ ပစ္စည်းများအား လက်ခံရရှိပြီးချိန်မှစ၍ ၄၈ နာရီအတွင်း KBZPay Market မှ တဆင့် Merchant များသို့တင်ပြရမည်ဖြစ်သည်။ Merchant သည် အမှန်တကယ် ပြန်လည်လဲလှယ်ပေးရန် လိုအပ်သော ကုန်ပစ္စည်းများ လဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းရန် ခြင်းများအားဆောင်ရွက်ပေးရမည်ဖြစ်ပြီး အ ငြင်းပွားမှုများဖြစ်ပေါ်လာပါက KBZPay Market ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

၁၀) ဤအစီအစဉ် ကာလအတွင်းသာလျှင် KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက် အသုံးပြုသော KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၁၁) KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည်မဟုတ်ပါ။

၁၂) ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃) ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၄) KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤအစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၅) KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့် ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင် သည်။

၁၆) KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၇) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ် ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈) KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။၁၉) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

ဝါးတီးဆွဲတိုင်း KBZPay နဲ့ရှင်းမယ် Campaign စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ ဝါးတီးဆွဲတိုင်း KBZPay နဲ့ရှင်းမယ် Campaign ကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ 

၃။ ဤCampaign၏ရည်ရွယ်ချက်မှာ KBZPay နှင့်အကျိုးတူပူးပေါင်းပါဝင်ထားသော မိတ်ဖက်ဆိုင်များတွင် KBZPay QR Code ကို scan ဖတ်၍ငွေရှင်းမှုများပြုလုပ်ခြင်းဖြင့် လျှော့‌စျေးကူပွန်များရရှိနိုင်ရန်ဖြစ်ပါသည်။ 

၄။ ဤ Campaign အရ လျှော့‌စျေးကူပွန်များရရှိသူတိုင်းသည် KBZPay “ကျွန်ုပ်၏ ပရိုဖိုင်” ရှိ “ ကူပွန်များ” ထဲသို့ ကူပွန်အားလက်ခံရရှိမည်ဖြစ်သည်။

၅။ ရရှိနိုင်သော လျှော့‌စျေးကူပွန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

၆။ ဤ Campaign တွင်ပါဝင်ရန် အသုံးပြုသူများအနေဖြင့် transaction တစ်‌ကြောင်းလျှင် အနည်းဆုံး စုစုပေါင်းငွေကျပ် ၃,၀၀၀ ကျပ်နှင့်အထက်ဝယ်ယူ၍ ထိုအရောင်းမိတ်ဖက်ဆိုင်၏ KBZPay QR Code အား scan ဖတ်၍ ငွေပေးချေရန် လိုအပ်ပါသည်။ ၃,၀၀၀ ကျပ်အောက် ဝယ်ယူပေးချေမှုများနှင့် QR Codeအား scan ဖတ်၍ငွေပေးချေခြင်းမဟုတ်သည့်ဝယ်ယူမှုများအတွက် လျှော့စျေးကူပွန်များကို ရရှိနိုင်မည်မဟုတ်ပါ။

၇။ ဤ Campaign တွင်ပါဝင်သူများအနေဖြင့် KBZPay အကောင့်တစ်ခုလျှင် Campaign ရက် တစ်ရက်အတွက် သတ်မှတ်ထားသော မိတ်ဖက်ဆိုင်များမှ လျှော့စျေးကူပွန် (၃) ကြိမ်ရယူခွင့်ရှိပါသည်။ သို့သော် ၃၀,၀၀၀ ကျပ် ထက်ကျော်လွန်သော transaction တစ်ကြောင်းအတွက် ရရှိနိုင်သော ၅၀,၀၀၀ ကျပ် တန်ဖိုးရှိ လျှော့စျေးကူပွန်ကို တစ်ရက်လျှင် KBZPay အသုံးပြုသူတစ်ဉီးအတွက် တစ်ကြိမ်သာရယူခွင့်ရှိပါသည်။

၈။ လျှော့စျေးကူပွန်တစ်ခု၏ သတ်တမ်းမှာ (၇) ရက်ဖြစ်ပြီး Campaign တွင်ပါဝင်သူများအနေဖြင့် KBZPay    အကောင့်တစ်ခုလျှင် လျှော့စျေးကူပွန် တစ်ခုကို တစ်ကြိမ်သာ ပါဝင်နိုင်ပါသည်။

၉။ KBZPay အသုံးပြုသူဝယ်ယူပေးချေလိုက်သော transaction တွင် ယခင်သတ်မှတ်ထားသော လျှော့စျေးကူပွန်ကိုသုံးစွဲထားသော်လည်း နောက်တစ်ကြိမ် transaction တွင်သတ်မှတ်ထားသော ငွေကြေးပမာဏပြည့်မှီပါက လျှော့စျေးကူပွန်ကိုနောက်တစ်ကြိမ်ရရှိနိုင်သော အခွင့်အရေးရှိပါသည်။

၁၀။ လျှော့စျေးကူပွန်များကို ယခု Campaign တွင် ပါဝင်ထားသော မိတ်ဖက်ဆိုင်များအားလုံးတွင် အသုံးပြုနိုင်ပါသည်။

၁၁။ ဤ Campaign ကာလအတွင်း KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း    သတ်မှတ်ချက်ပါအခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပြီး Campaignကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၈) တွင် ဖော်ပြချက်နှင့်အညီ  ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၂။ Campaign တွင်ပါဝင်ရန် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့် ဝင်ရောက်က်ပါဝင်နိုင်ပါသည်။

၁၃။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၄။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၅။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၆။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၇။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၈။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့်  မိတ်ဖက်ဆိုင်များ၏   စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။ 

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၂၀။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ သို့မဟုတ် မိတ်ဖက်ဆိုင်များ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ သို့မဟုတ် မိတ်ဖက်ဆိုင်များ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

“KBZPay New Year Campaign” ၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ 

၁။ ယခု KBZPay New Year အစီအစဉ် သည် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ အထိဖြစ်ပါသည်။ ဤ Campaign တွင် KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customerများသာ ပါဝင်နိုင်မှာ ဖြစ်ပြီး KBZPay နှစ်သစ်လက်‌ဆောင်မွန်များအား ဖွင့်ရမည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့နှင့် ၂ရက်နေ့ မတိုင်မီ ရောင်စုံလက်ဆောင်ဘူး အစုံလိုက်များကို စုဆောင်းထားရန်လိုအပ်ပါသည်။ 

၂။ KBZPay အဆင့် ၁ Customer များသည် အဆင့် ၁.၅ (သို့) အဆင့် ၂ သို့ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး Customer အသစ်များသည်လည်း KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်သည်။ 

၃။ Campaign ကာလအတွင်း Customer များသည် နှစ်သစ်လက်‌ဆောင်မွန်များအား ရယူရန် လက်ဆောင်ဘူး ငါးခုဖြစ်သော အနီရောင် လက်ဆောင်ဘူး၊ အပြာရောင် လက်ဆောင်ဘူး၊ အဝါရောင် လက်ဆောင်ဘူး, ခရမ်းရောင် လက်ဆောင်ဘူးနှင့် အစိမ်းရောင် လက်ဆောင်ဘူး စုဆောင်းထားရမည်ဖြစ်ပါသည်။ 

၄။ လက်ဆောင်ဘူးများရရှိရန် ဤ Campaign အတွက် KBZPay မှ သတ်မှတ်ထားသည့် လုပ်ဆောင်ချက်များအား KBZPay Customer များမှ ပြီးမြောက်အောင်ပြုလုပ်ပြီးဆောင်ရွက်ခြင်းဖြင့် လက်ဆောင်ဘူးရောင်စုံများကို စုဆောင်းနိုင်မှာ ဖြစ်ပါသည်။ 

လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • KBZPayနဲ့ ရှင်းမယ် (KBZPay ဖြင့် ၁,၀၀၀ ကျပ်ဖိုး နှင့် အထက်ငွေပေးချေပြီး လက်ဆောင်ဘူးတစ်ခု ရယူပါ)
  • KBZPay သို့ ငွေထည့်မယ် (KBZPay သို့ ၅,၀၀၀ ကျပ်ဖိုး နှင့် အထက်ငွေထည့်ပြီး လက်ဆောင်ဘူး တစ်ခု ရယူပါ)
  • အသုံးပြုသူအသစ်ဖိတ်ခေါ်မယ် (ဖိတ်ခေါ်ခံရသူမှ KBZPay အဆင့် ၁.၅ အသုံးပြုသူအဖြစ်  စာရင်းပေးသွင်းပြီးပါက လက်ဆောင်ဘူး ၂ ခုရရှိမည်ဖြစ်ပြီး ထို KBZPay အဆင့် ၁.၅ အသုံးပြုသူအဖြစ် စာရင်းပေးသွင်းမှုအပေါ် KBZPay  မှ အောင်မြင်သော KBZPay အဆင့် ၁.၅ အသုံးပြုသူအဖြစ် အတည်ပြုခြင်းခံရသူသည် လက်ဆောင်ဘူး ၃ ခုအား ထပ်မံ ရရှိပါမည်)
  • ဤ Campaign အား သူငယ်ချင်းများ နှင့် ဝေမျှမယ်
  • KBZPay Account အား အဆင့် ၂ သို့ အဆင့်မြှင့်တင်မယ် (အဆင့် ၂ သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါက လက်ဆောင်ဘူးနှစ်ခု ရယူပါ)

၅။ လုပ်ဆောင်ချက်များအား ပြီးမြောက်သည့် အခါတိုင်း လက်ဆောင်ဘူးတစ်ခုရရှိမှာ ဖြစ်ပြီး digital ခဲခြစ်ကံစမ်းခွင့် တစ်ကြိမ်လည်းရရှိမှာ ဖြစ်ပါတယ်။ ခဲခြစ်ကံစမ်းခွင့်တွင် –

  • ၂၀၀ကျပ်တန် ဖုန်းဘေလ်ဖြည့် လျှော့ဈေးကူပွန်
  • ၃၀၀ကျပ်တန် ဖုန်းဘေလ်ဖြည့် လျှော့ဈေးကူပွန်  
  • ၁၀၀ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန် 
  • ၂၀၀ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန်
  • ၃၀၀ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန်  
  • ၁,၀၀၀ကျပ်တန် စျေးဝယ် လျှော့ဈေးကူပွန်
  • ၁၀၀ကျပ်တန် စျေးဝယ် လျှော့ဈေးကူပွန်  
  • ၂၀၀ကျပ်တန် စျေးဝယ်လျှော့ဈေးကူပွန်
  • ၃၀၀ကျပ်တန် စျေးဝယ် လျှော့ဈေးကူပွန်
  • ၁၀၀ကျပ်တန် ဘေလ်လျှော့ဈေး ကူပွန် 
  • ၂၀၀ကျပ်တန် ဘေလ်လျှော့ဈေး ကူပွန် 
  • ၃၀၀ကျပ်တန်  ဘေလ်လျှော့ဈေး ကူပွန်တို့ ပါဝင်မှာဖြစ်ပါတယ်။ 

Campaign Page ထဲမှာ မီးလင်းနေသည့် လက်ဆောင်ဘူးများအား နှိပ်ကာ မိမိစုဆောင်းရရှိထားသော လက်ဆောင်ဘူး အရေအတွက်ကို သိရှိနိုင်မှာ ဖြစ်ပြီး ရရှိလာသော ကူပွန်များကို “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လှည်ကြည့်ရှုနိုင်ပါသည်။ ရရှိသည့် ကူပွန်များအား ကူပွန် တန်ဖိုး၏ ၁ ကျပ် ထက်ပိုသော ဝန်ဆောင်မှုများ ရယူတိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၇) ရက် ဖြစ်ပြီး (၇) ရက်ကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင်တော့မည်မဟုတ်ပါ။ 

၆။ လက်ဆောင်ဘူးများအား လုပ်ဆောင်ချက်များ ပြုလုပ်ပြီး စုဆောင်းနိုင်သလို ဆိုရှယ်မီဒီယာများ ၊  KBZ Connet မှ တစ်ဆင့် သူငယ်ချင်း ၊ မိတ်ဆွေများကြား ဝေမျှ၊ လက်ခံ ရယူနိုင်မှာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာများ ၊ KBZ Connet များမှာ လင့်ခ့် အား ဝေမျှနိုင်မှာ ဖြစ်သော်လည်း ဝေမျှသည့် လင့်ခ့် တစ်ခု တွင် အများဆုံး လက်ဆောင်ဘူး  ၃ ခု သာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ပါဝင်သူတွင် လက်ဆောင်ဘူး ၁ တစ်ခုတည်းသာ ရှိပါက ဝေမျှခြင်း မပြုလုပ်နိုင်ပါ။ အကယ်၍ ပါဝင်သူသည် မိမိရရှိထားသော လက်ဆောင်ဘူး၏ ခဲခြစ်ကံစမ်းခွင့်အား အသုံးပြုခြင်းမရှိဘဲ လက်ဆောင်ဘူးအား ၎င်း၏သူငယ်ချင်းဖြစ်သူများနှင့်ဝေမျှခဲ့ပါက digital ခဲခြစ်ကံစမ်းခွင့်သည် ထိုလက်ဆောင်ဘူးနှင့်အတူ လက်ခံရရှိသူထံသို့ ရောက်ရှိသွားမည်ဖြစ်သည်။

၇။ ဒီဇင်ဘာလ ၂၉ ရက်မှ ၃၀ရက်အတွင်း စုဆောင်းထားသော လက်ဆောင်ဘူးများ ဖြင့် ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ဇန်နဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့ ၂၀၂၃ခုနှစ် ည ၈ နာရီတွင်  စတင်ကာ ဆုလက်ဆောင်များ ဖွင့်ဖောက် ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ဇန်နဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့ ၂၀၂၃ခုနှစ် ည ၈ နာရီတိုင်း  Customer မှ စုဆောင်းထားသည့် လက်ဆောင်ဘူးများဖြင့် နှစ်သစ်ကူးလက်‌ဆောင်များ ရယူကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ ဉီးရာလူစနစ်ဖြစ်သောကြောင့် Customer များသည် Campaignမစခင် KBZPay Account ထဲသို့ ကြိုတင်ဝင်ရောက်၍ နှစ်သစ်ကူးလက်‌ဆောင်များကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။

၈။ ဤ Campaign တွင် နှစ်သစ်ကူးလက်‌ဆောင်များ အနေဖြင့် iPhone 14 Pro များအပြင် ကျပ်သိန်းပေါင်း ၁,၄၀၀ကျော် တန်ဖိုးရှိပြန်အမ်းငွေများ ပါဝင်မှာဖြစ်ပြီး iPhone 14 Pro ကံထူးသောဆုရရှိဆုရရှိသူများကို  KBZPay မှ SMS ပေးပို့၍ဆက်သွယ်မည်ဖြစ်ပါသည်။ ဆုရရှိသူများသည် [email protected] သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshotနှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ရပါမည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံဆုလက်ဆောင် လာရောက်ထုတ်ယူနိုင်မည့်လိပ်စာအား အကြောင်းကြားပေးသွား မည်ဖြစ်ပါသည်။ 

၉။ iPhone 14 Pro အား ပိုင်ဆိုင်ခွင့်ရရှိသည့် ဆုရရှိသူသည် ဆုလက်ဆောင်အား ရုံးဖွင့်ရက် (၇)ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား KBZPay မှ ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်သည်။ ဆုရရှိသူမှ ဆုအားထုတ်ယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ဆုရရှိသူမှ ထုတ်ယူပြီးသော ဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ 

၁၀။ Customer သည် လက်ဆောင်ဘူး ၅ ခု တစ်စုံ စုဆောင်း ပြီးသော်လည်း နှစ်သစ်ကူးလက်‌ဆောင်များရယူရမည့် ဒီဇင်ဘာလ ၃၁ရက်နေ့ ည ၈:၀၀ တွင် မဖွင့်ဖောက် မိလျှင် နောက်ရက် ဇန်နဝါရီလ ၁ရက်နေ့ ၂၀၂၃ခုနှစ်၏ ဖွင့်ဖောက်ရမည့် အချိန် ည ၈:၀၀အထိ စောင့်ဆိုင်း ရမည်ဖြစ်ပါသည်။ Customer မှရရှိထားသော လက်ဆောင်ဘူးများအား ပထမဖွင့်ဖောက်သည့် နေ့ရက်တွင်ပင်အသုံးပြုမည်ဆိုပါက နောက်ထပ်လက်ဆောင် ပေးအပ်မည့် ရက်အတွက် လက်ဆောင်ဘူးများအား အစမှ ပြန်လည်စုဆောင်းရန်လိုအပ်ပါသည်။

၁၁။ ဤ Campaign တွင် ပါဝင်သည့် Customerမှ လုပ်ဆောင်ချက်များမှ ရရှိလာသော လက်ဆောင်ဘူးများအရေအတွက်အပေါ်တွင် မူတည်၍ နေ့စဉ် အဆင့်သတ်မှတ်ချက်တွင်လည်း ပါဝင်ခွင့်ရရှိနိုင်မည်ဖြစ်ပါသည်။ အဆင့်သတ်မှတ်ချက်တွင် လုပ်ဆောင်ချက်များမှ ရရှိလာသော လက်ဆောင်ဘူး သက်သက်ကိုသာ ထည့်သွင်းထားပြီး ဝေမျှလိုက်သော လက်ဆောင်ဘူးများ၊ သူငယ်ချင်းမှ မျှဝေလိုက်သော လက်ဆောင်ဘူးများအား ထည့်သွင်း ရေတွက်ခြင်းမရှိပါ။ 

၁၂။ အဆင့်သတ်မှတ်ချက်အား KBZPay ၏ Campaign စာမျက်နှာတွင်  အချိန်နှင့် တစ်ပြေးညီ နေ့စဉ် ကြည့်ရူနိုင်ပါသည်။

၁၃။ အဆင့်သတ်မှတ်ချက်အတွက် ငွေသားဆုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • အဆင့် (၁) အတွက် – ၁၀၀,၀၀၀ ကျပ် ပြန်အမ်းငွေ 
  • အဆင့် (၂) အတွက် – ၅၀,၀၀၀ ကျပ် 
  • အဆင့် (၃) အတွက်- ၃၀,၀၀၀ ကျပ်
  • အဆင့် (၄)မှ အဆင့် (၁၀) အတွက်- ၁၀,၀၀၀ ကျပ်
  • အဆင့် (၁၁)မှ အဆင့် (၅၀) အတွက် – ၅,၀၀၀ ကျပ်

၁၄။ နောက်ဆုံး အဆင့်သတ်မှတ်ချက်ပါ အဆင့်သတ်မှတ်ချက်များအတိုင်း ဆုကြေးငွေရရှိသည့် ဆုရရှိသူများသည် နောက်ဆုံး ရလဒ် သိရှိပြီး အလုပ်ဖွင့်ရက် ၇ ရက် အတွင်း ဆုကြေးငွေများကို  ဆုရရှိသူများ၏ KBZPay Wallet သို့ တိုက်ရိုက် ချက်ချင်းထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ ဘဏ်မှထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုး တွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့် အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။

၁၅။ ဤCampaign အရ ကူပွန် ရရှိထားသူများနှင့် iPhone 14 Pro ဆုလက်ဆာင်ရရှိသူသည် ၎င်းတို့ရရှိသောကူပွန်များနှင့် ဆုလက်ဆောင်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၁၆။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။  

၁၇။ ဤ Campaignကာလအတွင်း KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaignကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customer များသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၅) တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး (၇)ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၈။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၉။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၀။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၂၁။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၂၂။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၂၃။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၅။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

KBZPay x 1875 Tarot Campaign စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay x 1875 Tarot Campaign ကာလသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ပါဝင်နိုင်မှာ ဖြစ်ပါသည်။ 

၃။ KBZPay x 1875 Tarot Campaign ၏ရည်ရွယ်ချက် မှာ KBZPay  Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံး ဤ Campaign မှတစ်ဆင့် အခမဲ့တားရော့မေးမြန်းပြီး 1875 ဗေဒင်၏ ဝန်ဆောင်မှုများဝယ်ယူရာတွင် ပြန်လည်အသုံးပြုနိုင်မည့် လျှော့ဈေးကူပွန်များကို ကံစမ်းနိုင်ရန်ရည်ရွယ်ပါသည်။ 

၄။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသည် ဤ Campaign ကာလအတွင်း KBZPay Blue Application မှတစ်ဆင့် အခမဲ့တားရော့ (၅) ကြိမ်အထိမေးမြန်းနိုင်မည်ဖြစ်ပြီး 1875 ဗေဒင်လျှော့ဈေးကူပွန်တစ်ကြိမ် ကံစမ်းနိုင်မည် ဖြစ်ပါသည်။

၅။ အခမဲ့တားရော့မေးမြန်းရာတွင် မေးခွန်းအမျိုးအစား (၅) မျိုးရွေးချယ်နိုင်မည်ဖြစ်ပြီး 

  • အချစ်ရေး
  • အလုပ်အကိုင်
  • ငွေကြေးကံ
  • ကျန်းမာရေး
  • နိုင်ငံခြားကံ စသည့်အကြောင်းအရာများကို မေးခွန်းတစ်ခုလျှင် တစ်ကြိမ်စီ အခမဲ့ ၅ ကြိမ်အထိ မေးမြန်းနိုင်မည်ဖြစ်သည်။

၆။ 1875 ဗေဒင်လျှော့ဈေးကူပွန်ကို ကံစမ်းရာတွင် ရရှိမည့်လျှော့ဈေးကူပွန်ငွေပမာဏကို ကျပန်း ကံစမ်းရရှိနိုင်မည်ဖြစ်ပြီး ကံစမ်းနိုင်မည့် လျှော့ဈေးကူပွန်များမှာ

  • ၅၀၀ ကျပ်တန် 1875 ဗေဒင်လျှော့ဈေးကူပွန်
  • ၈၀၀ ကျပ်တန် 1875 ဗေဒင်လျှော့ဈေးကူပွန်
  • ၁,၀၀၀ ကျပ်တန် 1875 ဗေဒင်လျှော့ဈေးကူပွန်
  • ၁,၅၀၀ ကျပ်တန် 1875 ဗေဒင်လျှော့ဈေးကူပွန် တို့ဖြစ်ပါသည်။

၇။ KBZPay အသုံးပြုသူများသည် 1875 ဗေဒင်လျှော့ဈေးကူပွန်ကို ချက်ချင်းလက်ခံရရှိမည် ဖြစ်ပြီး KBZPay “My Coupon” တွင်လည်း ပြန်လည်ရှာဖွေနိုင်မည်ဖြစ်သည်။ 

၈။  KBZPay အသုံးပြုသူများအနေဖြင့် ရရှိလာသော 1875 ဗေဒင်လျှော့ဈေးကူပွန်များကို ပြန်လည် အသုံးပြုရာတွင် ငွေပေးချေဝယ်ယူသည့် ဝန်ဆောင်ခပမာဏသည် လျှော့ဈေးကူပွန် ပမာဏထက် ပိုများရန်လိုအပ်ပါသည်။ 

၉။ 1875 ဗေဒင်လျှော့ဈေးကူပွန်များ၏သက်တမ်းမှာ အသုံးပြုသူ လက်ခံရရှိသည့် နေ့ရက်မှစ၍ (၁၄) ရက် အတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းမကုန်မီ 1875 ဗေဒင် ၏ မည်သည့်ဝန်ဆောင်မှုအမျိုးအစားကိုမဆို KBZPay မှတဆင့် ဝယ်ယူခြင်းတွင် ပြန်လည်အသုံးပြုနိုင်ပါသည်။ 

၁၀။ အဆိုပါ 1875 ဗေဒင်ကဒ်လျှော့စျေးကူပွန်ကိုပြန်လည်အသုံးပြုရာတွင် ကူပွန်တစ်စောင်လျှင် ငွေပေးချေမှုတစ်ကြိမ် အတွက်သာအသုံးပြုနိုင်မည်ဖြစ်ပါသည်။  

၁၁။ ဤ Campaign တွင်ပါဝင်ဆင်နွှဲရန် KBZPay အသုံးပြုသူများသည် KBZPay အက်ပလီကေးရှင်းအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်တင်ထားရန် လိုအပ်ပါသည်။ 

၁၂။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၉) တွင် ဖော်ပြချက်နှင့်အညီ  ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၃။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၁၄။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၅။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

 ၁၆။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့်  Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၇။ KBZPay အနေဖြင့် တစ်စုံတစ်ရာ သောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay အသုံးပြုသူအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၈။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၉။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၂၀။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၁။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိပါက မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

“KBZPayကနေ Christmas လက်ဆောင်တွေ ရယူလိုက်ပါ” Campaign ၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ 

၁။ ယခု “KBZPayကနေ Christmas လက်ဆောင်တွေ ရယူလိုက်ပါ” Campaign သည် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ အထိဖြစ်ပါသည်။ ဤ Campaign တွင် KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer များသာ ပါဝင်နိုင်မှာ ဖြစ်ပြီး KBZPay ခရစ်စမတ်လက်‌ဆောင်များအား ဖွင့်ရမည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့  နှင့် ၂၅ ရက်နေ့ မတိုင်မီ အလှဆင်ပစ္စည်း အစုံလိုက်များကို စုဆောင်းထားရန်လိုအပ်ပါသည်။ 

၂။ KBZPay အဆင့် ၁ Customer များသည် အဆင့် ၁.၅ (သို့) အဆင့် ၂ သို့ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး Customer အသစ်များသည်လည်း KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်သည်။ 

၃။ Campaign ကာလအတွင်း Customer များသည် ခရစ်စမတ်လက်‌ဆောင်များအား ရယူရန် အလှဆင်ပစ္စည်း ငါးခုဖြစ်သော KBZPay Christmas Star, Christmas Ornaments, Christmas Bells, Christmas Decoration, Christmas Gift Bag စုဆောင်းထားရမည်ဖြစ်ပါသည်။ 

၄။ အလှဆင်ပစ္စည်းများရရှိရန် ဤ Campaign အတွက်  KBZPay မှ သတ်မှတ်ထားသည့် လုပ်ဆောင်ချက်များအား KBZPay Customer များမှ ပြီးမြောက်အောင်ပြုလုပ်ပြီးဆောင်ရွက်ခြင်းဖြင့် အလှဆင်ပစ္စည်းအစုံများကို စုဆောင်းနိုင်မှာ ဖြစ်ပါသည်။ 

လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • KBZPayနဲ့ ရှင်းမယ် (KBZPay ဖြင့် ၁,၀၀၀ ကျပ်ဖိုး နှင့် အထက်ငွေပေးချေပြီး ခရစ်စမတ် အလှဆင်ပစ္စည်း တစ်ခု ရယူပါ)
  • KBZPay သို့ ငွေထည့်မယ် (KBZPay သို့ ၅,၀၀၀ ကျပ်ဖိုး နှင့် အထက်ငွေထည့်ပြီး ခရစ်စမတ် အလှဆင်ပစ္စည်း တစ်ခု ရယူပါ)
  • အသုံးပြုသူအသစ်ဖိတ်ခေါ်မယ် (ဖိတ်ခေါ်ခံရသူမှ KBZPay အသုံးပြုသူအဖြစ် စာရင်းပေးသွင်းပြီးပါက အလှဆင်ပစ္စည်း ၂ ခုရရှိမည်ဖြစ်ပြီး အဆင့် ၁.၅ အသုံးပြုသူအဖြစ် အတည်ပြုပြီးပါက အလှဆင်ပစ္စည်း ၃ ခုအား ထပ်မံ ရရှိပါမည်)
  • ဤ Campaign အား သူငယ်ချင်းများ နှင့် ဝေမျှမယ်
  • KBZPay Account အား အဆင့် ၂ သို့ အဆင့်မြှင့်တင်မယ် (အဆင့် ၂ သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါက ခရစ်စမတ် အလှဆင်ပစ္စည်း နှစ်ခု ရယူပါ)

၅။ လုပ်ဆောင်ချက်များအား ပြီးမြောက်သည့် အခါတိုင်း အလှဆင်ပစ္စည်းတစ်ခုရရှိမှာ ဖြစ်ပြီး digital ခဲခြစ်ကံစမ်းခွင့် တစ်ကြိမ်လည်းရရှိမှာ ဖြစ်ပါတယ်။ ခဲခြစ်ကံစမ်းခွင့်တွင် –

  • ၁၀၀ကျပ်တန် ဖုန်းဘေလ်ဖြည့် လျှော့ဈေးကူပွန်
  • ၂၀၀ကျပ်တန် ဖုန်းဘေလ်ဖြည့် လျှော့ဈေးကူပွန်  
  • ၁၀၀ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန် 
  • ၂၀၀ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန်
  • ၃၀၀ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန်  
  • ၁၀၀ကျပ်တန် စျေးဝယ် လျှော့ဈေးကူပွန် 
  • ၂၀၀ကျပ်တန် စျေးဝယ်လျှော့ဈေးကူပွန်
  • ၃၀၀ကျပ်တန် စျေးဝယ် လျှော့ဈေးကူပွန်
  • ၁၀၀ကျပ်တန် ဘေလ်လျှော့ဈေး ကူပွန် 
  • ၂၀၀ကျပ်တန် ဘေလ်လျှော့ဈေး ကူပွန် 
  • ၃၀၀ကျပ်တန်  ဘေလ်လျှော့ဈေး ကူပွန်တို့ ပါဝင်မှာဖြစ်ပါတယ်။ 

Campaign Page ထဲမှာ မီးလင်းနေသည့် အလှဆင်ပစ္စည်းများအား နှိပ်ကာ မိမိစုဆောင်းရရှိထားသော အလှဆင်ပစ္စည်း အရေအတွက်ကို သိရှိနိုင်မှာ ဖြစ်ပြီး ရရှိလာသော ကူပွန်များကို “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လှည်ကြည့်ရှုနိုင်ပါသည်။ ရရှိသည့် ကူပွန်များအား ကူပွန် တန်ဖိုး၏ ၁ ကျပ် ထက်ပိုသော ဝန်ဆောင်မှုများ ရယူတိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၇) ရက် ဖြစ်ပြီး (၇) ရက်ကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင်တော့မည်မဟုတ်ပါ။ 

၆။ အလှဆင်ပစ္စည်းများအား လုပ်ဆောင်ချက်များ ပြုလုပ်ပြီး စုဆောင်းနိုင်သလို ဆိုရှယ်မီဒီယာများ ၊  KBZ Connet မှ တစ်ဆင့် သူငယ်ချင်း ၊ မိတ်ဆွေများကြား ဝေမျှ၊ လက်ခံ ရယူနိုင်မှာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာများ ၊ KBZ Connet များမှာ လင့်ခ့် အား ဝေမျှနိုင်မှာ ဖြစ်သော်လည်း ဝေမျှသည့် လင့်ခ့် တစ်ခု တွင် အများဆုံး အလှဆင်ပစ္စည်း  ၄ ခု သာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ပါဝင်သူတွင် အလှဆင်ပစ္စည်း ၁ တစ်ခုတည်းသာ ရှိပါက ဝေမျှခြင်း မပြုလုပ်နိုင်ပါ။ အကယ်၍ ပါဝင်သူသည် မိမိရရှိထားသော အလှဆင်ပစ္စည်း၏ ခဲခြစ်ကံစမ်းခွင့်အား အသုံးပြုခြင်းမရှိဘဲ အလှဆင်ပစ္စည်းအား ၎င်း၏သူငယ်ချင်းဖြစ်သူများနှင့်ဝေမျှခဲ့ပါက digital ခဲခြစ်ကံစမ်းခွင့်သည် ထိုအလှဆင်ပစ္စည်းနှင့်အတူ လက်ခံရရှိသူထံသို့ ရောက်ရှိသွားမည်ဖြစ်သည်။

၇။ ဒီဇင်ဘာလ ၁၉ရက်မှ ၂၃ရက်အတွင်း စုဆောင်းထားသော အလှဆင်ပစ္စည်းများ ဖြင့် ဒီဇင်ဘာလ ၂၄ ရက်နေ့ နှင့် ၂၅ ရက်နေ့ ည ၈ နာရီတွင်  စတင်ကာ ဆုလက်ဆောင်များ ဖွင့်ဖောက် ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ နှင့် ၂၅ ရက်နေ့ ည ၈ နာရီတိုင်း  Customer မှ စုဆောင်းထားသည့် အလှဆင်ပစ္စည်းများဖြင့် ခရစ်စမတ်လက်‌ဆောင်များ ရယူကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ ဉီးရာလူစနစ်ဖြစ်သောကြောင့် Customer များသည် Campaignမစခင် KBZPay Account ထဲသို့ ကြိုတင်ဝင်ရောက်၍ ခရစ်စမတ်လက်‌ဆောင်များကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။

၈။ ဤ Campaign တွင် ခရစ်စမတ်လက်‌ဆောင်များ အနေဖြင့် Samsung ၅၅လက်မ TVများအပြင် ကျပ်သိန်းပေါင်း ၁,၀၀၀ကျော် တန်ဖိုးရှိပြန်အမ်းငွေများ ပါဝင်မှာဖြစ်ပြီး Samsung ၅၅လက်မ TV ကံထူးသောဆုရရှိဆုရရှိသူများကို  KBZPay မှ SMS ပေးပို့၍ဆက်သွယ်မည်ဖြစ်ပါသည်။ ဆုရရှိသူများသည် [email protected] သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshotနှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ရပါမည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံဆုလက်ဆောင် လာရောက်ထုတ်ယူနိုင်မည့်လိပ်စာအား အကြောင်းကြားပေးသွား မည်ဖြစ်ပါသည်။ 

၉။ Samsung ၅၅လက်မ TV အား ပိုင်ဆိုင်ခွင့်ရရှိသည့် ဆုရရှိသူသည် ဆုလက်ဆောင်အား ရုံးဖွင့်ရက် (၇)ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား KBZPay မှ ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်သည်။ ဆုရရှိသူမှ ဆုအားထုတ်ယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ဆုရရှိသူမှ ထုတ်ယူပြီးသော ဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ 

၁၀။ Customer သည် အလှဆင်ပစ္စည်း ၅ ခု တစ်စုံ စုဆောင်း ပြီးသော်လည်း ခရစ်စမတ်လက်‌ဆောင်များရယူရမည့် ၂၄ရက်နေ့ ည ၈:၀၀ တွင် မဖွင့်ဖောက် မိလျှင် နောက်ရက် ၂၅ရက်နေ့၏ ဖွင့်ဖောက်ရမည့် အချိန် ည ၈:၀၀အထိ စောင့်ဆိုင်း ရမည်ဖြစ်ပါသည်။ Customer မှရရှိထားသော အလှဆင်ပစ္စည်းများအား ပထမဖွင့်ဖောက်သည့် နေ့ရက်တွင်ပင်အသုံးပြုမည်ဆိုပါက နောက်ထပ်လက်ဆောင် ပေးအပ်မည့် ရက်အတွက် အလှဆင်ပစ္စည်းများ အား အစမှ ပြန်လည်စုဆောင်းရန်လိုအပ်ပါသည်။

၁၁။ ဤ Campaign တွင် ပါဝင်သည့် Customerမှ လုပ်ဆောင်ချက်များမှ ရရှိလာသော အလှဆင်ပစ္စည်း အရေအတွက်အပေါ်တွင် မူတည်၍ နေ့စဉ် အဆင့်သတ်မှတ်ချက်တွင်လည်း ပါဝင်ခွင့်ရရှိနိုင်မည်ဖြစ်ပါသည်။ အဆင့်သတ်မှတ်ချက်တွင် လုပ်ဆောင်ချက်များမှ ရရှိလာသော အလှဆင်ပစ္စည်းသက်သက်ကိုသာ ထည့်သွင်းထားပြီး ဝေမျှလိုက်သော အလှဆင်ပစ္စည်းများ၊ သူငယ်ချင်းမှ မျှဝေလိုက်သော အလှဆင်ပစ္စည်းများအား ထည့်သွင်း ရေတွက်ခြင်းမရှိပါ။ 

၁၂။ အဆင့်သတ်မှတ်ချက်အား KBZPay ၏ Campaign စာမျက်နှာတွင်  အချိန်နှင့် တစ်ပြေးညီ နေ့စဉ် ကြည့်ရူနိုင်ပါသည်။

၁၃။ အဆင့်သတ်မှတ်ချက်အတွက် ငွေသားဆုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • အဆင့် (၁) အတွက် – ၁၀၀,၀၀၀ ကျပ် ပြန်အမ်းငွေ 
  • အဆင့် (၂) အတွက် – ၅၀,၀၀၀ ကျပ် 
  • အဆင့် (၃) အတွက်- ၃၀,၀၀၀ ကျပ်
  • အဆင့် (၄)မှ အဆင့် (၁၀) အတွက်- ၁၀,၀၀၀ ကျပ်
  • အဆင့် (၁၁)မှ အဆင့် (၅၀) အတွက် – ၅,၀၀၀ ကျပ်

၁၄။ နောက်ဆုံး အဆင့်သတ်မှတ်ချက်ပါ အဆင့်သတ်မှတ်ချက်များအတိုင်း ဆုကြေးငွေရရှိသည့် ဆုရရှိသူများသည် နောက်ဆုံး ရလဒ် သိရှိပြီး အလုပ်ဖွင့်ရက် ၇ ရက် အတွင်း ဆုကြေးငွေများကို  ဆုရရှိသူများ၏ KBZPay Wallet သို့ တိုက်ရိုက် ချက်ချင်းထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ ဘဏ်မှထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုး တွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့် အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။

၁၅။ ERKEဆိုင်ခွဲတိုင်းတွင် ဝယ်ယူသူများ အနေနှင့် ၁,၀၀၀ကျပ်နှင့် အထက်ဝယ်ယူပြီး KBZPay ဖြင့်ငွေပေးချေမှုတိုင်းအတွက် “KBZPayကနေ Christmas လက်ဆောင်တွေ ရယူလိုက်ပါ” Campaignမှ  အလှဆင်ပစ္စည်းတစ်ခု ရရှိနိုင်မည့်အပြင် ERKE Special Spin Wheel အား တစ်ကြိမ်ရရှိနိုင်မည်ဖြစ်သည်။ 

ERKE Special Spin Wheelတွင် ပါဝင်သော ဆုလက်ဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။ 

  • ၁,၀၀၀ကျပ် ပြန်အမ်းငွေ
  • ၁,၅၀၀ကျပ် ပြန်အမ်းငွေ
  • ၃,၀၀၀ကျပ် ပြန်အမ်းငွေ
  • ၁,၀၀၀ကျပ်တန် ERKE လျှော့ဈေးကူပွန်
  • ၂,၀၀၀ကျပ်တန် ERKE လျှော့ဈေးကူပွန်
  • ၃,၀၀၀ကျပ်တန် ERKE လျှော့ဈေးကူပွန်
  • ၁၀၀,၀၀၀ကျပ်တန် ERKE လျှော့ဈေးကူပွန်

၁၆။ ERKE Special Spin Wheelမှရရှိသော ပြန်အမ်းငွေများအား KBZPay Wallet သို့ တိုက်ရိုက် ချက်ချင်း ထည့်သွင်းပေးသွားမည်ဖြစ်ပြီး ကူပွန်များကို “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လှည်ကြည့်ရှုနိုင်ပါသည်။ ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၇) ရက် ဖြစ်ပြီး (၇) ရက်ကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင်တော့မည်မဟုတ်ပါ။

၁၇။ KBZPay Customer များသည် ERKE လျှော့ဈေး ကူပွန်တစ်ခုအား ဝယ်ယူမှုတစ်ခုအတွက်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းကူပွန်ကူပွန်များအား ပြန်လည် အသုံးပြုရာတွင် အောက်ဖော်ပြပါ အနည်းဆုံးပမာဏအတိုင်း ဝယ်ယူရန်လိုအပ်ပါသည်။

  • ၁,၀၀၀ကျပ်တန် ERKE လျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၅,၀၀၀ကျပ်
  • ၂,၀၀၀ ကျပ်တန် ERKE လျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၆,၀၀၀ကျပ်
  • ၃,၀၀၀ ကျပ်တန် ERKE လျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၁၀,၀၀၀ကျပ်
  • ၁၀၀,၀၀၀ ကျပ်တန် ERKE လျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၁၅၀,၀၀၀ကျပ်

၁၈။ ဤCampaign အရ ကူပွန် ရရှိထားသူများနှင့် TV ဆုလက်ဆာင်ရရှိသူသည် ၎င်းတို့ရရှိသောကူပွန်များနှင့် ဆုလက်ဆောင်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၁၉။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။  

၂၀။ ဤ Campaignကာလအတွင်း KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaignကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customer များသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၅)နှင့် (၁၇) တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး (၇)ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၂၁။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၂၂။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၃။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၂၄။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၂၅။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၂၆။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၈။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။ 

ShweStream Campaign ၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ 

၁။ ShweStream Campaignကို ဒီဇင်ဘာလ ၉ ရက်နေ့ ၂၀၂၂ ခုနှစ် မှ ဒီဇင်ဘာလ ၁၅ ရက်နေ့ ၂၀၂၂ ခုနှစ်အထိ  ပြုလုပ်သွားမည် ဖြစ်ပါသည်။ 

၂။ KBZPay Level 1.5 နှင့် 2 အသုံးပြုသူများသာ ယခု အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် KBZPay Application Version  အား 5.1 နှင့် အထက်  မြှင့်တင်ထားရန် လိုအပ်ပါသည်။

၃။ ယခု အစီအစဉ်၏ အဓိက ရည်ရွယ်ချက်မှာ KBZPay အသုံးပြုသူများအနေဖြင့် KBZPay Application ထဲရှိ ShweStream Mini Appမှတစ်ဆင့်   ကြိုက်နှစ်သက်ရာ ရုပ်ရှင်ကားများအား ဒီဇင်ဘာလ ၉ ရက်နေ့ ၂၀၂၂ ခုနှစ် မှ ဒီဇင်ဘာလ ၁၅ ရက်နေ့ ၂၀၂၂ခုနှစ်အထိ ၇ရက်တိုင်တိုင် အခမဲ့တိုက်ရိုက် ကြည့်ရှုနိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပါသည်။

၄။ KBZPay Application ရှိ ShweStream Mini Appမှတစ်ဆင်ကြည့်ရှုမှသာလျှင် ကြိုက်နှစ်သက်ရာ ရုပ်ရှင်ကားများအား ၇ရက်တိုင်တိုင် အခမဲ့တိုက်ရိုက် ကြည့်ရှုနိုင်မည်ဖြစ်ပြီး အခြားသော Applicationများမှကြည့်လျှင် ဤအစီအစဉ်၏ ၇ရက်တိုင်တိုင် အခမဲ့တိုက်ရိုက် ပရိုမိုရှင်းအား ရရှိနိုင်မည်မဟုတ်ပါ။  

၅။ အစီအစဉ်ကာလဖြစ်သည့် ဒီဇင်ဘာလ ၉ ရက်နေ့ ၂၀၂၂ ခုနှစ် မှ ဒီဇင်ဘာလ ၁၅ ရက်နေ့ ၂၀၂၂ ခုနှစ် အတွင်း (၇ ရက်အတွင်းသာ) KBZPay Application ထဲရှိ ShweStream Mini App မှတစ်ဆင့် ရုပ်ရှင်များကို အခမဲ့ ရုပ်ရှင်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ဤအစီအစဉ်အရ  KBZPay အသုံးပြုသူများ အခမဲ့ရရှိသည့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဝန်ဆောင်မှုအားနည်းခြင်း၊ ဝန်ဆောင်မှု ပြတ်တောက်ခြင်းတို့ဟုသာ ကန့်သတ်ထားခြင်းမရှိဘဲ စသည်တို့အပါအဝင် မည်သည့် အစိတ်အပိုင်းကိုမဆို ပျက်ကွက်မှု သို့မဟုတ် မည်သည့်လုပ်ရပ်အတွက်မဆို လုပ်ဆောင်မှုများအတွက် ShweStream နှင့် KBZPay တို့တွင် မည်သည့်တာဝန်မျှရှိမည်မဟုတ်ပါ။ 

၆။ အစီအစဉ်မတိုင်ခင် KBZPay ၏ ShweStream Mini App တွင် ကြည်ရှုခွင့် ဝယ်ယူထားသူများအနေနှင့် ထိုအစီအစဉ်ကာလ ၇ ရက်အတွင်း ရုပ်ရှင်ကားကြည့်ရှုခြင်းအတွက် ထည့်သွင်းမတွက်ချက်ပဲ အခမဲ့တိုက်ရိုက် ကြည့်ရှုနိုင်မည်ဖြစ်ပြီး အစီအစဉ်ကာလပြီးမှသာ အပတ်စဉ်ကြေး (သို့) လစဉ်ကြေးပေးဆောင်ထားသော ရက်များမှ ပြန်လည်နှုတ်ယူသွားမယ်ဖြစ်ပါသည်။

၇။ ဤ Campaign ကာလအတွင်း KBZPay Application 5.1 version နှင့်အထက် အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ်ကာလ ရပ်စဲသည် သို့မဟုတ် ပြီးဆုံးသွားသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၈။ ဤ Campaign တွင်ပါဝင်ရန်အတွက် KBZPay Applicationရှိ Banner များ၊        အသိပေးချက်များ၊ KBZPay Official Account မှတဆင့် ပါဝင်နိုင်ပါသည်။  

၉။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၃။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၄။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် ShweStream  Mini App  စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ သို့မဟုတ် ShweStream မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ သို့မဟုတ် ShweStream အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay Market တွင်  “12.12 Special Sale” အစီအစဉ်၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁) KBZPay Market တွင် “12.12 Special Sale” အစီအစဉ်သည် ဒီဇင်ဘာလ ၁၂ ရက်နေ့ ၂၀၂၂ ခုနှစ်မှ  ဒီဇင်ဘာလ ၂၁ ရက်နေ့ ၂၀၂၂ ခုနှစ်အထိ ဖြစ်ပါသည်။ 12.12 Special Sale အစီအစဥ်တွင် ဝယ်ယူမှုတိုင်းအတွက် မြန်မာနိုင်ငံအနှံ့အပြားကို  ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။

၂) KBZPay Level 1.5 နှင့် Level 2 Customer များသာ ယခု အစီအစဉ်တွင် ပါဝင်၍ ဝယ်ယူမှုများပြုလုပ်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 Customerများသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ပါဝင်၍ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

၃) ဤ Campaign ၏ ရည်ရွယ်ချက်မှာ KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက်အားအသုံးပြုသည့် KBZPay Customer များမှ KBZPay Marketမှတဆင့် Merchant များထံတွင် ဝယ်ယူမှုများပြုလုပ်ပြီး KBZPay ဖြင့် ငွေပေးချေခြင်းအတွက် အထူးလျှော့စျေးများရရှိစေရန်နှင့် ပို့ဆောင်ခအခမဲ့ ခံစားခွင့်ရရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။ ဤ Campaign တွင် ပါဝင်လိုသည့် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay အပ်ပလီကေးရှင်းအား 5.1 နှင့် အထက် ဗားရှင်းသို့ အဆင့်မြှင့်ထားရန်လိုအပ်ပါသည်။ 

၄) ဤ 12.12 Special Sale တွင် ပါဝင်သော အစီအစဉ်များမှာ  ဒီဇင်ဘာလ ၁၂ ရက်နေ့ ၂၀၂၂ ခုနှစ် မနက် ၉ နာရီ မှ ဒီဇင်ဘာလ ၂၁ ရက်နေ့ ၂၀၂၂ ခုနှစ်အထိ သုံးသောင်းကျပ်နှင့်အထက် ဝယ်ယူမှုတိုင်းအတွက် ပို့ဆောင်ခအခမဲ့ အစီအစဥ်နှင့် Campaign ကာလအတွင်း အလန်းစားလျှော့ဈေးအစီအစဉ် ပါဝင်သွားမှာ ဖြစ်ပါသည်။ ပို့ဆောင်ခအခမဲ့ အစီအစဥ်အတွက် အခမဲ့ပို့ဆောင်ပေးမည့် အများဆုံးပို့ဆောင်ခမှာ ၁၀,၀၀၀ ကျပ် (တစ်သောင်းကျပ်)အထိ သတ်မှတ်ထားပြီး ပို့ဆောင်ခ ၁၀,၀၀၀ ကျပ်အထက်ကို  ကျော်လွန်ပါက ကျော်လွန်နေသော ပို့ဆောင်ခပမာဏအား Customer ဘက်မှ ကျခံပေးချေရမည် ဖြစ်ပါသည်။  

၅) ဒီဇင်ဘာလ ၁၂ ရက်နေ့ ၂၀၂၂ ခုနှစ် မနက် ၉ နာရီ မှ ဒီဇင်ဘာလ ၂၁ ရက်နေ့ ၂၀၂၂ ခုနှစ်အထိ သုံးသောင်းကျပ်နှင့်အထက် ဝယ်ယူမှုတိုင်းအတွက် ပို့ဆောင်ခအခမဲ့ အစီအစဥ် တွင် ပထမဆုံး ဝယ်ယူမှု (၁,၀၀၀) အတွက်သာ အကျုံးဝင်သွားမှာ ဖြစ်ပါသည်။

၆) ဤ 12.12 Special Sale ၏ အလန်းစားလျှော့ဈေးအစီအစဉ်တွင် ပါဝင်သောပစ္စည်းများကို  ဒီဇင်ဘာလ ၁၁ ရက်နေ့ ၂၀၂၂ ခုနှစ် ည ၁၂ နာရီမှစတင်  ဝယ်ယူနိုင်ပြီး ပစ္စည်းတစ်ခုချင်းစီ၏ ကူပွန်ကုဒ်သည် လူတစ်ဦးလျှင် တစ်ကြိမ်သာအသုံးပြုနိုင်မည်ဖြစ်ပါသည်။ ကူပွန်အရေအတွက်သည် အကန့်အသတ်ရှိပါသည်။ လူတစ်ဦးလျှင် တစ်ကြိမ်ထက်ပိုပြီး အသုံးပြုခွင့်မရှိပါ။

၇) Customer မှ ရရှိသည့်ကူပွန်အား KBZPay Market ရှိ Merchant များထံမှ ဝယ်ယူပေးချေခြင်းတွင် ပြန်လည် အသုံးပြုနိုင်ပြီး ဝယ်ယူပေးချေသည့်ပမာဏသည် ကူပွန်ပမာဏထက်ပိုများရန် လိုအပ်ပါသည်။

၈) Customer များသည် KBZPay Application mini icon၊ KBZPay Home page banner၊ Facebook၊ Viber၊ KBZPay Market Official Account (5.1 version နှင့်အထက် အသုံးပြုသည့် KBZPay Customer များအတွက်) တို့မှတဆင့် 12.12 Special Sale အစီအစဥ်တွင် Merchant များ၏ဆိုင်များမှ ကုန်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်သည်။ 

၉) ဤ 12.12 Special Sale Campaignတွင် ပါဝင်သော Merchant ဆိုင်များရှိ ကုန်ပစ္စည်းအရေအတွက်ရရှိနိုင်မှုသည် ကန့်သတ်ချက်များရှိနိုင်ပါသဖြင့် Customer များမှ အမြန်ဝယ်ယူရန်လိုအပ်ပါသည်။ KBZPay မှ Customer ထံသို့ order အတည်ပြုချက်ပေးပို့ထားခြင်း မရှိသော Customer ၏ order များကို အောင်မြင်စွာ ဝယ်ယူထားသော order အဖြစ် သတ်မှတ်မည်မဟုတ်ဘဲ ထို order များကို Merchant ဖက်မှ အချိန်မရွေး Cancel ခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ ထို order များကို KBZPay မှလဲ Customer ထံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိမည်မဟုတ်ပါ။

၁၀) KBZPay Market သည် Merchant များမှ ၎င်းတို့၏ ကိုယ်ပိုင်စတိုးဆိုင်များကဲ့သို့ စီမံခန့်ခွဲနိုင်သည့်  Market Place ဖြစ်သည့်အတွက် Merchant များဘက်မှ Cancel သည့် ပစ္စည်းများကို KBZမှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် Merchant ဘက်မှ Cancel ခြင်းသည် ကျိုးကြောင်းဆီလျော်သော သို့မဟုတ် ယုံကြည်ရလောက်သော အကြောင်းပြချက်မရှိသည့် Cancel ခြင်းမျိုးဖြစ်ပါက ထို Merchant များကို KBZPay Market ရဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်း Cancel ခြင်းနှင့်အခြားစည်ကမ်းချိုးဖောက်မှုများကို အရေးယူသွားမည်ဖြစ်သည်။

၁၁) ဤ Campaignအရ Customer များအား ပေးသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ နည်းပညာ ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင် ခြင်းတစ်ခုခုအတွက် KBZသည် Customer အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို Customerအနေဖြင့် သဘောတူပါသည်။

၁၂) Merchant ဆိုင်များရှိ 12.12 Special Sale အစီအစဉ်တွင် ပါဝင်သော ကုန်ပစ္စည်းအား သတ်မှတ်မြို့နယ်များမှ ဝယ်ယူသော Customer များ၏ ဝယ်ယူမှုများအတွက် သက်ဆိုင်ရာ နေရာသို့ပို့ဆောင်ရာတွင် သတ်မှတ်ထားသည့်ရက်အတွင်းပေးပို့နိုင်ရန်အတွက် KBZPay နှင့် Merchant များသည် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမည် ဖြစ်သော်လည်း KBZPay နှင့် Merchantများအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် သတ်မှတ်ရက်အတွင်းမပေးပို့နိုင်ခဲ့ပါက KBZPay နှင့် Merchant များတွင် မည်သည့်တာဝန်မျှမရှိပါ။ 

၁၃) KBZPay နှင့် Merchantများအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် အချိန်မှီပေးပို့နိုင်ခြင်းမရှိခဲ့သည့် ကုန်ပစ္စည်းများအား KBZPay နှင့် Merchant များသည် သင့်လျော်သည့် အချိန်တစ်ခုတွင် ဝယ်ယူထားသည့် Customer များထံသို့ ပြန်လည်ပို့ဆောင်ပိုင်ခွင့် သို့မဟုတ် ထိုပစ္စည်းအတွက် Customer အား ငွေပြန်အမ်းခြင်းတို့အား KBZPay နှင့် Merchantများ၏ ဆုံးဖြတ်ချက်တို့ဖြင့် ပြုလုပ်ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

၁၄) Customer မှ ဝယ်ယူထားသော ကုန်ပစ္စည်းအား Cancel ပြုလုပ်ခြင်း၊ Merchant ထံသို့ ကုန်ပစ္စည်းအား ပြန်လည်ပေးပို့ခြင်း၊ လိမ်လည်မှုကိစ္စနှင့် အရည်အချင်းမပြည့်မီသော ထုတ်ကုန်များနှင့် ပတ်သက်သည့် ပြဿနာများရှိပါက Customer မှ ပစ္စည်းများအား လက်ခံရရှိပြီးချိန်မှစ၍ ၄၈ နာရီအတွင်း KBZPay Market မှ တဆင့် Merchant များသို့တင်ပြရမည်ဖြစ်သည်။ Merchant သည် အမှန်တကယ် ပြန်လည်လဲလှယ်ပေးရန် လိုအပ်သော ကုန်ပစ္စည်းများ လဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းရန်ခြင်းများအားဆောင်ရွက်ပေးရမည်ဖြစ်ပြီး အငြင်းပွားမှုများဖြစ်ပေါ်လာပါက KBZPay Market၏  ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

၁၅) ဤ Campaign ကာလအတွင်းသာလျှင် KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက် အသုံးပြုသော KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ရပ်စဲသည် သို့မဟုတ် ပြီးဆုံးသွားသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၁၆) KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည်မဟုတ်ပါ။

၁၇) ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၈) ဤ Campaign နှင့်ပတ်သက်၍ KBZPay Customerများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZPay Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၉) KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay Customerများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၂၀) KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့်နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၂၁) KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၂) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ် ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၃) KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customer များအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၂၄) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay Fraud Awareness အစီအစဉ်မှ ကံထူးရှင်များ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၉ရက်နေ့အတွင်း ပြုလုပ်ခဲ့သော “KBZPay Fraud Awareness အစီအစဉ်” မှ ဖုန်းဘေလ်ကံထူးသွားသူများ စာရင်းကို အောက်ပါဇယားတွင်ကြည့်ရှုနိုင်ပါတယ်။

Phone Bill Winners
09XXXXXX59109XXXXXX83009XXXX27609XXXXXX636
09XXXXXX63009XXXXXX12109XXXX14809XXXXXX587
09XXXXXX43709XXXXXX04709XXXX68609XXXXXX149
09XXXXXX76509XXXXXX87809XXXX40109XXXXXX388
09XXXXXX58409XXXXXX92309XXXX35509XXXXXX334
09XXXXXX36209XXXXXX80409XXXXXX85109XXXXXX868
09XXXXXX56609XXXXXX02109XXXXXX02409XXXXXX403
09XXXXXX50609XXXXXX66509XXXXXX88709XXXXXX191
09XXXXXX44609XXXXXX42609XXXXXX68609XXXXXX100
09XXXXXX40509XXXXXX69309XXXXXX89409XXXXXX806
09XXXXXX14809XXXXXX31809XXXXXX90409XXXXXX861
09XXXXXX55609XXXXXX18609XXXXXX53309XXXXXX528
09XXXXXX85709XXXXXX93309XXXXXX58909XXXXXX224
09XXXXXX90009XXXXXX54909XXXXXX96709XXXXXX082
09XXXXXX43009XXXXXX36109XXXXXX52509XXXXXX019
09XXXXXX22009XXXXXX46209XXXXXX14309XXXXXX218
09XXXXXX76909XXXXXX78209XXXXXX45609XXXXXX461
09XXXXXX67009XXXXXX86209XXXXXX15709XXXXXX664
09XXXXXX87009XXXXXX46509XXXXXX95209XXXXXX688
09XXXXXX03809XXXXXX77709XXXXXX55809XXXXXX212
09XXXXXX82409XXXXXX86609XXXXXX07509XXXXXX887
09XXXXXX29909XXXXXX08009XXXXXX69509XXXXXX910
09XXXXXX35109XXXX52609XXXXXX17709XXXXXX220
09XXXXXX26709XXXX27209XXXXXX66009XXXXXX076
09XXXXXX32709XXXX67409XXXXXX60009XXXXXX128

Fraud Awareness Campaign စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ Fraud Awareness Campaign ကာလသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့မှ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့ အထိဖြစ်ပါသည်။ 

၂။      KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ပါဝင်နိုင်မှာ ဖြစ်ပါသည်။

၃။ ဤအစီအစဉ်၏ရည်ရွယ်ချက်မှာ KBZPayအသုံးပြုသူများအတွက် KBZPay အကောင့်လုံခြုံရေးနှင့် ပတ်သက်သော မေးခွန်းများအား မှန်ကန်စွာ ဖြေဆိုပြီး ဖုန်းဘေလ် ၅,၀၀၀ကျပ် ကံစမ်း ရယူနိုင်ရန်ဖြစ်ပါသည်။

၄။ KBZPayအသုံးပြုသူများသည် ဤအစီအစဉ်တွင် ပါဝင်နိုင်ရန် အပြာရောင်အမှန်ခြစ်ပါသော KBZPay Official Viber Channel အား အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး pinလုပ်ထားသော Postမှတစ်ဆင့် KBZPayအသုံးပြုသူ၏နာမည်၊ KBZPayအကောင့်ဖွင့်ထားသော ဖုန်းနံပါတ်နှင့် အကောင့်လုံခြုံရေးနှင့် ပတ်သက်သော မေးခွန်းများဖြေဆို၍ပါဝင်နိုင်မည်ဖြစ်ပါသည်။ 

၅။KBZPayအကောင့်ဖွင့်ထားသော ဖုန်းနံပါတ်မရှိလျှင် (သို့) လင့်ခ်တွင် ဖြေဆိုထည့်သွင်းထားသောနံပါတ်မှာ KBZPayအကောင့်ဖွင့်ထားသော ဖုန်းနံပါတ်မဟုတ်လျှင် (သို့) မေးခွန်း ငါးခုလုံး မှန်ကန်စွာမဖြေဆိုနိုင်ခဲ့လျှင် (သို့) KBZPay Level 1.5 သို့မဟုတ် Level 2မဖြစ်လျှင်  ဤအစီအစဉ်တွင် ပါဝင်နိုင်မည်မဟုတ်ပါ။

၆။ ဤအစီအစဉ်အတွက် ကံထူးရှင် အ‌ယောက် (၁၀၀) ကိုသာ ရွေးချယ်သွားမည်ဖြစ်ပြီး အစီအစဉ်မှ ရရှိသော ဖုန်းဘေလ်ဆုလက်ဆောင်အား voice/ data package ဝယ်ယူခြင်း၊ ဖုန်းခေါ်ဆိုရန်နှင့် စာတိုပေးပို့ရန်အတွက် ၇ရက်အတွင်း (ဆုလက်ဆောင်လွှဲပေးသည့်နေ့မှ စတင်၍) အသုံးပြုနိုင်မည်ဖြစ်ပါသည်။

၇။ ကံထူးသူများအား နိုဝင်ဘာလ ၂၅ရက်နေ့တွင် KBZPay Official Viber Channel ၌ ကြေညာပေးသွားမည်ဖြစ်ပြီး ရရှိသောဖုန်းဘေလ်ဆုလက်ဆောင်များကို နိုဝင်ဘာလ ၂၅ရက်နေ့တွင် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ KBZမှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ကံထူးရှင်များကို ရွေးချယ်မည့် နေ့ရက်နှင့် ကံထူးရှင်များအား ဖုန်းဘေလ်များထည့်သွင်းပေးမည့်နေ့ရက်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။

၈။ ဤ အစီအစဉ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူ များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ်ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဉ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။

၁၀။ ဤ အစီအစဉ် ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤအစီအစဉ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ KBZPay အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၃။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ် နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၄။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူ မည်ဖြစ်သည်။