မည်သည့် MPU Card နဲ့မဆို KBZPay အကောင့်အားငွေဖြည့်ပြီး ဝန်ဆောင်ခ ၅၀% လျှော့စျေးရယူလိုက်ပါအစီအစဉ်​၏ စည်မျဉ်းစည်ကမ်း နှင့် သတ်မှတ်ချက်များ

၁။ “မည်သည့် MPU Card နဲ့မဆို KBZPay အကောင့်အားငွေဖြည့်ပြီး ဝန်ဆောင်ခ ၅၀% လျှော့စျေးရယူလိုက်ပါ” အစီအစဉ်ကာလသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့မှ ဒီဇင်ဘာလ (၇)ရက်နေ့ အထိဖြစ်ပါသည်။

၂။ KBZPay Level 2 အသုံးပြုသူများအားလုံး  ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိပါသည်။

၃။ အစီအစဉ်ကာလအတွင်း KBZPay Level 2 အသုံးပြုသူ Customer များသည် မည်သည့် MPU ကတ် ဖြင့်မဆို KBZPay အကောင့်ထဲသို့ လွှဲပြောင်းခ ၅၀% လျှော့စျေးဖြင့် ငွေဖြည့်သွင်းနိုင်မည်ဖြစ်ပါသည်။ 

၄။ ဤအစီအစဉ်ကာလအား သတ်မှတ်ထားသော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်စေ သို့မဟုတ် KBZPay မှ သတ်မှတ်ထားသည့် ကန့်သတ်ချက်ထက် ကျော်လွန်သည့်အခါမျိုးတွင်ဖြစ်စေ KBZPay Customer များအား ထပ်မံအကြောင်းကြားချက် တစ်စုံတစ်ရာမရှိဘဲ KBZPay မှ  အစီအစဉ်ကာလအား ပြင်ဆင်ခြင်း သို့မဟုတ် အစီအစဉ်အား ရပ်စဲခြင်းများအား KBZPay ၏ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။

၅။ အသုံးပြုသူတစ်ဉီးလျှင် MPU မှ KBZPay အကောင့်ထဲသို့ ငွေဖြည့်သွင်းခြင်းအား တစ်နေ့လျှင် အများဆုံး ငွေပမာဏ ၁၀ သိန်း အထိသာ လွှဲပြောင်းဖြည့်သွင်းနိုင်မည်ဖြစ်ပြီး KBZPay မှ သတ်မှတ်ထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နိုင်မည်ဖြစ်သည် (အသေးစိတ်အား KBZPay အပ်ပလီကေးရှင်း၏ ကျွန်ုပ်၏ပရိုဖိုင်ရှိ ‘သတ်မှတ်ချက်နှင့် ဝန်ဆောင်ခများ’ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

၆။ ငွေဖြည့်သွင်းရန်အတွက် မိမိ၏ MPU ကတ်အား e-commerce register ပြုလုပ်ထားရန်လိုအပ်ပါသည်။ 

၇။ ဤအစီအစဉ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူ Level 2 Customer များအနေဖြင့် MPU ကတ်မှ KBZPay အကောင့်ထဲသို့ လွှဲပြောင်းခအား ၅၀% လျှော့စျေးဖြင့် ငွေဖြည့်သွင်းခွင့်ရှိမည်ဖြစ်ပြီး အစီအစဉ် ကာလပြီးဆုံးသည်နှင့် တစ်ပြိုင်နက် KBZPay ၏ နဂိုမူလကောက်ခံမှုနှုန်းထားများအတိုင်းသာ ပြန်လည်ကောက်ခံသွားမည်ဖြစ်ပါသည်။

၈။ KBZPay ၏ ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များကို ပိုမိုကျယ်ပြန့်စွာ သိရှိအသုံးပြုနိုင်ရန် KBZPay နောက်ဆုံးဗားရှင်းအား မြှင့်တင်ပြီး အသုံးပြုမှုအတွေ့အကြုံအသစ်များကို ရယူရန်တိုက်တွန်းပါသည်။ 

၉။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။

၁၀။ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူကိုမဆို KBZPay အသုံးပြုခြင်းကို ပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ KBZPay အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၂။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၃။  KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၆။ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

(ဤ Campaign တွင်ပါဝင်ရန် Customer များသည် KBZPay level အားအဆင့်မြှင့်တင်ထားရန်လိုအပ်ပါသည်)

“KBZPay အကောင့်လုံခြုံရေးအတွက် သင်ဘာတွေသိထားပြီးပြီလဲ?” – အစီစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ “KBZPay အကောင့်လုံခြုံရေးအတွက် သင်ဘာတွေသိထားပြီးပြီလဲ?” Campaign ကာလသည် ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ရက်နေ့ မှ ဇူလိုင်လ ၁၄ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ “KBZPay အကောင့်လုံခြုံရေးအတွက် သင်ဘာတွေသိထားပြီးပြီလဲ?” Campaign ၏ရည်ရွယ်ချက်မှာ KBZPay အပ်ပလီကေးရှင်း 5.0 version နှင့်အထက် အသုံးပြုနေသည့် KBZPay Customerများ အတွက် KBZPay အကောင့်လုံခြုံရေးနှင့် ပတ်သက်သော မေးခွန်းများဖြေဆိုပြီး လျှော့စျေးကူပွန်များ ရယူနိုင်ရန်ဖြစ်ပါသည်။

၃။ Customer များသည် Campaign တွင် ပါဝင်နိုင်ရန် Campaign page (သို့) KBZPay အပ်ပလီကေးရှင်း၏ ပင်မ စာမျက်နှာရှိ Campaign Banner မှတစ်ဆင့်လည်းကောင်း ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။ 

၄။ Customer များသည် KBZPay အပ်ပလီကေးရှင်းရှိ Campaign Page မှတဆင့် (သို့) ပင်မစာမျက်နှာရှိ Campaign Banner (သို့)  Social Media များပေါ်တွင် အခြားပါဝင်သူများမှ မျှဝေထားသော ရလဒ်များကိုနှိပ်၍ မေးခွန်း (၅) ခုအား ဖြေဆိုရမည်ဖြစ်ပြီး ရလဒ်ကို KBZPay အပ်ပလီကေးရှင်းတွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ ဖြေဆိုသူများသည် ရလဒ်များကို ကြည့်ရှုရန် မိမိမိုဘိုင်းဖုန်းတွင် KBZPay အပ်ပလီကေးရှင်း ရှိရမည်ဖြစ်ပါသည်။

၅။ Customer များသည် မေးခွန်းအားလုံးအား မှန်အောင်ဖြေဆိုနိုင်မှသာ လျှော့စျေးကူပွန်အား ရရှိနိုင်မည်ဖြစ်ပြီး အဖြေအားလုံးမမှန်မချင်း အကြိမ်ရေအကန့်အသတ်မရှိ ဖြေဆိုနိုင်ပါသည်။

၆။ Customer များသည်  မေးခွန်းအားလုံးအား မှန်ကန်အောင် ဖြေဆိုနိုင်ပြီး လျှော့စျေးကူပွန်အား တစ်ကြိမ်ရရှိပြီးပါက ထပ်မံရရှိတော့မည် မဟုတ်ပါ။ ကူပွန်သက်တမ်းမှာ (၇) ရက်ဖြစ်ပါသည်။

၇။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤCampaignကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customer များသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်အား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၆ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး ၇ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ 

၈။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။

၉။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူကိုမဆို KBZPay အသုံးပြုခြင်းကို ပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ KBZPay အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၁။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၂။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၃။ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၄။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

(ဤ Campaign တွင်ပါဝင်ရန် Customer များသည် KBZPay ​၏ နောက်ဆုံး Version ကိုအဆင့်မြှင့်တင် ထားရန်လိုအပ်ပါသည်)

KBZPay Skynet Exclusive Cashback Campaign ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

၁။ KBZPay Blue App မှတဆင့် Skynet ၏ DTH Packages ငွေပေးချေမှုများအတွက် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်း ရယူပါ Campaign ကာလသည်  ၂၀၂၂ ခုနှစ် ဇွန်လ (၁၈) ရက်နေ့ မှ  ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့ အထိဖြစ်ပါသည်။

၂။ ​KBZPay Level 1, 1.5 နှင့် Level 2 အသုံးပြုသူ များအားလုံးသည် KBZPay အက်ပလီကေးရှင်းမှတဆင့် Skynet ၏ DTH Packagesအတွက်ငွေပေးချေရာတွင် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်းကို Campaign ကာလအတွင်း ရရှိနိုင်မည် ဖြစ်ပါသည်။ Skynet ၏ DTH Packages (Monthly Packages) ဝယ်ယူမှုများအတွက်သာ ပြန်အမ်းငွေ ၁၀ရာခိုင်နှုန်းကို ရရှိမည်ဖြစ်ပြီး SKYPREMIER HD Packages ဝယ်ယူမှုများသည် ပြန်အမ်းငွေရရှိရန် ဤ Campaign တွင် အကျုံးမဝင်ပါ။  

၃။ ဤCampaignအရ ပြန်အမ်းငွေရရှိခွင့်ရှိသူများ၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ 

၄။ Skynet DTH Packagesဝယ်ယူခြင်းအတွက် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်း ကို ဤCampaign ကာလအတွင်း KBZPay Account တစ်ခုလျှင် နှစ်ကြိမ်အထိသာ ရယူနိုင်မည်ဖြစ်သည်။

၅။ ဤCampaign အား  KBZPay Blue App အသုံးပြု၍ Skynet DTH Packages ဝယ်ယူသော KBZPay အသုံးပြုသူ များကို ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်းရရှိစေလိုသည့် ရည်ရွယ်ချက်အတွက်သာ ပြုလုပ်ခြင်း ဖြစ်ပြီး အသုံးပြုသူမှ ဝယ်ယူပြီး Packages အား ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေပြန်လည်တောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက Skynet နှင့် KBZPay အသုံးပြုသူများ နှင့်သာသက်ဆိုင်မည်ဖြစ်သည်။ 

၆။ ဤ Campaign တွင်ပါဝင်ဆင်နွှဲရန် KBZPay အက်ပလီကေးရှင်းအား ဗားရှင်း ၃.၀.၃ နှင့်အထက် မြှင့်တင်ထားရန် လိုအပ်ပါသည်။

၇။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Level 1 , 1.5 နှင့် Level 2 အသုံးပြုသူ များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၈။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၉။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူ များ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၁။ KBZPay အနေဖြင့် တစ်စုံတစ်ရာ သောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay အသုံးပြုသူအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၂။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့်  Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၃။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၁၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။


၁၆။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိပါက မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay Gift Card Spin Wheel စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay Gift Card Spin Wheel Campaign ကာလသည် ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၃ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ KBZPay Gift Card Spin Wheel Campaign ၏ရည်ရွယ်ချက် မှာ  KBZPay Level 1 ၊ Level 1.5 နှင့် Level 2 အသုံးပြုသူ အားလုံး KBZPay Application အတွင်းရှိ လက်ဆောင်ကဒ်များကို ဝယ်ယူမှုများအတွက် Spin Wheel လှည့်ခွင့် ရရှိပြီး ပြန်အမ်းငွေ၊ လက်ဆောင်ကဒ် လျှော့ဈေးကူပွန်များ နှင့် Samsung Tablet အား ကံစမ်းနိုင်ရန်ရည်ရွယ်ပါသည်။ 

၃။ KBZPay အသုံးပြုသူများသည် ဤCampaignကာလအတွင်း KBZPay Application အတွင်းရှိ လက်ဆောင်ကဒ် များကို (အနည်းဆုံး ပမာဏ ၈၀၀ ကျပ်) ဝယ်ယူပြီးတိုင်း Spin Wheel တစ်ကြိမ်လှည့်ခွင့်ရရှိမည်ဖြစ်ပါသည်။ 
Spin Wheel တွင် ပါဝင်သော ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • ပြန်အမ်းငွေ ၁၀၀ ကျပ်
  • ပြန်အမ်းငွေ ၂၀၀ ကျပ်
  • ၁၀၀ ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန် 
  • ၁၅၀ ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန် 
  • ၂၀၀ ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန်
  • ကျေးဇူးတင်ပါသည် 

၄။ Spin Wheel လှည့်ခွင့်ရရှိရန် KBZPay အသုံးပြုသူများသည် လက်ဆောင်ကဒ်ဝယ်ယူမှုအတွက် အနည်းဆုံး ပမာဏ ၈၀၀ ကျပ် အသုံးပြုရမည်ဖြစ်ပြီး လက်ဆောင်ကဒ် လျှော့ဈေးကူပွန်များ အသုံးပြု၍ ဝယ်ယူသည့် ငွေပေးချေမှုများတွင် အနည်းဆုံး ငွေပမဏ ၈၀၀ ကျပ် ပေးချေရန် လိုအပ်ပါသည်။ ၈၀၀ ကျပ်အောက် လက်ဆောင်ကဒ်ဝယ်ယူမှုများအတွက် Spin Wheel လှည့်ခွင့်ရရှိမည်မဟုတ်ပါ။
( ဥပမာ – ၁၅၀၀ ကျပ်တန် လက်ဆောင်ကဒ်ဝယ်ယူမှုအတွက် ၅၀၀ ကျပ် လက်ဆောင်ကဒ် လျှော့ဈေးကူပွန်အသုံးပြုပြီး ငွေပေးချေပါက ၁၀၀၀ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး ထိုဝယ်ယူမှုသည် ၈၀၀ ကျပ်နှင့်အထက် ဝယ်ယူမှုဖြစ်သောကြောင့် Spin Wheel လှည့်ခွင့်ရရှိမည်ဖြစ်ပါသည်။) (ဥပမာ – ၁၀၀၀ ကျပ်တန် လက်ဆောင်ကဒ်ဝယ်ယူမှုအတွက် ၃၀၀ ကျပ် လက်ဆောင်ကဒ် လျှော့ဈေးကူပွန်အသုံးပြုပြီး ငွေပေးချေပါက ၇၀၀ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး ထိုဝယ်ယူမှုသည် ၈၀၀ ကျပ်အောက် ဝယ်ယူမှုဖြစ်သောကြောင့် Spin Wheel လှည့်ခွင့်ရရှိမည် မဟုတ်ပါ။)

၅။  Spin Wheel အား ၅ ကြိမ် လှည့်ပြီးတိုင်း Premium Spin Wheel လှည့်ခွင့် ၁ ကြိမ် ရရှိမည်ဖြစ်ပါသည်။ Premium Spin Wheel တွင် ပါဝင်သော ဆုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ပြန်အမ်းငွေ ၅၀၀ ကျပ်
  • ပြန်အမ်းငွေ ၁,၀၀၀ ကျပ်
  • ၁,၀၀၀ ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန် 
  • ၅,၀၀၀ ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန် 
  • ၁၀,၀၀၀ ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန်
  • Samsung Tablet 

၆။ KBZPay အသုံးပြုသူများအနေဖြင့် ၈၀၀ ကျပ်နှင့်အထက် လက်ဆောင်ကဒ်များအား အောင်မြင်စွာဝယ်ယူပြီးပါက ရရှိလာသော Spin Wheel လှည့်ခွင့်အား ဤCampaignကာလအတွင်းမည့်သည့်အချိန်မဆို လှည့်ခွင့်ရှိပါသည်။ 

၇။ Spin Wheel ၅ ကြိမ်အောင်မြင်စွာလှည့်ပြီးနောက် ရရှိလာမည့် Premium Spin Wheel လှည့်ခွင့်အား ဤCampaignကာလအတွင်းမည့်သည့်အချိန်မဆို လှည့်ခွင့်ရှိပါသည်။ 

၈။ KBZPay အသုံးပြုသူ များအနေဖြင့် ရရှိလာသော လက်ဆောင်ကဒ်လျှော့ဈေးကူပွန်များအား ပြန်လည် အသုံးပြုရာတွင် ဝယ်ယူသည့် လက်ဆောင်ကဒ် ပမာဏသည် လျှော့ဈေးကူပွန် ပမာဏထက် ပိုမိုရန်လိုအပ်ပါသည်။ 

၉။ ရရှိလာသော လက်ဆောင်ကဒ်လျှော့ဈေးကူပွန်များကို လက်ခံရရှိပြီး ရက် ၃၀ အတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းမကုန်မီ အသုံးပြုနိုင်ပါသည်။ 

၁၀။ အဆိုပါ လက်ဆောင်ကဒ်ကူပွန် (Gift Card Coupon) ကိုပြန်လည်အသုံးပြုရာတွင် ကူပွန်တစ်စောင်လျှင် ဝယ်ယူမှုတစ်ကြိမ် အတွက်သာအသုံးပြုနိုင်မည်ဖြစ်ပါသည်။  KBZPay အသုံးပြု တစ်ဦးသည် ဝယ်ယူမှုတစ်ခုချင်းစီ အတွက် လက်ဆောင်ကဒ်လျှော့ဈေးကူပွန် တစ်စောင်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

၁၁။ KBZPay အသုံးပြုသူများသည် ပြန်အမ်းငွေ နှင့် လက်ဆောင်ကဒ်လျှော့ဈေးကူပွန်များအား ချက်ချင်းလက်ခံရရှိမည်ဖြစ်ပြီး ပြန်အမ်းငွေအား မိမိတို့၏ KBZPay wallet အကောင့် ထဲသို့လည်းကောင်း လက်ဆောင်ကဒ်လျှော့ဈေးကူပွန်များအား KBZPay “My Coupon” ထဲသို့လည်းကောင်း အသီးသီးလက်ခံရရှိမည်ဖြစ်သည်။ 

၁၂။ KBZPay Gift Card Spin Wheel Campaign ၏ အထူးဆုလက်ဆောင် ဖြစ်သည့် Samsung Tablet ဆုရရှိသူအား  KBZPay မှ SMS ဖြင့် ပေးပို့ဆက်သွယ်ပါမည်။ 

၁၃။ ဆုရရှိသူသည် KBZPay Call Center Number 3211 သို့ဆက်သွယ်ကာ [email protected] သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် အဆိုပါ ရရှိထားသော SMS Screenshotနှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ထုတ်ယူနိုင်ပါသည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံသို့ ဆုအား ရုံးဖွင့်ရက် ၁၀ ရက်အတွင်း ပေးပို့သွားမည်ဖြစ်ပါသည်။ 

၁၄။ ဆုရရှိသူမှ ထုတ်ယူပြီးသော ဆုနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၁၅။ ဆုရရှိသူသည် ၎င်းတို့ရရှိသာဆုအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေး အဖြစ်ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၁၆။  KBZPay အသုံးပြုသူများသည် သတ်မှတ်ထားသော လက်ဆောင်ကဒ်များအား ဝယ်ယူပြီးသော်လည်း KBZPay အက်ပလီကေးရှင်း ကိုပိတ်လိုက်ခြင်း သို့မဟုတ် Campaign Page မှထွက်လိုက်ခြင်း ပြုလုပ်ပါက Spin Wheel လှည့်ခွင့်ကို ရရှိနိုင်မည် မဟုတ်ပါ။

၁၇။ ဤ Campaign တွင်ပါဝင်ဆင်နွှဲရန် KBZPay အက်ပလီကေးရှင်းအား ဗာရှင်း ၃.၀.၃ နှင့်အထက် မြှင့်တင်ထားရန် လိုအပ်ပါသည်။

၁၈။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Level 1၊ Level 1.5 နှင့် Level 2 အသုံးပြုသူ များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay အသုံးပြုသူ များသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၉ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး  ၃၀ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၉။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၂၀။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၁။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၂၂။ KBZPay အနေဖြင့် တစ်စုံတစ်ရာ သောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay အသုံးပြုသူအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၂၃။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့်  Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၂၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၅။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၂၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၂၇။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိပါက မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay ကိုယ်စားလှယ်များအတွက် အပိုဆုကြေးငွေအစီအစဉ်

လေးစားတန်ဖိုးထားရပါသော KBZPay ကိုယ်စားလှယ်ကြီးများခင်ဗျာ၊ 

၂၀၂၂ ခုနှစ် မေလ အတွက်  KBZPay ကိုယ်စားလှယ်ကြီးများအား OTC ငွေလွှဲခြင်းသတ်မှတ်ချက် ပြည့်မှီခြင်းအတွက် အပိုဆုကြေးငွေများ ထပ်ဆောင်းပေးအပ်သွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 

KBZPay ကိုအစဉ်တစိုက်အသုံးပြုပြီး သုံးစွဲသူအများပြည်သူအား ဝန်ဆောင်မှုပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။ 

မေလ  ဆုကြေးငွေအစီအစဉ် အတွက် သတ်မှတ်ပြည့်မှီ ရမည့် လုပ်ဆောင်ချက် သတ်မှတ်မှုများ

မှတ်ချက်။  ။သတ်မှတ် Txn များ၏ လုပ်ဆောင်ချက်ငွေပမာဏများမှာ အနည်းဆုံးငွေပမာဏ ၁၀,၀၀၁/-ကျပ် နှင့်အထက်ရှိမှသာ ဆုကြေးငွေအဖြစ် ထည့်သွင်းရေတွက်မည်ဖြစ်သည်။

စည်းကမ်းသတ်မှတ်ချက်များ

၁။ ကိုယ်စားလှယ်များ အကျိုးခံစားခွင့် ပေးအပ်ရခြင်းရည်ရွယ်ချက်မှာ ကိုယ်စားလှယ်များ KBZPay လုပ်ဆောင်ချက်များ ပြုလုပ်ခြင်း ဖြင့်စီးပွါးရေး အကျိုးအမြတ်များ ပိုမိုရရှိစေရန်နှင့် KBZPay အားပိုမို အသုံးပြုလာနိုင်ဖို့မြှင့်တင်ပေးရန်ဖြစ်ပါသည်။

၂။ယခုပေးအပ်သောကိုယ်စားလှယ် အကျိုးခံစားခွင့်အစီအစဉ်သည် (၂၀၂၂ ခုနှစ် ၊ မေလ (၁) ရက်နေ့ ၊ ၀၀:၀၀ နာရီ) မှစတင် အကျိုးသက်ရောက်မည်ဖြစ်ပြီး (၂၀၂၂ ခုနှစ် ၊ မေလ ၃၁ ရက်နေ့ ၊၂၄ နာရီ) တွင်ပြီးဆုံးပါမည်။

၃။သတ်မှတ်ထားသော လုပ်ဆောင်ချက်အရေအတွက် ပြည့်မှီသော ကိုယ်စားလှယ်များကို SMS နှင့် ကိုယ်စားလှယ် Apps (In app notification) မှတဆင့် အကြောင်းကြားပေးမည်ဖြစ်ပြီး ရရှိသောအကျိုးခံစားခွင့်ကို ကိုယ်စားလှယ်၏ KBZPay စာရင်းထဲ ( Agent wallet ) သို့ (လစဉ်) ပထမ အပါတ် သို့ ဒုတိယ အပါတ်အတွင်း တိုက်ရိုက် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

၄။ အကျိုးခံစားခွင့်နှင့်ပက်သက်၍ မသမာမှု (သို့မဟုတ်) အငြင်းပွါးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက KBZPay တစ်ဦးတည်း၏အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။ ထို့ပြင် KBZPay သည် ကိုယ်စားလှယ် များအားဆက်သွယ်ပြီး OTP,PIN သို့မဟုတ် Account နှင့်ပါတ်သက်သည့် မည်သည့် သတင်းအချက်အလက်များကိုမျှ တောင်းခံမည် မဟုတ်ပါ။

၅။ ကိုယ်စားလှယ်များ အကျိုးခံစားခွင့် အစီအစဉ်တွင် ကိုယ်စားလှယ်များမှ တဆင့်ငွေလွှဲခြင်း (OTC Only) လုပ်ဆောင်ချက်များသားအကျုံးဝင်ပြီးဘဏ်အကောင့်မှငွေလွှဲခြင်း၊ ဘဏ်အကောင့်သို့ ငွေလွှဲခြင်း နှင့် customer အကောင့်သို့ ငွေသွင်းခြင်းနှင့် အခြားသောလုပ်ဆောင်ချက်များ အကျုံးဝင်မည် မဟုတ်ပါ။

၆။အကျိုးခံစားခွင့်ပေးအပ်သောကာလအတွင်းမည်သည့်လိမ်လည်လှည့်ဖျားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် ကိုယ်စားလှယ်များအား တားဖြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးနှင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သည့်ကိုယ်စားလှယ်ကိုမဆို KBZPay ကပယ်ဖျက်ခြင်း နှင့် / သို့မဟုတ် ပိတ်ပင်ခြင်း၊ အကျိုးခံစားခွင့် ပေးအပ်မှုကိုငြင်းဆိုခြင်း လုပ်ပိုင်ခွင့်ရှိသည်။

၇။ ဤ Campaign နှင့်ပတ်သက်၍ KBZPay ကိုယ်စားလှယ်များ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ ကိုယ်စားလှယ်၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၈။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay ကိုယ်စားလှယ်များ အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၉။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၀။ KBZPay ၏ကိုယ်စားလှယ်ဆိုင်ရာ သဘောတူညီချက်တွင် ပါဝင်သောဆိုင်ရာပုံမှန်စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်ပါသည်။

၁၁။ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများကအစိုးရပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၂။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

ဗေဒင်လည်းမေးမယ် ဆုကြေးငွေ ၁ သိန်းကျပ်အထိရယူမယ် အစီစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay Blue App မှတဆင့် 1875 Bay Din တွင် Baydin Service များ ဝယ်ယူပြီး အမြင့်ဆုံး ဆုကြေးငွေ 100,000 ကျပ်အထိ ရယူပါ ( ဆုကြေးငွေ စုစုပေါင်း ၆ သိန်းကျပ်ဖိုး) Campaign ကာလသည် ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့မှ  မေလ၂၉ ရက်နေ့အထိ ဖြစ်ပါသည်။

၂။ KBZPay အသုံးပြုသူ Level 2 Customers များအားလုံးသည် KBZPay အက်ပလီကေးရှင်းမှတဆင့် 1875 Bay Din တွင် နှစ်သက်ရာ ဗေဒင်ဝန်ဆောင်မှုများ အား  transaction တစ်ကြောင်းလျှင် အနည်းဆုံးပမာဏ ၂၀၀၀ ကျပ်နှင့် အထက် ဝယ်ယူခြင်းဖြင့် Lucky Draw ဆုကြေးငွေ အမြင့်ဆုံး ငွေ 100,000 ကျပ်အထိ အား Campaign ကာလအတွင်း ကံစမ်းခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။ ဆုကြေးငွေ စုစုပေါင်း ၆ သိန်းကျပ်ဖိုး ကံစမ်းခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။

၃။ Lucky Draw ဆုကြေးငွေ အား ဤ Campaign အရ Lucky Draw ဆုကြေးငွေ ရရှိခွင့်ရှိသူများ၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

၄။ 1875 Bay Din မှ KBZPay ဖြင့် ဗေဒင်ဝန်ဆောင်မှုအား ဝယ်ယူထားသော Customerများ၏ KBZPay Level 2 Account Number များကို အခြေခံ၍ ကံထူးသူများကို 1875 Bay Din ၏ KBZPay Official Account တွင် တနင်္ဂနွေနေ့တိုင်း တစ်ပတ်အတွင်း ဝယ်ယူထားသော Customer များထဲမှ  Winner များအား ရွေးချယ်၍ Winner စာရင်းကို ကြေငြာပေးမည်ဖြစ်ပြီး တနင်္လာနေ့တိုင်းတွင် ကံထူးသည့် Winner များ၏ KBZPay  Account ထဲသို့ ၎င်းတို့ရရှိသည့် Lucky Draw ဆုကြေးငွေ ပမာဏအသီးသီးအား ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ (ပထမအပတ်တွင် ဝယ်ယူထားသူသည် ပထမအပတ်တွင်သာ ကံစမ်းခွင့်ရှိသည်။ နောက်တစ်ပတ်တွင် ထပ်မံကံစမ်းလိုပါက နောက်တစ်ပတ်တွင် ထပ်မံဝယ်ယူရပါမည်။) Lucky Draw ဆုကြေးငွေ ထည့်သွင်းပေးမည့် ရက်သည် အများပြည်သူ အလုပ်ပိတ်ရက်အတွင်း ကျရောက်ပါက သို့မဟုတ် ဘဏ်၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အခြားသောကိစ္စရပ်များရှိပါက ပြောင်းလဲမှုရှိနိုင်ပါသည်။

၅။ ဤ Campaign အား   KBZPay  အသုံးပြု၍ 1875 Baydin တွင် ဝယ်ယူသော KBZPay Customer များကို ဆုကြေးငွေ 100,000 ကျပ်အထိ ရရှိစေလိုသည့် ရည်ရွယ်ချက်အတွက်သာ ပြုလုပ်ခြင်း ဖြစ်ပြီး Customer မှ ဝယ်ယူပြီး service အား ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေတောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက 1875 Baydin နှင့် Customer တို့နှင့်သာသက်ဆိုင်မည်ဖြစ်သည်။

၆။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Level 2 Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၇။ KBZ  ဝန်ထမ်းများသည် ဤ Campaign တွင်ပါဝင်သူများအား ဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Account နှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၈။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၉။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၀။ KBZPay အနေဖြင့် တစ်စုံတစ်ရာ သောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၁။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့်  Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

 ၁၂။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၃။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၁၄။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၅။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိပါက မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay ကနေ ဖုန်းငွေဖြည့်၊ ဒေတာ Packages တွေ ဝယ်ယူရင်း ပွိုင့်တွေစုကြမယ် အစီစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay ကနေ ဖုန်းငွေဖြည့်၊ ဒေတာ Packages ဝယ်ယူရင်းပွိုင့်တွေစုကြမယ် Campaign သည် မေလ ၁ ရက်နေ့ ၂၀၂၂ ခုနှစ်မှ မေလ ၃၁ ရက်နေ့ ၂၀၂၂ ခုနှစ်ထိဖြစ်ပါသည်။ 

၂။  KBZPay ကနေ ဖုန်းငွေဖြည့်၊ ဒေတာ Packages ဝယ်ယူရင်းပွိုင့်တွေစုကြမယ် Campaign ၏ရည်ရွယ်ချက်မှာ KBZPay အသုံးပြုသူများအားလုံး ဖုန်းငွေဖြည့်ခြင်းသို့မဟုတ် ဒေတာ Packages များဝယ်ယူရင်း ရရှိလာသော ပွိုင့်များအား စုဆောင်းကာ ပြန်အမ်းငွေ နှင့် ဖုန်းငွေဖြည့်လျှော့ဈေးကူပွန် များ ပြန်လည် ရယူနိုင်ရန်ရည်ရွယ် ပါသည်။ 

၃။  မည်သည့်အဆင့် KBZPay အသုံးပြုသူမဆို Campaign ကာလအတွင်း ဖုန်းငွေဖြည့်ခြင်း၊ ဒေတာ Package ဝယ်ယူခြင်းများအတွက် ဝယ်ယူသည့်ပမာဏ၏ ၁ ရာခိုင်နှုန်း ကို ပွိုင့် အနေဖြင့် ပြန်လှည်ရရှိမည်ဖြစ်ပါသည်။ 

၄။ ရရှိလာသော ပွိုင့်များအား Campaign စာမျက်နှာ ရှိ “My Points “ အောက်တွင်ကြည့်ရှုနိုင်ပါသည်။ 

၅။ စုဆောင်းရရှိလာသောပွိုင့်များအား အသုံးပြု၍ Spin Wheel လှည့်၍ကံစမ်းခြင်း သို့မဟုတ် ပွိုင့်များနှင့် လျှော့ဈေး ကူပွန်များ လဲလှယ်ခြင်းများပြုလုပ်နိုင်ပါသည်။ 

၆။ Spin Wheel လှည့်ရန် အသုံးပြုသူများ အနေဖြင့် ပွိုင့် ၃၀ စုဆောင်းထားရှိရန်လိုအပ်ပြီး Spin Wheel လှည့်ပြီးသည်နှင့် အသုံးပြုသူ စုဆောင်းထားသော ပွိုင့် ၃၀ ကုန်ဆုံးမည်ဖြစ်ပါသည်။ 

Spin Wheel တွင်ပါဝင်သော ဆုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • ၁၀,၀၀၀ ကျပ်ပြန်အမ်းငွေ
  • ၁၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်
  • ၅၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန် 
  • ၁၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်
  • ၂၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်
  • ၆၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်
  • ၂၀၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်

၇။ ပွိုင့်များနှင့် ကူပွန်များအား လဲလှယ် အသုံးပြုရန် သတ်မှတ်ထားသော ပမာဏမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ပွိုင့် ၂၀၀ အတွက်  ၅၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်
  • ပွိုင့် ၈၀၀ အတွက် ၂၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်
  • ပွိုင့် ၁၆၀၀ အတွက် ၅၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်

၈။ KBZPay အသုံးပြုသူများသည် ဖုန်းငွေဖြည့်ခြင်းမှ  ရရှိလာသော ပွိုင့်များအား တစ်နေ့လျှင့် အများဆုံး ပွိုင့် ၅၀၀ အထိစုဆောင်းခွင့်ရှိမည်ဖြစ်သည်။ 

၉။ KBZPay အသုံးပြုသူများသည် Campaign စာမျက်နှာရှိ Task list မှ တစ်ဆင့် KBZPay အသုံးမပြုသေးသူ သူငယ်ချင်းများအား KBZPay Account ဖွင့်ရန် ဖိတ်ခေါ်ပြီး အဖိတ်ခေါ်ခံရသူများမှ KBZPay တွင် အောင်မြင်စွာ စာရင်းသွင်းပြီးပါက ဖိတ်ခေါ်သူ သည် ပွိုင့် ၂၀၀ ရရှိမည်ဖြစ်ပြီး ဖိတ်ခေါ်ခံရသူသည် ပွိုင့် ၃၀ ရရှိမည်ဖြစ်ပါသည်။ 

၁၀။ KBZPay အသုံးပြုသူများသည် ရရှိလာသော  လျှော့ဈေး ကူပွန်များအား ဖုန်းငွေဖြည့်ခြင်း နှင့်  မည်သည့် Data package အမျိုးအစားကိုမဆို ဝယ်ယူခြင်းများတွင် ပြန်လည်အသုံးပြုနိုင်ပါသည်။ KBZPay အသုံးပြုသူများသည် လျှော့ဈေး ကူပွန်များအား ပြန်လည် အသုံးပြုရာတွင် ဝယ်ယူသည့် ပမာဏ သည် ကူပွန်ပမာဏ ထက်ပိုမိုရန်လိုအပ်ပါသည်။ 

၁၁။ KBZPay အသုံးပြုသူများသည် Data package ဝယ်ယူလျှင် ပုံမှန်ရရှိသော ပွိုင့် အပြင် ထပ်ဆောင်း ၁၀ ပွိုင့် ကို ထပ်မံရရှိမည်ဖြစ်ပါသည်။ 

၁၂။ Campaign ကာလ အတွင်း KBZPay အား စတင်အသုံးပြုသူ များ အနေဖြင့် ရရှိလာသော Cash Back သို့မဟုတ် လျှော့ဈေးကူပွန် အား လက်ခံရရှိသော်လည်း KBZPay ၏ စာရင်းပေးသွင်းခြင်းလုပ်ငန်းစဉ် ပြီးဆုံးမှသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

၁၃။ စတင်အသုံးပြုသူများသည် လျှော့ဈေး ကူပွန်များအား လက်ခံရရှိပြီး ၁၄ ရက် အသုံးပြုနိုင်မည်ဖြစ်ပြီး ၁၄ ရက်ကျော်လွန်ပါက အသုံးပြု၍မရနိုင်ပါ။ 

၁၄။ အသုံးပြုသူများသည် ရရှိလာသော လျှော့ဈေး ကူပွန်များအား တစ်စောင်လျှင် ဈေးဝယ်ယူမှုတစ်ခု အတွက်သာ အသုံးပြုနိုင်ပါသည်။ 

၁၅။ KBZPay ကနေ ဖုန်းငွေဖြည့်၊ ဒေတာ Packages ဝယ်ယူရင်းပွိုင့်တွေစုကြမယ်Campaign ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများနှင့် point များကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများနှင့် အသုံးပြုသူရရှိထားသော point များသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay အသုံးပြုသူများသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၁၃ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး  ၁၄ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၆။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၇။ ဤKBZPay ကနေ ဖုန်းငွေဖြည့်၊ ဒေတာ Packages ဝယ်ယူရင်းပွိုင့်တွေစုကြမယ် ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

 ၁၈။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ KBZPay အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၉။  KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၂၀။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၂။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၂၃။ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

(ဤ Campaign တွင်ပါဝင်ရန် Customer များသည် KBZPay ​၏ နောက်ဆုံး Version ကိုအဆင့်မြှင့်တင် ထားရန်လိုအပ်ပါသည်)

KBZPay Blue App ဗားရှင်းမြှင့်တင်ရန် သူငယ်ချင်းများကို ဖိတ်ခေါ်ပြီး ဖုန်းဘေလ်လျှော့ဈေးကူပွန် ၁၀,၀၀၀ ကျပ်အထိရယူနိုင်မည့် အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay Blue App ဗားရှင်းမြှင့်တင်ရန် သူငယ်ချင်းများကို ဖိတ်ခေါ်ပြီး ဖုန်းဘေလ်လျှော့ဈေးကူပွန် ၁၀,၀၀၀ ကျပ်အထိရယူနိုင်မည့် အစီအစဉ်ကာလ သည် ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့အထိဖြစ်ပါသည်။ 

၂။ ဤအစီအစဉ်တွင် KBZPay အသုံးပြုသူအဆင့်အားလုံးသာမက KBZPay အား စတင်အသုံးပြုမည့်သူများ အားလုံးလည်းပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ အစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူများသည်  မိတ်ဆွေသူငယ်ချင်းများအား KBZPay Blue App နောက်ဆုံးဗားရှင်း 5.2.4 သို့ မြှင့်တင်ရန် ဖိတ်ခေါ်ပြီး အောင်မြင်စွာ ဗားရှင်းမြှင့်တင်နိုင်မှု အတွက် သော်လည်းကောင်း၊ KBZPay Blue App နောက်ဆုံးဗားရှင်း အောက်အသုံးပြုနေသူများသည် ကိုယ်တိုင် KBZPay Blue App နောက်ဆုံးဗားရှင်းသို့ မြှင့်တင်၍သော်လည်းကောင်း၊ KBZPay အားစတင်အသုံးပြုမည့်သူများသည်လည်း KBZPay Blue App နောက်ဆုံးဗားရှင်းအား ရယူအသုံးပြုပြီး  KBZPay အကောင့်ဖွင့်ခြင်းဖြင့်သော်လည်းကောင်း ပြုလုပ်ပြီး ၁၀,၀၀၀ ကျပ်တန်အထိ ကျပန်းဖုန်းဘေလ်ဖြည့် လျှော့ဈေးကူပွန်များအား ရယူနိုင်မည်ဖြစ်ပါသည်။   

၄။ KBZPay Blue App အား နောက်ဆုံးဗားရှင်းသို့မြှင့်တင်ရန် ဖိတ်ခေါ်ရာတွင် ဖိတ်ခေါ်သူကိုယ်တိုင်သည် KBZPay Blue App နောက်ဆုံးဗားရှင်းအသုံးပြုသူဖြစ်ရမည်ဖြစ်ပြီး ဖိတ်ခေါ်ခြင်းခံရသူသည် KBZPay Blue App နောက်ဆုံးဗားရှင်းအောက် အသုံးပြုနေသူဖြစ်ရပါမည်။ ဖိတ်ခေါ်ခြင်းခံရသူသည် သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ KBZPay Blue App နောက်ဆုံးဗားရှင်းအား အောင်မြင်စွာမြှင့်တင်ပြီးပါက ဖိတ်ခေါ်သူ နှင့် ဖိတ်ခေါ်ခံရသူ နှစ်ဦးစလုံးသည် ဖုန်းဘေလ်ဖြည့်လျှော့ဈေးကူပွန် တစ်စောင်စီ ရရှိမည်ဖြစ်ပါသည်။ 

၅။ ဤအစီအစဉ်တွင် အကျုံးဝင်ရန် ဖိတ်ခေါ်သူသည် အစီအစဉ်စာမျက်နှာထဲသို့ဝင်ရောက်၍ ဖိတ်ခေါ်ရန်လင့်ခ်အား ရယူပြီး မိတ်ဆွေသူငယ်ချင်းများအား ပေးပို့ရပါမည်။ ဖိတ်ခေါ်သူနှင့် ဖိတ်ခေါ်ခြင်းခံရသူတို့သည် တူညီသော Device တစ်ခုထဲတွင် ဖိတ်ခေါ်ခြင်း နှင့် ဗားရှင်းမြှင့်တင်ခြင်းအား ပြုလုပ်ပါကလည်း ဤအစီအစဉ်တွင် အကျုံးမဝင်ပါ။ 

၆။ KBZPay Blue App နောက်ဆုံးဗားရှင်းအား ကိုယ်တိုင်မြှင့်တင်ခြင်းဆိုရာတွင် အသုံးပြုသူသည် KBZPay Blue App နောက်ဆုံးဗားရှင်းအောက်အသုံးပြုနေသူဖြစ်ရမည်ဖြစ်ပြီး ဖိတ်ခေါ်ခြင်းခံရ၍ဖြစ်စေ၊ KBZPay Blue App အား တရားဝင်ရယူနိုင်သော ပလက်ဖောင်းများမှဖြစ်စေ (ဥပမာ KBZPay ၏ တရားဝင် website မှတစ်ဆင့်) KBZPay Blue App နောက်ဆုံးဗားရှင်းအား ကိုယ်တိုင်ရယူ၍ မြှင့်တင်ခြင်းအတွက် ဖုန်းဘေလ်ဖြည့်လျှော့ဈေးကူပွန် တစ်စောင်သာ ရရှိနိုင်ပါမည်။ 

၇။ KBZPay အားစတင်အသုံးပြုမည့်သူများသည် KBZPay Blue App အား တရားဝင်ရယူနိုင်သော ပလက်ဖောင်းများမှဖြစ်စေ (ဥပမာ KBZPay ၏ တရားဝင် website မှတစ်ဆင့်)နှင့်  KBZPay အကောင့်မှတ်ပုံတင်ခြင်း အားအောင်မြင်စွာ ပြုလုပ်ပြီးမှသာ ဖုန်းဘေလ်ဖြည့်လျှော့ဈေးကူပွန်တစ်စောင် ရယူနိုင်မည်ဖြစ်ပါသည်။ KBZPay Blue App နောက်ဆုံးဗားရှင်းအောက်အား အသုံးပြု၍ အကောင့်မှတ်ပုံတင်ပါက ကူပွန်အား ရရှိနိုင်မည် မဟုတ်ပါ။ 

၈။ အစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူများသည် KBZPay Blue App နောက်ဆုံးဗားရှင်းအား ကိုယ်တိုင်အဆင့်မြှင့်တင်ခြင်းအတွက် သော်လည်းကောင်း၊ သူငယ်ချင်းများကို အကောင့်မြှင့်တင်ရန် ဖိတ်ခေါ်ခြင်း အောင်မြင်မှုအတွက်သော်လည်းကောင်း  အများဆုံး ၁၀,၀၀၀ ကျပ်တန်ထိ ဖုန်းဘေလ်ဖြည့်လျှော့ဈေးကူပွန်များအား ကျပန်းရယူနိုင်မည်ဖြစ်ပါသည်။ 

၉။ အစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူတစ်ဉီးလျှင် ကူပွန်အား အများဆုံး အစောင် ၃၀ အထိသာရယူနိုင်မည်ဖြစ်ပြီး ကူပွန်တစ်စောင်လျှင် မည်သည့်ဆက်သွယ်ရေးအော်ပရိတ်တာအတွက်မဆို ဖုန်းဘေလ်(သို့) ဒေတာပက်ကေ့ချ် ဝယ်ယူမှုအတွက် တစ်ကြိမ်သာ အသုံးပြုနိုင်ပါသည်။ 

၁၀။ KBZPay အသုံးပြုသူများသည် မိမိတို့ရရှိထားသော ကူပွန်များအား KBZPay အက်ပလီကေးရှင်းတွင် “ကျွန်ုပ်၏ပရိုဖိုင်” စာမျက်နှာရှိ “ကူပွန်များ” လုပ်ဆောင်မှုထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ရရှိထားသောကူပွန်အား ၇ ရက်အတွင်း အသုံးပြုရမည်ဖြစ်ပါသည်။ 

၁၁။ ကူပွန်များအား အသုံးပြုရာတွင် အောက်ပါသတ်မှတ်ချက်များအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

  • ၅၀ ကျပ်တန်ကူပွန်အား အနည်းဆုံး ၁,၀၀၀ ကျပ်တန်ဖိုးရှိ ဖုန်းဘေလ်(သို့) ဒေတာပက်ကေ့ချ် ဝယ်ယူမှုအတွက်သာ
  • ၁၅၀ ကျပ်တန်ကူပွန်အား အနည်းဆုံး ၂,၀၀၀ ကျပ်တန်ဖိုးရှိ ဖုန်းဘေလ်(သို့) ဒေတာပက်ကေ့ချ် ဝယ်ယူမှုအတွက်သာ
  • ၃၀၀ ကျပ်တန်ကူပွန်အား အနည်းဆုံး ၃,၀၀၀ ကျပ်တန်ဖိုးရှိ ဖုန်းဘေလ်(သို့) ဒေတာပက်ကေ့ချ် ဝယ်ယူမှုအတွက်သာ
  • ၅၀၀ ကျပ်တန်ကူပွန်အား အနည်းဆုံး ၃,၀၀၀ ကျပ်တန်ဖိုးရှိ ဖုန်းဘေလ်(သို့) ဒေတာပက်ကေ့ချ် ဝယ်ယူမှုအတွက်သာ
  • ၁၀,၀၀၀ ကျပ်တန်ကူပွန်အား အနည်းဆုံး ၂၀,၀၀၀ ကျပ်တန်ဖိုးရှိ ဖုန်းဘေလ်(သို့) ဒေတာပက်ကေ့ချ် ဝယ်ယူမှုအတွက်သာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ 

၁၂။ အစီအစဉ်တွင် ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။  

၁၃။ ဤအစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး အစီအစဉ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay အသုံးပြုသူများသည် အစီအစဉ်ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိခဲ့ပါက အစီအစဉ်ကာလ ပြီးဆုံးသော်လည်း အပိုဒ် ၁၀ တွင် ဖော်ပြချက်နှင့်အညီ ကူပွန်လက်ခံရရှိပြီး ၇ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ 

၁၄။ KBZ ဝန်ထမ်းများသည် ဤအစီအစဉ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၁၅။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၆။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZPay အသုံးပြုသူ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၇။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤအစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay အသုံးပြုသူအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၈။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့် ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၉။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၁။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။
၂၂။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay Payroll – မေးလေ့မေးထရှိသော မေးခွန်းများ

KBZPay Payroll သည် KBZPay partner app တွင်ပါသော feature တခုဖြစ်ပြီး KBZPay agent/merchant တွေသည် ထို feature ကို အသုံးပြုပြီး KBZPay Customer App level 1.5 (သို့) 2.0 ရှိသော ဝန်ထမ်းအား လစာပေးနိုင်သော App ဖြစ်ပါသည်။

ရိုးရှင်းလွယ်ကူသော App ဖြစ်ပြီး အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ အရမ်း မများသော ဝန်ထမ်းများကို လစာပေးရန်ဖြစ်သည်။

လက်ရှိ KBZPay ၏ Agent/Merchant များသည်  Partner App တွင်ပါသော KBZPay Payroll Menu ကို နှိပ်ပြီး Payroll Service ကိုလွယ်ကူစွာ လျှောက်ထားနိုင်ပါသည်။

KBZPay Agent နှင့် Merchant များသည် ယခု Service ကို လျှောက်ထားနိုင်ပါသည်။

KBZPay Agent နှင့် Merchant များသည် မည်သည့် Document မှ တင်စရာမလိုပါ။

Agent/Merchants များတွင် Payment Service အောက်တွင်တွေ့နိုင်ပြီး၊ Super Agent များတွင် Home screen တွင်တွေ့နိုင်ပါသည်။

KBZPay Payroll နှင့်ငွေလက်ခံမည့် ဝန်ထမ်းများသည် KBZPay အပြာရောင် App version ၁.၅ (သို့) ၂.၀ ဖြစ်ရန်လိုအပ်ပါသည်။

ပေးနိုင်ပါသည်။

KBZPay Payroll Service ကို ချက်ချင်းလျှောက်ထားပြီး ချက်ချင်း အသုံးပြုနိုင်ပါသည်။

အသုံးမပြုနိူင်ပါ။

သင်္ကြန်မှာ KBZPay ကနေ ကျပ်သိန်းပေါင်း ၁၀၀၀ အထိမုန့်ဖိုးမျှဝေရယူပါ အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay ကနေ သင်္ကြန် မှာကျပ်သိန်းပေါင်း  ၁၀၀၀ အထိမုန့်ဖိုးမျှဝေရယူပါ Campaign သည် ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ  ဧပြီလ ၁၇ ရက်နေ့ အထိဖြစ်ပါသည်။ ဤ Campaign တွင် KBZPay မည့်သည့် Level Customer မဆိုပါဝင်နိုင်ပြီး သင်္ကြန် ပစ္စည်း ၅ ခု အား KBZPay pocket money ဖွင့်ရမည့် ဧပြီလ ၁၅၊၁၆၊၁၇ ရက် မတိုင်မီ စုဆောင်းထားဖို့လိုအပ်ပါသည်။ 

၂။  KBZPay ကနေ သင်္ကြန်မှာကျပ်သိန်းပေါင်း  ၁၀၀၀ အထိမုန့်ဖိုးမျှဝေရယူပါ Campaign ၏ရည်ရွယ်ချက် မှာ KBZPay အား အသုံးပြုနေသည့် မည်သည့်  Level  Customer မဆို သင်္ကြန် ကာလအတွင်း မုန့်ဖိုးများ နှင့် အထူးအရောင်းမိတ်ဖက် ဆိုင်များ ၏ လျှော့ဈေး  ကူပွန်များ ရယူနိုင်ရန် ရည်ရွယ်ပါသည်။ 

၃။  Campaign ကာလအတွင်း Customer များသည် သင်္ကြန်မုန့်ဖိုးအား ရယူရန် သင်္ကြန်ပစ္စည်း ၅ခု တစ်စုံ ကို အစုံလိုက် စုဆောင်းထားရမည်ဖြစ်ပါသည်။ 

၄။ သင်္ကြန်ပစ္စည်းလေးများအား စုဆောင်းနေစဉ်၊ Customer များသည် အချို့သော သင်္ကြန်ပစ္စည်းလေးများတွင်ပါဝင်သော အထူးအရောင်းမိတ်ဖက်ဆိုင်များ၏ လျှော့ဈေးကူပွန် ရရှိမည်ဖြစ်ပြီး ယင်း အရောင်းမိတ်ဖက်ဆိုင်များတွင်သာ  Online (short code နှင့်ဈေးဝယ်ယူခြင်း)၊ Offline (QR scan ဖြင့်ဈေးဝယ်ယူခြင်း) စသောဈေးဝယ်ယူမှု များတွင် လျှော့ဈေးကူပွန်ကို ပြန်လည်အသုံးပြု နိုင်မည်ဖြစ်ပါသည်။  လျှော့ဈေးကူပွန်များရယူရန်၊ Customer သည် သင်္ကြန်ပစ္စည်းလေးကို ရရှိပြီးသည်နှင့်မိမိစုဆောင်းရရှိထားသော ပစ္စည်းလေးများကို Campaign page ထဲတွေ့ရှိရမည်ဖြစ်ပြီး အဆိုပါ မိမိစုဆောင်းထားသောသင်္ကြန် ပစ္စည်းကို တစ်ဖက်သို့လှန်ကာ Digital ခဲခြစ်ကဒ်ပြားအားရယူနိုင်ပါသည်။ ထို့နောက်ယင်း ကဒ်ပြားအား ခြစ်၍ အထူးအရောင်းမိတ်ဖက်ဆိုင်များ၏ လျှော့ဈေး ကူပွန်ရယူနိုင်ပြီဖြစ်ပါသည်။ ရရှိလာသော ကူပွန်များကို “My Profile” အောက်ရှိ “My Coupons “ တွင်ပြန်လှည်ကြည့်ရှုနိုင်ပါသည်။ 

၅။ သင်္ကြန်ပစ္စည်းတစ်ခုလျှင်  KBZPay ၏ အထူးအရောင်းမိတ်ဖက်ဆိုင်များ၏ လျှော့ဈေးကူပွန် နှင့် KBZPay ​၏ အရောင်းမိတ်ဖက်လျှော့ဈေးကူပွန်များအား ကိုယ်စားပြုပါသည်။ အကယ်၍ Customer များသည် အထူးအရောင်းမိတ်ဖက်ဆိုင်များ၏ ကူပွန်ကိုရရှိခဲ့ပါက အဆိုပါ ကူပွန်အားသက်ဆိုင်ရာ အရောင်းမိတ်ဖက်ဆိုင်များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

၆။ သင်္ကြန်ပစ္စည်းတစ်ခုလျှင်သက်ဆိုင်ရာအထူးအရောင်းမိတ်ဖက်ဆိုင်တစ်ဆိုင်ကို  အောက်ပါအတိုင်း ကိုယ်စားပြုမည်ဖြစ်မည်ဖြစ်သည်။

  • သင်္ကြန် ရေပုံးလေး သည်  MMBus လျှော့ဈေးကူပွန်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ထိုကူပွန်အား KBZPay application ရှိ MMBus portal တွင် Bus ticket ဝယ်ယူမှုတိုင်းအတွက်ပြန်လည်အသုံးပြုနိုင်ပါသည်။ 
  • အုန်းလက် သည် KBZPay ၏ လျှော့ဈေး ကူပွန်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ထိုကူပွန်များအား အရောင်းမိတ်ဖက်ဆိုင်များတွင် Online / Offline ဈေးဝယ်ခြင်းနှင့် KBZPay application မှတဆင့် ဒေတာ Package ဝယ်ယူခြင်း၊ Gift Card ဝယ်ယူခြင်း၊ တို့အတွက် ပေးချေရာတွင်   ပြန်လည်အသုံးပြုနိုင်ပါသည်။
  • ရေတိုင်ကီ သည် Flymya လျှော့ဈေးကူပွန်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ထိုကူပွန်အား KBZPay application ရှိ Flymya portal တွင်ဝယ်ယူမှုတိုင်းအတွက်ပြန်လည်အသုံးပြုနိုင်ပါသည်။ 
  • မုန့်လုံးရေပေါ် ဗန်းလေး သည် Unique Mandalay လျှော့ဈေးကူပွန်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ထိုကူပွန်အား Unique Mandalay ဆိုင်တိုင်းတွင် ဈေးဝယ်ယူမှုတိုင်းအတွက်ပြန်လည်အသုံးပြုနိုင်ပါသည်။ 
  • သင်္ကြန်ရေ ဖလားလေးသည် Fudo Bakery လျှော့ဈေးကူပွန်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ထိုကူပွန်အား Fudo Bakery အရောင်းဆိုင်တိုင်းတွင် ဈေးဝယ်ယူမှုတိုင်းအတွက်ပြန်လည်အသုံးပြုနိုင်ပါသည်။ 

၇။ Campaign ကာလအတွင်း KBZPay အကောင့် အသစ်ဖွင့်သော Customer များအနေဖြင့် ကူပွန်များကို စာရင်းသွင်းစစ်ဆေးခြင်း လုပ်ငန်းစဉ် ပြီးဆုံးမှသာလျှင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

၈။ Customer များသည် ပိုနေသော သင်္ကြန်ပစ္စည်းလေးများအား သူငယ်ချင်းများထံသို့ ပေးပို့ရာတွင် သင်္ကြန်ပစ္စည်းလေး၏ နောက်ကျောဘက်တွင်ပါရှိသော Digital ခဲခြစ်ကဒ်အား မခြစ်ရသေးဘဲ ပေးပို့ပါက အဆိုပါကဒ်သည် သူငယ်ချင်းထံသို့ အလှဆင်ပစ္စည်းနှင့် အတူ လျှော့ဈေးကူပွန် ရယူနိုင်သော Digital ခဲခြစ်ကဒ် ရောက်ရှိသွားမည်ဖြစ်ပြီး ၊ Digital ခဲခြစ် ကဒ် အား ခြစ်ကာ ကူပွန်အား ရယူပြီးပါက လက်ခံသူ သူငယ်ချင်းသည် သင်္ကြန်ပစ္စည်းကိုသာရရှိမည်ဖြစ်ပြီး Digital ခဲခြစ်ကဒ် နှင့် ကူပွန်ကိုမူ ရရှိမည် မဟုတ်ပါ။ 

၉။ သင်္ကြန်မုန့်ဖိုးအား ဖွင့်ဖောက်ရယူရန် သင်္ကြန်ပစ္စည်း ၅ ခု သင်္ကြန်ရေပုံး၊ သင်္ကြန်ရေဖလား၊ ရေတိုင်ကီ၊ မုန့်လုံးရေပေါ် ဗန်း၊ အုန်းလက်၊ တို့တွင် တစ်ခု အနည်းဆုံး  စုဆောင်းထားရန်လိုအပ်ပြီး မုန့်ဖိုးများများရယူရန် ပစ္စည်း ၅ ခုတစ်စုံ ၊ နှစ်စုံ၊ သုံးစုံ စသဖြင့် စုဆောင်းထားရန်လိုအပ်ပါသည်။ 

၁၀။ Customer များသည် စုဆောင်းထားသော သင်္ကြန်ပစ္စည်းတစ်စုံကို မုန့်ဖိုးဖွင့်ဖောက်ရယူခြင်း တစ်ကြိမ်အတွက်သာအသုံးပြုနိုင်ပြီး နောက်တစ်ကြိမ်မုန့်ဖိုးဖွင့်ဖောက်ရယူခြင်းများအတွက် ပစ္စည်းလေးများအား အစမှ ပြန်လည် စုဆောင်းရမည်ဖြစ်သည်။ 

၁၁။ သင်္ကြန်ပစ္စည်းလေးများအားအောက်ဖော်ပြပါ နည်းလမ်းများမှ စုဆောင်းရယူနိုင်ပါသည်။ 

  • KBZPay အသုံးမပြုသော သူငယ်ချင်းများအား KBZPay application အား register ပြုလုပ်ကာ Campaign တွင်ပါဝင်လာစေခြင်းဖြင့် အောင်မြင်စွာ register ပြုလုပ်ပြီးသော ဖိတ်ခေါ်ခံရသူ လူ ၁ ဦးလျှင် ကျပန်း သင်္ကြန်ပစ္စည်းတစ်ခု ၊ လူ၂ ဦးအားဖိတ်ခေါ်ပြီးလျှင် ကျပန်း သင်္ကြန်ပစ္စည်း ၂ ခု နှင့် လူ ၃ ယောက်ဖိတ်ခေါ်ပြီး ခြင်းအတွက် ပိတောက်ပန်းတစ်ခု အားရရှိမည်ဖြစ်ပြီး ၊ လူ ၃ ဦးတစ်ခါ ပြည့်တိုင်း  ပိတောက်ပန်း တစ်ကြိမ်စီရရှိမည်ဖြစ်ပါသည်။ထို့အတူ ဖိတ်ခေါ်ခံရသူမှလည်း Campaign တွင်ပါဝင်လိုက်သည်နှင့်  ပိတောက်ပန်းတစ်ခုရရှိမည်ဖြစ်ပါသည်။  ပိတောက်ပန်း ရရှိသော Customer သည် မိမိကြိုက်နှစ်သက်ရာ သင်္ကြန်ပစ္စည်းတစ်ခုသို့ တစ်ကြိမ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။ Customer များသည်  ပိတောက်ပန်းနှင့်အတူ ဖုန်းငွေဖြည့်ကူပွန် (၃၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်) တို့ကို ကျပန်းရရှိမည်ဖြစ်ပြီး ရရှိပြီးသည်နှင့် ၂၁ ရက်အတွင်း ဖုန်းငွေဖြည့်ရာတွင်လျှော့ဈေးပြန်လည်ရရှိရန် အသုံးပြုနိုင်ပါသည်။
  • Customer များသည် Campaign အကြောင်းအား သူငယ်ချင်းများထံသို့ အသိပေး မျှဝေခြင်းဖြင့်လည်း သင်္ကြန်ပစ္စည်းတစ်ခုအား တစ်နေ့တစ်ကြိမ်ရယူနိုင်ပါသည်။ 
  • KBZPay 5.1 version နှင့် အထက် အသုံးပြုသူ Customer များအနေဖြင့် KBZPay Market ထဲသို့ တစ်နေ့လျှင် တစ်ကြိမ်ဝင်ရောက်ပြီး KBZPay Market ထဲမှ ပစ္စည်း (item) တစ်ခုအား Social Media တွင် မျှ‌‌‌ေ၀ခြင်းဖြင့် ကျပန်းသင်္ကြန်ပစ္စည်းတစ်ခု ကိုရယူနိုင်ပါသည်။ အဆိုပါ လုပ်ဆောင်ချက်အတွက် Customer သည် Campaign page ထဲမှ တစ်ဆင့် ထိုလုပ်ဆောင်ချက်ကိုလုပ်ဆောင်ရမည်ဖြစ်ပါသည်။ Campaign page ထဲမှ တစ်ဆင့် KBZPay Market သို့ဝင်ရောက်ရမည်ဖြစ်ပြီး ၊ Campaign page ထဲသို့ ပြန်လည်ဝင်ရောက်သော အခါတွင် ကျပန်း သင်္ကြန်ပစ္စည်း တစ်ခု ရရှိမည်ဖြစ်ပါသည်။ 
  • Customer များသည် KBZPay application မှ ဖုန်းငွေဖြည့်ခြင်းအား  အနည်းဆုံး ၂၀၀၀ ကျပ်အသုံးပြုခြင်းဖြင့် ကျပန်း ပစ္စည်း တစ်ခု ကို တစ်နေ့ ၂ ကြိမ် ရယူနိုင်မည်ဖြစ်ပါသည်။ 
  • Customer များသည် အနည်းဆုံး ၂၀၀၀ ကျပ်အသုံးပြု၍ Gift Card ဝယ်ယူခြင်းဖြင့် ကျပန်း သင်္ကြန်ပစ္စည်းတစ်ခုကို တစ်နေ့ ၂ ကြိမ် ရှိမည်ဖြစ်ပါသည်။ 
  • Customer များသည် KBZPay အရောင်းမိတ်ဖက်များထံတွင် (အနည်းဆုံး ၂၀၀၀ ကျပ် အသုံးပြုကာ) ဈေးဝယ်ယူခြင်းများအတွက် ကျပန်းသင်္ကြန် ပစ္စည်းတစ်ခု တစ်နေ့ လျှင် ၂ ကြိမ်ထိရယူနိုင်ပါသည်။ 
  • Customer များသည် KBZPay application ရှိ KBZPay Skincare ကိုအသုံးပြု၍ အသားအရေစစ်ဆေးကာ ရလဒ်အား မျှဝေခြင်းဖြင့် ကျပန်းသင်္ကြန် ပစ္စည်းတစ်ခုကို တစ်နေ့လျှင် တစ်ကြိမ်ရရှိနိုင်မည်ဖြစ်ပါသည်။ 
  • Customer များသည် KBZPay ၏ အကောင့်လုံခြုံရေးဆိုင်ရာ မေးခွန်းများအား မှန်ကန်စွာဖြေဆိုခြင်းဖြင့် ကျပန်း သင်္ကြန် ပစ္စည်း တစ်ခုအား တစ်နေ့လျှင်တစ်ကြိမ်ရရှိနိုင်ပါသည်။ 
  • Customer များသည် KBZPay application မှ တစ်ဆင့် မည်သည်  Data Package ကိုမဆိုဝယ်ယူခြင်းဖြင့် ကျပန်း သင်္ကြန် ပစ္စည်းတစ်ခုကို တစ်နေ့လျှင် နှစ်ကြိမ်ရယူနိုင်သည်။
  • Customer များသည် KBZPay ရှိ Mini ဂိမ်းအား စက္ကန့် ၃၀ ခန့် ကစားခြင်းဖြင့် ကျပန်း သင်္ကြန် ပစ္စည်းတစ်ခုကို တစ်နေ့တစ်ကြိမ်ရရှိနိုင်ပါသည်။ 

၁၂။ Customer တစ်ဦးလျှင် အများဆုံး တစ်နေ့လျှင် သင်္ကြန် ပစ္စည်း ၃၀ ခု ရယူနိုင်ပြီး ၊ Campaign ကာလ တစ်ခုလုံးအတွက် သင်္ကြန် ပစ္စည်း ၉၀ ခု စုဆောင်းနိုင်ပါသည်။ 

၁၃။ Customer များသည် မိမိတို့​၏ သင်္ကြန် ပစ္စည်းလေးများအား သူငယ်ချင်းများထံသို့ Social application များမှတစ်ဆင့် ပေးပို့နိုင်ပြီး၊ သူငယ်ချင်းများ ထံမှလည်းပြန်လည် လက်ခံရယူနိုင်ပါသည်။

၁၄။ Customers များသည် ဧပြီလ ၁၅၊၁၆၊၁၇ ရက်နေ့ ည ၈:၀၀ နာရီတိတိတွင် မုန့်ဖိုးအား ဖွင့်ဖောက်ယူနိုင်မည်ဖြစ်ပြီး မုန့်ဖိုးအားဖွင့်နိုင်ရန် အနည်းဆုံး သင်္ကြန် ပစ္စည်း ၁ ခု အား ည ၇:၃၀ တွင်နောက်ဆုံးထား စုဆောင်းထားရမည်ဖြစ်သည်။ စုဆောင်းထားသော သင်္ကြန်ပစ္စည်း အစုံလိုက် အရေအတွက်ပေါ်မူတည်ပြီး ရရှိသည့် မုန့်ဖိုးသည် ကွဲပြားနိုင်ပါသည်။

၁၅။ Pocket money အားဖွင့်ဖောက်ပြီးသည်နှင့် KBZPay အားလက်ရှိအသုံးပြုနေသော Customer များ နှင့် KBZPay အားအသစ်အသုံးပြုသူ Customerများသည် မိမိ၏ KBZPay Wallet Account ထဲသို့ မုန့်ဖိုးအားအနည်းဆုံး မိနစ် ၃၀ အကြာတွင် လက်ခံရရှိမည်ဖြစ်ပါသည်။ သို့ရာတွင် KBZPay အားအသစ်အသုံးပြုသူ Customer သည် ၎င်းတို့၏ KBZPay Wallet Account ထဲမှမုန့်ဖိုး ပိုက်ဆံအား အသုံးပြုနိုင်ရန် KBZPay ၏ စာရင်းသွင်းလုပ်ငန်းစဉ် အတည်ပြုပြီးမှသာလျှင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အကယ်၍ KYC issues (အသုံးပြုသူတို့၏ အချက်အလက်များ) စစ်ဆေးရာတွင် အကြောင်းတစ်စုံတရာ မမှန်မကန်မှု အားတွေ့ရှိခဲ့ပါက KBZPay သည် အဆိုပါ KBZPay အကောင့်အသစ်များအား ရပ်စဲခြင်း/ ဆိုင်းငံ့ခြင်း  နှင့် ဆုငွေ မုန့်ဖိုးအား ရုတ်သိမ်းခြင်း များ ပြုလုပ်ခွင့်ရှိပါသည်။ 

၁၆။ Customer များသည် KBZPay ​၏ မုန့်ဖိုးအား Website မှ တစ်ဆင့် login ဝင်ရောက်၍ ရယူနိုင်သော်လည်း ၊ မုန့်ဖိုးရယူပြီး ၇ ရက်အတွင်း KBZPay account အား မိမိ၏ မှန်ကန်သော အချက်အလက်များထည့်သွင်းကာ ဖွင့်ရမည်ဖြစ်ပါသည်။ အကယ်၍ Customer သည် KBZPay account အား မုန့်ဖိုးရယူပြီး ၇ ရက်အတွင်း KBZPay Account အား မဖွင့်ပါက KBZPay သည် အဆိုပါ မုန့်ဖိုးအား ပြန်လှည်ရုပ်သိမ်း ခွင့်ရှိပါသည်။ 

 ၁၇။ ဉီးရာလူစနစ်ဖြစ်သောကြောင့် Customer များသည် အစီအစဉ်မစခင် KBZPay အကောင့်ထဲသို့ ကြိုတင်ဝင်ရောက်၍ မုန့်ဖိုးများကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။

၁၈။  Customer များသည် မုန့်ဖိုးပမာဏ များများ ရရှိနိုင်ရန် သင်္ကြန်ပစ္စည်း အစုံလိုက် ပိုမိုစုဆောင်းနိုင်ပြီး သူငယ်ချင်းများအားလည်း ပိုမို ဖိတ်ခေါ်နိုင်ပါသည်။ 

၁၉။ Customer သည် သင်္ကြန်ပစ္စည်း ၅ ခု တစ်စုံ စုဆောင်း ပြီးသော်လည်း မုန့်ဖိုးအား ရယူရမည့်ရက် ၈:၀၀ တွင် မဖွင့်ဖောက်မိလျှင် နောက်တစ်ကြိမ်ဖွင့်ဖောက်ရမည့် အချိန်အထိ စောင့်ဆိုင်း ရမည်ဖြစ်ပါသည်။ 

၂၀။ ဖိတ်ခေါ်သူ Customer များသည် Daily Ranking List ဖြင့်လည်း မိမိ အောင်မြင်စွာ ဖိတ်ခေါ်ပြီးသူ အရေအတွက် ပေါ်မူတည်၍ အပိုဆောင်း ငွေသားဆုများ ထပ်မံရရှိမည်ဖြစ်ပါသည်။ 

၂၁။ Daily ranking list အတွက် ငွေသားဆုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • 1st on daily ranking list – ၁၀၀,၀၀၀ ကျပ် 
  • 2nd on daily ranking list – ၅၀,၀၀၀ ကျပ် 
  • 3rd on daily ranking list -၃၀,၀၀၀ ကျပ်
  • 4th to 10th on daily ranking list – ၁၀,၀၀၀ ကျပ်
  • 11th to 50th on daily ranking list -၅,၀၀၀ကျပ်
  • 51st to 100th on daily ranking list – ၃,၀၀၀ ကျပ်

၂၂။ Daily Ranking List အတွက် ဆုငွေများအား Customer များ၏ KBZPay Wallet Account ထဲသို့ Campaign ကာလ ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် ၇ ရက်အတွင်း အတွင်း ထည့်သွင်းပေးမည်ဖြစ်ပါသည်။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ ဘဏ်မှထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။

၂၃။ Customerများသည် သင်္ကြန်ပစ္စည်း ၁ ခု ကို အရောင်းမိတ်ဖက်တစ်ဆိုင်​၏ လျှော့ဈေးကူပွန်ရ ရှိမည်ဖြစ်ပြီး ထိုအရောင်းမိတ်ဖက်ဆိုင်တွင်သာ  KBZPay application ဖြင့်  Online/Offline ဖြင့် စျေးဝယ်ယူရာ၌ ပြန်လည်အသုံးပြုနိုင်ပါသည်။ KBZPay ​၏ လျှော့ဈေးကူပွန်ကို ရရှိခဲ့လျှင် KBZPay၏ မည်သည်အရောင်းမိတ်ဖက်ဆိုင်တွင်မဆို Online/Offline ဖြင့် စျေးဝယ်ယူရာ၌ ပြန်လည်အသုံးပြုနိုင်ပါသည်။ကူပွန်များအား အသုံးပြုရာတွင် ဈေးဝယ်ယူသည့် ပမာဏ သည် ကူပွန်ပမာဏ ထက် ပိုမိုရန်လိုအပ်ပါသည်။ 

၂၄။ ရရှိလာသော ကူပွန်များသည် လက်ခံရရှိပြီး   ၂၁ ရက်အတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး၊ သက်တမ်းမကုန်မီ KBZPay ၏ အထူးအရောင်းမိတ်ဖက် ဆိုင်များတွင်  အသုံးပြုနိုင်ပါသည်။ 

၂၅။ ဤKBZPay ကနေ သင်္ကြန် မှာကျပ်သိန်းပေါင်း  ၁၀၀၀ အထိမုန့်ဖိုးမျှဝေရယူပါCampaign ကာလအတွင်းသာလျှင် KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customerများသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၂၄ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး  ၂၁ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၂၆။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၂၇။ ဤ KBZPay ကနေ သင်္ကြန် မှာကျပ်သိန်းပေါင်း  ၁၀၀၀ အထိမုန့်ဖိုးမျှဝေရယူပါCampaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၈။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၂၉။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၃၀။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၃၁။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၃၂။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၃၃။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၃၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

(ဤ Campaign တွင်ပါဝင်ရန် Customer များသည် KBZPay ​၏ နောက်ဆုံး Version ကိုအဆင့်မြှင့်တင် ထားရန်လိုအပ်ပါသည်)