“သီတင်းကျွတ်ဖယောင်းတိုင်လေးများစုကာ KBZPay ရဲ့မုန့်ဖိုးများရယူမျှဝေပါ” အစီအစဥ်စည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ

၁။         “သီတင်းကျွတ်ဖယောင်းတိုင်လေးများစုကာ KBZPay ရဲ့မုန့်ဖိုးများ ရယူမျှဝေပါ” အစီအစဥ်ကာလကို ၂၀၂၄ ခုနှစ်  အောက်တိုဘာလ (၁၅) ရက်နေ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့ အထိ      သတ်မှတ်ထား ပါသည်။

၂။ ဤ Campaign တွင်KBZPay အဆင့် ၂       နှင့် Youth Account အသုံးပြုသူများသာ       ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay  အဆင့် ၁      အသုံးပြုသူများသည် KBZPay အဆင့် ၂           သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်သည်။ဤ Campaign တွင် ပါဝင်သူများအနေဖြင့်       သီတင်းကျွတ် မုန့်ဖိုးအား ရယူရန် ဖယောင်းတိုင်များအား KBZPay Pocket Money အား ဖွင့်ဖောက်မည့်  နေ့ရက် မတိုင်မီ ကြိုတင်စုဆောင်းထားရန်      လိုအပ်ပါသည်။ 

၃။ Campaign ကာလအတွင်း Customer များသည် သီတင်းကျွတ် မုန့်ဖိုးအား ရယူရန် ဖယောင်းတိုင်များကို ကြိုတင်၍  စုဆောင်းထားရမည်ဖြစ်ပါသည်။ ဖယောင်းတိုင်များကိုကြိုတင်၍ စုဆောင်းပြီးပါက မိမိစုဆောင်းထားသော ဖယောင်းတိုင်အရေအတွက်ပေါ်မူတည်၍ မီးပုံးအမျိုးအစားသုံးမျိုးမှ တစ်မျိုးအား တစ်နေ့လျှင်တစ်ကြိမ်ရယူနိုင်မည်ဖြစ်သည်။ မီးပုံးအမျိုးအစားသုံးမျိုးမှာ စက္ကူမီးပုံး၊ ကြယ်မီးပုံးနှင့် မီးပုံးကြီးတို့ဖြစ်ပါသည်။

၄။ KBZPay Customerများအနေဖြင့်တစ်နေ့လျှင်တစ်ကြိမ်သာ မီးပုံးတစ်ပုံးကိုဖွင့် ၍မုန့်ဖိုးအားရယူနိုင်မည်ဖြစ်သည်။ မုန့်ဖိုးရယူနိုင်ရန်အတွက်systemမှအလိုအလျောက် အကြီးဆုံးမီးပုံးမှစတင်၍ နေ့စဉ် ဖွင့်ပေးသွားမည်ဖြစ်သည်။  

 ၅။     KBZPay Customer များအနေဖြင့် KBZPay မှ သတ်မှတ်ထားသည့် အောက်ဖော်ပြပါ လုပ်ဆောင်ချက်များကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်းဖြင့်ဖယောင်းတိုင်များစုဆောင်းနိုင်မှာဖြစ်ပါသည်။ဖယောင်းတိုင်များ စုဆောင်းရန်နှင့် သတ်မှတ်ထားသောပြန်အမ်းငွေအရေအတွက်နှင့်ကူပွန်များ ရရှိရန် KBZPay Customer များအနေဖြင့် အောက်ပါ အချက်များအား      လုပ်ဆောင်ရမည်      ဖြစ်ပါသည်။

 ၅၊၁။ KBZPay အသုံးပြုသူ Customerအသစ်များ   အားဖိတ်ခေါ်ခြင်းဖြစ်ပြီး စုစုပေါင်း (၈) ဦးအထိ ဖိတ်ခေါ်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ဖိတ်ခေါ်ခြင်း အတွက် ဖိတ်ခေါ်မည့်သူသည် သတ်မှတ် ထားသောပြန်အမ်းငွေအရေအတွက်ကို ရယူနိုင်မည်ဖြစ်ပြီး ဖိတ်ခေါ်ခံရသူသည် သတ်မှတ်ထားသော ပြန်အမ်းငွေအရေအတွက်နှင့်ကူပွန်များရယူနိုင်မည်ဖြစ်သည်။

၅၊၂။ ပါဝင်သူများအနေဖြင့် အချင်းချင်း ဆိုရှယ်မီဒီယာများမှ တစ်ဆင့် သူငယ်ချင်း ၊ မိတ်ဆွေများကြား ဖယောင်းတိုင်များ ဝေမျှ၊ လက်ခံ ရယူနိုင်မှာ ဖြစ်ပါတယ်။ ပါဝင်သူတစ်ဦးသည် ၁ ရက် လျှင်  သုံးကြိမ် မျှဝေပေးနိုင်မည်ဖြစ်ပြီး တစ်ကြိမ်လျှင် ဖယောင်းတိုင် ၅ ခုနှုန်းဖြင့် အသီးသီး ရယူနိုင်မည်ဖြစ်သည်။  

၅၊၃။ QR Code Payment ဖြင့် ၁၀,၀၀၀ ကျပ်နှင့်အထက် Merchant ဆိုင်များတွင် ငွေပေးချေခြင်း။            

၅၊၄။ MPT ဖုန်းနံပါတ်အား ၅၀၀၀ကျပ်ငွေဖြည့်ခြင်း။      

၅၊၅။ Gift Card အား ၁၀,၀၀၀ကျပ်နှင့်အထက်ငွေဖြည့်ခြင်း။      

၅၊၆။       မည်သည့်  Mini App ထဲသို့ မဆိုဝင်ရောက် ကြည့်ရှုလေ့လာခြင်း။      

           ၅၊၇။       KBZPay Market ထဲသို့ဝင်ရောက်လေ့လာခြင်း။      

           ၅၊၈။ Campaign စာမျက်နှာရှိ Official Account မှတဆင့် ဆောင်းပါးများကိုဖတ်ရှုပြီး Like လုပ်ခြင်း။      

၆။ ဤCampaign     တွင်ပါဝင်သူများအနေဖြင့်     အထက်ဖော်ပြပါ လုပ်ငန်းဆောင်တာများပြီးဆုံးအောင် လုပ်ဆောင်ပြီးနောက်ရရှိထားသော ဖယောင်းတိုင်ကတ်ကိုလှန်ကာ ဆုလက်ဆောင်များစုဆောင်းရန်ခလုတ်ကို နှိပ်မှသာ ကျပန်းဆုလက်ဆောင်များကိုရရှိနိုင်မည်ဖြစ်သည်။ပါဝင်သူများသည် ကူပွန်များကို ဆွတ်ခူးရန် အခွင့်အရေးရှိမည်ဖြစ်သည်။ ကံစမ်းနိုင်မည့် ကူပွန်များမှာ

  •  ၂၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  •  ၅၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  •  ၂၀၀ ကျပ်တန် ဘေလ်ပေးဆောင်ခြင်းကူပွန်
  •  ၅၀၀ ကျပ်တန် ဘေလ်ပေးဆောင်ခြင်းကူပွန်
  •  ၂၀၀  ကျပ်တန်  Gift Card ကူပွန်
  •  ၄၀၀ကျပ်တန် Gift Cardကူပွန်
  •  ၄၀၀၀ ကျပ်တန် KBZPay Market ကူပွန်
  • ၃၀ ကျပ်တန်ပြန်အမ်းငွေ
  • ၅၀ ကျပ်တန်ပြန်အမ်းငွေ
  • ကျေးဇူးတင်ပါတယ်

၇။  Customer မှ ရရှိလာသော ကူပွန်များကို “My Profile” အောက်ရှိ  “My Coupons” တွင်ပြန်လှည်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။  ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၇) ရက် ဖြစ်ပြီး ယင်း (၇) ရက်သက်တမ်း ကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင်တော့မည်မဟုတ်ပါ။

၈။ ၂၀၂၄ခုနှစ် အောက်တိုဘာလ  ၁၅ ရက်နေ့မှ      ၁၇  ရက် အတွင်း တွင် စုဆောင်းထားသော ဖယောင်းတိုင်များ ဖြင့် ၂၀၂၄ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ ည ၈ နာရီတွင်  စတင်ကာ မုန့်ဖိုးများ ဖွင့်ဖောက် ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ ၂၀၂၄ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်ပြီး ၂၀၂၄ခုနှစ် အောက်တိုဘာလ ၂၁  ရက်နေ့အထိ ည ၈ နာရီရောက်တိုင်း  Customer မှ စုဆောင်းထားသည့် ဖယောင်းတိုင်များဖြင့် မုန့်ဖိုးများဖွင့်ဖောက် ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ 

၉။  ဉီးရာလူစနစ်ဖြစ်သောကြောင့် Customer များသည် Campaign မစခင် KBZPay အကောင့်ထဲသို့ ကြိုတင်ဝင်ရောက်၍ မုန့်ဖိုးများကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။

KBZPay Customer မှရရှိထားသော ဖယောင်းတိုင်များဖြင့် မီးပုံးများဖွင့်ပြီး ပထမဖွင့်ဖောက်သည့် နေ့ရက်တွင်ပင်အသုံးပြုမည်ဆိုပါက နောက်ထပ်မုန့်ဖိုးဖွင့်ဖောက်မည့် နေ့ရက်များအတွက် ဖယောင်းတိုင်များ အား အစမှ ပြန်လည်စုဆောင်းရန်လိုအပ်ပါသည်။

၁၀။ KBZPay Customer များသည် သီတင်းကျွတ် မုန့်ဖိုးပမာဏ များများ ရရှိနိုင်ရန် မိမိ နှင့် ချစ်ခင်ရင်းနှီးရသော မိတ်ဆွေ၊ သူငယ်ချင်းများကို KBZPay အကောင့်ဖွင့်ရန် ပိုမိုဖိတ်ခေါ်နိုင်ပြီး ဖိတ်ခေါ်ခံရသူများမှ KBZPay အဆင့် ၂ အား အောင်မြင်စွာဖွင့်လှစ်နိုင်လျှင် Customer အနေဖြင့် ဖယောင်းတိုင်များအား ပိုမိုစုဆောင်းနိုင်မည်ဖြစ်သည်။  

၁၁။  ဤ Campaign တွင် ပေးအပ်သွားမည့် ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၇) ရက် ဖြစ်ပြီး သက်တမ်းကျော်လွန်သွားသော      ကူပွန်အား အသုံးပြုနိုင်တော့မည်မဟုတ်ပါ။ ကူပွန် ရရှိသူများသည် ၎င်းတို့ရရှိသောကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၁၂။ ဤ Campaign တွင်ပါဝင်ဆင်နွှဲရန် KBZPay အက်ပလီကေးရှင်းအား နောက်ဆုံးဗားရှင်းသို့ မြှင့်တင် ထားရန် လိုအပ်ပါသည်။

၁၃။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။  

၁၄။ ဤ Campaignကာလအတွင်း KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင်မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customer များသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၁၃  တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး (၇)ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။     

၁၅။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၆။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၇။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၈။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၉။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၂၀။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၂။   KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customer အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။
 ၂၃။     ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

KBZPay Market တွင် “10.10 Shopping Spree ” Campaign၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁) KBZPay Market တွင် “10.10 Shopping Spree” Campaign သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့  မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ  ၁၉ ရက်နေ့ အထိ သတ်မှတ်ထားပါသည်။ “10.10 Shopping Spree” Campaign တွင် ဝယ်ယူမှုတိုင်းအတွက် မြန်မာနိုင်ငံအနှံ့အပြားကို  ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။

၂) KBZPay Level 2 Customer များသာ ယခု Campaign တွင် ပါဝင်၍ ဝယ်ယူမှုများပြုလုပ်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 (သို့) Level 1.5 Customerများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ပါဝင်၍ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ဤ Campaign တွင် ပါဝင်လိုသည့် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay အပ်ပလီကေး ရှင်းအား 5.1 နှင့် အထက် ဗားရှင်းသို့ အဆင့်မြှင့်ထားရန်လိုအပ်ပါသည်။ 

၃) ဤ Campaign ၏ ရည်ရွယ်ချက်မှာ KBZPay အပ်ပလီကေးရှင်း 5.1 ဗားရှင်း နှင့်အထက် အသုံးပြုသည့် KBZPay Customer များမှ KBZPay Marketမှတဆင့် Merchant များထံတွင် ဝယ်ယူမှုများပြုလုပ်ပြီး KBZPay ဖြင့် ငွေပေးချေခြင်းအတွက် အထူးလျှော့စျေးများ ရရှိစေရန်နှင့် ပို့ဆောင်ခအခမဲ့ ခံစားခွင့်ရရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ 

၄) ဤ “10.10 Shopping Spree” Campaign တွင် ပါဝင်သော အစီအစဉ်များမှာ အောက်တိုဘာလ ၁၂ရက်နေ့ ၊  အောက်တိုဘာလ ၁၆ရက်နေ့ နှင့် အောက်တိုဘာလ ၁၉ ရက်နေ့ များတွင် ၃၈,၀၀၀ ကျပ်နှင့် အထက် ပထမဆုံးဝယ်ယူမှု ၂၀၀ အတွက်  ပို့ဆောင်ခလျှော့ဈေးအစီအစဥ် အပြင် Campaign ကာလအတွင်း Hottest Deals in Town အစီအစဥ် ပါဝင်သွားမည် ဖြစ်ပါသည်။ ပို့ဆောင်ခအခမဲ့ အစီအစဥ်များအတွက် အခမဲ့ပို့ဆောင်ပေးမည့် အများဆုံးပို့ဆောင်ခမှာ ၂,၀၀၀ ကျပ် (နှစ်ထောင်ကျပ်) အထိ သတ်မှတ်ထားပြီး ပို့ဆောင်ခ ၂,၀၀၀ ကျပ်အထက်ကို  ကျော်လွန်ပါက ကျော်လွန်နေသော ပို့ဆောင်ခပမာဏအား Customer ဘက်မှ ကျခံပေးချေရမည် ဖြစ်ပါသည်။  

၅) ဤ “10.10 Shopping Spree” Campaign တွင် Hottest Deals in Town အစီအစဉ်ကို ၂ ကြိမ်ပြုလုပ်ပါမည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ တွင် တစ်ကြိမ် နှင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ရက်နေ့  တွင် တစ်ကြိမ် ပြုလုပ်ပါမည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့  Hottest Deals in Town အစီအစဉ်သည် ည ၁၀ နာရီ မှ စတင် ဝယ်ယူနိုင်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ရက်နေ့ Hottest Deals in Town အစီအစဉ်သည်  ည ၈ နာရီမှ စတင်၍ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ Hottest Deals in Town အစီအစဉ်ရှိ ကူပွန်များသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက် ည ၁၀ နာရီမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက် ည ၁၀နာရီ အထိသာ အသုံးပြုခွင့်ရှိပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ရက်နေ့ Hottest Deals in Town အစီအစဉ်ရှိ ကူပွန်များသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ရက်နေ့  ည ၈ နာရီမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့ ည၈ နာရီ အထိသာ အသုံးပြုခွင့်ရှိပါသည်။ ပစ္စည်းတစ်ခုချင်းစီ၏ ကူပွန်ကုဒ်သည် လူတစ်ဦးလျှင် တစ်ကြိမ်သာ အသုံးပြု နိုင်မည်ဖြစ်ပါသည်။ ကူပွန်အရေအတွက်သည် အကန့်အသတ်ရှိပြီး လူတစ်ဦးလျှင် တစ်ကြိမ်ထက်ပိုပြီး အသုံးပြုခွင့်မရှိပါ။ 

၆) Customer မှ ရရှိသည့်ကူပွန်အား KBZPay Market ရှိ Merchant များထံမှ ဝယ်ယူပေးချေခြင်းတွင် ပြန်လည် အသုံးပြုနိုင်ပြီး ဝယ်ယူပေးချေသည့်ပမာဏသည် ကူပွန်ပမာဏထက်ပိုများရန် လိုအပ်ပါ သည်။

၇) Customer များသည် KBZPay Application mini icon၊ KBZPay Home page banner၊ KBZPay Facebook၊ Viber၊ KBZPay Market Official Account (5.1 version နှင့်အထက် အသုံးပြုသည့် KBZPay Customer များအတွက်) တို့မှတဆင့် “10.10 Shopping Spree” Campaign တွင် Merchant များ၏ဆိုင်များမှ ကုန်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်သည်။ 

၈) ဤ “10.10 Shopping Spree” Campaignတွင် ပါဝင်သော Merchant ဆိုင်များရှိ ကုန်ပစ္စည်းအရေအတွက် ရရှိနိုင်မှုသည် ကန့်သတ်ချက်များရှိနိုင်ပါသဖြင့် Customer များမှ အမြန်ဝယ်ယူရန်လိုအပ်ပါသည်။ KBZPay မှ Customer ထံသို့ order အတည်ပြုချက်ပေးပို့ထားခြင်း မရှိသော Customer ၏ order များကို အောင်မြင်စွာ ဝယ်ယူထားသော order အဖြစ် သတ်မှတ်မည်မဟုတ်ဘဲ ထို order များကို Merchant ဖက်မှ အချိန်မရွေး Cancel ခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ ထို order များကို KBZPay မှလည်း Customer ထံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိမည်မဟုတ်ပါ။

၉) KBZPay Market သည် Merchant များမှ ၎င်းတို့၏ ကိုယ်ပိုင်စတိုးဆိုင်များကဲ့သို့ စီမံခန့်ခွဲနိုင်သည့်  Market Place ဖြစ်သည့်အတွက် Merchant များဘက်မှ Cancel သည့် ပစ္စည်းများကို KBZမှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် Merchant ဘက်မှ Cancel ခြင်းသည် ကျိုးကြောင်းဆီလျော်သော သို့မဟုတ် ယုံကြည်ရလောက်သော အကြောင်းပြချက်မရှိသည့် Cancel ခြင်းမျိုးဖြစ်ပါက ထို Merchant များကို KBZPay Market ရဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်း Cancel ခြင်းနှင့် အခြားစည်းကမ်းချိုးဖောက်မှုများကို အရေးယူသွားမည်ဖြစ်သည်။

၁၀) ဤ Campaignအရ Customer များအား ပေးသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ နည်းပညာ ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင်ခြင်းတစ်ခုခုအတွက် KBZသည် Customer အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို Customerအနေဖြင့် သဘောတူပါသည်။

၁၁) Merchant ဆိုင်များရှိ “10.10 Shopping Spree” Campaignတွင် ပါဝင်သော ကုန်ပစ္စည်းအား သတ်မှတ်မြို့နယ်များမှ ဝယ်ယူသော Customer များ၏ ဝယ်ယူမှုများအတွက် သက်ဆိုင်ရာ နေရာသို့ပို့ဆောင်ရာတွင် သတ်မှတ်ထားသည့်ရက်အတွင်းပေးပို့နိုင်ရန်အတွက် KBZPay နှင့် Merchant များသည် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမည် ဖြစ်သော်လည်း KBZPay နှင့် Merchant များအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် သတ်မှတ်ရက် အတွင်းမပေးပို့နိုင်ခဲ့ပါက KBZPay နှင့် Merchant များတွင် မည်သည့်တာဝန်မျှမရှိပါ။ 

၁၂) KBZPay နှင့် Merchantများအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် အချိန်မှီပေးပို့နိုင်ခြင်းမရှိခဲ့သည့် ကုန်ပစ္စည်းများအား KBZPay နှင့် Merchant များသည် သင့်လျော်သည့် အချိန်တစ်ခုတွင် ဝယ်ယူထားသည့် Customer များထံသို့ ပြန်လည်ပို့ဆောင်ပိုင်ခွင့် သို့မဟုတ် ထိုပစ္စည်းအတွက် Customer အား ငွေပြန်အမ်းခြင်းတို့အား KBZPay နှင့် Merchantများ၏ ဆုံးဖြတ်ချက်တို့ဖြင့် ပြုလုပ်ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

၁၃) Customer မှ ဝယ်ယူထားသော ကုန်ပစ္စည်းအား Cancel ပြုလုပ်ခြင်း၊ Merchant ထံသို့ ကုန်ပစ္စည်းအား ပြန်လည်ပေးပို့ခြင်း၊ လိမ်လည်မှုကိစ္စနှင့် အရည်အချင်းမပြည့်မီသော ထုတ်ကုန်များနှင့် ပတ်သက်သည့် ပြဿနာများရှိပါက Customer မှ ပစ္စည်းများအား လက်ခံရရှိပြီးချိန်မှစ၍ ၄၈ နာရီအတွင်း KBZPay Market မှ တဆင့် Merchant များသို့တင်ပြရမည်ဖြစ်သည်။ Merchant သည် အမှန်တကယ် ပြန်လည်လဲလှယ်ပေးရန် လိုအပ်သော ကုန်ပစ္စည်းများ လဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းရန်ခြင်းများအားဆောင်ရွက်ပေးရမည်ဖြစ်ပြီး အငြင်းပွားမှုများဖြစ်ပေါ်လာပါက KBZPay Market၏  ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

၁၄) ဤ Campaign ကာလအတွင်းသာလျှင် KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက် အသုံးပြုသော KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ရပ်စဲသည် သို့မဟုတ် ပြီးဆုံးသွားသည် နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။  

၁၅) KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည်မဟုတ်ပါ။

“ရင်ခုန်စရာများပြည့် KBZPAY 6 နှစ်ပြည့် မွေးနေ့ ” အစီအစဉ် စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များ 

၁။ KBZPay သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၈) ရက်နေ့ မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့ အထိအား “ရင်ခုန်စရာများပြည့် KBZPAY 6 နှစ်ပြည့် မွေးနေ့” အစီအစဉ်ကာလအဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 , Level 2 and Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ဤအစီအစဥ် တွင်ပါဝင်လိုသည့် KBZPay အသုံးပြုသူများအနေဖြင့် KBZPay အပ်ပလီကေး ရှင်းအား ၅.၅.၀ နှင့် အထက် ဗားရှင်းသို့ မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay အသုံးပြုသူများကို ကျေးဇူးပြန်လည်တုံ့ပြန်သော  အနေဖြင့် KBZPay ရဲ့ ၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆုလက်ဆောင်များပေးခြင်းဖြစ်ပါသည်။

၄။ ဆုလက်ဆောင် အခွင့်အရေး ရယူရန်အတွက်ငွေပေးချေမှုတစ်ကြောင်းလျှင် အနည်းဆုံး ပမာဏ သတ်မှတ်ထားခြင်းမရှိပါ။ KBZPay အသုံးပြုသူတစ်ယောက်သည် သတ်မှတ်ထားသော တာဝန်(၁)ခုကို ပြီးဆုံးအောင်ပြုလုပ်နိုင်ပါက ဆုလက်ဆောင်ကံစမ်းနိုင်မည့်အခွင့်အရေးရှိမည်ဖြစ်ပါသည်။ အသုံးပြုသူ တစ်ယောက်  သည် ဤအစီအစဉ်ကာလအတွင်း ဆုလက်ဆောင်ကံစမ်းခွင့် (၁)ကြိမ်သာ ရရှိမည်ဖြစ်ပါသည်။ ရရှိနိုင်သော ဆုလက်ဆောင်များမှာ ပြန်အမ်းငွေများ၊ KBZPay Market ကူပွန်၊ ဖုန်းဘေလ်ဖြည့်ခြင်း ကူပွန်၊ ဘေလ်ဆောင်ခြင်း ကူပွန်များနှင့် လက်ဆောင်ကတ် ကူပွန်ကျေးဇူးတင်ပါသည်တို့ ဖြစ်ပါသည်။

၅။ ဤအစီအစဥ်မှ လက်ဆောင်ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူများ၏  KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပြီး မှတ်တမ်းတွင် ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ပြန်အမ်းငွေများအား ထည့်သွင်းပေးမည့် အချိန်သည် KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။ 

၆။ ဤအစီအစဥ်မှ လက်ဆောင်ရရှိသော KBZPay Market ကူပွန်၊ ဖုန်းဘေလ်ဖြည့်ခြင်း ကူပွန်၊ လက်ဆောင်ကတ်ကူပွန် ၊ဘေလ်ဆောင်ခြင်း ကူပွန်များကို ကူပွန်ပမာဏထက် ၁ ကျပ်ကျော်လွန်သော ငွေပေးချေမှုများတွင် အသုံးပြုနိုင်မည် ဖြစ်ပါသည်။မိမိရရှိထားသော ကူပွန်အား KBZPay ရှိ ကူပွန်များနေရာတွင် သွားရောက်ရယူ နိုင်မည်ဖြစ်ပါသည်။ ကူပွန်တစ်ခု၏ သက်တမ်းမှာ စတင်ရရှိသည့်ရက်မှ (၇)ရက်အထိ ဖြစ်ပါသည်။ ဤအစီအစဥ်ကာလ ကုန်ဆုံးပြီးနောက်တွင် ဤစည်းကမ်းသတ်မှတ်ချက်ပါ ကူပွန်များကို အသုံးပြုသူများ အနေဖြင့် ကူပွန်သက်တမ်းကျန်ရှိသည့်အတိုင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။

၇။ ဤ အစီအစဥ် ကာလအတွင်းသာလျှင်KBZPay အပ်ပလီကေးရှင်း ၅.၅.၀ version နှင့်အထက် အသုံးပြုသော KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ပြီးကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ အစီအစဥ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် အစီအစဥ် ကာလပြီးဆုံးသော်လည်း အပိုဒ် (၆)တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၈။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အထူးဆု (၆၀၀,၀၀၀)ကျပ်များမှ အပ ကျန်ရှိသော ဆုလက်ဆောင်များကိုရရှိရန်အတွက် ပါဝင်ခွင့်ရှိမည်ဖြစ်သည်။

၁၀။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၁။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။

၁၂။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၃။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၄။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၅။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ အကျုံးဝင်စေရမည်။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“ ဖက်ရှင်ထိမိ စတိုင်ငြိဖို့ KBZPay နဲ့ ရှင်းမယ်”

၁။ KBZPay သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့ မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ အထိကို “ဖက်ရှင်ထိမိ စတိုင်ငြိဖို့ KBZPay နဲ့ ငွေရှင်းစို့”” အစီအစဉ်ကာလအဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay အသုံးပြုသူအားလုံး ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဤအစီအစဥ် တွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၅.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay အသုံးပြုသူများ အားလုံး ဤအစီအစဉ် ကာလအတွင်း KBZPay ၏ မိတ်ဖက်ဆိုင်များဖြစ် သော MK Fashion၊ American Collection၊ Giordano၊ UUBuy Myanmar နှင့် Virgo Fashion တို့တွင် ၅၀,၀၀၀ ကျပ်နှင့်အထက်ဝယ်ယူရန်လိုအပ်ပြီး ထိုမိတ်ဖက်ဆိုင်များ၏ KBZPay QR Code (သို့) ငွေပေးချေမည့် KBZPay အသုံးပြုသူ၏ KBZPay QR Code ကို scanဖတ်၍ ငွေပေးချေခြင်း (သို့) Own Scan (Micro Pay)အသုံးပြုကာ KBZPayနှင့်ငွေပေးချေပါက ၃၀၀,၀၀၀ ကျပ် (၁)ဆု၊ ၂၀၀,၀၀၀ ကျပ် (၁)ဆု၊ ၁၀၀,၀၀၀ ကျပ် (၁)ဆု၊ ၅၀,၀၀၀ ကျပ် (၅)ဆု စသည့်တို့ကိုကံစမ်းခွင့်ရရှိစေလိုသည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။ 

၄။ ဆုငွေကံထူးရှင်များကို ကျပန်းစနစ်ဖြင့် ရွေးချယ်ပေးမည်ဖြစ်ပြီး ဤအစီအစဥ်အတွက် ကံထူးရှင်(၁) ဦးလျှင်  ဆု(၁)ဆုသာခံစားခွင့်ရရှိမည်ဖြစ်ပါသည်။ ဆုငွေကံထူးရှင်များကို ဤအစီအစဥ်ကာလ ပြီးသည့်နောက် တစ်(၁)ပတ်အတွင်း ကမ္ဘောဇဘဏ်၏ Official Facebook Page နှင့် Official Viber Channel များတွင်ရွေးချယ်ကြေညာပေးမည်ဖြစ်ပါသည်။

၅။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay ကံထူးသူများ၏  KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ဆုငွေများအား KBZPay ကံထူးသူ များထံသို့ ကံထူးရှင်ရွေးချယ်ကြေညာပြီးသည့် အချိန်မှစ၍ (၂)ပတ်အတွင်း ထည့်သွင်းပေးသွားမည် ဖြစ်သော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများ အား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။  

၆။ ဆုငွေကံထူးရှင်များကို KBZPay ၏ Official Facebook Page နှင့် Official Viber Channel များတွင်ကြေညာပေးရန်အလို့ငှာ  ဆုငွေကံထူးရှင်များ၏ အမည် နှင့် အပြည့်အစုံမဟုတ်သော မိုဘိုင်းဖုန်းနံပါတ်များကို ကမ္ဘောဇဘဏ်မှ အသုံးပြုနိုင်သည်ကို ဆုငွေကံထူးရှင်များမှ သိရှိပြီး သဘောတူ ပါသည်။

၇။ ဤအစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၈။ ဤအစီအစဥ်တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၃။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် KBZPay မိတ်ဖက်ဆိုင်များ ဆိုင်များ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“ERKE မှာKBZPay နဲ့ဝယ် အထာကျကျလန်းမယ် ” အစီအစဥ် စည်းမျဉ်းစည်းကမ်း  သတ်မှတ်ချက်များ

၁။ “ERKE မှာ KBZPay နဲ့ဝယ် အထာကျကျလန်းမယ် ” အစီအစဥ်ကာလကို ၂၀၂၄ ခုနှစ်  စက်တင်ဘာလ (၂၂ ) ရက်နေ့မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့ အထိ      သတ်မှတ်ထား ပါသည်။

၂။ KBZPay Level 2 နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤအစီအစဥ် ၏ရည်ရွယ်ချက်မှာ KBZPay Level 2 အသုံးပြုသူများ နှင့် Youth Account အသုံးပြုသူများ အားလုံး    ERKE  ဆိုင်များတွင်ဝယ်ယူပြီး ERKEအရောင်းဆိုင်၏ KBZPay QR (သို့ ) မိမိ၏ KBZPay QR ကို scan ဖတ်ပြီး (သို့) Own Scan (Micro Pay)အသုံးပြုကာ စုစုပေါင်းငွေကျပ် ၂၀၀,၀၀၀ ကျပ် နှင့် အထက် KBZPay နှင့် အောင်မြင်စွာ ပေးချေခြင်းဖြင့်  ပြန်အမ်းငွေများ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ငွေပေးချေမှုတစ်ကြောင်းသည် စုစုပေါင်းငွေကျပ် ၂၀၀,၀၀၀  ကျပ် နှင့် အထက် ဝယ်ယူရန်လိုအပ်ပြီး ERKE အရောင်းဆိုင်များ     ၏ KBZPay QR Code (သို့ ) မိမိ၏ KBZPay QR Code ကို scanဖတ်၍ ငွေပေးချေခြင်း (သို့) Own Scan (Micro Pay)အသုံးပြုကာ KBZPayနှင့်ငွေပေးချေပါက ၂၀,၀၀၀ ကျပ်ပြန်အမ်းငွေ ပြန်လည် ရရှိမည်ဖြစ်သည်။ 

၅။ ဤ အစီအစဥ် တွင်ပါဝင်သူများသည် KBZPay Account တစ်ခုဖြင့် အစီအစဥ် ကာလ အတွင်း တစ်ရက်လျှင် တစ်ကြိမ်သာ ပါဝင်နိုင်ပါသည်။ သတ်မှတ်ချက်နှင့် ပြည့်မှီသည့်ဝယ်ယူပေးချေမှုများ အတွက် နေ့စဥ် ပြန်အမ်းငွေ  အကြိမ် ၆၀ အထိ သတ်မှတ်ထားပါသည်။ KBZPay အသုံးပြုသူမှ ရရှိထားသော ပြန်အမ်းငွေများကို ၎င်းတို့၏ KBZPay wallet များထဲသို့     တိုက်ရိုက် ထည့်သွင်းပေး သွားမည်ဖြစ်ပြီး ၎င်းတို့၏ KBZPay ရှိ မှတ်တမ်းတွင် ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်သည်။ တစ်နေ့တာအတွက် ပြန်အမ်းငွေပေးမည့်  အကြိမ်အရေအတွက် ကန့်သတ်ချက်ရှိသောကြောင့် ကန့်သတ်ချက် ကျော်လွန်ပြီးနောက် ဝယ်ယူပေးချေမှုပြုလုပ်သည့် KBZPay အသုံးပြုသူများအနေဖြင့်  ပြန်အမ်းငွေ ရရှိနိုင်မည်မဟုတ်ပါ။

၆။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay wallet များထဲသို့ တိုက်ရိုက် ထည့်သွင်းပေးမည် ဖြစ်သော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများ အား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၇။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၈။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၃။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် ERKEဆိုင်များ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“KEB Hana နှင့် K PLUS မှ ပြည်ပငွေလွှဲလက်ခံရင်း ငွေသားဆုများကံထူးနိုင်မည့် အထူးအစီအစဉ်” Campaign နှင့်သက်ဆိုင်သောစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

၁။ ဤ Campaign (KEB Hana နှင့် K PLUS မှ ပြည်ပငွေလွှဲလက်ခံရင်း ငွေသားဆုများ ကံထူးနိုင်မည့် အထူးအစီအစဉ်) သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၉) ရက် မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့ အထိကြာမြင့်မည် ဖြစ်ပါသည်။ (ငွေလွှဲပေးပို့သည့် ရက်စွဲနှင့် ငွေလွှဲလက်ခံသည့် ရက်စွဲ နှစ်ခုစလုံးသည် ဤ Campaign ကာလအတွင်း အကျုံးဝင်ရမည်။)

၂။ ဤ Campaign ၏ ရည်ရွယ်ချက်မှာ KEB Hana နှင့် K PLUS  သုံးစွဲသူ ကမ္ဘောဇဘဏ် Customer များကို  ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် ငွေသားဆုများကံစမ်းနိုင်မည့် အခွင့်အရေးရရှိနိုင်ရန် ပြုလုပ်ပေးခြင်း  ဖြစ်ပါသည်။ 

၃။ Campaign ကာလအတွင်း ကမ္ဘောဇဘဏ်တွင် KEB Hana မှ လွှဲပို့ငွေ (၃၀၀,၀၀၀) ကျပ် နှင့် K PLUS မှ လွှဲပို့ငွေ (၁၅၀,၀၀၀) ကျပ် နှင့်အထက် လက်ခံရရှိသူများသည် ဆုကံထူးခွင့် တစ်ကြိမ်စီ ရရှိ၍ ဤ Campaign တွင်ပါဝင်နိုင်မည်ဖြစ်ပါသည်။ ငွေလွှဲအကြိမ်အရေအတွက် မည်မျှရှိစေကာမူ ငွေလွှဲလက်ခံသူတစ်ဦးလျှင် (၁၄) ရက်တာကာလတစ်ခုအတွင်း ကံစမ်းခွင့် တစ်ကြိမ်သာ အကျုံးဝင်မည် ဖြစ်ပါသည်။ ဤ Campaign တွင် ပါဝင်သော ဆုလက်‌ဆောင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

ဆုများအရေအတွက်KEB Hana(တစ်ကြိမ်)အရေအတွက်K PLUS(တစ်ကြိမ်)စုစုပေါင်း အရေအတွက်(၄ကြိမ်)KEB Hana + K PLUSအစီအစဉ်
ငွေသားဆု 100,000 MMK၁၆Campaign ကာလအတွင်း (၁၄) ရက်ပြည့်တိုင်း တစ်ကြိမ်မဲနှိုက်ရွေးချယ်ရန်
ငွေသားဆု 50,000 MMK၂၄
ငွေသားဆု 30,000 MMK၄၀
ငွေသားဆု 15,000 MMK၁၀၁၀၈၀
စုစုပေါင်း၂၀၂၀၁၆၀

၄။ ဤ Campaign ကာလအတွင်း (၁၄) ရက်ပြည့်သည့်အခါတိုင်း တစ်ကြိမ်  အထက်ဖော်ပြပါ KEB Hana နှင့် K PLUS ငွေလွှဲများအတွက် ဆုလက်ဆောင် ကံထူးသူ (၄၀) ဦးကို ကျပန်းစနစ် Random Picker ဖြင့်  ရွေးချယ်သွားမည်ဖြစ်ပြီး  ကံထူးသူများကို  အပြာရောင်အမှန်ခြစ်ပါသော KBZ Bank Social Media Channel မှတစ်ဆင့် ကြေညာပေးသွားမည် ဖြစ်ပါသည်။ ကံထူးသူများထံသို့ ကမ္ဘောဇဘဏ်မှ SMS ပေးပို့၍လည်း ဆက်သွယ်မည်ဖြစ်ပါသည်။ ကံထူးသူများအား Social Media များနှင့် Website များတွင် ကြေညာရန်အလို့ငှာ  ကံထူးသူများ၏ အမည်နှင့်  ဖုန်းနံပါတ် (ဖုန်းနံပါတ် အပြည့်အစုံမဟုတ်ပါ) ကို ကမ္ဘောဇဘဏ်မှ အသုံးပြုနိုင်သည်ကို ကံထူးသူများမှ သိရှိပြီး သဘောတူပါသည်။ 

၅။ ငွေသားဆုများကို ကံထူးရှင်များ၏ သက်ဆိုင်ရာ KBZ Bank Account သို့မဟုတ် KBZPay Account များထံသို့ ကံထူးရှင်ကြေညာပြီး (၁) ရက်အတွင်း ထည့်သွင်းပေးသွားပါမည်။ ငွေသားဆုများအား ထည့်သွင်းပေးမည့်အချိန် ဖော်ပြထားသော်လည်း ကမ္ဘောဇဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ငွေသားဆုများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၆။ ကမ္ဘောဇဘဏ်  ဝန်ထမ်းများသည် ဤ Campaign တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN နှင့် KBZ Bank Account အချက်အလက်များနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက် အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၇။ ဤ Campaign ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ်  Customer များအနေဖြင့် ဤစည်းမျဥ်း စည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၈။ ဤ Campaign တွင် ကမ္ဘောဇဘဏ်၏ ဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။

၉။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤ Campaign နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် ၏ Customer များနှင့် ကမ္ဘောဇဘဏ်  တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်  ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ Customer၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၁။ ကမ္ဘောဇဘဏ် သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့် ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၂။ ကမ္ဘောဇဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် ကမ္ဘောဇဘဏ် ၏ Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၃။ ကမ္ဘောဇဘဏ် နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု(International Remittance) ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။ 

၁၄။ ဤစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ် ဖွင့်ဆိုရမည်။

၁၅။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်  အနေဖြင့်  ထိန်းချုပ်၍ မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှု ကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲ ခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ကမ္ဘောဇဘဏ် မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ကမ္ဘောဇဘဏ်  မှပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ်  အနေဖြင့် ကမ္ဘောဇဘဏ်  Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာ ဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။ 

၁၇။ ဤ Campaign နှင့် ပက်သက်၍ ပိုမိုသိရှိလိုပါက KBZ Bank Call Center ဖုန်းနံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

KBZPay Market တွင် “9.9 Super Sale” Campaign၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁) KBZPay Market တွင် “9.9 Super Sale” Campaign သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့  မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ အထိ ဖြစ်ပါသည်။ “9.9 Super Sale” Campaign တွင် ဝယ်ယူမှုတိုင်းအတွက် မြန်မာနိုင်ငံအနှံ့အပြားကို  ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။

၂) KBZPay Level 2 Customer များသာ ယခု Campaign တွင် ပါဝင်၍ ဝယ်ယူမှုများပြုလုပ်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 (သို့) Level 1.5 Customerများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ပါဝင်၍ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ဤ Campaign တွင် ပါဝင်လိုသည့် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay အပ်ပလီကေး ရှင်းအား 5.1 နှင့် အထက် ဗားရှင်းသို့ အဆင့်မြှင့်ထားရန်လိုအပ်ပါသည်။

၃) ဤ Campaign ၏ ရည်ရွယ်ချက်မှာ KBZPay အပ်ပလီကေးရှင်း 5.1 ဗားရှင်း နှင့်အထက် အသုံးပြုသည့် KBZPay Customer များမှ KBZPay Marketမှတဆင့် Merchant များထံတွင် ဝယ်ယူမှုများပြုလုပ်ပြီး KBZPay ဖြင့် ငွေပေးချေခြင်းအတွက် အထူးလျှော့စျေးများ ရရှိစေရန်နှင့် ပို့ဆောင်ခအခမဲ့ ခံစားခွင့်ရရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။

၄) ဤ “9.9 Super Sale” Campaign တွင် ပါဝင်သော အစီအစဉ်များမှာ စက်တင်ဘာလ ၁၁ ရက်နေ့ ၊   စက်တင်ဘာလ ၁၅ ရက်နေ့ နှင့် စက်တင်ဘာလ ၁၈ ရက်နေ့ များတွင် ပထမဆုံး ၃၈,၀၀၀ ကျပ်နှင့် အထက် ဝယ်ယူမှု ၂၀၀ အတွက်  ပို့ဆောင်ခလျှော့ဈေးအစီအစဥ် အပြင် Campaign ကာလအတွင်း Hottest Deals in Town အစီအစဥ် ပါဝင်သွားမည် ဖြစ်ပါသည်။ ပို့ဆောင်ခအခမဲ့ အစီအစဥ်များအတွက် အခမဲ့ပို့ဆောင်ပေးမည့် အများဆုံးပို့ဆောင်ခမှာ ၂,၀၀၀ ကျပ် (နှစ်ထောင်ကျပ်) အထိ သတ်မှတ်ထားပြီး ပို့ဆောင်ခ ၂,၀၀၀ ကျပ်အထက်ကို  ကျော်လွန်ပါက ကျော်လွန်နေသော ပို့ဆောင်ခပမာဏအား Customer ဘက်မှ ကျခံပေးချေရမည် ဖြစ်ပါသည်။ 

၅) ဤ “9.9 Super Sale” Campaign တွင် Hottest Deals in Town အစီအစဉ်ကို ၂ ကြိမ်ပြုလုပ်ပါမည်။ စက်တင်ဘာလ ၉ ရက်နေ့ တွင် တစ်ကြိမ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ တွင် တစ်ကြိမ် ပြုလုပ်ပါမည်။ စက်တင်ဘာလ ၉ ရက်နေ့ Hottest Deals in Town အစီအစဉ်သည်ည ၉ နာရီ မှစတင် ဝယ်ယူနိုင်ပြီး စက်တင်ဘာလ ၁၃ ရက်နေ့ Hottest Deals in Town အစီအစဉ်သည်  ည ၉ နာရီမှ စတင်၍ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ စက်တင်ဘာလ ၉ ရက်နေ. Hottest Deals in Town အစီအစဉ်ရှိ ကူပွန်များသည် စက်တင်ဘာလ ၉ ရက် ည ၉ နာရီမှ စက်တင်ဘာလ ၁၀ ရက် ည ၉ နာရီ အထိသာ အသုံးပြုခွင့်ရှိပြီး စက်တင်ဘာလ ၁၃ ရက်နေ. Hottest Deals in Town အစီအစဉ်ရှိ ကူပွန်များသည် စက်တင်ဘာလ ၁၃ ရက်နေ့ ည ၉ နာရီမှ စက်တင်ဘာလ ၁၄ ရက် ည ၉ နာရီ အထိသာ အသုံးပြုခွင့်ရှိပါသည်။ ပစ္စည်းတစ်ခုချင်းစီ၏ ကူပွန်ကုဒ်သည် လူတစ်ဦးလျှင် တစ်ကြိမ်သာ အသုံးပြု နိုင်မည်ဖြစ်ပါသည်။ ကူပွန်အရေအတွက်သည် အကန့်အသတ်ရှိပြီး လူတစ်ဦးလျှင် တစ်ကြိမ်ထက်ပိုပြီး အသုံးပြုခွင့်မရှိပါ။

၆) Customer မှ ရရှိသည့်ကူပွန်အား KBZPay Market ရှိ Merchant များထံမှ ဝယ်ယူပေးချေခြင်းတွင် ပြန်လည် အသုံးပြုနိုင်ပြီး ဝယ်ယူပေးချေသည့်ပမာဏသည် ကူပွန်ပမာဏထက်ပိုများရန် လိုအပ်ပါ သည်။

၇) Customer များသည် KBZPay Application mini icon၊ KBZPay Home page banner၊ KBZPay Facebook၊ Viber၊ KBZPay Market Official Account (5.1 version နှင့်အထက် အသုံးပြုသည့် KBZPay Customer များအတွက်) တို့မှတဆင့် “9.9 Super Sale” Campaign တွင် Merchant များ၏ဆိုင်များမှ ကုန်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်သည်။

၈) ဤ “9.9 Super Sale” Campaignတွင် ပါဝင်သော Merchant ဆိုင်များရှိ ကုန်ပစ္စည်းအရေအတွက် ရရှိနိုင်မှုသည် ကန့်သတ်ချက်များရှိနိုင်ပါသဖြင့် Customer များမှ အမြန်ဝယ်ယူရန်လိုအပ်ပါသည်။ KBZPay မှ Customer ထံသို့ order အတည်ပြုချက်ပေးပို့ထားခြင်း မရှိသော Customer ၏ order များကို အောင်မြင်စွာ ဝယ်ယူထားသော order အဖြစ် သတ်မှတ်မည်မဟုတ်ဘဲ ထို order များကို Merchant ဖက်မှ အချိန်မရွေး Cancel ခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ ထို order များကို KBZPay မှလည်း Customer ထံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိမည်မဟုတ်ပါ။

၉) KBZPay Market သည် Merchant များမှ ၎င်းတို့၏ ကိုယ်ပိုင်စတိုးဆိုင်များကဲ့သို့ စီမံခန့်ခွဲနိုင်သည့်  Market Place ဖြစ်သည့်အတွက် Merchant များဘက်မှ Cancel သည့် ပစ္စည်းများကို KBZမှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် Merchant ဘက်မှ Cancel ခြင်းသည် ကျိုးကြောင်းဆီလျော်သော သို့မဟုတ် ယုံကြည်ရလောက်သော အကြောင်းပြချက်မရှိသည့် Cancel ခြင်းမျိုးဖြစ်ပါက ထို Merchant များကို KBZPay Market ရဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်း Cancel ခြင်းနှင့် အခြားစည်းကမ်းချိုးဖောက်မှုများကို အရေးယူသွားမည်ဖြစ်သည်။

၁၀) ဤ Campaignအရ Customer များအား ပေးသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ နည်းပညာ ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင်ခြင်းတစ်ခုခုအတွက် KBZသည် Customer အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို Customerအနေဖြင့် သဘောတူပါသည်။

၁၁) Merchant ဆိုင်များရှိ “9.9 Super Sale” Campaignတွင် ပါဝင်သော ကုန်ပစ္စည်းအား သတ်မှတ်မြို့နယ်များမှ ဝယ်ယူသော Customer များ၏ ဝယ်ယူမှုများအတွက် သက်ဆိုင်ရာ နေရာသို့ပို့ဆောင်ရာတွင် သတ်မှတ်ထားသည့်ရက်အတွင်းပေးပို့နိုင်ရန်အတွက် KBZPay နှင့် Merchant များသည် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမည် ဖြစ်သော်လည်း KBZPay နှင့် Merchant များအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် သတ်မှတ်ရက် အတွင်းမပေးပို့နိုင်ခဲ့ပါက KBZPay နှင့် Merchant များတွင် မည်သည့်တာဝန်မျှမရှိပါ။

၁၂)  KBZPay နှင့် Merchantများအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် အချိန်မှီပေးပို့နိုင်ခြင်းမရှိခဲ့သည့် ကုန်ပစ္စည်းများအား KBZPay နှင့် Merchant များသည် သင့်လျော်သည့် အချိန်တစ်ခုတွင် ဝယ်ယူထားသည့် Customer များထံသို့ ပြန်လည်ပို့ဆောင်ပိုင်ခွင့် သို့မဟုတ် ထိုပစ္စည်းအတွက် Customer အား ငွေပြန်အမ်းခြင်းတို့အား KBZPay နှင့် Merchantများ၏ ဆုံးဖြတ်ချက်တို့ဖြင့် ပြုလုပ်ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

၁၃) Customer မှ ဝယ်ယူထားသော ကုန်ပစ္စည်းအား Cancel ပြုလုပ်ခြင်း၊ Merchant ထံသို့ ကုန်ပစ္စည်းအား ပြန်လည်ပေးပို့ခြင်း၊ လိမ်လည်မှုကိစ္စနှင့် အရည်အချင်းမပြည့်မီသော ထုတ်ကုန်များနှင့် ပတ်သက်သည့် ပြဿနာများရှိပါက Customer မှ ပစ္စည်းများအား လက်ခံရရှိပြီးချိန်မှစ၍ ၄၈ နာရီအတွင်း KBZPay Market မှ တဆင့် Merchant များသို့တင်ပြရမည်ဖြစ်သည်။ Merchant သည် အမှန်တကယ် ပြန်လည်လဲလှယ်ပေးရန် လိုအပ်သော ကုန်ပစ္စည်းများ လဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းရန်ခြင်းများအားဆောင်ရွက်ပေးရမည်ဖြစ်ပြီး အငြင်းပွားမှုများဖြစ်ပေါ်လာပါက KBZPay Market၏  ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

၁၄) ဤ Campaign ကာလအတွင်းသာလျှင် KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက် အသုံးပြုသော KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ရပ်စဲသည် သို့မဟုတ် ပြီးဆုံးသွားသည် နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၁၅) KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည်မဟုတ်ပါ။

၁၆) ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ် ပိုင်ခွင့်ရှိသည်။

၁၇)  ဤ Campaign နှင့်ပတ်သက်၍ KBZPay Customerများ နှင့် KBZ တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZPay Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှု မရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၈) KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့်နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၉)  KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customerများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။

၂၀)  KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၂၁) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ် ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၂)  KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customer များအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၂၃)  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“KBZPay နဲ့ဝယ် J’Donuts စားမယ်” အစီအစဥ်စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPayမှ ၂၀၂၄ ခုနှစ်  ဩဂုတ်လ (၂၈) ရက်နေ့မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့ အား “KBZPay နဲ့ဝယ် J’Donuts စားမယ်”အစီအစဥ် နေ့အဖြစ် သတ်မှတ်ထား ပါသည်။

၂။ KBZPay Level 2 နှင့် Youth Account အသုံးပြုသူများသာ     ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1 သို့မဟုတ် KBZPay Level 1.5 အသုံးပြုသူများသည် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဤအစီအစဥ် တွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၁ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤအစီအစဥ်  ၏ရည်ရွယ်ချက်မှာ KBZPay Level 2 အသုံးပြုသူများ နှင့် Youth Account အသုံးပြုသူများ အားလုံး    J’Donuts ဆိုင်များတွင်ဝယ်ယူပြီး အရောင်းဆိုင် QR (သို့ ) မိမိ၏ QR ကို scan ဖတ်ပြီး (သို့) Own Scan (Micro Pay)အသုံးပြုကာ စုစုပေါင်းငွေကျပ် ၂၀,၀၀၀ ကျပ် နှင့် အထက် KBZPay နှင့် အောင်မြင်စွာ ပေးချေခြင်းဖြင့်  ပြန်အမ်းငွေများ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ငွေပေးချေမှုတစ်ကြောင်းသည် စုစုပေါင်းငွေကျပ် ၂၀,၀၀၀ ကျပ် နှင့် အထက် ဝယ်ယူရန်လိုအပ်ပြီး J’Donuts ဆိုင်များ ၏ KBZPay QR Code (သို့ ) မိမိ၏ QR ကို scanဖတ်၍ ငွေပေးချေခြင်း (သို့) Own Scan (Micro Pay)အသုံးပြုကာ  KBZPay နှင့်ငွေပေးချေပါက  ၂၀၀၀ ကျပ်ပြန်အမ်းငွေပြန်လည်ရရှိမည်ဖြစ်သည်။

၅။ ဤ အစီအစဥ် တွင်ပါဝင်သူများသည်  KBZPay Account တစ်ခုဖြင့်  အစီအစဥ် ကာလ အတွင်း တစ်ရက်လျှင် တစ်ကြိမ်သာ ပါဝင်နိုင်ပါသည်။ သတ်မှတ်ချက်နှင့် ပြည့်မှီသည့်ဝယ်ယူပေးချေမှုများ အတွက် နေ့စဥ် ပြန်အမ်းငွေ  အကြိမ် ၁၀၀ အထိ သတ်မှတ်ထားပါသည်။ KBZPay အသုံးပြုသူ မှ ရရှိထားသော ပြန်အမ်းငွေများကို ၎င်းတို့၏ KBZPay wallet များထဲသို့  တိုက်ရိုက် ထည့်သွင်းပေးသွားမည် ဖြစ်ပြီး မှတ်တမ်းတွင် ပြန်လည် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ပြန်အမ်းငွေများမှာ –

  • ၂၀၀၀ ကျပ် ပြန်အမ်းငွေ
  • ကျေးဇူးတင်ပါတယ်

 သတ်မှတ်ထားသော ပြန်အမ်းငွေပမာဏသို့ရောက်ရှိပါက “ကျေးဇူးတင်ပါတယ်” သာ ပြန်လည်ရရှိမည် ဖြစ်ပါသည်။  

၆။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay wallet များထဲသို့ ထည့်သွင်းပေးမည် ဖြစ်သော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများ အား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၇။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၈။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၃။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် J’Donuts ဆိုင်များ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“MMBusTicket မှာကားလက်မှတ်ဝယ် ပြန်အမ်းငွေများရယူမယ်” အစီအစဉ် စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ KBZPay သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့ မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့ အထိကို “MMBusTicket မှာကားလက်မှတ်ဝယ် ပြန်အမ်းငွေများရယူမယ်” အစီအစဉ်ကာလအဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1   အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဤအစီအစဥ် တွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၅.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 2 အသုံးပြုသူများ အားလုံး ဤအစီအစဉ် ကာလအတွင်း KBZPay ပင်မစာမျက်နှာရှိ Mini Appsအောက်မှ MMBusTicket တွင် ငွေကျပ် (၁၅,၀၀၀) နှင့်အထက် ကားလက်မှတ်များ ဝယ်ယူပါက ပြန်အမ်းငွေ (၅,၀၀၀၊ ၃,၀၀၀၊ ၂,၀၀၀၊၁,၀၀၀) ကျပ် တို့ကို ကံစမ်းခွင့်ရရှိနိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ပါသည်။

၄။ ပြန်အမ်းငွေကံစမ်းခွင့်ရယူရန်အတွက် ငွေပေးချေမှုတစ်ကြောင်းလျှင် အနည်းဆုံး ပမာဏ (၁၅,၀၀၀) ကျပ် သတ်မှတ်ထားပြီး အသုံးပြုသူတစ်ယောက်သည် တစ်နေ့လျှင် ကံစမ်းခွင့် (၁) ကြိမ်သာ ရရှိနိုင်မည် ဖြစ်ပါသည်။ ပြန်အမ်းငွေအရေအတွက် ကန့်သတ်ချက်များရှိပါသည်။ နေ့စဉ်အတွက် သတ်မှတ်ထား သော ပြန်အမ်းငွေ အရေအတွက်ရှိသဖြင့် ထိုကန့်သတ်အရေအတွက် ကျော်လွန်သော ငွေပေးချေမှုများ အတွက် ပြန်အမ်းငွေ ရရှိနိုင်မည် မဟုတ်ပါ။ 

၅။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူများ၏  KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ပြန်အမ်းငွေများအား ထည့်သွင်းပေးမည့် အချိန်သည် KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၆။ KBZPay ပင်မစာမျက်နှာရှိ Mini Appsအောက်မှ MMBusTicket Mini Appတွင် ကားလက်မှတ်များအတွက် ပေးချေမှုမဟုတ်သော ငွေပေးချေမှုများအတွက် ပြန်အမ်းငွေ ရရှိနိုင်မည်မဟုတ်ပါ။ ဤအစီအစဥ်ကာလ ကုန်ဆုံးပြီးနောက်တွင် ဤစည်းကမ်းသတ်မှတ်ချက်ပါ ပြန်အမ်းငွေရရှိနိုင်မည့် အခွင့်အရေး များအား အသုံးပြုသူများ အနေဖြင့် ခံစားခွင့်ရရှိနိုင်မည် မဟုတ်ပါ။

၇။ KBZPay အသုံးပြုသူများမှ ဤအစီအစဉ် ကာလအတွင်း ကားလက်မှတ် နေ့ရက်အချိန်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေတောင်းခံခြင်းများ ကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာပါက MMBusTicket နှင့်သာ သက်ဆိုင်မည်ဖြစ်၍ အသုံးပြုသူအနေဖြင့် MMBusTicket ထံသို့ တိုက်ရိုက်ဆက်သွယ် ရမည်။ အသုံးပြုသူတို့က MMBusTicket ၏ စည်းမျဉ်းသတ်မှတ်ချက်များ အရ MMBusTicket ၏ ဆုံးဖြတ်ချက် အပေါ် လိုက်နာကြရမည်ဖြစ်သည်။

၈။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၃။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့်  MMBusTickets ၏ စည်းမျဉ်း စည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“၅၀% အထိလျော့ဈေးများ PRINCE HOTEL MINI APP မှာ ရယူပါ” အစီအစဉ် စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များ 

၁။ KBZPay သည် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၃၀) ရက်နေ့ အထိကို “၅၀% အထိလျော့ဈေးများ PRINCE HOTEL MINI APP မှာ ရယူပါ” အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 နှင့် KBZPay Level 1.5   အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဤအစီအစဥ် တွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၅.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 2 အသုံးပြုသူများ အားလုံး အစီအစဉ် ကာလအတွင်း KBZPay ပင်မစာမျက်နှာရှိ Mini Appsအောက်မှ Prince Hotel Mini Appတွင် အစီအစဥ် ကာလအတွင်း တည်းခိုရန် သတ်မှတ်ထားသောဟိုတယ်အခန်းများကို ဘိုကင်ပြုလုပ်ပါက အထူးလျော့ဈေး ၅၀% အထိရရှိနိုင်မည်ဖြစ်ပါသည်။

၄။ လျှော့ဈေးရယူရန် ငွေပေးချေမှုတစ်ကြောင်းအတွက် အနည်းဆုံး ပမာဏ သတ်မှတ်ထားခြင်း တစ်နေ့လျှင် ရရှိနိုင်သော လျှော့ဈေးပမာဏ သတ်မှတ်ထားခြင်း  မရှိပါ။ သို့သော် ဘိုကင်ပြုလုပ်နိုင်သော ခန်းအရေအတွက် ကန့်သတ်ချက်များရှိပါသည်။

၅။ KBZPay ပင်မစာမျက်နှာ၏ Mini Appsအောက်တွင်‌ရှိသော  Prince Hotel Mini App ရှိ သတ်မှတ်ထားသော အခန်းများကို အစီအစဥ် ကာလအတွင်း ဘိုကင်ပြုလုပ်၍ တည်းခိုခြင်း အတွက်သာလျှင်  ဤစည်းကမ်းသတ်မှတ်ချက်ပါ အထူးလျှော့ဈေးအား အသုံးပြုသူများအနေဖြင့် ခံစားခွင့်ရရှိနိုင်မည်ဖြစ်သည်။ ဤအစီအစဥ်ကာလ ကုန်ဆုံးပြီးနောက်တွင် ဤစည်းကမ်းသတ်မှတ်ချက်ပါ အထူးလျှော့ဈေးအား အသုံးပြုသူများ အနေဖြင့် ခံစားခွင့်ရရှိနိုင်မည် မဟုတ်ပါ။

၆။ ဤအစီအစဥ်ကာလအတွင်း KBZPay Level 2  အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၇။ KBZPay အသုံးပြုသူများမှ ဤအစီအစဉ် ကာလအတွင်း ဘိုကင်ပြုလုပ်ထားသောအခန်းများနှင့် ပတ်သက်၍ အခန်းအမျိုးအစားပြောင်းလဲခြင်း၊ တည်းခိုမည့် နေ့ရက်အချိန်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေတောင်းခံခြင်းများ ကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာပါက Prince Hotel နှင့်သာ သက်ဆိုင်မည်ဖြစ်၍ အသုံးပြုသူအနေဖြင့် Prince Hotel ထံသို့ တိုက်ရိုက်ဆက်သွယ်ရမည်။ အသုံးပြုသူတို့က Prince Hotel ၏ စည်းမျဉ်းသတ်မှတ်ချက်များအရ Prince Hotel ၏ ဆုံးဖြတ်ချက်အပေါ် လိုက်နာကြရမည်ဖြစ်သည်။

၈။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၃။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့်  Prince Hotel ၏ စည်းမျဉ်း စည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။