KBZPay ကိုယ်စားလှယ်များအတွက် အပိုဆုကြေးငွေအစီအစဉ်

လေးစားတန်ဖိုးထားရပါသော KBZPay ကိုယ်စားလှယ်ကြီးများခင်ဗျာ၊

 ၂၀၂၂ ခုနှစ် ဩဂုတ်လ  ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ  KBZPay ကိုယ်စားလှယ်ကြီးများအတွက် အထူးအစီအစဉ်အဖြစ် OTC ငွေလွှဲ KPI ပြည့်မှီခြင်း  တို့အတွက် အပိုဆုကြေးငွေများ ထပ်ဆောင်းပေးအပ်သွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 

 KBZPay ကိုအစဉ်တစိုက်အသုံးပြုပြီး သုံးစွဲသူအများပြည်သူအား ဝန်ဆောင်မှုပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

 ၁။ ကိုယ်စားလှယ် အပိုဆုကြေးငွေ များအတွက် ပြည့်မှီရမည့် KPI များ (လစဉ်)

၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ အတွက် ကိုယ်စားလှယ်များ၏ KBZPay လုပ်ဆောင်ချက်များအနက် ငွေလွှဲခြင်း ( OTC only ) လုပ်ငန်းစဉ် အလိုက် ပြည့်မှီရမည့် KPI နှင့် ရရှိနိုင်မည့် အပိုဆုကြေးငွေ များကို အောက်ပါအတိုင်း ဝေမျှ အကြောင်းကြားလိုက်ပါသည်။

စဉ်Tnx တစ်ကြောင်းလျှင်ရှိရမည့် ပမာဏTnx (၁) ကြောင်းလျှင် ရရှိမည့် ဆုကြေးငွေ ပမာဏဆုကြေးငွေတွက်ချက်ပုံ
၁။၁၀,၀၀၁ မှ ၂၅,၀၀၀ ကြား၁၀၀ ကျပ်လုပ်ဆောင်ချက် အကြောင်းအရေ x ၁၀၀ ကျပ်
၂။၂၅,၀၀၁ မှ ၅၀,၀၀၀ ကြား၁၂၅ ကျပ်လုပ်ဆောင်ချက် အကြောင်းအရေ x ၁၂၅ ကျပ်
၃။၅၀,၀၀၁ မှ ၁၀၀,၀၀၀ ကြား၁၇၅ ကျပ်လုပ်ဆောင်ချက် အကြောင်းအရေ x ၁၇၅ ကျပ်
၄။၁၀,၀၀၁ မှ ၁၅၀,၀၀၀ ကြား၂၂၅ ကျပ်လုပ်ဆောင်ချက် အကြောင်းအရေ x ၂၂၅ ကျပ်
၅။၁၅၀,၀၀၁ မှ ၂၀၀,၀၀၀ ကြား၂၅၀ ကျပ်လုပ်ဆောင်ချက် အကြောင်းအရေ x ၂၅၀ ကျပ်
၆။၂၀၀,၀၀၁ မှ ၃၀၀,၀၀၀ ကြား၃၀၀ ကျပ်လုပ်ဆောင်ချက် အကြောင်းအရေ x ၃၀၀ ကျပ်
၇။၃၀၀,၀၀၁ မှ ၄၀၀,၀၀၀ ကြား၃၅၀ ကျပ်လုပ်ဆောင်ချက် အကြောင်းအရေ x ၃၅၀ ကျပ်
၈။၄၀၀,၀၀၁ နှင့် အထက် ပမာဏ၄၀၀ ကျပ်လုပ်ဆောင်ချက် အကြောင်းအရေ x ၄၀၀ ကျပ်

မှတ်ချက် ။   ။ သတ်မှတ် Txn များ၏လုပ်ဆောင်ချက် ပေးငွေပမာဏ မှာ အနည်းဆုံး ငွေပမာဏ ၁၀,၀၀၁/- ကျပ် နှင့် အထက်ရှိသော ဆုကြေးငွေ အဖြစ်ထည့်သွင်း ရေတွက်မည်ဖြစ်သည်။

သတ်မှတ်ချက်များ

၁။ ကိုယ်စားလှယ်များ အကျိုးခံစားခွင့် ပေးအပ်ရခြင်း ရည်ရွယ်ချက်မှာ ကိုယ်စားလှယ်များ KBZPay လုပ်ဆောင်ချက်များ ပြုလုပ်ခြင်းဖြင့် စီးပွားရေး အကျိုးအမြတ်များ ပိုမိုရရှိစေရန် နှင့် KBZPay အား ပိုမို အသုံးပြုလာနိုင်ဖို့ မြှင့်တင်ပေးရန် ဖြစ်ပါသည်။

၂။ ယခု ပေးအပ်သော ကိုယ်စားလှယ် အကျိုးခံစားခွင့်အစီအစဉ်သည် ( ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ (၁) ရက် နေ့ ၊ ၀၀ : ၀၀ နာရီ) မှ စတင် အကျိုးသက်ရောက်မည်ဖြစ်ပြီး (၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ ၃၁ ရက် နေ့ ၊ ၂၄ နာရီ) တွင်ပြီးဆုံးပါမည်။

၃။ သတ်မှတ်ထားသော လုပ်ဆောင်ချက်အရေအတွင် ပြည့်မှီသော ကိုယ်စားလှယ်များကို SMS နှင့် ကိုယ်စားလှယ် Apps ( In App Notification) မှ တဆင့် အကြောင်းကြားပေးမည်ဖြစ်ပြီး ရရှိသော အကျိုးခံစားခွင့်ကို ကိုယ်စားလှယ် ၏ KBZPay စာရင်းထဲ ( Agent Wallet) သို့ (လစဉ်) ပထမ အပတ် သို့ ဒုတိယ အပတ်အတွင်း တိုက်ရိုက် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

၄။ အကျိုးခံစားခွင့် နှင့် ပတ်သတ်၍ မသမာမှု ( သို့မဟုတ်) အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက KBZPay တစ်ဦးတည်း၏ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။ ထို့အပြင် KBZPay သည် ကိုယ်စားလှယ်များအား ဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Account နှင့် ပါတ်သက်သည့် မည်သည့် အချက်အလက်များကို မျှ တောင်းခံမည် မဟုတ်ပါ။

၅။ ကိုယ်စားလှယ်များ အကျိုးခံစားခွင့် အစီအစဉ် တွင် ကိုယ်စားလှယ်များ မှ တဆင့်ငွေလွှဲခြင်း ( OTC Only) လုပ်ဆောင်ချက်များသာ အကျုံးဝင်ပြီး ဘဏ်အကောင့်မှ ငွေလွှဲခြင်း ၊ ဘဏ်အကောင့်သို့ ငွေလွှဲခြင်း နှင့် customer အကောင့်သို့ ငွေသွင်းခြင်း နှင့် အခြားသော လုပ်ဆောင်ချက်များ အကျုံးဝင်မဟုတ်ပါ။

၆။ အကျိုးခံစားခွင့် ပေးအပ်သောကာလအတွင်းမည်သည့် လိမ်လည် လှည့်ဖျားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် ကိုယ်စားလှယ်များအား တားမြစ်ပါသည်။ လိမ်လည်မှု အားမည်သည့် ပုံစံမျိုး နှင့်မဆို ကျုးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သည့် ကိုယ်စားလှယ်ကို မဆို KBZPay က ပယ်ဖျက်ခြင်း သို့မဟုတ် ပိတ်ပင်ခြင်း ၊ အကျိုးခံစားခွင့် ပေးအပ်မှုကို ငြင်းဆိုခြင်း လုပ်ပိုင်ခွင့်ရှိသည်။

၇။ တစ်ဖက်သက် ပယ်ဖျက်ခြင်းကြောင့် လည်းကောင်း ၊ ဤ စည်းမျဉ်းသတ်မှတ်ချက်များအရလည်းကောင်း ကိုယ်စားလှယ်များ အနေဖြင့် မည်သည့် လျှော်ကြေးကိုမျှ ခံစားပိုင်ခွင့်မရှိပါ၊

၈။ KBZPay သည် မည်သည့် အချိန်တွင်မဆို ၊ မည်သည့် အကြောင်းကြားမှုမျိုးကိုမျှ မလုပ်ဘဲ ၊ မည်သည့် စည်းမျဉ်း နှင့် စည်းကမ်းကိုမဆို ရပ်စဲခွင့်နှင့်/သို့မဟုတ် အကျိုးခံစားခွင့် အစီအစဉ်ကို ရုပ်သိမ်းခွင့်နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၉။ KBZPay ၏ ကိုယ်စားလှယ်ဆိုင်ရာ သဘောတူညီချက်တွင် ပါဝင်သော ဆိုင်ရာပုံမှန်စည်းမျဉ်း နှင့် စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်ပါသည်။

၁၀။ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေ နှင့် အညီ အဓိပ္ပာယ် ဖွင့်ဆိုရမည်။

KBZPay Market တွင်  “အခမဲ့ပို့ဆောင်မှု” အစီအစဉ်၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁) KBZPay Market တွင် “အခမဲ့ပို့ဆောင်မှု” အစီအစဉ်သည် သြဂုတ်လ ၁၉ ရက်နေ့ ၂၀၂၂ ခုနှစ်မှ စက်တင်ဘာလ ၆ ရက်နေ့ ၂၀၂၂ ခုနှစ် စတင်မည်ဖြစ်သည်။။ အခမဲ့ပို့ဆောင်မှု အစီအစဉ်သည် မြန်မာနိုင်ငံအနှံ့အပြားသို့ ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။

က) ဤအခမဲ့ပို့ဆောင်မှုအစီအစဥ်သည် ဝယ်ယူမှုအားလုံးအတွက် အကျုံးဝင်သွားမှာဖြစ်ပြီး အများဆုံးပို့ဆောင်ခမှာ ၁၀,၀၀၀ ကျပ်အထိ သတ်မှတ်ထားပါသည်။ ပို့ဆောင်ခ ၁၀,၀၀၀ ကို  ကျော်လွန်ပါက ကျန်ရှိနေသော ပို့ဆောင်ခပမာဏအား Customer ဘက်မှ ပေးချေရမည် ဖြစ်ပါသည်။

၂) ဤ Campaign ၏ ရည်ရွယ်ချက်မှာ KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက်အားအသုံးပြုသည့် KBZPay Customer များအတွက်ဖြစ်သည့်အတွက် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay အပ်ပလီကေးရှင်းအား 5.1 နှင့် အထက် ဗားရှင်းသို့ အဆင့်မြှင့်ထားရန်လိုအပ်ပါသည်။ KBZPay Level 1 နှင့်အထက်အားအသုံးပြုသည့် KBZPay Customer များသည် ဤ Campaign တွင် ဝယ်ယူနိုင်မည်ဖြစ်သည် ။

၃) Customer များသည် KBZPay Application mini icon၊ KBZPay Home page banner၊ Facebook၊ Viber၊ KBZPay Market Official Account  (5.1 version နှင့်အထက် အသုံးပြုသည့် KBZPay Customer များအတွက်) တို့မှတဆင့် အခမဲ့ပို့ဆောင်မှုအစီအစဥ်တွင်  Merchant များ၏ဆိုင်များမှ ကုန်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်သည် ။ 

၄) အခမဲ့ပို့ဆောင်မှု အစီအစဥ်တွင် ပါဝင်သော Merchant ဆိုင်များရှိ ကုန်ပစ္စည်းအရေအတွက်ရရှိနိုင်မှုသည် ကန့်သတ်ချက်များရှိနိုင်ပါသဖြင့် Customer များမှ အမြန်ဝယ်ယူရန်လိုအပ်ပါသည်။ KBZPay မှ Customer ထံသို့ order အတည်ပြုချက်ပေးပို့ထားခြင်း မရှိသော Customer ၏ order များကို အောင်မြင်စွာ ဝယ်ယူထားသော order အဖြစ် သတ်မှတ်မည်မဟုတ်ဘဲ ထို order များကို Merchant ဖက်မှ အချိန်မရွေး Cancel ခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ ထို order များကို KBZPay မှလဲ Customer ထံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိမည်မဟုတ်ပါ။

၅) KBZPay Market သည် Merchant များမှ ၎င်းတို့၏ ကိုယ်ပိုင်စတိုးဆိုင်များကဲ့သို့ စီမံခန့်ခွဲနိုင်သည့်  Market Place ဖြစ်သည့်အတွက် Merchant များဘက်မှ Cancel သည့် ပစ္စည်းများကို KBZမှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် Merchant ဘက်မှ Cancel ခြင်းသည် ကျိုးကြောင်းဆီလျော်သော သို့မဟုတ် ယုံကြည်ရလောက်သော အကြောင်းပြချက်မရှိသည့် Cancel ခြင်းမျိုးဖြစ်ပါက ထို Merchant များကို KBZPay Market ရဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်း Cancel ခြင်းနှင့်အခြားစည်ကမ်းချိုးဖောက်မှုများကို အရေးယူသွားမည်ဖြစ်သည်။

၆) ဤ Campaignအရ Customer များအား ပေးသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည်ဖြစ်စေ၊ စီစဉ်မထားဘဲ ဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင် ခြင်းတစ်ခုခုအတွက် KBZသည် Customer အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို Customerအနေဖြင့် သဘောတူပါသည်။

၇) Merchant ထံသို့ ကုန်ပစ္စည်းအား ပြန်လည်ပေးပို့ခြင်း၊ လိမ်လည်မှုကိစ္စနှင့် အရည်အချင်းမပြည့်မီသော ထုတ်ကုန်များနှင့် ပတ်သက်သည့် ပြဿနာများရှိပါက Customer မှ ပစ္စည်းများအား လက်ခံရရှိပြီးချိန်မှစ၍ ၄၈ နာရီအတွင်း KBZPay Market မှ တဆင့် Merchant များသို့တင်ပြရမည်ဖြစ်သည်။ Merchant သည် အမှန်တကယ် ပြန်လည်လဲလှယ်ပေးရန် လိုအပ်သော ကုန်ပစ္စည်းများ လဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းရန် ခြင်းများအားဆောင်ရွက်ပေးရမည်ဖြစ်ပြီး အငြင်းပွားမှုများဖြစ်ပေါ်လာပါက KBZPay Market ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

၈) Merchant ဆိုင်များရှိ အခမဲ့ပို့ဆောင်မှု အစီအစဉ်တွင် ပါဝင်သော ကုန်ပစ္စည်းအား သတ်မှတ်မြို့နယ်များမှ ဝယ်ယူသော Customer များ၏ ဝယ်ယူမှုများအတွက် ဤ Campaign နှင့်အညီ ပေးပို့နိုင်ရန်အတွက် KBZPay နှင့် Merchant များသည် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမည် ဖြစ်သော်လည်း KBZPay နှင့် Merchantများအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် မပေးပို့နိုင်ပါက KBZPay နှင့် Merchant များတွင် မည်သည့်တာဝန်မျှမရှိပါ။ 

၉) KBZPay နှင့် Merchantများအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် အချိန်မှီပေးပို့နိုင်ခြင်းမရှိခဲ့သည့် ကုန်ပစ္စည်းများအား KBZPay နှင့် Merchant များသည် သင့်လျော်သည့် အချိန်တစ်ခုတွင် ဝယ်ယူထားသည့် Customer များထံသို့ ပြန်လည်ပို့ဆောင်ပိုင်ခွင့် သို့မဟုတ် ထိုပစ္စည်းအတွက် Customer အား ငွေပြန်အမ်းခြင်းတို့အား KBZPay နှင့် Merchantများ၏ ဆုံးဖြတ်ချက်တို့ဖြင့် ပြုလုပ်ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

၁၀) KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက် အသုံးပြုသော KBZPay Customer များအနေဖြင့် KBZPay မှ ဤCampaign အားရပ်စဲခြင်းမပြုမှီအထိ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ရပ်စဲသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၁၁) KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည်မဟုတ်ပါ။

၁၂) ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃) ဤ Campaign နှင့်ပတ်သက်၍ KBZPay Customerများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZPay Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၄) KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay Customerများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၅) KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့်နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၆) KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၇) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ် ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈) KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၉) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

ပြောင်းလဲဆန်းသစ်လိုက်တဲ့ အသွင်သစ်နဲ့ KBZPay Top Up လုပ်ဆောင်ချက်

အသွင်သစ်၊ အမြင်သစ်နဲ့ KBZPay Top Up လုပ်ဆောင်ချက်ကို KBZPay ရဲ့ Homescreen မှာသာမက Mini App တစ်ခုအဖြစ်နဲ့ ပြောင်းလဲဆန်းသစ်လိုက်ပါပြီ။ ပုံစံအသစ်နဲ့ Top Up မှာ မိမိအသုံးပြုလိုတဲ့ ဆက်သွယ်ရေး အော်ပရေတာအတွက်  ‌ဖုန်းဘေလ်ဖြည့်၊ ဖုန်းခေါ်ဆိုမှု၊ SMS နဲ့ ဒေတာပက်ကေ့ချ် စသဖြင့် မိမိဝယ်ယူလိုတဲ့အတိုင်း အဆင်ပြေလွယ်ကူစွာ ဖြည့်သွင်းးနိုင်ပါပြီ။ 

ပိုမိုလုံခြုံစိတ်ချရပြီး အသုံးပြုရပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံအတွက် သင့် KBZPay ကို နောက်ဆုံးဗားရှင်းသို့မြှင့်တင်လိုက်ပါ။

IOS :https://apple.co/31igRU9
Android : https://bit.ly/3rTwa2J

KBZPay ရဲ့  KFC Mini App အသစ်ကနေ အစားအသောက်တွေကို စိတ်ကြိုက်မှာယူလိုက်ပါ

KBZPay ရဲ့ Mini Appတွေထဲကမှ  အစားအသောက် Mini Appအဖြစ် ပထမဆုံးအကြိမ်ပါဝင်လာတဲ့ KFC Mini App ကနေ ကြက်ကြော် နဲ့ အခြားMenuတွေကို စိတ်ကြိုက်မှာယူနိုင်ပါပြီ။

ထိတွေ့မှုမရှိသော KBZPay ငွေပေးချေမှုနဲ့ KFC Mini app ကနေ ကြက်ကြော် ကြွတ်ကြွတ်ရွရွ နဲ့ လူကြိုက်များတဲ့ Menu တွေကို ဒီလင့်ခ် ကနေ တစ်ဆင့် ကိုယ်တိုင်ယူစနစ်နဲ့ မှာယူလိုက်တော့နော်။

ပိုမိုလုံခြုံစိတ်ချရပြီး ပိုကောင်းတဲ့အတွေ့အကြုံအတွက် သင့် KBZPay ကိုနောက်ဆုံးအဆင့်သို့မြှင့်တင်လိုက်ပါ။

iOS: https://apple.co/31igRU9
Android : https://bit.ly/3rTwa2J

KBZPay Market တွင် သတ်မှတ်ထားသော ဆိုင်များမှ “ဒီနေ့မှာ နောက်နေ့ပို့” အစီအစဉ်၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁) KBZPay Market တွင် သတ်မှတ်ထားသော ဆိုင်များမှ “ဒီနေ့မှာ နောက်နေ့ပို့” အစီအစဉ်သည် ဇူလိုင် ၂၉ ရက်နေ့ ၂၀၂၂ခုနှစ် မှ စတင်မည်ဖြစ်သည်။။ ဒီနေ့မှာ နောက်နေ့ပို့ အစီအစဉ်သည် ရန်ကုန်မြို့တွင်းရှိ အောက်ပါမြို့နယ်များသာ  အကျုံးဝင်ပါသည်။  

  • အလုံ
  • ဗဟန်း
  • ဗိုလ်တထောင်
  • ​ဒဂုံ
  • ​ေဒါပုံ
  • လှိုင်
  • အင်းစိန်
  • ကမာရွတ်
  • ကျောက်တံတား
  • ကြည်မြင်တိုင်
  • လမ်းမတော်
  • လသာ
  • မရမ်းကုန်း
  • မင်္ဂလာတောင်ညွှန့်
  • မြောက်ဥ⁠က္ကလာပ
  • ပန်းပဲတန်း
  • ပုဇွန်တောင်
  • စမ်းချောင်း
  • ဆိပ်ကမ်း
  • တောင်ဥ⁠က္ကလာပ
  • တာမွေ
  • သာကေတ
  • သင်္ကန်းကျွန်း
  • ရန်ကင်း

၂) ဤ Campaign ၏ ရည်ရွယ်ချက်မှာ KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက်အားအသုံးပြုသည့် KBZPay Customer များအတွက်ဖြစ်သည့်အတွက် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay အပ်ပလီကေးရှင်းအား 5.1 နှင့် အထက် ဗားရှင်းသို့ အဆင့်မြှင့်ထားရန်လိုအပ်ပါသည်။ KBZPay Level 1 နှင့်အထက်အားအသုံးပြုသည့် KBZPay Customer များသည် ဤ Campaign တွင် ဝယ်ယူနိုင်မည်ဖြစ်သည် ။

၃) Customer များသည် KBZPay Application mini icon၊ KBZPay Home page banner၊ Facebook၊ Viber၊ KBZPay Market Official Account  (5.1 version နှင့်အထက် အသုံးပြုသည့် KBZPay Customer များအတွက်) တို့မှတဆင့် သတ်မှတ်ထားသော Merchant များ၏ဆိုင်များမှ ဒီနေ့မှာ နောက်နေ့ပို့ အစီအစဉ်တွင် ပါဝင်သော ကုန်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်သည် ။ 

၄) သတ်မှတ်ထားသော Merchant ဆိုင်များရှိ ဒီနေ့မှာ နောက်နေ့ပို့ အစီအစဉ်တွင် ပါဝင်သော ကုန်ပစ္စည်းအရေအတွက်ရရှိနိုင်မှုသည် ကန့်သတ်ချက်များရှိနိုင်ပါသဖြင့် Customer များမှ အမြန်ဝယ်ယူရန်လိုအပ်ပါသည်။ KBZPay မှ Customer ထံသို့ order အတည်ပြုချက်ပေးပို့ထားခြင်း မရှိသော Customer ၏ order များကို အောင်မြင်စွာ ဝယ်ယူထားသော order အဖြစ် သတ်မှတ်မည်မဟုတ်ဘဲ ထို order များကို Merchant ဖက်မှ အချိန်မရွေး Cancel ခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ ထို order များကို KBZPay မှလဲ Customer ထံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိမည်မဟုတ်ပါ။

၅) KBZPay Market သည် Merchant များမှ ၎င်းတို့၏ ကိုယ်ပိုင်စတိုးဆိုင်များကဲ့သို့ စီမံခန့်ခွဲနိုင်သည့်  Market Place ဖြစ်သည့်အတွက် Merchant များဘက်မှ Cancel သည့် ပစ္စည်းများကို KBZမှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် Merchant ဘက်မှ Cancel ခြင်းသည် ကျိုးကြောင်းဆီလျော်သော သို့မဟုတ် ယုံကြည်ရလောက်သော အကြောင်းပြချက်မရှိသည့် Cancel ခြင်းမျိုးဖြစ်ပါက ထို Merchant များကို KBZPay Market ရဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်း Cancel ခြင်းနှင့်အခြားစည်ကမ်းချိုးဖောက်မှုများကို အရေးယူသွားမည်ဖြစ်သည်။

၆) ဤ Campaignအရ Customer များအား ပေးသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည်ဖြစ်စေ၊ စီစဉ်မထားဘဲ ဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင် ခြင်းတစ်ခုခုအတွက် KBZသည် Customer အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို Customerအနေဖြင့် သဘောတူပါသည်။

၇) Merchant ထံသို့ ကုန်ပစ္စည်းအား ပြန်လည်ပေးပို့ခြင်း၊ လိမ်လည်မှုကိစ္စနှင့် အရည်အချင်းမပြည့်မီသော ထုတ်ကုန်များနှင့် ပတ်သက်သည့် ပြဿနာများရှိပါက Customer မှ ပစ္စည်းများအား လက်ခံရရှိပြီးချိန်မှစ၍ ၄၈ နာရီအတွင်း KBZPay Market မှ တဆင့် Merchant များသို့တင်ပြရမည်ဖြစ်သည်။ Merchant သည် အမှန်တကယ် ပြန်လည်လဲလှယ်ပေးရန် လိုအပ်သော ကုန်ပစ္စည်းများ လဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းရန် ခြင်းများအားဆောင်ရွက်ပေးရမည်ဖြစ်ပြီး အငြင်းပွားမှုများဖြစ်ပေါ်လာပါက KBZPay Market ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

၈) Merchant ဆိုင်များရှိ ဒီနေ့မှာ နောက်နေ့ပို့ အစီအစဉ်တွင် ပါဝင်သော ကုန်ပစ္စည်းအား အပိုဒ် (၁)တွင်ဖော်ပြထားသော သတ်မှတ်မြို့နယ်များမှ ဝယ်ယူသော Customer များ၏ ဝယ်ယူမှုများအတွက် ဤ Campaign နှင့်အညီ ပေးပို့နိုင်ရန်အတွက် Merchant များသည် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမည်ဖြစ်သော်လည်း KBZPay နှင့် Merchantများအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် အချိန်မှီပေးပို့နိုင်ခြင်းမရှိပါက KBZPay နှင့် Merchant များတွင် မည်သည့်တာဝန်မျှမရှိပါ။ 

၉) KBZPay နှင့် Merchantများအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် အချိန်မှီပေးပို့နိုင်ခြင်းမရှိခဲ့သည့် ကုန်ပစ္စည်းများအား KBZPay နှင့် Merchant များသည် သင့်လျော်သည့် အချိန်တစ်ခုတွင် ဝယ်ယူထားသည့် Customer များထံသို့ ပြန်လည်ပို့ဆောင်ပိုင်ခွင့် သို့မဟုတ် ထိုပစ္စည်းအတွက် Customer အား ငွေပြန်အမ်းခြင်းတို့အား KBZPay နှင့် Merchantများ၏ ဆုံးဖြတ်ချက်တို့ဖြင့် ပြုလုပ်ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

၁၀) KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက် အသုံးပြုသော KBZPay Customer များအနေဖြင့် KBZPay မှ ဤCampaign အားရပ်စဲခြင်းမပြုမှီအထိ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ရပ်စဲသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၁၁) KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည်မဟုတ်ပါ။

၁၂) ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃) ဤ Campaign နှင့်ပတ်သက်၍ KBZPay Customerများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZPay Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၄) KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay Customerများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၅) KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့်နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၆) KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၇) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ် ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈) KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၉) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay  ကြိုတင်လစာဖြင့် လစာရဲ့ ၅၀ %အထိ လမကုန်ခင်လစာထုတ်ယူနိုင်ခြင်း၏ မေးလေ့မေးထရှိသော မေးခွန်းများ

PayAdvance (ကြိုတင်လစာ) ဆိုသည်မှာ KBZPay၏ ဝန်ဆောင်မှုအသစ်ဖြစ်ပြီး လခစားဝန်ထမ်းများအနေဖြင့် မိမိတို့၏လစာတစ်ဝက် (အများဆုံး ၅၀၀,၀၀၀ ကျပ်)ကို ကြိုတင်ထုတ်ယူခြင်း ဖြစ်ပါသည်။

PayAdvance (ကြိုတင်လစာ) ဝန်ဆောင်မှုသည် ဝန်ထမ်းများ၏ ရေတိုငွေရေးကြေးရေးဆိုင်ရာ လိုအပ်ချက်များကို လစာထုတ်ရက်မတိုင်ခင် လစာတစ်ဝက်ကို ကြိုတင်ထုတ်ယူပြီး ဖြေရှင်းနိုင်ရန် ရည်ရွယ်ပါသည်။

PayAdvance (ကြိုတင်လစာ) ကို လုပ်ငန်းရှင် (ကုမ္ပဏီ) ကြိုတင်ပေးထားသည့် ပုံစံဖြစ်ပါသည်။

အသုံးပြုနိုင်မည့်သူသည် KBZPay L1.5 (သို့မဟုတ်) L2 အသုံးပြုနေသူ ဖြစ်ရပါမည်။ ထို့အပြင် ၎င်း၏ လုပ်ငန်းရှင်သည်လည်း ကမ္ဘောဇဘဏ်နှင့် PayAdvance (ကြိုတင်လစာ) စာချုပ်ချုပ်ဆိုထားရပါမည်။

ကျေးဇူးပြု၍ မိမိ၏ ကုမ္ပဏီဝန်ထမ်းရေးရာဌာနနှင့် ဆက်သွယ်မေးမြန်းပါ။

PayAdvance (ကြိုတင်လစာ)ကို ရယူလိုပါက အသုံးပြုသူသည် ကမ္ဘောဇဘဏ်၏ Payroll ဝန်ဆောင်မှုကို အသုံးပြုနေပြီး KBZPay L1.5 (သို့မဟုတ်) L2 လည်း ဖြစ်ရပါမည်။ ထို့အပြင် ၎င်း၏ လုပ်ငန်းရှင်သည်လည်း ကမ္ဘောဇဘဏ်နှင့် PayAdvance (ကြိုတင်လစာ) စာချုပ်ချုပ်ဆိုထားရပါမည်။ သို့မှသာလျှင် အသုံးပြုသူမှာ KBZPay Application တွင် PayAdvance ကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။

မိမိတို့ ရရှိသော လစာ၏ တ၀က် ကို ထုတ်ယူနိုင်ပြီး အများဆုံး ထုတ်ယူနိုင်သော ပမာဏမှာ ၅၀၀,၀၀၀ ကျပ်ဖြစ်ပါသည်။

PayAdvance (ကြိုတင်လစာ)ကို ရယူလိုပါက အသုံးပြုသူသည် ကမ္ဘောဇဘဏ်၏ Payroll ဝန်ဆောင်မှုကို အသုံးပြုနေပြီး KBZPay L1.5 (သို့မဟုတ်) L2 လည်း ဖြစ်ရပါမည်။ ထို့အပြင် ၎င်း၏ လုပ်ငန်းရှင်သည်လည်း ကမ္ဘောဇဘဏ်နှင့် PayAdvance (ကြိုတင်လစာ) စာချုပ်ချုပ်ဆိုထားရပါမည်။ သို့မှသာလျှင် အသုံးပြုသူမှာ KBZPay Application တွင် PayAdvance ကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။

လစာထုတ်ယူနိုင်သော အချိန်မှစ၍ KBZPay Blue App တွင် လူမှုဘ၀ ၀န်ဆောင်မှု(Life) သို့သွားပြီး ငွေကြေးနှင့် ချေးငွေ ၀န်ဆောင်မှုများ (Finance and Loan Services) မှ ကြိုတင်လစာ (PayAdvance) ထဲသို့ ၀င်ရောက်၍ တောင်းခံ ရယူနိုင်ပါသည်။

ကြိုတင်လစာ ထုတ်ယူနိုင်သောအချိန်မှာ ကုမ္ပဏီ၏ လစာပေးမည့် နေ့ရက်ပေါ်  မူတည်၍ ယေဘူယျအားဖြင့် လစဥ် ၁၆ရက်နေ့မှ ၂၁ ရက်နေ့ထိ ၆ရက်ခန့်န့် ထုတ်ယူရရှိနိုင်ပါသည်။ 

သင်သည် PayAdvance (ကြိုတင်လစာ)အတွက် Eligible ဖြစ်ပြီးသားသူဖြစ်ပါက  သင်၏ ကုမ္ပဏီမှ သတ်မှတ်ထားသော နေ့မှ စတင်၍ KBZPay Blue App မှ တဆင့တဆင့် ကြိုတင်လစာကို ချက်ချင်းရယူနိုင်ပါသည်။

PayAdvance (ကြိုတင်လစာ)သည် ရာနှုန်းပြည့် ဒီဂျစ်တယ်ဝန်ဆောင်မှု ဖြစ်ပါသည်။ ဖောင်ဖြည့်ရန် မလိုပါ။ ဘဏ်ကိုသွားရန် မလိုပါ။

မိမိ၏ ထုတ်ယူနိုင်သော ပမဏအတွင်း ၂ကြိမ်ထိ ထုတ်ယူနိုင်ပါသည်။

မရပါ။

တစ်ကြိမ်တွင် အနည်းဆုံး ၁၀,၀၀၀ကျပ်မှ အများဆုံး ၅၀၀,၀၀၀ကျပ်။ မှတ်ချက်။ ။ အများဆုံးထုတ်ယူနိုင်သည် ငွေပမာဏသည် မိမိရရှိသော လစာတ၀က်ထက် ကျော်လွန် ၍သော်လည်းကောင်း၊ စုစုပေါင်း ထုတ်ယူခွင့် ပြုလုပ်ထားသောပမာဏ ၅၀၀,၀၀၀ကျပ် ထက် ကျော်လွန်၍ မရပါ။

ထုတ်ယူမှု အတွက်  တကြိမ်လျှင်  ၅၀၀ ကျပ်ဖြစ်ပါသည်။

ကြိုတင်ထုတ်ယူထားသော လစာကို လစာပေးမည့်နေ့တွင် ကုမ္ပဏီသည်  မိမိလစာထဲမှ ဖြတ်ထားမည် ဖြစ်ပါသည်။

KBZPay ကနေ ဖုန်းငွေဖြည့်၊ ဒေတာ ပက်ကေ့ချ် ဝယ်ယူရင်းပွိုင့်တွေစုကြမယ် အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။  KBZPay ကနေ ဖုန်းငွေဖြည့်၊ ဒေတာ ပက်ကေ့ချ် ဝယ်ယူရင်းပွိုင့်တွေစုကြမယ် Campaign သည်   ဇူလိုင် ၁ ရက်နေ့ ၂၀၂၂ ခုနှစ်မှ  ဇူလိုင် ၃၁ ရက်နေ့ ၂၀၂၂ ခုနှစ်ထိဖြစ်ပါသည်။ 

၂။  KBZPay ကနေ ဖုန်းငွေဖြည့်၊ ဒေတာပက်ကေ့ချ်ဝယ်ယူရင်းပွိုင့်တွေစုကြမယ် Campaign ၏ရည်ရွယ်ချက်မှာ KBZPay အသုံးပြုသူများအားလုံး ဖုန်းငွေဖြည့်ခြင်းသို့မဟုတ် ဒေတာပက်ကေ့ချ်များဝယ်ယူရင်း ရရှိလာသော ပွိုင့်များအား စုဆောင်းကာ ပြန်အမ်းငွေ နှင့် ဖုန်းငွေဖြည့်လျှော့ဈေးကူပွန် များ ပြန်လည် ရယူနိုင်ရန်ရည်ရွယ်ပါသည်။ 

၃။  မည်သည့်အဆင့် KBZPay အသုံးပြုသူမဆို Campaign ကာလအတွင်း ဖုန်းငွေဖြည့်ခြင်း၊ ဒေတာပက်ကေ့ချ်ဝယ်ယူခြင်းများအတွက် ဝယ်ယူသည့်ပမာဏ၏ ၁ ရာခိုင်နှုန်း ကို ပွိုင့် အနေဖြင့် ပြန်လည်ရရှိမည်ဖြစ်ပါသည်။ 

၄။ ရရှိလာသော ပွိုင့်များအား Campaign စာမျက်နှာ ရှိ “My Points “ အောက်တွင်ကြည့်ရှုနိုင်ပါသည်။ 

၅။ စုဆောင်းရရှိလာသောပွိုင့်များအား အသုံးပြု၍ Spin Wheel လှည့်၍ကံစမ်းခြင်း သို့မဟုတ် ပွိုင့်များနှင့် လျှော့ဈေး ကူပွန်များ လဲလှယ်ခြင်းများပြုလုပ်နိုင်ပါသည်။ 

၆။ Spin Wheel လှည့်ရန် အသုံးပြုသူများ အနေဖြင့် ပွိုင့် ၃၀ စုဆောင်းထားရှိရန်လိုအပ်ပြီး Spin Wheel လှည့်ပြီးသည်နှင့် အသုံးပြုသူ စုဆောင်းထားသော ပွိုင့် ၃၀ ကုန်ဆုံးမည်ဖြစ်ပါသည်။ 

Spin Wheel တွင်ပါဝင်သော ဆုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • ၁၀,၀၀၀ ကျပ်ပြန်အမ်းငွေ
  • ၁၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန် (အနည်းဆုံး ငွေပမာဏ ၅၀၀ ကျပ် အသုံးပြုရန်)
  • ၂၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်  (အနည်းဆုံး ငွေပမာဏ ၅၀၀ ကျပ် အသုံးပြုရန်)
  • ၃၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်  (အနည်းဆုံး ငွေပမာဏ ၅၀၀ ကျပ် အသုံးပြုရန်)
  • ၁၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်  (အနည်းဆုံး ငွေပမာဏ ၁,၀၀၀ ကျပ် အသုံးပြုရန်)
  • ၂၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်  (အနည်းဆုံး ငွေပမာဏ ၂,၀၀၀ ကျပ် အသုံးပြုရန်)
  • ၂၀၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်  (အနည်းဆုံး ငွေပမာဏ ၅,၀၀၀ ကျပ် အသုံးပြုရန်)

၇။ ပွိုင့်များနှင့် ကူပွန်များအား လဲလှယ် အသုံးပြုရန် သတ်မှတ်ထားသော ပမာဏမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ပွိုင့် ၄၀၀ အတွက်  ၁၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်  (အနည်းဆုံး ငွေပမာဏ ၁,၀၀၀ ကျပ် အသုံးပြုရန်)
  • ပွိုင့် ၈၀၀ အတွက် ၂၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်  (အနည်းဆုံး ငွေပမာဏ ၂,၀၀၀ ကျပ် အသုံးပြုရန်)
  • ပွိုင့် ၁၆၀၀ အတွက် ၅၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်  (အနည်းဆုံး ငွေပမာဏ ၃,၀၀၀ ကျပ် အသုံးပြုရန်)

၈။ KBZPay အသုံးပြုသူများသည် ဖုန်းငွေဖြည့်ခြင်းမှ  ရရှိလာသော ပွိုင့်များအား တစ်နေ့လျှင့် အများဆုံး ပွိုင့် ၅၀၀ အထိစုဆောင်းခွင့်ရှိမည်ဖြစ်ပြီး Task list အား လုပ်ဆောင်ပြီးရရှိလာသော ပွိုင့်များကိုမူ အကန့်အသတ် မရှိစုဆောင်း နိုင်ပါသည်။ 

၉။ KBZPay အသုံးပြုသူများသည် Campaign စာမျက်နှာရှိ Task list မှ တစ်ဆင့် KBZPay အသုံးမပြုသေးသူ သူငယ်ချင်းများအား KBZPay Account ဖွင့်ရန် ဖိတ်ခေါ်ပြီး အဖိတ်ခေါ်ခြင်းခံရသူများမှ KBZPay တွင် စာရင်းသွင်းပြီးပါက ဖိတ်ခေါ်ခြင်းခံရသူသည် ၁၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်  ရရှိမည်ဖြစ်ပြီး ဖိတ်ခေါ်သူသည် (အဖိတ်ခေါ်ခြင်းခံရသူများမှ KBZPay တွင် Level 1.5 အဖြစ် အောင်မြင်စွာစာရင်းသွင်းပြီးပါက) ပြန်အမ်းငွေ ၃၀၀ ကျပ်နှင့်တကွ ၂၀၀ ကျပ်တန် ဖုန်းငွေဖြည့်လျှော့ဈေး ကူပွန် ရရှိမည်ဖြစ်ပါသည်။ အကယ်၍ ဖိတ်ခေါ်ခြင်းခံရသူ သည် Campaign ကာလအတွင်း ဖုန်းငွေဖြည့်ခြင်းလုပ်ဆောင်ခဲ့ပါက ဖိတ်ခေါ်သူသည် ထပ်ဆောင်း ပွိုင့် ၈၀၀ ရရှိမည်ဖြစ်ပါသည်။ 

၁၀။ KBZPay အသုံးပြုသူများသည် ရရှိလာသော  လျှော့ဈေး ကူပွန်များအား ဖုန်းငွေဖြည့်ခြင်း နှင့်  မည်သည့် ဒေတာပက်ကေ့ချ်အမျိုးအစားကိုမဆို ဝယ်ယူခြင်းများတွင် ပြန်လည်အသုံးပြုနိုင်ပါသည်။ KBZPay အသုံးပြုသူများသည် လျှော့ဈေး ကူပွန်များအား ပြန်လည် အသုံးပြုရာတွင် အပိုဒ် (၇) တွင် သတ်မှတ်ထားသော ပမာဏ အတိုင်းဝယ်ယူအသုံးပြုရန်လိုအပ်ပါသည်။ 

၁၁။ Campaign ကာလ အတွင်း KBZPay Level 1.5 အတည်ပြုချက် စောင့်ဆိုင်းနေသူ အသုံးပြုသူများ (စတင်အသုံးပြုသူများ) အနေဖြင့် လျှော့ဈေးကူပွန် အား လက်ခံရရှိသော်လည်း KBZPay ၏ အတည်ပြုချက်ရရှိပြီး အသုံးပြုသူ Level 1 သို့မဟုတ်Level 1.5 ဖြစ်မှသာ ကူပွန်ကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

၁၂။ KBZPay စတင်အသုံးပြုသူများသည် လျှော့ဈေး ကူပွန်များအားကို လက်ခံရရှိပြီး ၇ ရက် အတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး ၇ ရက်ကျော်လွန်ပါက အသုံးပြု၍မရနိုင်ပါ။ 

၁၃။ ကူပွန်အား ပြန်လည်အသုံးပြုမည့် KBZPay အသုံးပြုသူများသည် ရရှိလာသော လျှော့ဈေး ကူပွန်များအား တစ်စောင်လျှင် ဖုန်းငွေဖြည့်ခြင်း သို့မဟုတ် ဒေတာပက်ကေ့ချ်ဝယ်ယူမှုတစ်ခု အတွက်သာ အသုံးပြုနိုင်ပါသည်။ 

၁၄။ ‘KBZPay ကနေ ဖုန်းငွေဖြည့်၊ ဒေတာပက်ကေ့်ချ်ဝယ်ယူရင်း ပွိုင့်တွေစုကြမယ်’ Campaign ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများနှင့် point များကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးပြီး ၇ ရက်အထိ  အကျုံးဝင်သောpoint များသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay အသုံးပြုသူများသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၁၂  တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး  ၇ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

၁၅။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP၊  PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

 ၁၆။ ဤKBZPay ကနေ ဖုန်းငွေဖြည့်၊ ဒေတာပက်ကေ့ချ် ဝယ်ယူရင်း ပွိုင့်တွေစုကြမယ် Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း ဆောင်ရွက်ခြင်း မပြုပါ။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူကိုမဆို KBZPay အသုံးပြုခြင်းကို ပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၇။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ KBZPay အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည် ဖြစ်သည်။ 

 ၁၈။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၉။  KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၁။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၂၂။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။(ဤ Campaign တွင်ပါဝင်ရန် အသုံးပြုသူများသည် KBZPay ​၏ နောက်ဆုံး Version ကိုအဆင့်မြှင့်တင် ထားရန်လိုအပ်ပါသည်)

KBZPay နဲ့ MMBus Ticket ကနေ ကားလက်မှတ်များဝယ်ယူရင်း Tour Package တွေနဲ့ လျှော့ဈေး ကူပွန်တွေ ကံစမ်းလိုက်ပါ အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay နဲ့ MMBus Ticket ကနေ ကားလက်မှတ်များဝယ်ယူရင်း Tour Package တွေနဲ့ လျှော့ဈေး ကူပွန်တွေ ကံစမ်းလိုက်ပါ Campaign သည် ဇွန်လ ၃၀ ရက်နေ့ ၂၀၂၂ ခုနှစ်မှ အောက်တိုဘာလ ၃၀ ရက်နေ့ ၂၀၂၂ ခုနှစ်ထိဖြစ်ပါသည်။ 

၂။  KBZPay ဖြင့် MMBus Ticket ကနေ ကားလက်မှတ်များဝယ်ယူရင်း Tour Package တွေနဲ့ လျှော့ဈေး ကူပွန်တွေ ကံစမ်းလိုက်ပါ Campaign ၏ရည်ရွယ်ချက်မှာ KBZPay Customerများအားလုံး MMBus Ticket မှ ကားလက်မှတ်များ အဆင်ပြေလွယ်ကူစွာဝယ်ယူရင်း ချောင်းသာ စရိတ်ငြိမ်း ခရီးစဉ် နှင့် ကျပန်းလျှော့ဈေး ကူပွန်များ ကံစမ်းနိုင်ရန်ရည်ရွယ် ပါသည်။ 

၃။   KBZPay အဆင့် ၁၊ အဆင့် ၁.၅ နှင့် အဆင့် ၂ Customer အားလုံးသည်KBZPay အက်ပလီကေးရှင်း၏ Travel စာမျက်နှာရှိ MMBus portal မှ တစ်ဆင့် ခရီးသွားလက်မှတ်များ အလွယ်တကူဝယ်ယူနောက်တွင် အစီအစဉ်စာမျက်နှာရှိ Spin Wheel အားလှည့်လည်ခွင့် တစ်ကြိမ် ရရှိမည်ဖြစ်ပါသည်။ 

၄။ Spin Wheel လှည့်ခွင့်ရရှိရန် Customer များပြုလုပ်ရမည့်နည်းလမ်းအဆင့်ဆင့်မှာ  – 

KBZPay အက်ပလီကေးရှင်းရှိ MMBus portal မှ ခရီးသွားလက်မှတ် ဝယ်ယူပြီးနောက် လက်မှတ် အတည်ပြုစာမျက်နှာရှိ Campaign banner ကိုနှိပ်ကာ Campaign page သို့ဝင်ရောက်ပြီး Spin Wheelလှည့်လည်နိုင်ပါသည် (သို့မဟုတ်) KBZPay အက်ပလီကေးရှင်း၏ Home page စာမျက်နှာမှ တစ်ဆင့်လည်း Campaign page သို့ဝင်ရောက်ကာ Spin Wheel အား လှည့်လည်နိုင်ပါသည်။ 

၅။ Spin Wheel ဆုများမှာအောက်ပါအတိုင်းဖြစ်ပါသည်။ 

  • ၂ ည အိပ်၃ ရက် စရိတ်ငြိမ်းချောင်းသာခရီးစဉ် ( ၂ ဦးစာ) 
  • ၈၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၁,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၁,၅၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၂,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၅,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၁၀,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်

အထက်ပါလျှော့ဈေးကူပွန်များအား MMBus ticket များဝယ်ယူရာတွင်သာပြန်လည် အသုံးပြုနိုင်မည်ဖြစ်ပြီး ဝယ်ယူသည့်ပမာဏသည် ကူပွန်ပမာဏထက် ပိုမိုရန်လိုအပ်ပါသည်။  

၆။ စရိတ်ငြိမ်း ချောင်းသာခရီးစဉ် ကံထူးသူများအား  KBZPay မှ SMS ပေးပို့ဆက်သွယ်ပါမည်။ 

ဆုရရှိသူများသည် [email protected] သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshotနှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ရပါမည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူအားဆုလက်ဆောင် လာရောက်ထုတ်ယူနိုင် မည့်လိပ်စာအား အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။ 

၇။ KBZPay Customer များသည်ချောင်းသာခရီးစဉ် ဆုလက်ဆောင်အား ၃၁ ရက် ဒီဇင်ဘာလ၂၀၂၂ ခုနှစ် နောက်ဆုံးထား ထုတ်ယူနိုင်ပြီး ၃၁ ရက် ဇန်နဝါရီလ ၂၀၂၃ ခုနှစ် အထိ နောက်ဆုံးထားပြီး ခရီးသွားနိုင်ပါသည်။ 

၈။ ခရီးစဉ်ကံထူးသူ Customerသည် မိမိ ခရီးသွားလိုသော ​နေ့ရက်အား ၂ ပတ် ကြိုတင်၍ MMBus Ticket သို့ အကြောင်းကြားရန်လိုအပ်ပါသည်။ 

၉။ လျှော့ဈေး ကူပွန်များအား လက်ခံရရှိပြီး ရက် ၉၀ အတွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး ရက် ၉၀ ကျော်လွန်ပါက အသုံးပြု၍မရနိုင်ပါ။ 

၁၀။ KBZPay Customerများသည် ရရှိလာသော လျှော့ဈေး ကူပွန်များအား တစ်စောင်လျှင် ဈေးဝယ်ယူမှုတစ်ခု အတွက်သာ အသုံးပြုနိုင်ပြီး MMBus ticket ပြန်လည်ဝယ်ယူရာတွင်သာ အသုံးပြုနိုင်ပါသည်။ 

၁၁။ KBZPay နဲ့ MMBus Ticket ကနေ ကားလက်မှတ်များဝယ်ယူရင်း Tour Package တွေနဲ့ လျှော့ဈေး ကူပွန်တွေ ကံစမ်းလိုက်ပါ Campaignကာလအတွင်းသာလျှင် KBZPay Customerများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများနှင့် လျော့ဈေး ကူပွန်များကို ရရှိနိုင်မည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customerများသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၉ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး ရက် ၉၀ အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ 

၁၂။ MMBus Ticket မှ ခရီးစဉ်လက်မှတ်ဝယ်ယူထားသော Customerများမှ ဝယ်ယူပြီး လက်မှတ်များအား အချိန်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေတောင်းခံခြင်းများ ကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက MMBus Ticketနှင့် Customer တို့နှင့်သာသက်ဆိုင်မည်ဖြစ်သည်။

၁၃။ KBZPay အဆင့် ၁ Customerများသည် MMBus လျော့ဈေးကူပွန်များအား အသုံးပြုရန် အဆင့် ၁.၅ သို့မဟုတ် အဆင့် ၂ သို့ မြှင့်တင် ထားရန် လိုအပ်ပါသည်။ 

၁၄။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP၊  PIN သို့မဟုတ် KBZPay အကောင့်​နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၅။ KBZPay နဲ့ MMBus Ticket ကနေ ကားလက်မှတ်များဝယ်ယူရင်း Tour Package တွေနဲ့ လျှော့ဈေး ကူပွန်တွေ ကံစမ်းလိုက်ပါ Campaign ကာလအတွင်း  မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုပါ။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၆။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customerများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ KBZPay Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေး သွားမည် ဖြစ်သည်။

၁၇။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၈။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

 ၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၀။  KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

(ဤ Campaign တွင်ပါဝင်ရန် Customer များသည် KBZPay ​၏ နောက်ဆုံး Version ကိုအဆင့်မြှင့်တင် ထားရန်လိုအပ်ပါသည်)

KBZPay Task Campaign ၏စည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ

၁။ KBZPay Task Campaign အစီအစဉ်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင် ၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ပါသည်။ 

၂။ KBZPay မည်သည့် Level နှင့် Version အသုံးပြုသူမဆို ပါဝင်နိုင်မည်ဖြစ်သော်လည်း ရရှိသည့် Top-Up ကူပွန်များကို အသုံးပြုနိုင်ရန်အတွက် KBZPay အသုံးပြုသူများသည် Level 1.5 နှင့် အထက် ရှိရပါမည်။

၃။ ယခုအစီအစဉ်တွင် ပါဝင်နိုင်ရန်အတွက် လုပ်ဆောင်ရမည့် အဓိက Task အမျိုးအစား ၂ မျိုး ရှိပါသည်။ 

(.) ပထမ ၁ ခု မှာ Check-In Task ဖြစ်ပြီး အသုံးပြုသူများမှ Campaign Page တွင် နေ့စဉ် Check-In ဝင်ခြင်းအားဖြင့် Top-Up ကူပွန်များ ရရှိနိုင်မည့်အခွင့်အရေးဖြစ်သည်။ ၁ ပတ်လျှင် Check-In အမျိုးအစား ၃ မျိုးအထိ ပြုလုပ်နိုင်မှာ ဖြစ်ပြီး 

  • ပထမဆုံးတစ်ကြိမ် Check-In အတွက် ၂၀ ကျပ်တန် Top-Up ကူပွန်
  • ၃ ရက် ဆက်တိုက် Check-In အတွက် ၂၀ ကျပ်တန် Top-Up ကူပွန် နှင့် ၅၀ ကျပ်တန် Top-Up ကူပွန်
  • ၇ ရက် ဆက်တိုက် Check-In အတွက် ၂၀ ကျပ်တန် Top-Up ကူပွန် ၊ ၅၀ ကျပ်တန် Top-Up ကူပွန် နှင့် Cash Back ၁၀၀ ကျပ် ရရှိမည်ဖြစ်သည်။ 

Check-In Task အား ၁ ပတ်လျှင် ၁ ကြိမ် နှုန်းဖြင့် (၄) ခါ အသစ် ပြန်လည်ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် သတ်မှတ်ထားသည့် ရက်သတ္တပတ်အတွင်း ရရှိထားသည့် ကူပွန်များသည် ရပြီးပြီးချင်း (၇) ရက်အတွင်း အသုံးပြုရမည်ဖြစ်ပြီး (၇) ရက် ကျော်သွားသည့်အခါတွင် အသုံးပြုနိုင်တော့မည် မဟုတ်ပါ။ ရရှိသော Top-Up ကူပွန်များအား ဖုန်းဘေလ် သို့မဟုတ် ဒေတာ Package များဝယ်သည့်အခါတွင် အသုံးပြုနိုင်ပါသည်။ သို့သော် ဝယ်ယူသည့် Package သည် ရရှိထားသည့် ကူပွန်၏ တန်ဖိုးထက် ပမာဏပိုများရပါမည်။ 

(.) ဒုတိယ ၁ ခု မှာ သတ်မှတ်ထားသည့် Main Business Task များကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။ KBZPay အသုံးပြုသူများသည် တစ်နေ့လျှင် Task ၇ ခု အထိ ပြုလုပ်နိုင်မည်ဖြစ်ပြီး ၂ ပတ်လျှင် တစ်ကြိမ် လုပ်ဆောင်ရမည့် Task စာရင်းများအား ပြောင်းလဲသွားမည် ဖြစ်သည်။ သို့သော် Task တစ်မျိုးအား Campaign ပြုလုပ်နေသည့် ကာလတစ်လျှောက် နေ့စဉ် ပြုလုပ်ရမည် ဖြစ်သည်။ 

  • Campaign ကာလတစ်လျှောက်လုံးပြုလုပ်ရမည့် Task တစ်မျိုးမှာ အသုံးပြုသူ အသစ်များ ရရှိအောင် ပြုလုပ်ခြင်းဖြစ်သည်။ အသုံးပြုသူအသစ် တစ်ယောက်အား ဖိတ်ခေါ်တိုင်း Mystery Box (၁) ကြိမ် ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး အောင်မြင်သော Level 1.5 အသုံးပြုသူတစ်ဦးရတိုင်း Cash Back ၅၀၀ ကျပ်ကို ဖိတ်ခေါ်သူက ပြန်လည်ရရှိမည်ဖြစ်သည်။ 
  • KBZPay အသုံးပြုသူသည် အခြားသော Task များအား လုပ်ဆောင်ပြီးမြောက် ပြီးပါက Mystery Box အား ဖွင့်လှစ်ကံစမ်းနိုင်မှာ ဖြစ်ပါသည်။ Mystery Box အား Task ပြီးမြောက်ပြီးချိန်တွင် တစ်ချိန်တည်း ဖွင့်ဖောက်ကံစမ်းနိုင်သကဲ့သို့ သတ်မှတ်ထားသည့် ရက်သတ္တပတ်အတွင်း အချိန်မရွေး ဖွင့်ဖောက်ကံစမ်းနိုင်မှာ ဖြစ်သည်။ သို့သော် သတ်မှတ်ထားသည့် ရက်သတ္တပတ်ကျော်သွားလျှင် ဖွင့်လှစ်ကံစမ်းနိုင်ခွင့် မရှိတော့ပါ။ Campaign အား အပတ်စဉ် တနင်္လာနေ့တွင် စတင်ပြီး တနင်္ဂနွေနေ့တွင် အဆုံးသတ်မည်ဖြစ်သည်။ Task များအား နှစ်ပတ်လျှင် (၁) ကြိမ် ပြောင်းလဲ သွားမှာ ဖြစ်ပြီး စုစုပေါင်းကြာမြင့်ချိန်မှာ (၄) ပတ်ဖြစ်ပါသည်။ 
  • KBZPay အသုံးပြုသူသည် Mystery Box အားဖွင့်လှစ်ပြီး ရရှိသည့် Top-Up ကူပွန်များအား ရရှိပြီးပြီးချင်း (၇) ရက်အတွင်း အသုံးပြုရမည်ဖြစ်ပြီး (၇) ရက်ကျော်ပါက အသုံးပြုနိုင်တော့မည် မဟုတ်ပါ။ သို့သော ပြန်အမ်းငွေများအား မည်သည့်အချိန်တွင်မဆို အသုံးပြုနိုင်မည် ဖြစ်သည်။ 

၄။ Mystery Box အတွင်းတွင် ဆုကြီးများအနေဖြင့် မြန်မာငွေကျပ် ၁ သိန်းအထိ ပြန်အမ်းငွေနှင့် Samsung ၅၅ လက်မ TV တို့ကိုပါ ကံစမ်းခွင့်ရယူနိုင်မည်ဖြစ်ပါသည်။ 

၅။ Samsung ၅၅ လက်မ TVအား ဆွတ်ခူးသွားသည့် ဆုရရှိသူအား KBZPay မှ SMS မက်ဆေ့စ် ပို့ အကြောင်းကြားသွားမည်ဖြစ်သည်။ SMS လက်ခံရရှိပြီးသူသည် လက်ခံရရှိသည့် SMS နှင့် ကိုယ်ရေး အချက်အလက်များကို [email protected] ထံ emailပေးပို့ပြီး ဆုအား Campaign ကာလပြီးဆုံးပြီးနောက် ရုံးဖွင့်ရက်(၃၀ )ရက်အတွင်း လာရောက်ဆက်သွယ်ထုတ်ယူနိုင်ပါသည်။ 

၆။ ဆုရရှိသူမှ ထုတ်ယူပြီးသော ဆုနှင့်ပတ်သက်၍ ချို့ယွင်းမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၇။ ဆုရရှိသူသည် ၎င်းတို့ရရှိသောဆုအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၈။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။  

၉။ ဤ Campaignကာလအတွင်း KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး အစီအစဉ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင်မည်သို့ပင်ဖော်ပြစေကာမူ KBZPay အသုံးပြုသူများသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၃၏ အပိုဒ်ခွဲ ၃.၁ နှင့် အပိုဒ်ခွဲ ၃.၂ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး (၇)ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၀။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၁။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၃။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၅။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။
၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

မည်သည့် MPU Card နဲ့မဆို KBZPay အကောင့်အားငွေဖြည့်ပြီး ဝန်ဆောင်ခ ၅၀% လျှော့စျေးရယူလိုက်ပါအစီအစဉ်​၏ စည်မျဉ်းစည်ကမ်း သတ်မှတ်ချက်များ

၁။ “မည်သည့် MPU Card နဲ့မဆို KBZPay အကောင့်အားငွေဖြည့်ပြီး ဝန်ဆောင်ခ ၅၀% လျှော့စျေးရယူလိုက်ပါ” အစီအစဉ်ကာလသည် ၂၀၂၂ ခုနှစ် ဇွန်လ (၁၆) ရက်နေ့မှ (၃၀)ရက်နေ့ အထိဖြစ်ပါသည်။

၂။ KBZPay Level 2 အသုံးပြုသူများအားလုံး  ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိပါသည်။

၃။ အစီအစဉ်ကာလအတွင်း KBZPay Level 2 အသုံးပြုသူ Customer များသည် မည်သည့် MPU ကတ် ဖြင့်မဆို KBZPay အကောင့်ထဲသို့ လွှဲပြောင်းခ ၅၀% လျှော့စျေးဖြင့် ငွေဖြည့်သွင်းနိုင်မည်ဖြစ်ပါသည်။ 

၄။ ဤအစီအစဉ်ကာလအား သတ်မှတ်ထားသော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်စေ သို့မဟုတ် KBZPay မှ သတ်မှတ်ထားသည့် ကန့်သတ်ချက်ထက် ကျော်လွန်သည့်အခါမျိုးတွင်ဖြစ်စေ KBZPay Customer များအား ထပ်မံအကြောင်းကြားချက် တစ်စုံတစ်ရာမရှိဘဲ KBZPay မှ  အစီအစဉ်ကာလအား ပြင်ဆင်ခြင်း သို့မဟုတ် အစီအစဉ်အား ရပ်စဲခြင်းများအား KBZPay ၏ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။

၅။ အသုံးပြုသူတစ်ဉီးလျှင် MPU မှ KBZPay အကောင့်ထဲသို့ ငွေဖြည့်သွင်းခြင်းအား တစ်နေ့လျှင် အများဆုံး ငွေပမာဏ ၁၀ သိန်း အထိသာ လွှဲပြောင်းဖြည့်သွင်းနိုင်မည်ဖြစ်ပြီး  KBZPay မှ သတ်မှတ်ထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နိုင်မည်ဖြစ်သည် (အသေးစိတ်အား KBZPay အပ်ပလီကေးရှင်း၏ ကျွန်ုပ်၏ပရိုဖိုင်ရှိ ‘သတ်မှတ်ချက်နှင့် ဝန်ဆောင်ခများ’ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

၆။ ငွေဖြည့်သွင်းရန်အတွက် မိမိ၏ MPU ကတ်အား e-commerce register ပြုလုပ်ထားရန်လိုအပ်ပါသည်။ 

၇။ ဤအစီအစဉ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူ Level 2 Customer များအနေဖြင့် MPU ကတ်မှ KBZPay အကောင့်ထဲသို့ လွှဲပြောင်းခအား ၅၀% လျှော့စျေးဖြင့် ငွေဖြည့်သွင်းခွင့်ရှိမည်ဖြစ်ပြီး အစီအစဉ် ကာလပြီးဆုံးသည်နှင့် တစ်ပြိုင်နက် KBZPay ၏ နဂိုမူလကောက်ခံမှုနှုန်းထားများအတိုင်းသာ ပြန်လည်ကောက်ခံသွားမည်ဖြစ်ပါသည်။

၈။ KBZPay ၏ ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များကို ပိုမိုကျယ်ပြန့်စွာ သိရှိအသုံးပြုနိုင်ရန် KBZPay နောက်ဆုံးဗားရှင်းအား မြှင့်တင်ပြီး အသုံးပြုမှုအတွေ့အကြုံအသစ်များကို ရယူရန်တိုက်တွန်းပါသည်။ 

၉။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။

၁၀။ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူကိုမဆို KBZPay အသုံးပြုခြင်းကို ပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ KBZPay အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၂။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၃။  KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၆။ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

(ဤ Campaign တွင်ပါဝင်ရန် Customer များသည် KBZPay level အားအဆင့်မြှင့်တင်ထားရန်လိုအပ်ပါသည်)