KBZPay Market Discount Sales အထူးလျော့ဈေးအစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁) KBZPay Market Discount Sales အထူးလျော့ဈေးအစီအစဉ်မှာ ပစ္စည်းများကို လျော့ဈေးနဲ့ ဝယ်ယူနိုင်ပါပြီ။ 

၂) Campaign ၏ရည်ရွယ်ချက်မှာ KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက် အသုံးပြုသူသည့် KBZPay Customer များအတွက်ဖြစ်သည့်အတွက် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay အပ်ပလီကေးရှင်းအား 5.1 နှင့် အထက် ဗားရှင်းသို့ အဆင့်မြှင့်ထားရန်လိုအပ်ပါသည်။

၃) Customer များသည် KBZPay Application mini icon၊ KBZPay Home page banner၊ Facebook၊ KBZPay Market Official Account  (5.1 version နှင့်အထက် အသုံးပြုသူ သည့် KBZPay Customer များအတွက်) မှလည်းကောင်း ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။ 

၄) Customer များသည် KBZPay အပ်ပလီကေးရှင်း ရှိ KBZPay Market မှတဆင့်  အထူးလျော့ဈေးအစီအစဉ်မှ ပစ္စည်းများကို ဝယ်ယူနိုင်မည်။ 

၅) KBZPay Market တွင်ရောင်းချသော ကုန်ပစ္စည်းများသည် Merchant များမှ ‌လျော့ဈေးပေးထားသော Merchant များ၏ ကုန်ပစ္စည်းများဖြစ်သည်။ ‌ လျော့ဈေးပေးထားသော ကုန်ပစ္စည်းများသည် အရေအတွက်ကန့်သတ်ချက်များရှိနိုင်ပါသဖြင့် Customer များမှ အမြန်ဝယ်ယူရန်လိုအပ်ပါသည်။ KBZPay မှ Customer ထံသို့ order အတည်ပြုချက်ပေးပို့ထားခြင်း မရှိသော Customer ၏ order များကို အောင်မြင်စွာ ဝယ်ယူထားသော order အဖြစ် သတ်မှတ်မည်မဟုတ်ဘဲ ထို order များကို Merchant ဖက်မှ အချိန်မရွေး Cancel ခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ ထို order များကို KBZPay မှလဲ Customer ထံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိမည်မဟုတ်ပါ။

၆) KBZPay Market သည် Merchant များမှ ၎င်းတို့၏ ကိုယ်ပိုင်စတိုးဆိုင်များကဲ့သို့ စီမံခန့်ခွဲနိုင်သည့်  Market Place ဖြစ်သည့်အတွက် Merchant များဘက်မှ Cancelသည့် ပစ္စည်းများကို KBZမှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် Merchant ဘက်မှ Cancel ခြင်းသည် ကျိုးကြောင်းဆီလျော်သော သို့မဟုတ် ယုံကြည်ရလောက်သော အကြောင်းပြချက်မရှိသည့် Cancel ခြင်းမျိုးဖြစ်ပါက ထိုMerchant များကို KBZPay Market ရဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်း Cancel ခြင်းနဲ့ အခြားစည်ကမ်းချိုးဖောက်မှုများကို အရေးယူသွားမည်ဖြစ်သည်။

၇) ဤ Campaignအရ Customer များအား ပေးသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည်ဖြစ်စေ၊ စီစဉ်မထားဘဲ ဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင် ခြင်းတစ်ခုခုအတွက် KBZသည် Customer အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို Customerအနေဖြင့် သဘောတူပါသည်။

 ၈) Merchant ထံသို့ ကုန်ပစ္စည်းအား ပြန်လည်ပေးပို့ခြင်း၊ လိမ်လည်မှုကိစ္စနှင့် အရည်အချင်းမပြည့်မီသော ထုတ်ကုန်များနှင့် ပတ်သက်သည့် ပြဿနာများရှိပါက Customer မှ ပစ္စည်းများအား လက်ခံရရှိပြီးချိန်မှစ၍ ၄၈ နာရီအတွင်း KBZPay Market မှ တဆင့် Merchant များသို့တင်ပြရမည်ဖြစ်သည်။ Merchant သည် အမှန်တကယ် ပြန်လည်လဲလှယ်ပေးရန် လိုအပ်သော ကုန်ပစ္စည်းများ လဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းရန် ခြင်းများအားဆောင်ရွက်ပေးရမည်ဖြစ်ပြီး အ ငြင်းပွားမှုများဖြစ်ပေါ်လာပါက KBZPay Market ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

၉) ဤအစီအစဉ် ကာလအတွင်းသာလျှင် KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက် အသုံးပြုသော KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၁၀) KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည်မဟုတ်ပါ။

၁၁) ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂) ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၃) KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤအစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၄) KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့် ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင် သည်။

၁၅) KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၆) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ် ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇) KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၈) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

သင်္ကြန်ပိတ်ရက်မှာ KBZPay ကနေ ပြန်အမ်းငွေကျပ်သိန်း ၃၀၀ ကျော်ကို Group တွေဖွဲ့၊ ပွိုင့်တွေစုပြီး မျှဝေရယူနိုင်မည့် အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ “သင်္ကြန်ပိတ်ရက်မှာ KBZPay ကနေ ပြန်အမ်းငွေကျပ်သိန်း ၃၀၀ ကျော်ကို Group တွေဖွဲ့၊ ပွိုင့်တွေစုပြီး မျှဝေရယူနိုင်မည့် အစီအစဉ်” ကာလမှာ ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိဖြစ်ပါသည်။ 

၂။ KBZPay အသုံးပြုသူအဆင့်အားလုံး ဤအစီအစဉ်တွင်ပါဝင်နိုင်မှာဖြစ်ပြီး ကျပ်သိန်းပေါင်း ၃၀၀ ကျော်အထိ ပြန်အမ်းငွေများကို မျှဝေရယူနိုင်မည် ဖြစ်ပါသည်။ 

၃။ အစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူများသည် အောက်ဖော်ပြပါ လုပ်ဆောင်ချက်များကို ပြုလုပ်၍ ပွိုင့်များကို ရယူနိုင်မည်ဖြစ်ပြီး အဆိုပါပွိုင့်များကို အဖွဲ့လိုက်ဖြစ်စေ၊ တစ်ယောက်ချင်းစီဖြစ်စေ စုဆောင်း၍ ပွိုင့်ပေါင်း ၁၅၀၀ ပြည့်ပါက ပြန်အမ်းငွေများကို ကျပန်း ရယူနိုင်မည်ဖြစ်ပါသည်။ အောက်ပါလုပ်ဆောင်ချက်များအား အစီအစဉ်စာမျက်နှာထဲသို့ ဝင်ရောက်၍ လုပ်ဆောင်မှသာ ပွိုင့်များရယူနိုင်မည် ဖြစ်ပြီး အစီအစဉ်ကာလ ပြီးဆုံးသည်နှင့် ထိုပွိုင့်များသည်လည်း အလိုအလျောက်ပျက်ပြယ်သွားမည်ဖြစ်ပါသည်။ အစီအစဉ်စာမျက်နှာသို့ ဝင်ရောက်ပါက လက်ရှိ KBZPay အသုံးပြုသူများအနေဖြင့် ပွိုင့် ၁၀ ပွိုင့်အား တစ်ကြိမ် ရရှိမည်ဖြစ်ပြီး KBZPay အသုံးပြုသူအသစ်များအနေဖြင့် ပွိုင့် ၅၀ အား တစ်ကြိမ် ရယူနိုင်မည်ဖြစ်သည်။ 

  • KBZPay အသုံးမပြုသေးသူ မိတ်ဆွေသူငယ်ချင်းများအား KBZPay အသုံးပြုရန် အစီအစဉ်စာမျက်နှာ မှဖိတ်ခေါ်၍ KBZPay အကောင့်မှတ်ပုံတင်ခြင်း အောင်မြင်အောင်ပြုလုပ်ပါက တစ်ဉီးလျှင် ပွိုင့် ၅၀ ရယူနိုင်မည်ဖြစ်ပါသည်။ ထိုသို့ဖိတ်ခေါ်ခြင်းအား နေ့စဉ်အကန့်အသတ်မရှိ ဖိတ်ခေါ်နိုင်ပြီး အောင်မြင်စွာအကောင့်အသစ်ဖွင့်လှစ်နိုင်သူအရေအတွက်အလိုက် ပွိုင့်များထပ်တိုးရယူနိုင်မည်ဖြစ်ပါသည်။ 
  • အစီအစဉ်အကြောင်းအား သင့်မိတ်ဆွေသူငယ်ချင်းများထံ မျှဝေခြင်းဖြင့် ၅ ပွိုင့်အား တစ်နေ့လျှင် တစ်ကြိမ် ရယူနိုင်သည်။ 
  • အနည်းဆုံး ၂,၀၀၀ ကျပ်နှင့်အထက် နှစ်သက်ရာ လက်ဆောင်ကဒ်များ ဝယ်ယူခြင်း အတွက် တစ်ကြိမ်လျှင် ၁၀ ပွိုင့် နှုန်းဖြင့် တစ်နေ့လျှင် နှစ်ကြိမ်အထိ ပွိုင့်ရယူနိုင်ပါသည်။   
  • နှစ်သက်ရာ KBZPay Mini Game အား အနည်းဆုံး စက္ကန့် ၃၀ အထိရအောင် ကစားပြီး ၅ ပွိုင့်အား တစ်နေ့လျှင် တစ်ကြိမ်ရယူနိုင်ပါသည်။
  • KBZPay Market သို့ အစီအစဉ်စာမျက်နှာမှတဆင့် ဝင်ရောက်ပြီး မိမိနှစ်သက်ရာ ပစ္စည်းတစ်ခုအား wishlist (သို့) shopping cart ထဲသို့ထည့်၍ ၅ ပွိုင့်အား တစ်နေ့လျှင် တစ်ကြိမ် ရယူနိုင်သည်။ 
  • နှစ်သက်ရာ KBZPay အရောင်းကုန်ဆိုင်များတွင် အနည်းဆုံး ၂,၀၀၀ ကျပ်နှင့်အထက်ဈေးဝယ်ယူခြင်း အတွက် တစ်ကြိမ်လျှင် ၁၀ ပွိုင့် နှုန်းဖြင့် တစ်နေ့လျှင် နှစ်ကြိမ်အထိ ပွိုင့်ရယူနိုင်ပါသည်။ 
  • KBZPay အကောင့်လုံခြုံရေးဆိုင်ရာ မေးခွန်းများကို မှန်ကန်အောင်ဖြေဆိုပြီး ၅ ပွိုင့်အား တစ်နေ့လျှင် တစ်ကြိမ် ရယူနိုင်သည်။ 
  • အနည်းဆုံး ၂,၀၀၀ ကျပ်နှင့်အထက် ဖုန်းဘေလ်ဝယ်ယူခြင်း အတွက် တစ်ကြိမ်လျှင် ၁၀ ပွိုင့် နှုန်းဖြင့် တစ်နေ့လျှင် နှစ်ကြိမ်အထိ ပွိုင့်ရယူနိုင်ပါသည်။  

၄။ အဖွဲ့လိုက် ပွိုင့်များစုရာတွင် အဖွဲ့တစ်ဖွဲ့လျှင် အများဆုံးအဖွဲ့ဝင် ၈ ယောက်အထိပါဝင်နိုင်ပြီး ၃၆ နာရီအတွင်း ပွိုင့် ၁,၅၀၀ ပြည့်မှီအောင် စုနိုင်မှသာ ပြန်အမ်းငွေများအား ကျပန်း မျှဝေရယူနိုင်မည်ဖြစ်ပါသည်။ ပွိုင့် ၁,၅၀၀ ပြည့်မှီသော အဖွဲ့တွင် နောက်ထပ်အဖွဲ့ဝင်အသစ်များ ဝင်ရောက်၍ ရနိုင်တော့မည်မဟုတ်ပဲ အဖွဲ့ဝင်များအနေဖြင့် ပြန်အမ်းငွေကို ကျပန်း ရယူနိုင်မည်ဖြစ်ပါသည်။ 

၅။ ပြန်အမ်းငွေရယူရာတွင် ပွိုင့်များများစုဆောင်းထားပါက ပြန်အမ်းငွေများများရယူနိုင်မည့် အခွင့်အရေးရှိပါသည်။ ထိုအဖွဲ့အတွက် တစ်ယောက်ချင်းစီအလိုက် စုဆောင်းထားသော ပွိုင့်များကို ပြန်အမ်းငွေ ရယူပြီးပါက ထိုပွိုင့်အားလုံးကိုပြန်လည်နှုတ်ယူသွားမည်ဖြစ်ပါသည်။ အဖွဲ့သည် ပွိုင့် ၁,၅၀၀ ပြည့်မှီပါက “ပြန်အမ်းငွေရယူမည်” ဆိုသည့် ခလုတ်အား  အဖွဲ့ဝင် တယောက်ယောက်မှနှိပ်၍ ပြန်အမ်းငွေတွေရယူနိုင်မည်ဖြစ်ပြီး ခလုတ်မနှိပ်ပါကလဲ ၃၆ နာရီပြည့်ပါက ပြန်အမ်းငွေအား အဖွဲ့ဝင် တစ်ဦးချင်းစီအလိုက် အလိုအလျှောက် ကျပန်းထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။  

၆။ ၃၆ နာရီအတွင်း သတ်မှတ်ထားသော ပွိုင့် ၁,၅၀၀ အား ပြည့်မှီအောင် စုနိုင်ခြင်းမရှိပါက ပြန်အမ်းငွေများရယူနိုင်မည်မဟုတ်ပဲ အဖွဲ့သည် အလိုအလျောက်ပယ်ပျက်သွားမည်ဖြစ်ပြီး  မိမိတို့ စုထားသောပွိုင့်များအား ဆက်လက်ထိန်းသိမ်းထား၍ အခြားအဖွဲ့သို့အဖွဲ့ဝင်ခြင်း (သို့) ကိုယ်တိုင်ပွိုင့်ပြည့်မှီအောင် စုဆောင်းခြင်းများ ပြုလုပ်နိုင်ပါသည်။ အသုံးပြုသူတစ်ဦးလျှင် အဖွဲ့တစ်ဖွဲ့သာ ပြုလုပ် (သို့) ပါဝင်နိုင်မှာဖြစ်ပြီး သတ်မှတ်ထားသော ပွိုင့်ပြည့်၍ ပြန်အမ်းငွေရယူပြီးခြင်း (သို့) ၃၆ နာရီပြည့်၍ အဖွဲ့ပယ်ပျက်သွားခြင်း တို့မှသာ အခြားအဖွဲ့အား ဖွဲ့ခြင်း (သို့) ပါဝင်နိုင်မည် ဖြစ်ပါသည်။  

၇။ အဖွဲ့ဖြင့်မဟုတ်ပဲ သီးသန့်တစ်ဉီးချင်းဆီ ပွိုင့်စုသူများအတွက် အချိန်သတ်မှတ်ထားခြင်းမရှိပဲ      အစီအစဉ်ကာလအတွင်း သတ်မှတ်ထားသော ပွိုင့် ၁,၅၀၀ ပြည့်တိုင်း ကျပန်းပြန်အမ်းငွေများကို ရယူနိုင်မည်ဖြစ်ပါသည်။ ပြန်အမ်းငွေရယူပြီးပါက စုဆောင်းထားသော ပွိုင့် ၁,၅၀၀ အား တပါထဲ နှုတ်ယူသွားမည်ဖြစ်ပြီး နောက်ထပ်ပြန်အမ်းငွေများ ရယူရန်အတွက် အစီအစဉ်ကာလအတွင်း လုပ်ဆောင်ချက်များကိုပြုလုပ်ပြီး ပွိုင့်များကိုထပ်မံစုဆောင်းနိုင်ပါသည်။ ပွိုင့် ၁,၅၀၀ ပြည့်မှီပါက ပြန်အမ်းငွေရယူရန်အတွက် ကိုယ်တိုင်အဖွဲ့ဖွဲ့ခြင်း (သို့) အခြားအဖွဲ့များသို့ ဝင်ခြင်းပြုလုပ်မှသာ ပြန်အမ်းငွေကျပန်း ရယူနိုင်မည်ဖြစ်ပါသည်။ 

၈။ အစီအစဉ်တွင် ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။  

၉။ ဤအစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး အစီအစဉ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၁၀။ KBZ ဝန်ထမ်းများသည် ဤအစီအစဉ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၁၁။ ဤသင်္ကြန်ပိတ်ရက်မှာ KBZPay ကနေ ပြန်အမ်းငွေကျပ်သိန်း ၃၀၀ ကျော်ကို Group တွေဖွဲ့၊ ပွိုင့်တွေစုပြီး မျှဝေရယူနိုင်မည့်  အစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၃။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၅။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။
၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay Blue App မှတဆင့် 1875 Bay Din တွင် Baydin Service များ ဝယ်ယူပြီး ဆုကြေးငွေ အမြင့်ဆုံး 100,000 ကျပ်အထိ ရယူပါ အစီစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay Blue App မှတဆင့် 1875 Bay Din တွင် Baydin Service များ ဝယ်ယူပြီး ဆုကြေးငွေ အမြင့်ဆုံး 100,000 ကျပ်အထိ ရယူပါ ( ဆုကြေးငွေ စုစုပေါင်း ၁၀ သိန်းကျပ်ဖိုး) Campaign ကာလသည် ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့မှ  မေလ ၁ ရက်နေ့အထိ ဖြစ်ပါသည်။

၂။ KBZPay အသုံးပြုသူ Level 2 Customers များအားလုံးသည် KBZPay အက်ပလီကေးရှင်းမှတဆင့် 1875 Bay Din တွင် နှစ်သက်ရာ ဗေဒင်ဝန်ဆောင်မှုများ အား  transaction တစ်ကြောင်းလျှင် အနည်းဆုံးပမာဏ ၂၀၀၀ ကျပ်နှင့် အထက် ဝယ်ယူခြင်းဖြင့် Lucky Draw ဆုကြေးငွေ အမြင့်ဆုံး ငွေ 100,000 ကျပ်အထိ အား Campaign ကာလအတွင်း ကံစမ်းခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။ ဆုကြေးငွေ စုစုပေါင်း ၁၀ သိန်းကျပ်ဖိုး ကံစမ်းခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။

၃။ Lucky Draw ဆုကြေးငွေ အား ဤ Campaign အရ Lucky Draw ဆုကြေးငွေ ရရှိခွင့်ရှိသူများ၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

၄။ 1875 Bay Din မှ KBZPay ဖြင့် ဗေဒင်ဝန်ဆောင်မှုအား ဝယ်ယူထားသော Customerများ၏ KBZPay Level 2 Account Number များကို အခြေခံ၍ ကံထူးသူများကို 1875 Bay Din ၏ KBZPay Official Account တွင် တနင်္ဂနွေနေ့တိုင်း တစ်ပတ်အတွင်း ဝယ်ယူထားသော Customer များထဲမှ  Winner များအား ရွေးချယ်၍ Winner စာရင်းကို ကြေငြာပေးမည်ဖြစ်ပြီး တနင်္လာနေ့တိုင်းတွင် ကံထူးသည့် Winner များ၏ KBZPay  Account ထဲသို့ ၎င်းတို့ရရှိသည့် Lucky Draw ဆုကြေးငွေ ပမာဏအသီးသီးအား ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ (ပထမအပတ်တွင် ဝယ်ယူထားသူသည် ပထမအပတ်တွင်သာ ကံစမ်းခွင့်ရှိသည်။ နောက်တစ်ပတ်တွင် ထပ်မံကံစမ်းလိုပါက နောက်တစ်ပတ်တွင် ထပ်မံဝယ်ယူရပါမည်။) Lucky Draw ဆုကြေးငွေ ထည့်သွင်းပေးမည့် ရက်သည် အများပြည်သူ အလုပ်ပိတ်ရက်အတွင်း ကျရောက်ပါက သို့မဟုတ် ဘဏ်၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အခြားသောကိစ္စရပ်များရှိပါက ပြောင်းလဲမှုရှိနိုင်ပါသည်။

၅။ ဤ Campaign အား   KBZPay  အသုံးပြု၍ 1875 Baydin တွင် ဝယ်ယူသော KBZPay Customer များကို ပြန်အမ်းငွေ 100,000 ကျပ်အထိ ရရှိစေလိုသည့် ရည်ရွယ်ချက်အတွက်သာ ပြုလုပ်ခြင်း ဖြစ်ပြီး Customer မှ ဝယ်ယူပြီး service အား ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေတောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက 1875 Baydin နှင့် Customer တို့နှင့်သာသက်ဆိုင်မည်ဖြစ်သည်။

၆။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Level 2 Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၇။ KBZ  ဝန်ထမ်းများသည် ဤ Campaign တွင်ပါဝင်သူများအား ဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Account နှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၈။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၉။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၀။ KBZPay အနေဖြင့် တစ်စုံတစ်ရာ သောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၁။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့်  Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

 ၁၂။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၃။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၁၄။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၅။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိပါက မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay Blue App မှတဆင့် Flymya တွင် လေယာဉ်လက်မှတ် (သို့) ဟိုတယ်ဘိုကင် (သို့) ကားလက်မှတ်များ ဝယ်ယူပြီး ပြန်အမ်းငွေ ၄,၀၀၀ကျပ် ရယူပါအစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay Blue App မှတဆင့် Flymya တွင် လေယာဉ်လက်မှတ် (သို့) ဟိုတယ်ဘိုကင် (သို့) ကားလက်မှတ်များ ဝယ်ယူပြီး ပြန်အမ်းငွေ ၄,၀၀၀ကျပ် ရယူပါအစီအစဉ် ကာလသည် ၂၀၂၂ ခုနှစ် မတ်လ (၃၀) ရက်နေ့ မှ  ၂၀၂၂ ခုနှစ် မေလ (၁၃) ရက်နေ့ အထိဖြစ်ပါသည်။

၂။ ​KBZPay အသုံးပြုသူ Level 1, 1.5 နှင့် 2 Customers များအားလုံးသည် KBZPay အက်ပလီကေးရှင်းမှတဆင့် Flymya တွင် လေကြောင်းခရီးစဉ်လက်မှတ်များ (သို့) ဟိုတယ်ဘိုကင်များ (သို့) ကားလက်မှတ်များ အား  transaction တစ်ကြောင်းလျှင် အနည်းဆုံးပမာဏ ၃၀,၀၀၀ ကျပ်နှင့် အထက် ဝယ်ယူခြင်းဖြင့် ပြန်အမ်းငွေ ၄,၀၀၀ ကျပ်အား အစီအစဉ်ကာလအတွင်း ရယူနိုင်မည် ဖြစ်ပါသည်။ ၃၀,၀၀၀ကျပ်နှင့်အထက် မည်မျှကျသင့်စေကာမူ ပြန်အမ်းငွေ ၄,၀၀၀ ကျပ်ကိုသာလျှင် ပြန်လည်ထည့်သွင်းပေးမည်ဖြစ်သည်။

၃။ ပြန်အမ်းငွေအား ဤအစီအစဉ်အရ ပြန်အမ်းငွေရရှိခွင့်ရှိသူများ၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ 

၄။ ပြန်အမ်းငွေ ၄,၀၀၀ ကျပ်ကို အစီအစဉ်ကာလအတွင်း နှစ်ကြိမ်အထိသာ ရယူနိုင်မည်ဖြစ်သည်။

၅။ ဤအစီအစဉ်အား  KBZPay  အသုံးပြု၍ Flymya တွင် ဝယ်ယူသော KBZPay Customer များကို ပြန်အမ်းငွေ ၄,၀၀၀ ကျပ်ရရှိစေလိုသည့် ရည်ရွယ်ချက်အတွက်သာ ပြုလုပ်ခြင်း ဖြစ်ပြီး Customer မှ ဝယ်ယူပြီး လေကြောင်းခရီးစဉ်လက်မှတ်များ ၊ ဟိုတယ်ဘိုကင်များ နှင့် ကားလက်မှတ်များ အား နေ့ရက်နှင့်အချိန်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေတောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက Flymya နှင့် Customer တို့နှင့်သာသက်ဆိုင်မည်ဖြစ်သည်။ 

၆။ ဤအစီအစဉ် ကာလအတွင်းသာလျှင် KBZPay Level 1 , 1.5 နှင့် Level 2 Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၇။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၈။ အစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၉။ KBZPay Customer များ နှင့် KBZPay  တို့အကြားပေါ်ပေါက်သည့် အငြင်းပွားမှု တစ်စုံတစ်ရာ ရှိခဲ့လျှင် KBZ တစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၀။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊ ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှ ခံစားပိုင်ခွင့်မရှိပါ။

၁၁။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကို မျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိ သည်။

 ၁၂။  KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၃။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၄။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၅။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိပါက မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay Market Discount Sales အထူးလျှော့ဈေးအစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁) KBZPay Market Discount Sales အထူးလျှော့ဈေးအစီအစဉ်မှာ ပစ္စည်းများကို လျှော့ဈေးနဲ့ ဝယ်ယူနိုင်ပါပြီ။ 

၂) Campaign ၏ရည်ရွယ်ချက်မှာ KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက် အသုံးပြုသူသည့် KBZPay Customer များအတွက်ဖြစ်သည့်အတွက် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay အပ်ပလီကေးရှင်းအား 5.1 နှင့် အထက် ဗားရှင်းသို့ အဆင့်မြှင့်ထားရန်လိုအပ်ပါသည်။

၃) Customer များသည် KBZPay Application mini icon၊ KBZPay Home page banner၊ Facebook၊ KBZPay Market Official Account  (5.1 version နှင့်အထက် အသုံးပြုသူ သည့် KBZPay Customer များအတွက်) မှလည်းကောင်း ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။ 

၄) Customer များသည် KBZPay အပ်ပလီကေးရှင်း ရှိ KBZPay Market မှတဆင့်  အထူးလျှော့ဈေးအစီအစဉ်မှ ပစ္စည်းများကို ဝယ်ယူနိုင်မည်။ 

၅) KBZPay Market တွင်ရောင်းချသော ကုန်ပစ္စည်းများသည် Merchant များမှ ‌လျှော့ဈေးပေးထားသော Merchant များ၏ ကုန်ပစ္စည်းများဖြစ်သည်။ ‌ လျှော့ဈေးပေးထားသော ကုန်ပစ္စည်းများသည် အရေအတွက်ကန့်သတ်ချက်များရှိနိုင်ပါသဖြင့် Customer များမှ အမြန်ဝယ်ယူရန်လိုအပ်ပါသည်။ KBZPay မှ Customer ထံသို့ order အတည်ပြုချက်ပေးပို့ထားခြင်း မရှိသော Customer ၏ order များကို အောင်မြင်စွာ ဝယ်ယူထားသော order အဖြစ် သတ်မှတ်မည်မဟုတ်ဘဲ ထို order များကို Merchant ဖက်မှ အချိန်မရွေး Cancel ခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ ထို order များကို KBZPay မှလဲ Customer ထံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိမည်မဟုတ်ပါ။

၆) KBZPay Market သည် Merchant များမှ ၎င်းတို့၏ ကိုယ်ပိုင်စတိုးဆိုင်များကဲ့သို့ စီမံခန့်ခွဲနိုင်သည့်  Market Place ဖြစ်သည့်အတွက် Merchant များဘက်မှ Cancelသည့် ပစ္စည်းများကို KBZမှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် Merchant ဘက်မှ Cancel ခြင်းသည် ကျိုးကြောင်းဆီလျော်သော သို့မဟုတ် ယုံကြည်ရလောက်သော အကြောင်းပြချက်မရှိသည့် Cancel ခြင်းမျိုးဖြစ်ပါက ထိုMerchant များကို KBZPay Market ရဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်း Cancel ခြင်းနဲ့ အခြားစည်ကမ်းချိုးဖောက်မှုများကို အရေးယူသွားမည်ဖြစ်သည်။

၇) ဤ Campaignအရ Customer များအား ပေးသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည်ဖြစ်စေ၊ စီစဉ်မထားဘဲ ဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင် ခြင်းတစ်ခုခုအတွက် KBZသည် Customer အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို Customerအနေဖြင့် သဘောတူပါသည်။

 ၈) Merchant ထံသို့ ကုန်ပစ္စည်းအား ပြန်လည်ပေးပို့ခြင်း၊ လိမ်လည်မှုကိစ္စနှင့် အရည်အချင်းမပြည့်မီသော ထုတ်ကုန်များနှင့် ပတ်သက်သည့် ပြဿနာများရှိပါက Customer မှ ပစ္စည်းများအား လက်ခံရရှိပြီးချိန်မှစ၍ ၄၈ နာရီအတွင်း KBZPay Market မှ တဆင့် Merchant များသို့တင်ပြရမည်ဖြစ်သည်။ Merchant သည် အမှန်တကယ် ပြန်လည်လဲလှယ်ပေးရန် လိုအပ်သော ကုန်ပစ္စည်းများ လဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းရန် ခြင်းများအားဆောင်ရွက်ပေးရမည်ဖြစ်ပြီး အ ငြင်းပွားမှုများဖြစ်ပေါ်လာပါက KBZPay Market ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

၉) ဤအစီအစဉ် ကာလအတွင်းသာလျှင် KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက် အသုံးပြုသော KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၁၀) KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည်မဟုတ်ပါ။

၁၁) ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂) KBZPay Customer များနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZတစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၃) တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရ လည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှ ခံစားပိုင်ခွင့်မရှိပါ။

၁၄) KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင် အကြောင်းကြားမှုမျိုးကိုမျှမပြုလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၅) KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၆) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ် ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇) KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။၁၈) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

မည်သည့် MPU Card နဲ့မဆို KBZPay အကောင့်အားငွေဖြည့်ပြီး ဝန်ဆောင်ခ ၅၀% လျှော့စျေးရယူလိုက်ပါ အစီစဉ်၏ စည်ကမ်းသတ်မှတ်ချက်များ

၁။ “မည်သည့် MPU Card နဲ့မဆို KBZPay အကောင့်အားငွေဖြည့်ပြီး ဝန်ဆောင်ခ ၅၀% လျှော့စျေးရယူလိုက်ပါ” အစီအစဉ်ကာလသည် ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်နေ့ အထိဖြစ်ပါသည်။

၂။ KBZPay Level 2 အသုံးပြုသူများအားလုံး  ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိပါသည်။

၃။ အစီအစဉ်ကာလအတွင်း KBZPay Level 2 အသုံးပြုသူ Customer များသည် မည်သည့် MPU ကတ် ဖြင့်မဆို KBZPay အကောင့်ထဲသို့ လွှဲပြောင်းခ ၅၀% လျှော့စျေးဖြင့် ငွေဖြည့်သွင်းနိုင်မည်ဖြစ်ပါသည်။ 

၄။ ဤအစီအစဉ်ကာလအား သတ်မှတ်ထားသော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်စေ သို့မဟုတ် KBZPay မှ သတ်မှတ်ထားသည့် ကန့်သတ်ချက်ထက် ကျော်လွန်သည့်အခါမျိုးတွင်ဖြစ်စေ မည်သည့်အချိန်တွင်မဆို KBZPay Customer များအား ထပ်မံအကြောင်းကြားချက် တစ်စုံတစ်ရာမရှိဘဲ KBZ မှ  အစီအစဉ်ကာလအား ပြင်ဆင်ခြင်း သို့မဟုတ် အစီအစဉ်အား ရပ်စဲခြင်းများအား KBZ ၏ တစ်ဉီးတည်း ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

၅။ MPU မှ KBZPay အကောင့်ထဲသို့ ငွေဖြည့်သွင်းခြင်းအား တစ်နေ့လျှင် လုပ်ဆောင်မှု ၁၀ ကြိမ် အထိသာ ပြုလုပ်နိုင်မည်ဖြစ်ပြီး KBZPay မှ သတ်မှတ်ထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နိုင်မည်ဖြစ်သည် (အသေးစိတ်အား KBZPay အပ်ပလီကေးရှင်း၏ ကျွန်ုပ်၏ပရိုဖိုင်ရှိ ‘သတ်မှတ်ချက်နှင့် ဝန်ဆောင်ခများ’ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။) 

၆။ ငွေဖြည့်သွင်းရန်အတွက် မိမိ၏ MPU ကတ်အား e-commerce register ပြုလုပ်ထားရန်လိုအပ်ပါသည်။ 

၇။ ဤအစီအစဉ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူ Level 2 Customer များအနေဖြင့် MPU ကတ်မှ KBZPay အကောင့်ထဲသို့ လွှဲပြောင်းခအား ၅၀% လျှော့စျေးဖြင့် ငွေဖြည့်သွင်းခွင့်ရှိမည်ဖြစ်ပြီး အစီအစဉ် ကာလပြီးဆုံးသည်နှင့် တစ်ပြိုင်နက် KBZPay ၏ နဂိုမူလကောက်ခံမှုနှုန်းထားများအတိုင်းသာ ပြန်လည်ကောက်ခံသွားမည်ဖြစ်ပါသည်။

၈။ KBZPay ရဲ့ ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များကို ပိုမိုကျယ်ပြန့်စွာ သိရှိအသုံးပြုနိုင်ရန် KBZPay နောက်ဆုံးဗားရှင်းအား မြှင့်တင်ပြီး အသုံးပြုမှုအတွေ့အကြုံအသစ်များကို ရယူရန်တိုက်တွန်းပါသည်။ 

၉။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၁၀။ အစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay ကပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ KBZPay အသုံးပြုသူများနှင့် KBZPay တို့အကြား ဤအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါကKBZတစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၂။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊ ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၃။ KBZ သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် အစီအစဉ်အားရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများနှင့် သတ်မှတ်ချက်များအား ပြင်ဆင်ခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၄။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ၊ KBZ အနေဖြင့်ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

Customer များအား Top Up ပြုလုပ်ပေးပြီး ပြန်အမ်းငွေနှင့် အထူးဆုများစွာရယူလိုက်ပါ အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ Customer များအား Top Up ပြုလုပ်ပေးပြီး ပြန်အမ်းငွေနှင့် အထူးဆုများစွာရယူလိုက်ပါ Campaign ကာလသည် ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့ထိဖြစ်ပါသည်။ 

၂။  သက်ဆိုင်ရာ Merchants/ Agents များသည် KBZPay Red App မှတဆင့် Customers များအား အနည်းဆုံး ၃၀၀၀ ကျပ် မှ အများဆုံး ၃၀၀၀၀ ကျပ်အတွင်း ဖုန်းငွေဖြည့်ပေးပြီး မူလ ပြန်အမ်းငွေအပြင် ထပ်ဆောင်းပြန်အမ်းငွေ ၀.၅ % ကို ချက်ချင်းလက်ခံရရှိမည်ဖြစ်ပါသည်။ 

၃။   ဤ Campaign တွင်ပါဝင်နိုင်သော Merchants/Agents များမှာ Super Agent Retailer၊ Agent owners ၊ Agent Teller, Merchant Owner၊ Merchant Teller၊ Super Agent Retailer Owner၊ Super Agent Retailer Teller တို့ဖြစ်ပါသည်။ 

၄။ Customers အား Top Up ပြုလုပ်ပေးရာတွင် Campaign ကာလအတွင်း ငွေပမာဏအများဆုံး Top Up ပြုလုပ်ပေးခဲ့သော Merchants /Agents သုံးဦးအား Campaign ပြီးဆုံးသည့်နေ့ တွင် KBZPay Red App၏ Campaign pageတွင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ 

၅။ ဆုရရှိသည့် Merchants /Agents သုံးဦးသည် KBZPay ၏ အထူးဆုလက်ဆောင်များ ဖြစ်သော ၅၅ လက်မ Samsung TV (ပထမဆု)၊ IPhone 12 Pro Max (ဒုတိယဆု) နှင့် Samsung Tablet (တတိယဆု) တို့အား အသီးသီးရရှိမည်ဖြစ်ပြီး ဆုရရှိသူများအား  KBZPay မှ SMS ပေးပို့ဆက်သွယ်ပါမည်။ 

ဆုရရှိသူများသည် KBZPay Call Center Number 3211 သို့ဆက်သွယ်ကာ [email protected] သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် အဆိုပါ ရရှိထားသော SMS Screenshotနှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ထုတ်ယူနိုင်ပါသည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူများထံ ဆုအား ရုံးဖွင့်ရက် ၁၀ ရက်အတွင်း ပေးပို့သွားမည်ဖြစ်ပါသည်။ 

၆။ ဆုရရှိသူများမှ ထုတ်ယူပြီးသော ဆုများနှင့်ပတ်သတ်၍ ချို့ယွင်းမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၇။ ဆုရရှိသူများသည် ၎င်းတို့ရရှိသာဆုများအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေး အဖြစ်ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၈။ ဤ Campaign ကာလအတွင်းသာလျှင် Super Agent Retailer၊ Agent Owners ၊ Agent Teller, Merchant Owner၊ Merchant Teller ၊ Super Agent Retailer Owner၊ Super Agent Retailer Teller များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၉။ KBZဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။ 

၁၀။  Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay ကပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။ 

 ၁၁။  Agents/ Merchants နှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZPay တစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။ 

၁၂။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Merchants/Agents များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။ 

၁၃။  KBZ သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ဆုကြေးကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။ 

၁၄။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများ ကအစိုးရပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ ဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

ဘဏ်ခွဲများနှင့် KBZPay Center မှ ငွေသားထုတ်ယူရန် KBZPay Book Appointment မှ booking ရယူပါ

Branch တွင် ဘိုကင် ရယူနိုင်ရန်အတွက် လူကြီးမင်းတွင် အသုံးပြုလို့ရသည့် ငွေစုဘဏ်အပ်ငွေစာရင်းနံပါတ် (သို့) စာရင်းရှင်အပ်ငွေစာရင်း နံပါတ် (သို့) ခေါ်ယူအပ်ငွေစာရင်းနံပါတ် တစ်ခု ရှိရန် လိုအပ်ပါသည်။ KBZPay Center တွင် ဘိုကင်ရယူနိုင်ရန်အတွက် Level 1.5 နှင့် အထက်ရှိသော KBZPay Account ရှိရန် လိုအပ်ပါသည်။ 

KBZPay အတွင်းရှိ “Book Appointment” လုပ်ဆောင်ချက်အား ရွေးပြီး ငွေသားထုတ်ယူလိုသည့် အမျိုးအစား အား ရွေးချယ်ပါ။ ထို့နောက် မြို့နယ် ၊ ငွေသားသွားရောက်ထုတ်ယူလိုသည့် တည်နေရာ ၊ အချိန်အား ရွေးချယ်ပြီး “Book Now” အား နှိပ်ပါ။ 

ဘဏ်ခွဲများ အတွက် Booking အား တနင်္ဂနွေနေ့ မှ ကြာသပတေးနေ့  မနက် ၉ နာရီ မှ ည ၉ နာရီကြားအတွင်းတွင် ပြုလုပ်နိုင်ပါသည်။

KBZPay Center များမှ ငွေသား ထုတ်ယူနိုင်မည့် ဘိုကင် အား တနင်္ဂနွေနေ့ မှ သောကြာနေ့  မနက် ၉ နာရီ မှ ည ၉ နာရီကြားအတွင်းတွင် ပြုလုပ်နိုင်ပါသည်။

“Branch/KBZPay Center Booking” ၏ တိုကင်များအား ထို့နေ့ ည ၁၀ နာရီ တွင် ထုတ်ပေးသွားမည်ဖြစ်ပါသည်။ တိုကင်ရရှိသည့် Customer များကိုလည်း  SMS မှ တစ်ဆင့် အကြောင်းကြားသွားမည်ဖြစ်ပြီး  KBZPay အတွင်းသို့ ည ၁၀ နာရီ နောက်ပိုင်းတွင်လည်း ဝင်ရောက် ကြည့်ရှု စစ်ဆေးနိုင်ပါသည်။

“KBZPay Cash Out” မှ ငွေသားထုတ်ယူနိုင်မည့် တိုကင် ဖြင့် မြန်မာငွေကျပ် ၃၀၀,၀၀၀ အထိ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ “Individual Account Withdrawal (MMK/USD) မှ ငွေသား ထုတ်ယူနိုင်မည့် တိုကင်ဖြင့် မြန်မာငွေကျပ် ၅၀၀,၀၀၀ အထိ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ 

Branch Appointment အတွက် Booking အား တနင်္ဂနွေနေ့ မှ ကြာသပတေးနေ့  မနက် ၉ နာရီ မှ ည ၉ နာရီကြားအတွင်းတွင် ပြုလုပ်နိုင်ပါသည်။ KBZPay Center များမှ KBZPay Cash Out အတွက် Booking အား တနင်္ဂနွေနေ့ မှ သောကြာနေ့  မနက် ၉ နာရီ မှ ည ၉ နာရီကြားအတွင်းတွင် ပြုလုပ်နိုင်ပါသည်။ ငွေသားထုတ်ယူရန် booking ရရှိသော customer များသည် ငွေသားထုတ်ယူသည့် ရက်မှ ၇ ရက်အကြာတွင် ပြန်လည် booking တင်နိုင်မည်ဖြစ်ပါသည်။ အပါတ်စဉ် ငွေသားထုတ်ယူရန် booking ရရှိသော customer များသည် ငွေသားအား အပါတ်စဉ်ထုတ်ယူနိုင်မည့် အခွင့်အရေးရရှိမည် ဖြစ်ပါသည်။

တိုကင် ရရှိပြီးလျှင် customer များသည် သတ်မှတ်ထားသည့် Branch/KBZPay Center များတွင် သတ်မှတ်ထားသည့် နေ့ရက် ၊ အချိန် အတွင်း သွားရောက် ထုတ်ယူနိုင်ပါသည်။ လူကြီးမင်း ငွေသား ထုတ်ယူနိုင်မည့် နေ့ရက် ၊ အချိန် နှင့် နေရာ ကို KBZPay အတွင်းသို့ ထိုနေ့ ည ၁၀ နာရီ နောက်ပိုင်းတွင် ပြန်လည် ဝင်ရောက်ပြီး စစ်ဆေးနိုင်ပါသည်။ 

“KBZPay အကောင့်လုံခြုံရေးအတွက် သင်ဘာတွေသိထားပြီးပြီလဲ?” အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ “KBZPay အကောင့်လုံခြုံရေးအတွက် သင်ဘာတွေသိထားပြီးပြီလဲ?” Campaign ကာလသည် ၂၀၂၂ ခုနှစ် မတ်လ ၄ရက်နေ့ မှ ၁၇ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ “KBZPay အကောင့်လုံခြုံရေးအတွက် သင်ဘာတွေသိထားပြီးပြီလဲ?” Campaign ၏ရည်ရွယ်ချက်မှာ KBZPay အပ်ပလီကေးရှင်း 5.0 version နှင့်အထက် အသုံးပြုနေသည့် KBZPay Customerများ အတွက် KBZPay အကောင့်လုံခြုံရေးနှင့် ပတ်သက်သော မေးခွန်းများဖြေဆိုပြီး လျှော့စျေးကူပွန်များ ရယူနိုင်ရန်ဖြစ်ပါသည်။

၃။ Customer များသည် အစီအစဉ်တွင် ပါဝင်နိုင်ရန် Campaign page (သို့) KBZPay အပ်ပလီကေးရှင်း၏ ပင်မ စာမျက်နှာမှ Campaign Banner မှတစ်ဆင့်လည်းကောင်း ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။ 

၄။ Customer များသည် KBZPay အပ်ပလီကေးရှင်းရှိ Campaign Page မှတဆင့် သို့မဟုတ် အခြားသူများ၏ ရလဒ်များကိုနှိပ်၍ မေးခွန်း ၅ခုအား ဖြေဆိုရမည်ဖြစ်ပြီး ရလဒ်ကို KBZPay အပ်ပလီကေးရှင်း တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ ဖြေဆိုသူများသည် ရလဒ်များကို ကြည့်ရှုရန် မိမိမိုဘိုင်းဖုန်းတွင် KBZPay အပ်ပလီကေးရှင်း ရှိရမည်ဖြစ်ပါသည်။

၅။ Customer များသည် မေးခွန်းအားလုံးအား မှန်အောင်ဖြေဆိုနိုင်မှသာ လျှော့စျေးကူပွန်အား ရရှိနိုင်မည်ဖြစ်ပြီး အဖြေအားလုံးမမှန်မချင်း အကြိမ်ရေအကန့်အသတ်မရှိ ဖြေဆိုနိုင်ပါသည်။

၆။ Customer များသည်  မေးခွန်းအားလုံးအား မှန်ကန်အောင် ဖြေဆိုနိုင်ပြီး လျှော့စျေးကူပွန်အား တစ်ကြိမ်ရရှိပြီးပါက ထပ်မံရရှိတော့မည် မဟုတ်ပါ။ ကူပွန်သက်တမ်းမှာ ၇ရက်ဖြစ်ပါသည်။

၇။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ်ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customer များသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်အား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၆ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး ၇ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ 

၈။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည်မဟုတ်ပါ။

၉။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ KBZPay Customer များနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZတစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၁။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊ ဤစည်းကမ်းသတ်မှတ်ချက်များ အရ လည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၂။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အ ကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၃။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူ မည်ဖြစ်သည်။

KBZPay GOLD ACCOUNT – မေးလေ့မေးထရှိသော မေးခွန်းများ

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) သည် KBZPay အပ်လီကေးရှင်းမှတဆင့် customer များက ရွှေအရောင်းအဝယ်ကိုလွယ်ကူရိုးရှင်းစွာ ပြုလုပ်နိုင်မည့် KBZ ဘဏ်၏ product တစ်ခုဖြစ်ပါသည်။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) သည် digital product ဖြစ်သည့်အတွက် လက်ရှိတွင် ရွှေသားအနေဖြင့် ရရှိနိုင်မည်မဟုတ်ပါ။

KBZPay အပ်လီကေးရှင်းမှတဆင့် KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) feature ကိုအသုံးပြုပြီး ဒစ်ဂျစ်တယ်ရွှေကို ဝယ်ယူနိုင်ပါသည်။

မြန်မာပြည်တွင်းရှိ KBZPay အဆင့်၂ customer များသာ KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) ကိုဝယ်ယူနိုင်ပါသည်။

KBZPay အကောင့်အဆင့် ၁ (သို့) ၁.၅ customer များအနေဖြင့် အကောင့်အား အဆင့် ၂သို့ မြှင့်တင်ရန်လိုအပ်ပါသည်။

KBZ ဘဏ်အကောင့်ရှိရန်မလိုအပ်ပါ။ KBZPay အဆင့်၂ customer ဖြစ်ပါက KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) ကို ဝယ်ယူနိုင်ပါသည်။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) မှ ဝယ်ယူသော ဒစ်ဂျစ်တယ် ရွှေသည် ရွှေအစစ်ဖြစ်ပြီး ၂၄ကာရတ်ရွှေသားကို ဘဏ်တွင်လုံခြုံစွာထိန်းသိမ်းထားပါသည်။

မြန်မာပြည်တွင်းရှိ customer များသာ ဝယ်ယူနိုင်ပါသည်။

Customer များသည် မြန်မာနိုင်ငံတွင်းနေထိုင်သူဖြစ်ပြီး KBZPay အဆင့် ၂ အသုံးပြုသူများဖြစ်ပါက KBZPay တွင် ဒစ်ဂျစ်တယ်ရွှေကို အရောင်းအဝယ်ပြုလုပ်နိုင်ပါသည်။  အခြားသောအထောက်အထားများ မလိုအပ်ပါ။

အနည်းဆုံး ၁,၀၀၀ကျပ် ဖြင့် KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) တွင် ဒစ်ဂျစ်တယ်ရွှေအား စတင်ဝယ်ယူနိုင်ပါသည်။

ကမ္ဘောဇဘဏ်သည် စျေးကွက်အတွင်းယုံကြည်စိတ်ချရသော ရွှေလက်ကား

ရောင်းချသူများနှင့်ပူးပေါင်းပြီး သန့်စင်ပြီးအရည်အသွေးကောင်းမွန်သော ရွှေသားများကိုသာ ဝယ်ယူထိန်းသိန်းထားပါသည်။

လက်ဆောင်ပေးခြင်း feature ကို လတ်တလောတွင် အသုံးပြု၍မရနိုင်သေးပါ။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) တွင် ဒစ်ဂျစ်တယ်ရွှေ ကို ဘဏ်ဖွင့်ရက်များတွင်နံနက် ၉:၀၀ နာရီ မှညနေ ၃:၀၀ နာရီအတွင်းအရောင်းအဝယ်ပြုလုပ်နိုင်ပါသည်။

Customer များသည် ၀ယ်ယူပြီးတိုင်း ၂၄ နာရီပြန်လည်စောင့်ဆိုင်းရမည်ဖြစ်သည်။ ၂၄နာရီပြည့်ပြီးနောက်မှ ပြန်လည်ရောင်းချနိုင်ပါသည်။

သတ်မှတ်ထားသော နေ့စဉ်အများဆုံးပမာဏကို  မကျော်လွန်သရွေ့ အကန့်အသတ်မရှိပြုလုပ်နိုင်သည်။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) မှ ဒစ်ဂျစ်တယ်ရွှေအား တစ်ရက်လျှင် ၁၀၀,၀၀၀ ကျပ်အထိ အများဆုံးဝယ်ယူနိုင်ပါသည်။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) ကို KBZPay အဆင့်၂ရှိသော တစ်ဦးချင်း customer များသာအသုံးပြုနိုင်ပါသည်။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) တွင် ရင်းနှီးမြှုပ်နှံခြင်းသည် ၀ယ်သူများအတွက် ရွှေသားစစ်စစ်၀ယ်ခြင်း၊ သိုလှောင်ခြင်း၊ အရည်အသွေးအာမခံခြင်း စသောကိစ္စများမှ ကင်းဝေးစေပါသည်။ 

Customer များအတွက် စိတ်ပူပန်စရာမရှိသော ရင်းနှီးမြှုပ်နှံမှုအတွေ့အကြုံဖြစ်စေရန် customer များကိုယ်စား ရွှေဝယ်ယူခြင်း၊ အရည်အသွေးစစ်ဆေးခြင်းများပြုလုပ်ပြီး လုံခြုံသော vault ထဲတွင် သိမ်းဆည်းထားမည်ဖြစ်သည်။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) သည် KBZPay အပ်ပလီကေးရှင်းမှတဆင့် အသုံးပြုရသည့်အတွက် လုံခြုံမှုရှိပါသည်။ သင့်အနေဖြင့် ဗဟိုဘဏ်မှ တရားဝင်လုပ်ငန်းခွင့်ပြုချက် ပေးထားသော ကမ္ဘောဇဘဏ်၏ Digital e-ပိုက်ဆံအိတ်အတွင်းသို့ ငွေကြေးထည့်သွင်း၍ အသုံးပြုခြင်းအပြင် ဒီဂျစ်တယ်ရွှေကိုပါ အရောင်းအဝယ်လုပ်နိုင်မည်  ဖြစ်ပါသည်။ KBZPay သည် လက်ကိုင်အိတ် (သို့) ငွေသားခိုးယူခံရခြင်းနှင့် ပျောက်ဆုံးခြင်း ကဲ့သို့သော ကိစ္စများအတွက် ငွေကြေးဆုံးရှုံးမှုမရှိဘဲ ဘဏ်အကောင့်တစ်ခုကဲ့သို့ လုံခြုံမှုရှိနေပါမည်။ ကမ္ဘောဇဘဏ်သည် KBZPay e-ပိုက်ဆံအိတ် အတွက် လုံခြုံရေးအဆင့်ကို ဘဏ်အကောင့်များနှင့် အဆင့်တူသတ်မှတ်ထားသောကြောင့် လုံခြုံစိတ်ချရပါသည်။

KBZPay Appကို သင်တစ်ဦးတည်းသာသိသော လျှို့ဝှက်နံပါတ်ဖြင့် သုံးရသောကြောင့် သင်၏ဖုန်းပျောက်စေကာမူ သင်၏ e-ပိုက်ဆံအိတ် အတွင်းရှိ ငွေသားများနှင့် KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု)  ရှိ ဒီဂျစ်တယ်ရွှေများလုံခြုံပါသည်။

သင့်ငွေကြေးလုံခြုံစိတ်ချရန် ကူညီပေးနိုင်သောအချက်အလက်များ။

(1) သင်၏ မိုဘိုင်းဖုန်း လျှို့ဝှက်နံပါတ် နှင့် KBZPay ၏ လျှို့ဝှက်PINနံပါတ် ကိုမတူညီအောင် ထားပေးပါ။ မည်သူ့ကိုမျှ လျှို့ဝှက်PINနံပါတ် ကိုမပေးပါနဲ့။ ယခုကဲ့သို့ လိုက်နာဆောင်ရွက်ခြင်းအားဖြင့် သင်၏ ဖုန်း ခိုးယူခံရခြင်း ကြုံတွေ့စေကာမူ သင်၏ e-ပိုက်ဆံအိတ်ကို မည်သူမျှ အသုံးပြု၍ ရမည်မဟုတ်ပါ။

(2) သင့်အနေဖြင့် တစ်စုံတစ်ဦးမှ သင်၏ လျှို့ဝှက်PINနံပါတ် ကို သိရှိနိုင်သည်ဟု သံသယရှိသည်နှင့် လျှို့ဝှက်PINနံပါတ် ကိုချက်ချင်း ပြောင်းပါ။

(3) သင်၏ ငွေကြေးကဲ့သို့ပင် သင့်ကိုယ်ရေးအချက်အလက်များသည်လည်း ထပ်တူထပ်မျှ အရေးပါသည်။ သင်၏ အရေးကြီးသော စာရွက်စာတမ်းနှင့် ၎င်းတို့၏မိတ္ထူများကို မယုံကြည်ရသော လူများရှေ့တွင် လွယ်လင့်တကူ မထားသင့်ပါ။ မည်သည့် ကိုယ်ရေးအချက်အလက်ကိုမဆို လိုအပ်မှသာ ယုံကြည်ရသောသူများအား မျှဝေသင့်ပါသည်။

(4) မိမိ၏ လက်ကိုင်ဖုန်း ပျောက်ဆုံးပါက သင်၏ debit/credit ကတ် ပျောက်ဆုံးသကဲ့သို့ပင် ကမ္ဘောဇဘဏ်၏ ဆက်သွယ်ရေးစင်တာသို့ ချက်ချင်းဆက်သွယ် အကြောင်းကြားရန် လိုအပ်ပါသည်။(5) ကောလာဟလများကို မယုံကြည်ပါနှင့်။ မလိုလားအပ်သော လုပ်ဆောင်မှုများကို သံသယဖြစ်ဖွယ် တွေ့ရှိပါက ထိတ်လန့်ခြင်းမဖြစ်ပဲ ဘဏ်သို့ +၉၅ ၉၉ ၆၉၉၆ ၃၂၁၁ ကိုဆက်သွယ်ပါ။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) ရှိ ဒစ်ဂျစ်တယ်ရွှေသည် ၁၉.၂၆d နှင့် ၁၉.၂၈d ကြားသိပ်သည်းဆရှိပြီး ၉၉.၉% သန့်စင်သော ၂၄ကာရတ်ရွှေသား ဖြစ်ပါသည်။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု)  ကို ဈေးနှုန်းသက်သာစွာဖြင့်  အနည်းဆုံး ၁,၀၀၀ကျပ်မှစ၍ ဝယ်ယူနိုင်ပါသည်။

Customer များသည် KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) တွင် ဒီဂျစ်တယ်ရွှေကို ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူနိုင်ပါသည်။ ထို့ပြင်အရောင်းအ၀ယ်များသည် ဒစ်ဂျစ်တယ်ဖြစ်သည့်အတွက် ပွင့်လင်းမြင်သာပြီး အလွယ်တကူ စစ်ဆေးနိုင်ပါသည်။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) တွင် ဝယ်ယူပြီး ၂၄နာရီပြည့်လျှင် Customer များအဆင်ပြေသည့်အချိန်တွင် ပြန်လည်ရောင်းချနိုင်ပါသည်။ KBZPay Digital Gold-linked Investment မှတဆင့် ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချပြီး ရရှိသည့်ငွေပမာဏကို KBZPay ပိုက်ဆံအိတ်ထဲသို့ ထည့်သွင်းပေးမည်ဖြစ်ပါသည်။

KBZPay အပ်ပလီကေးရှင်းတွင် ၂၄နာရီ အချိန်မရွေး ဒီဂျစ်တယ်အကောင့်လုပ်ဆောင်ချက်ကို ပြန်လည်စစ်ဆေးနိုင်ပါသည်။

Rate freeze window သည် customer များ အရောင်းအဝယ်ပြုလုပ်ချိန်တွင် PIN နှင့် OTP တို့ထည့်ရန်အတွက် သတ်မှတ်ထားသော အချိန် ၅မိနစ် ဖြစ်ပါသည်။

PIN ကိုအောင်မြင်စွာဖြည့်သွင်းပြီးပါက ပယ်ဖျက်၍မရနိုင်ပါ။

KBZPay မှအရောင်းအဝယ်၏ ၀.၉% ကို ဝန်ဆောင်ခအဖြစ် ကောက်ခံမည်ဖြစ်ပါသည်။