“၅၀% အထိလျော့ဈေးများ PRINCE HOTEL MINI APP မှာ ရယူပါ” အစီအစဉ် စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များ 

၁။ KBZPay သည် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၃၀) ရက်နေ့ အထိကို “၅၀% အထိလျော့ဈေးများ PRINCE HOTEL MINI APP မှာ ရယူပါ” အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 နှင့် KBZPay Level 1.5   အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဤအစီအစဥ် တွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၅.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 2 အသုံးပြုသူများ အားလုံး အစီအစဉ် ကာလအတွင်း KBZPay ပင်မစာမျက်နှာရှိ Mini Appsအောက်မှ Prince Hotel Mini Appတွင် အစီအစဥ် ကာလအတွင်း တည်းခိုရန် သတ်မှတ်ထားသောဟိုတယ်အခန်းများကို ဘိုကင်ပြုလုပ်ပါက အထူးလျော့ဈေး ၅၀% အထိရရှိနိုင်မည်ဖြစ်ပါသည်။

၄။ လျှော့ဈေးရယူရန် ငွေပေးချေမှုတစ်ကြောင်းအတွက် အနည်းဆုံး ပမာဏ သတ်မှတ်ထားခြင်း တစ်နေ့လျှင် ရရှိနိုင်သော လျှော့ဈေးပမာဏ သတ်မှတ်ထားခြင်း  မရှိပါ။ သို့သော် ဘိုကင်ပြုလုပ်နိုင်သော ခန်းအရေအတွက် ကန့်သတ်ချက်များရှိပါသည်။

၅။ KBZPay ပင်မစာမျက်နှာ၏ Mini Appsအောက်တွင်‌ရှိသော  Prince Hotel Mini App ရှိ သတ်မှတ်ထားသော အခန်းများကို အစီအစဥ် ကာလအတွင်း ဘိုကင်ပြုလုပ်၍ တည်းခိုခြင်း အတွက်သာလျှင်  ဤစည်းကမ်းသတ်မှတ်ချက်ပါ အထူးလျှော့ဈေးအား အသုံးပြုသူများအနေဖြင့် ခံစားခွင့်ရရှိနိုင်မည်ဖြစ်သည်။ ဤအစီအစဥ်ကာလ ကုန်ဆုံးပြီးနောက်တွင် ဤစည်းကမ်းသတ်မှတ်ချက်ပါ အထူးလျှော့ဈေးအား အသုံးပြုသူများ အနေဖြင့် ခံစားခွင့်ရရှိနိုင်မည် မဟုတ်ပါ။

၆။ ဤအစီအစဥ်ကာလအတွင်း KBZPay Level 2  အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၇။ KBZPay အသုံးပြုသူများမှ ဤအစီအစဉ် ကာလအတွင်း ဘိုကင်ပြုလုပ်ထားသောအခန်းများနှင့် ပတ်သက်၍ အခန်းအမျိုးအစားပြောင်းလဲခြင်း၊ တည်းခိုမည့် နေ့ရက်အချိန်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေတောင်းခံခြင်းများ ကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာပါက Prince Hotel နှင့်သာ သက်ဆိုင်မည်ဖြစ်၍ အသုံးပြုသူအနေဖြင့် Prince Hotel ထံသို့ တိုက်ရိုက်ဆက်သွယ်ရမည်။ အသုံးပြုသူတို့က Prince Hotel ၏ စည်းမျဉ်းသတ်မှတ်ချက်များအရ Prince Hotel ၏ ဆုံးဖြတ်ချက်အပေါ် လိုက်နာကြရမည်ဖြစ်သည်။

၈။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၃။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့်  Prince Hotel ၏ စည်းမျဉ်း စည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“ဘော်ဒါတွေစုဝေး Let’s Play & Chill” အစီအစဥ်နှင့်သက်ဆိုင်သောစည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ

၁။ “ဘော်ဒါတွေစုဝေး Let’s Play & Chill” အစီအစဥ်ကာလကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၅ ရက် မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်  အထိ သတ်မှတ်ထားသည်။

၂။ KBZPay Level 2 အသုံးပြုသူများသာ ယခုအစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်ပါသည်။ KBZPay Level 1 (သို့) Level 1.5 အသုံးပြုသူ များသည် Level 2 သို့ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး အသုံးပြုသူအသစ်များသည်လည်း KBZPay Level 2 Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်သည်။ KBZPay Youth Account အသုံးပြုသူများ နှင့် KBZ ဝန်ထမ်းများသည် အသုံးပြုသူအသစ် ဖိတ်ခေါ်ရသော လုပ်ဆောင်မှုကို ပါဝင်လုပ်ဆောင်ခွင့် မရှိပါ။ 

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 2 အသုံးပြုသူများအနေဖြင့် အစီအစဥ် ကာလအတွင်း KBZPay App အတွင်းရှိ Campaign စာမျက်နှာ တွင် ဖော်ပြထားသော လုပ်ဆောင်မှုများကို လုပ်ဆောင်ကာ Mystery Box ဖွင့်ဖောက်ကံစမ်းခွင့်ရမည်ဖြစ်ပြီး ထို Mystery Box အတွင်းမှ Physical Prize၊ ပြန်အမ်းငွေ၊ လက်ဆောင်ကဒ်ကူပွန်များ၊ ဖုန်းငွေဖြည့်ကူပွန်များ နှင့် KBZPay Market ကူပွန်များကံစမ်းနိုင်မည်ဖြစ်သည်။ 

၄။ လုပ်ဆောင်မှု အမှတ်စဥ် (၁) သည် အသုံးပြုသူမှ အခြားအသုံးပြုသူ အသစ်များကို Campaign စာမျက်နှာရှိ ဖိတ်ခေါ်ခြင်းလင့် မှတဆင့် ဖိတ်ခေါ်ရသော လုပ်ဆောင်မှုဖြစ်သည်။ ဖိတ်ခေါ်ခံရသူ (Invitee) ၏ KYC စာရင်းသွင်းမှုပြီးဆုံး၍ KBZPay Level 2 အသုံးပြုသူအဖြစ် ဖိတ်ခေါ်ခြင်းအောင်မြင်ပါက ဖိတ်ခေါ်သူ (Inviter) သည် Mystery Box ကို ဖွင့်ခွင့်ရရှိမည် ဖြစ်ပါသည်။ ဖိတ်ခေါ်သူ (Inviter) သည် ဖိတ်ခေါ်ခံရသူ(Invitee)တစ်ဦးကို အောင်မြင်စွာဖိတ်ခေါ်နိုင် လျှင် Mystery Box ကို တစ် (၁) ကြိမ် ဖွင့်ခွင့်ရမည်ဖြစ်ပြီး Campaign ကာလတစ်ခုလုံးအတွင်း အများဆုံး အကြိမ် သုံးဆယ် (၃၀) သာ ဖွင့်ခွင့်ရှိမည်ဖြစ်သည်။ ထို့အပြင် ဖိတ်ခေါ်သူသည် အောင်မြင်သော ဖိတ်ခေါ်မှု တစ်ခုလျှင် ပြန်အမ်းငွေ ၁,၀၀၀ ကျပ် ရရှိမည်ဖြစ်ပြီး ထို ဖိတ်ခေါ်ခြင်းလင့် မှတဆင့် ဖိတ်ခေါ်ခံရပြီးနောက် စာရင်းသွင်းပြီး Level 2 အသုံးပြုသူဖြစ်လာသူများသည်လည်း ပြန်အမ်းငွေ ၃၀၀ ကျပ်၊ ၃၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကူပွန် နှင့် ၄၀၀ ကျပ်တန် လက်ဆောင်ကဒ်ကူပွန် တို့ကို လက်ခံရရှိမည်ဖြစ်သည်။ ဤ Campaign မဟုတ်ဘဲ အခြား campaign တစ်ခုခုမှ ဖိတ်ခေါ်ခြင်းဖြင့် ချိတ်ဆတ်ထားပြီးဖြစ်သော ဖိတ်ခေါ်ခံရသူများသည် ဤလုပ်ဆောင်မှုအတွက် အကျုံးမဝင်ပါ။ 

၅။ လုပ်ဆောင်မှု အမှတ်စဥ် (၂) သည် အသုံးပြုသူများမှ KBZPay ရှိ လက်ဆောင်ကဒ် ၁၀,၀၀၀ ကျပ် နှင့်အထက် ဝယ်ယူလျှင် Mystery Box ဖွင့်ခွင့် တစ် (၁) ကြိမ် ရရှိနိုင်မည့် လုပ်ဆောင်မှု ဖြစ်သည်။ ဤ လုပ်ဆောင်မှုနှင့်သက်ဆိုင်၍ အသုံးပြုသူတစ်ဦးလျှင် တစ်ရက်အတွင်း Mystery Box နှစ် (၂) ကြိမ် အထိသာ ဖွင့်ခွင့်ရရှိမည် ဖြစ်သည်။ 

၆။ လုပ်ဆောင်မှု အမှတ်စဥ် (၃) သည် အသုံးပြုသူများက Campaign စာမျက်နှာ မှတဆင့် KBZPay Market အတွင်းရှိ Uni League Store ကို သွား‌ရောက်ခြင်းဖြင့် Mystery Box ဖွင့်ခွင့် တစ် (၁) ကြိမ် ရရှိနိုင်မည့် လုပ်ဆောင်မှု ဖြစ်သည်။ ဤ လုပ်ဆောင်မှုနှင့်သက်ဆိုင်၍ အသုံးပြုသူတစ်ဦးလျှင် အစီအစဥ်ကာလ တစ်ခုလုံးအတွင်း Mystery Box တစ် (၁) ကြိမ် အထိသာ ဖွင့်ခွင့်ရရှိမည် ဖြစ်သည်။

၇။ လုပ်ဆောင်မှု အမှတ်စဥ် (၄) သည် အသုံးပြုသူများက Campaign စာမျက်နှာ မှတဆင့် KBZPay App အတွင်းရှိ Uni League Mini App ကို သွားရောက်ခြင်းဖြင့် Mystery Box ဖွင့်ခွင့် တစ် (၁) ကြိမ် ရရှိနိုင်မည့် လုပ်ဆောင်မှု ဖြစ်သည်။ ဤ လုပ်ဆောင်မှုနှင့်သက်ဆိုင်၍ အသုံးပြုသူတစ်ဦးလျှင် အစီအစဥ်ကာလ တစ်ခုလုံးအတွင်း Mystery Box တစ် (၁) ကြိမ် အထိသာ ဖွင့်ခွင့်ရရှိမည် ဖြစ်သည်။

၈။ Mystery Box တွင်ပါဝင်သော လက်ဆောင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • Samsung Watch 7
  • Samsung Bud Live
  • G-Shock Watch
  • ၃၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁,၀၀၀ ကျပ် နှင့် ၅,၀၀၀ ကျပ် အစရှိသော  ပြန်အမ်းငွေများ
  • ၂,၅၀၀ ကျပ်တန် လက်ဆောင်ကဒ်ကူပွန် (၁၅,၀၀၀ ကျပ်နှင့်အထက် လက်ဆောင်ကဒ် ဝယ်ယူမှုအတွက်သာ အသုံးပြုနိုင်သည်။) 
  • ၅၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကူပွန် (၃,၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်ခြင်း အတွက်သာ အသုံးပြုနိုင်သည်။) 
  • ၄,၀၀၀ ကျပ်တန် KBZPay Market ကူပွန် ( ၂၅,၀၀၀ ကျပ်နှင့်အထက် KBZPay Market တွင် ဝယ်ယူမှုအတွက်သာ အသုံးပြုနိုင်သည်။) 
  • ၂၀၀ ကျပ်တန် လက်ဆောင်ကဒ်ကူပွန် (၁,၈၀၀ ကျပ်နှင့်အထက် လက်ဆောင်ကဒ် ဝယ်ယူမှုအတွက်သာ အသုံးပြုနိုင်သည်။) 
  • ၂၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကူပွန် (၂,၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်ခြင်း အတွက်သာ အသုံးပြုနိုင်သည်။) 
  • “ကျေးဇူးတင်ပါသည်”

၉။ အထက်ဖော်ပြပါ လက်ဆောင်များအတွက် နေ့စဉ်ကန့်သတ်ပမာဏ နှင့် အစီအစဥ် ကာလ တစ်ခုလုံးအတွက် သတ်မှတ်ထားသော စုစုပေါင်း ကန့်သတ်ပမာဏများ ရှိသည်ဖြစ်ရာ ဦးစွာရယူသူသာ ရရှိမည်ဖြစ်ပြီး ကန့်သတ်ပမာဏ ကုန်ဆုံးသွားပါက လက်ဆောင် ရတော့မည် မဟုတ်ပါ။ 

၁၀။ KBZ မှ ဆုရရှိသူများကို SMS ဖြင့် အကြောင်းကြားပေးပါမည်။ ကံထူးရှင်များသည် မိမိ၏ ဆုများကို KBZ ၏ သတ်မှတ်ထားသော နေရာ၌ အတည်ပြု SMS ကို ပြသ၍ တစ်ဆယ်(၁၀) ရက်အတွင်း ထုတ်ယူရန် လိုအပ်ပါသည်။ သတ်မှတ်ထားသော အချိန်ကျော်လွန်ပြီးနောက်တွင် ဆုရရှိသူများသည် ဤဆုများကို ရယူနိုင်မည်မဟုတ်ပါ။ ကံထူးရှင်မှရရှိသောဆုများကို ထုတ်ယူချိန်တွင် စစ်ဆေးရမည်ဖြစ်ပြီး ထုတ်ယူပြီးနောက်တွင် အမှားအယွင်းများ သို့မဟုတ် ပျက်စီးဆုံးရှုံးမှုများအတွက် KBZ မှ တာဝန်ယူမည်မဟုတ်ပါ။

၁၁။ ဤ အစီအစဥ် မှ ရရှိလာသော ကူပွန်များအား “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ KBZPay အသုံးပြုသူများအနေဖြင့် သတ်မှတ်ချက်နှင့် ပြည့်မှီသော လုပ်ဆောင်မှု တစ်ကြိမ်အတွက် ကူပွန်တစ်စောင်သာ အသုံးပြုခွင့်ရမည် ဖြစ်သည်။ ပြန်အမ်းငွေရရှိသူများသည် KBZPay Wallet အကောင့်ထဲသို့ တိုက်ရိုက် လက်ခံရရှိမည်ဖြစ်သည်။ ကူပွန်များ နှင့်ပြန်အမ်းငွေများအား ထည့်သွင်း ပေးမည်ဟု ဖော်ပြထားသော်လည်း KBZ ဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များ ကြောင့် ကူပွန်များ နှင့်ပြန်အမ်းငွေများအား ထည့်သွင်းချိန်ပြောင်းလဲမှုရှိနိုင်ပါ။

၁၂။ ဤ အစီအစဥ် မှ ရရှိလာသော ကူပွန်များအား အသုံးပြုနိုင်သည့်သက်တမ်းမှာ အသုံးပြုသူလက်ခံရရှိသည့်နေ့ရက်မှစ၍ (၇)ရက်အတွင်းဖြစ်ပြီး သတ်မှတ်ရက် ကျော်သွားပါက အသုံးပြုနိုင်တော့မည် မဟုတ်ပါ။

၁၃။ ဤ အစီအစဥ် အရ ကူပွန် ရရှိထားသူများသည် ၎င်းတို့ရရှိသောကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်ရရှိမည် မဟုတ်ပါ။

၁၄။ ဤအစီအစဉ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ အစီအစဉ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay Customer များအနေဖြင့် အစီအစဉ်ကာလပြီးဆုံးသော်လည်း အပိုဒ် (၁၂) တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက် အသုံးပြုနိုင်မည် ဖြစ်သည်။ 

၁၅။ KBZ ဝန်ထမ်းများသည် အစီအစဉ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့် သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၆။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၇။ ဤအစီအစဉ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေ အရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၈။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၉။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၂၀။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၂။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပေါ် နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများ ကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZPay မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZPay အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၃။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သော ကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်း သတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

DIGITAL ZAY MINI APP မှာ ဈေးဝယ်ပြီး ၅၀%အထိအထူး လျော့ဈေး ရယူလိုက်ပါ အစီအစဉ် စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များ 

၁။ KBZPay သည် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့ အထိကို Digital Zay Mini App မှာ ဈေးဝယ်ပြီး  ၅၀% အထိအထူးလျော့ဈေးရယူလိုက်ပါ” အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 နှင့် KBZPay Level 1.5   အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဤအစီအစဥ် တွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၅.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 2 အသုံးပြုသူများ အားလုံး အစီအစဉ် ကာလအတွင်း KBZPay ပင်မစာမျက်နှာရှိ Mini Appsအောက်မှ Digital Zay Mini Appတွင် သတ်မှတ်ထားသောပစ္စည်းများကို ဝယ်ယူပါက အထူးလျော့ဈေး ၅၀% အထိရရှိနိုင်မည်ဖြစ်ပါသည်။

၄။ လျှော့ဈေးရယူရန် ငွေပေးချေမှုတစ်ကြောင်းအတွက် အနည်းဆုံး ပမာဏ သတ်မှတ်ထားခြင်း တစ်နေ့လျှင် ရရှိနိုင်သော လျှော့ဈေးပမာဏ သတ်မှတ်ထားခြင်း  မရှိပါ။ သို့သော် ကုန်ပစ္စည်းအရေအတွက် ကန့်သတ်ချက်များရှိပါသည်။

၅။ KBZPay ပင်မစာမျက်နှာ၏ Mini Appsအောက်တွင်‌ရှိသော  Digital Zay Mini App ရှိ သတ်မှတ်ထားသော ကုန်ပစ္စည်းများအား ဝယ်ယူပေးချေခြင်းအတွက်သာလျှင်  ဤစည်းကမ်းသတ်မှတ်ချက်ပါ အထူးလျှော့ဈေးအား အသုံးပြုသူများအနေဖြင့် ခံစားခွင့်ရရှိနိုင်မည်ဖြစ်သည်။ 

၆။ ဤအစီအစဥ်မှ ရရှိသော လျှော့ဈေးငွေများအား ငွေပေးချေမှုပြုလုပ်သော KBZPay အသုံးပြုသူ၏ KBZPay Wallet ထဲသို့ တိုက်ရိုက် ထည့်သွင်းပေးမည် ဖြစ်သည်။ 

၇။ ဤအစီအစဥ်ကာလအတွင်း KBZPay Level 2  အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၈။ KBZPay အသုံးပြုသူများမှ ဤအစီအစဉ် ကာလအတွင်း ဝယ်ယူပြီးသော ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ကုန်ပစ္စည်းကို ပြန်လဲလှယ်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေတောင်းခံခြင်းများ ကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်လာပါက Digital Zay နှင့်သာ သက်ဆိုင်မည်ဖြစ်၍ အသုံးပြုသူအနေဖြင့် Digital Zay ထံသို့ တိုက်ရိုက်ဆက်သွယ်ရမည်။အသုံးပြုသူတို့က Digital Zay ၏ စည်းမျဉ်းသတ်မှတ်ချက်များအပေါ် မူတည်၍ ဆုံးဖြတ်ချက်အပေါ် လိုက်နာကြရမည်ဖြစ်သည်။

၉။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၁၀။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၁။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။

၁၂။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၃။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၄။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၅။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့်  Digital Zay  Mini App ၏ စည်းမျဉ်း စည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

KBZPay QR Week အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPayမှ  ဇူလိုင်လ (၂၀)ရက်၊ (၂၇)ရက်နေ့နှင့် ဩဂုတ်လ (၃)ရက်၊ (၁၀)ရက်နေ့ ၂၀၂၄ခုနှစ် (စနေနေ့လေးရက်)အား KBZPay QR Week အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 ၊  KBZPay Level 2 နှင့်လူငယ်အကောင့်အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် KBZPay Application Version အား 5.1 နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤအစီအစဥ်  ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများ အားလုံး အရောင်းမိတ်ဖက်ဆိုင်များတွင်  စနေနေ့တိုင်း ဈေးဝယ်ယူပြီး အရောင်းဆိုင် QR (သို့ ) မိမိ၏ QR ကို scan ဖတ်ပြီး (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ်ရိုက်ထည့်ပြီး (သို့) Own Scan (Micro Pay)အသုံးပြုကာ  KBZPay နှင့်ပေးချေခြင်းဖြင့် လက်ဆောင်ဘူးများ ရရှိကာ ဆုလက်ဆောင် များဖြစ်သည့် ပြန်အမ်းငွေများ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ပထမဆုံး ငွေပေးချေမှုတစ်ကြောင်းသည် စုစုပေါင်းငွေကျပ် ၃၀,၀၀၀ကျပ်နှင့် အထက်ဖြစ်ရန်လိုအပ်ပြီး အရောင်းမိတ်ဖက်ဆိုင်၏ KBZPay QR Code (သို့ ) မိမိ၏ QR ကို scanဖတ်၍ ငွေပေးချေခြင်း (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ်ရိုက်ထည့်ခြင်း (သို့) Own Scan (Micro Pay)အသုံးပြုကာ  KBZPay နှင့်ငွေပေးချေပါက  သတ်မှတ်ထားသော လက်ဆောင်ဘူးအရေအတွက် ကျန်ရှိသည် အထိ KBZPay အကောင့်တစ်ခုလျှင် တစ်နေ့တွင် နှစ်ကြိမ် ကျပန်းရရှိနိုင်မည်ဖြစ်သည်။ 

၅။ ဤ အစီအစဥ် တွင်ပါဝင်သူများသည်  KBZPay Account တစ်ခုဖြင့်  အစီအစဥ် ကာလ အတွင်း တစ်ရက်လျှင် နှစ်ကြိမ်သာ ပါဝင်နိုင်ပါသည်။ KBZPay အသုံးပြုသူ မှ ရရှိထားသော ပြန်အမ်းငွေများကို ၎င်းတို့၏ KBZPay wallet များထဲသို့  တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပြီး မှတ်တမ်းတွင် ပြန်လည် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ပြန်အမ်းငွေများမှာ –

  • ၅၀၀ကျပ် ပြန်အမ်းငွေ
  • ၈၀၀ကျပ် ပြန်အမ်းငွေ
  • ၁,၀၀၀ကျပ် ပြန်အမ်းငွေ
  • ၃,၀၀၀ကျပ် ပြန်အမ်းငွေ
  • ၁၀၀,၀၀၀ကျပ် ပြန်အမ်းငွေ
  • ကျေးဇူးတင်ပါတယ်

၆။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၇။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၈။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။ ဤ အစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၁။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၂။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၃။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် အရောင်းမိတ်ဖက် ဆိုင်များ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“ မိုးအေးအေးမှာ ကော်ဖီသောက်ရင်းပြန်အမ်းငွေနှင့် ကူပွန်များရယူမယ်” အစီအစဥ် စည်းမျဉ်းစည်းကမ်း  သတ်မှတ်ချက်များ

၁။ KBZPayမှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက် နေ့မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ အား “ မိုးအေးအေးမှာ ကော်ဖီသောက်ရင်း ပြန်အမ်းငွေနှင့် ကူပွန်များရယူမယ်”အစီအစဥ် နေ့အဖြစ် သတ်မှတ်ထား ပါသည်။

၂။ KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1 သို့မဟုတ် KBZPay Level 1.5 အသုံးပြုသူများသည် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤ အစီအစဥ်၏ ရည်ရွယ်ချက်မှာ ဖော်ပြပါ KBZPay မိတ်ဖက်ဆိုင်များတွင်တစ်နေ့လျှင် ၅၀၀၀ ကျပ်ဖိုးနှင့်အထက်  ဝယ်ယူသော customer များအနေဖြင့် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ လက်ငင်း ပြန်အမ်းငွေများနှင့်လျှော့စျေးကူပွန်များ သတ်မှတ်အရေအတွက် ရှိသလောက် ရယူနိုင်ရန်ဖြစ်ပါသည်။ ပါဝင်မည့်မိတ်ဖက်ဆိုင်များမှာ Booboo Café၊ Capulus Cafe၊ Coffee Channel၊  Coffee Date၊ Coffee Tree၊  Hta Naung Coffee၊  My Hill Coffee House၊ Origin Coffee၊ TellUs၊ Thae Lay Coffee၊ The District Coffee Lounge၊ The Tea Cafe & Social တို့ဖြစ်ပါသည်။ 

၄။ ဤ အစီအစဥ်ကာလအတွင်း ရရှိနိုင်သော လျှော့စျေးကူပွန်နှင့် ပြန်အမ်းငွေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • ၅၀,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၃,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၁,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၅,၀၀ ကျပ် ပြန်အမ်းငွေ 
  • ၁,၀၀၀ကျပ် ပြန်အမ်းငွေ
  • ကျေးဇူးတင်ပါသည်

၅။ KBZPay အသုံးပြုသူများအနေဖြင့် ရရှိလာသော လျှော့ဈေးကူပွန်များကို ပြန်လည် အသုံးပြုရာတွင် ငွေပေးချေ ဝယ်ယူသည့် ပမာဏသည် လျှော့ဈေးကူပွန် ပမာဏထက် ပိုများရန်လိုအပ်ပါသည်။ ဤ အစီအစဥ် အရ ကူပွန်ရရှိထားသူများသည် ၎င်းတို့ရရှိသောကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်း ပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေး အဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၆။ အသုံးပြုသူများအနေဖြင့် ငွေပေးချေမှုတစ်‌ကြောင်းလျှင် အနည်းဆုံး စုစုပေါင်းငွေကျပ်၅,၀၀၀ ကျပ်နှင့်အထက် ဝယ်ယူ၍ မိတ်ဖက်ဆိုင်များ၏ KBZPay QR Code အား scan ဖတ်၍ ငွေပေးချေမှသာ လျှော့စျေးကူပွန်နှင့် ပြန်အမ်းငွေရရှိမည်ဖြစ်သည်။ ထို့အပြင် QR Codeအား scan ဖတ်၍ငွေပေးချေခြင်း မဟုတ်သည့် ဝယ်ယူမှုများအတွက် လျှော့စျေးကူပွန်နှင့် ပြန်အမ်းငွေများကို ရရှိနိုင်မည်မဟုတ်ပါ။ 

၇။ ဤ အစီအစဥ် တွင်ပါဝင်သူများအနေဖြင့် အစီအစဥ် ကာလအတွင်း KBZPay အကောင့်တစ်ခု အတွက် တစ်နေ့လျှင် ပြန်အမ်းငွေ(၁)ကြိမ်နှင့် လျှော့စျေးကူပွန်(၁)ကြိမ်နှုန်းဖြင့် အစီအစဥ်ကာလအတွင်း စုစုပေါင်း ပြန်အမ်းငွေ (၁၄)ကြိမ် နှင့် လျှော့စျေးကူပွန် (၁၄) ကြိမ်အထိ ရယူခွင့်ရှိမည်ဖြစ်သည်။  သတ်မှတ်ချက်နှင့် ပြည့်မှီသည့်ဝယ်ယူပေးချေမှုများ အတွက် နေ့စဥ် ပြန်အမ်းငွေ  အကြိမ် ၆၀၀ နှင့်  လျှော့စျေးကူပွန် အကြိမ် ၂၀၀ အထိ သတ်မှတ်ထားပါသည်။

၈။ အထက်တွင် လျှော့‌စျေးကူပွန်ပမာဏ နှင့် ပြန်အမ်းငွေပမာဏအား မည်သို့ပင်ဖော်ပြစေကာမူ ဤ အစီအစဥ် ကာလအတွက် KBZPayမှ သတ်မှတ်ထားသော လျှော့‌စျေးကူပွန်နှင့် ပြန်အမ်းငွေပမာဏ သို့ရောက်ရှိသွားပါက “ကျေးဇူးတင်ပါသည်” သာပြန်လည်ရရှိမည်ဖြစ်ပြီး သတ်မှတ်ထားသော ပမာဏသို့ ရောက်ရှိသွားပါက ၅,၀၀၀ကျပ် ကျော်လွန်သည့် မည်သည့် ငွေပေးချေမှု အားလုံးအတွက်မဆို “ကျေးဇူးတင်ပါသည်” သာပြန်လည်ရရှိမည်ဖြစ်ပါသည်။

၉။ လျှော့‌စျေးကူပွန်များရရှိသူများသည် KBZPay “ကျွန်ုပ်၏ ပရိုဖိုင်” ရှိ “ ကူပွန်များ” ထဲသို့ ကူပွန်အားလက်ခံရရှိမည် ဖြစ်ပြီး ပြန်အမ်းငွေရရှိသူများသည် KBZPay Wallet အကောင့်ထဲသို့ ချက်ချင်းတိုက်ရိုက် လက်ခံ ရရှိမည်ဖြစ်သည်။ လျှော့‌စျေးကူပွန်များ နှင့်ပြန်အမ်းငွေများအား ချက်ချင်းထည့်သွင်းပေးမည်ဟု ဖော်ပြထား သော်လည်း KBZ Bank၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် လျှော့‌စျေးကူပွန်များ နှင့်ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။ 

၁၀။ လျှော့ဈေးကူပွန်၏သက်တမ်းမှာ အသုံးပြုသူ လက်ခံရရှိသည့် နေ့ရက်မှ  (၇) ရက်အတွင်း သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး သက်တမ်းမကုန်မီ မိတ်ဖက်ဆိုင်များတွင် KBZPay QR Code ကို scan ဖတ်၍ငွေပေး‌ချေသော ဝယ်ယူမှုများအတွက် ပြန်လည်အသုံးပြုနိုင်ပါသည်။

၁၁။   ဤ အစီအစဥ် ကာလအတွင်း KBZPay Level 2 အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း    သတ်မှတ်ချက်ပါ အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပြီး အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ အစီအစဥ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် အစီအစဥ် ကာလပြီးဆုံးသော်လည်း အပိုဒ် (၁၀) တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည်။

၁၂။ အသုံးပြုသူများမှ KBZPayမိတ်ဖက်ဆိုင်များတွင် ဝယ်ယူပြီးသောပစ္စည်းများအား လဲလှယ်ခြင်းနှင့် ပြန်အမ်းငွေပြန်လည် တောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာသောကိစ္စရပ်များပေါ်ပေါက်ပါက KBZPay မိတ်ဖက်ဆိုင်များနှင့် အသုံးပြုသူများနှင့်သာ သက်ဆိုင်မည်ဖြစ်သည်။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ မိတ်ဖက်ဆိုင်များ၏ စည်းမျဥ်းစည်းကမ်းများ နှင့်အညီ ဆုံးဖြတ်သည့် အတိုင်း လိုက်နာရမည် ဖြစ်သည်။ ။

၁၃။ အစီအစဥ် တွင်ပါဝင်ရန် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။

၁၄။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၅။   ဤ အစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၆။   ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိ သည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၇။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်း မရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၈။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ အစီအစဥ်အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၉။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် KBZPay မိတ်ဖက်ဆိုင်များ၏   စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။ 

၂၀။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၂၁။   KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ သို့မဟုတ် KBZPay မိတ်ဖက်ဆိုင်များမှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ သို့မဟုတ် KBZPay မိတ်ဖက်ဆိုင်များ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ် ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၂။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်း သတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

“ငုဝါ Mini App မှာ ခရီးသွားလက်မှတ်ဝယ် လျှော့ဈေးများ ရယူမယ်” အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ အထိကို ““ငုဝါ Mini App မှာ ခရီးသွားလက်မှတ်ဝယ် လျှော့ဈေးများ ရယူမယ်” အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 နှင့် KBZPay Level 1.5   အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဤအစီအစဥ် တွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၅.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 2 အသုံးပြုသူများ အားလုံး အစီအစဉ် ကာလအတွင်း KBZPay ပင်မစာမျက်နှာရှိ Mini Appsအောက်မှ ငုဝါ Mini Appတွင် နှစ်သက်ရာ ကားလက်မှတ်များ ဝယ်ယူကာ ငွေပေးချေရာတွင် ကားလက်မှတ်တစ်ခုံအား ၁,၀၀၀ကျပ် လျှော့ဈေးချက်ချင်း ရရှိရန် ရည်ရွယ်ပါသည်။ 

၄။ လျှော့ဈေးရယူရန် ငွေပေးချေမှုတစ်ကြောင်းအတွက် အနည်းဆုံး ပမာဏ သတ်မှတ်ထားခြင်း တစ်နေ့လျှင် ရရှိနိုင်သော လျှော့ဈေးပမာဏ သတ်မှတ်ထားခြင်း မရှိပါ။ 

၅။ KBZPay ပင်မစာမျက်နှာရှိ Mini Appsအောက်မှ ငုဝါ Express Mini Appတွင် နှစ်သက်ရာ ကားလက်မှတ်များအတွက် ပေးချေမှုမဟုတ်သော ငွေပေးချေမှုများအတွက် လျှော့ဈေး ရရှိနိုင်မည်မဟုတ်ပါ။ 

၆။ ဤအစီအစဥ်မှ ရရှိသော လျှော့ဈေးငွေများအား KBPayဖြင့် ငွေပေးချေရာတွင် ချက်ချင်း ရရှိမည် ဖြစ်သည်။

၇။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၈။ KBZPay အသုံးပြုသူများမှ အစီအစဉ် ကာလအတွင်း ဝယ်ယူပြီးသော ကားလက်မှတ်များနှင့် ပတ်သက်၍ နေ့ရက်နှင့်အချိန်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေတောင်းခံခြင်းများ ကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက ငုဝါ နှင့် အသုံးပြုသူတို့နှင့်သာ သက်ဆိုင်မည် ဖြစ်ပြီး ငုဝါ ၏ စည်းမျဉ်းသတ်မှတ်ချက်များအတိုင်း ဆုံးဖြတ်ချက်အပေါ် အသုံးပြုသူတို့က လိုက်နာကြရမည်ဖြစ်သည်။

၉။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၁၀။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၁။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။

၁၂။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၃။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၄။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၅။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့်  ငုဝါ Mini App ၏ စည်းမျဉ်း စည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

သတ်မှတ်ထားသော KBZ Bank ခွဲများတွင် အပတ်စဉ်စနေနေ့တိုင်း ငွေဖြည့်သွင်းနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားခြင်း

အမှတ်ဘဏ်ခွဲ အမည်လိပ်စာဝန်ဆောင်မှုစတင်ပေးမည့်ရက်
PAKOKKUNO.(6), INDEPENDENT ST,,(8) QTR, PAKOKKU TSP, MAGWE.ဇူလိုင်လ ၆ရက် ၂၀၂၄ ခုနှစ်
MYITKYINANO.(18), CORNER OF STATION ST & KHAYAYPIN ST,,MYOMA (EAST) QTR, MYITKYINA, KACHIN.ဇူလိုင်လ ၆ရက် ၂၀၂၄ ခုနှစ်
BAMAWNO.(33), BOGYOKE ST,,THAZI (WEST) QTR, BAMAW, KACHIN.ဇူလိုင်လ ၆ရက် ၂၀၂၄ ခုနှစ်
MEIKTILANO.(MA/236), YGN-MDY MAIN RD,WARTEN ST,,WARTEN WARD, MEIKTHILA, MANDALAY.ဇူလိုင်လ ၆ရက် ၂၀၂၄ ခုနှစ်
MAGWENO.(464/465), PYITAWTHAR ST,,YAN MYO AUNG WARD, MAGWE.ဇူလိုင်လ ၆ရက် ၂၀၂၄ ခုနှစ်
AMARAPURANO.(117), BLOCK.(597), OHE TAW QTR, YAETWIN NYINAUNG WARD, SAG-MDY MAIN RD,,AMARAPURA TSP, MANDALAY.ဇူလိုင်လ ၆ရက် ၂၀၂၄ ခုနှစ်
PYINOOLWIN (2)NO.(65-66), MDY-LSO MAIN RD, (3) QTR, ,PYINOOLWIN, MANDALAY.ဇူလိုင်လ ၆ရက် ၂၀၂၄ ခုနှစ်
AUNGLANNO.(275), CORNER OF PYAY ST & 13 ST, TAYAWGONE WARD,,AUNGLAN TSP, MAGWAY.ဇူလိုင်လ ၆ရက် ၂၀၂၄ ခုနှစ်
MANDALAY - 20NO(55), EAST OF THIRIHAYMAR QTR,26 ST, BETWEEN 88 and 89 ST , CHANAYETHARZAN TSP, MANDALAY DIVISION,ဇူလိုင်လ ၆ရက် ၂၀၂၄ ခုနှစ်
၁၀73 STREET(MDY24)NO.5, 73 STR, BETWEEN 29 AND 30 ST, AKWAT NO. 738,,PAT KONE WINKYIN QTR, CHAN AYE THAR ZAN TSP, MANDALAY DIVISIONဇူလိုင်လ ၆ရက် ၂၀၂၄ ခုနှစ်
၁၁SAGAING-2(YWAR HTAUNG)UPAING NO(F-197), AKWAT NO.(811/ WEST YWAHTAUNG), YWAHTAUNG QT, ,SAGAING, SAGAING DIVISIONဇူလိုင်လ ၆ရက် ၂၀၂၄ ခုနှစ်
၁၂MDY40(INDUSTRIAL ZONE-1)NO(9+22), (62)ST, BETWEEN THAKHINPHOEHLAKYI RD & SANPYA RD,,ZA QTR, PYIGYITAKHUN TSP, MANDALAY DIVISIONဇူလိုင်လ ၆ရက် ၂၀၂၄ ခုနှစ်
၁၃MANDALAY 41-MANMYO MARKETNO(99/A), AKWAT NO(534), CORNER OF (38 & 84)ST,,WEST YADANAR BONMI QTR, MAHARAUNGMYAY TSP, MANDALAY DIVISIONဇူလိုင်လ ၆ရက် ၂၀၂၄ ခုနှစ်
၁၄MANDALAY-46 MAWYAGIWANo(33-Gha), Plot No(710), (74)St, (31×32)St, Mawragiwar Qtr,Chanayetharsan Tsp, MDY.ဇူလိုင်လ ၆ရက် ၂၀၂၄ ခုနှစ်
၁၅MONYWA BRANCH-5IN FRONT OF SHWETAUNG OIL STATION, KWAE GYI QTR, MONYWA,SAGAING DIVISION,KWAE GYI QTR, MONYWA,SAGAING DIVISIONဇူလိုင်လ ၆ရက် ၂၀၂၄ ခုနှစ်
၁၆TAUNGGYINO.154,BOGYOKE AUNG SAN ROAD,,LANMADAW QTR,TAUNGGYIဇူလိုင်လ ၁၃ရက် ၂၀၂၄ ခုနှစ်
၁၇LASHIONO.GA/12/1, CORNER OF BOGYOKE ST and THAZIN ST,,LASHIOဇူလိုင်လ ၁၃ရက် ၂၀၂၄ ခုနှစ်
၁၈AUNGBANNO-47.PYI HTAUNG SU MAIN RD,4 QTR,AUNGBANဇူလိုင်လ ၁၃ရက် ၂၀၂၄ ခုနှစ်
၁၉TACHILEIKNo(3,4,13,20,29),Bogyoke Aung San Road,Mae Khaung Quarter,,TARCHILAKE Townshipဇူလိုင်လ ၁၃ရက် ၂၀၂၄ ခုနှစ်
၂၀KENGTUNGNO(14),KYAING LANN(1) ST,,(2) QTR,KYAING TONG TSP.ဇူလိုင်လ ၁၃ရက် ၂၀၂၄ ခုနှစ်

KBZPay Market ၏ “Market Mega Sale” Campaign၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁) KBZPay Market ၏ “Market Mega Sale” Campaign ကို ဇွန်လ ၂၅ ရက်နေ့  ၂၀၂၄ ခုနှစ်မှ ဇူလိုင်လ ၄ ရက်နေ့  ၂၀၂၄ ခုနှစ်အထိ ပြုလုပ်သွားမည် ဖြစ်ပါသည်။ “Market Mega Sale” Campaign တွင် ဝယ်ယူမှုတိုင်းအတွက် မြန်မာနိုင်ငံအနှံ့အပြားကို  ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။

၂) KBZPay Level 2 Customer များသာ ယခု Campaign တွင် ပါဝင်၍ ဝယ်ယူမှုများပြုလုပ်နိုင်မည် ဖြစ်ပြီး  KBZPay Level 1 (သို့) Level 1.5 Customerများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ဤ Campaign တွင်ပါဝင်၍ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

၃) ဤ Campaign ၏ ရည်ရွယ်ချက်မှာ KBZPay Application version 5.1 နှင့်အထက် အသုံးပြုသည့် KBZPay  Level 2 Customer များသည် KBZPay Marketမှတဆင့် Merchant များထံတွင် ဝယ်ယူမှုများပြုလုပ်ပြီး KBZPay ဖြင့် ငွေပေးချေခြင်းအတွက် အထူး လျှော့စျေးများရရှိစေရန်နှင့် ပို့ဆောင်ခအခမဲ့ ခံစားခွင့်ရရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။ ဤ Campaign တွင် ပါဝင်လိုသည့် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay Application အား 5.1 နှင့် အထက် versionသို့ အဆင့်မြှင့်ထားရန် လိုအပ်ပါသည်။ 

၄) ဤ “Market Mega Sale” Campaign တွင် ပါဝင်သော အစီအစဉ်များမှာ ၂၀၂၄ ခုနှစ် ဇွန်လ ၂၆  ရက်နေ့ ညနေ ၆ နာရီမှ ည ၉ နာရီ နှင့် ၊ ဇူလိုင်လ ၃ ရက်နေ့တွင် ည ၆ နာရီ မှ ည ၉ နာရီအထိ ပထမဆုံး ဝယ်ယူမှု အော်ဒါ ၂၀၀ အတွက် ၃၀,၀၀၀ ဖိုးနှင့် အထက်ဝယ်ယူမှုတိုင်းအတွက်မဆို ပို့ဆောင်ခအခမဲ့ အစီအစဥ် “Market Hour” အပြင် Campaign ကာလအတွင်း Hottest Deals in Town အစီအစဥ် ပါဝင်သွားမည် ဖြစ်ပါသည်။ ပို့ဆောင်ခ အခမဲ့ အစီအစဥ်များအတွက် အခမဲ့ပို့ဆောင်ပေးမည့် အများဆုံးပို့ဆောင်ခမှာ ၂,၅၀၀ ကျပ် (နှစ်ထောင့်ငါးရာကျပ်)အထိ သတ်မှတ်ထားပြီး ပို့ဆောင်ခ ၂,၅၀၀ ကျပ်အထက်ကို  ကျော်လွန်ပါက ကျော်လွန်နေသော ပို့ဆောင်ခပမာဏအား Customer ဘက်မှ ကျခံပေးချေရမည် ဖြစ်ပါသည်။  

၅) ဤ “Market Mega Sale” တွင် Hottest Deals in Town အစီအစဉ်ကို ၁ ကြိမ်ပြုလုပ်ပါမည်။ ဇွန်လ ၂၅ ရက် ည ၈ နာရီတိတိမှစတင်ပါမည်။ ဇွန်လ ၂၅ ရက်နေ. Hottest Deals in Town အစီအစဉ်ရှိ ကူပွန်များသည် ဇွန်လ ၂၅ ရက် ည ၈ နာရီ မှ ဇူလိုင်လ ၄ ရက် ည ၁၂ နာရီ အထိ အသုံးပြုခွင့်ရှိပါသည်။ ပစ္စည်းတစ်ခုချင်းစီ၏ ကူပွန်ကုဒ်သည် လူတစ်ဦးလျှင် တစ်ကြိမ်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ကူပွန်အရေအတွက်သည် အကန့်အသတ်ရှိပြီး လူတစ်ဦးလျှင် တစ်ကြိမ် ထက်ပို၍ အသုံးပြုခွင့်မရှိပါ။ 

၆) Customer မှ ရရှိသည့်ကူပွန်အား KBZPay Market ရှိ Merchant များထံမှ ဝယ်ယူပေးချေခြင်းတွင် ပြန်လည် အသုံးပြုနိုင်ပြီး ဝယ်ယူပေးချေသည့်ပမာဏသည် ကူပွန်ပမာဏထက်ပိုများရန် လိုအပ်ပါ သည်။

၇) Customer များသည် KBZPay Application mini icon၊ KBZPay Home page banner၊ Facebook၊ Viber၊ KBZPay Market Official Account (5.1 version နှင့်အထက် အသုံးပြုသည့် KBZPay Customer များအတွက်) တို့မှတဆင့် “Market Mega Sale” Campaign တွင် Merchant များ၏ဆိုင်များမှ ကုန်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်သည်။ 

၈) ဤ “Market Mega Sale” Campaignတွင် ပါဝင်သော Merchant ဆိုင်များရှိ ကုန်ပစ္စည်းအရေအတွက် ရရှိနိုင်မှုသည် ကန့်သတ်ချက်များရှိနိုင်ပါသဖြင့် Customer များမှ အမြန် ဝယ်ယူရန်လိုအပ်ပါသည်။ KBZPay မှ Customer ထံသို့ order အတည်ပြုချက်ပေးပို့ထားခြင်း မရှိသော Customer ၏ order များကို အောင်မြင်စွာ ဝယ်ယူထားသော order အဖြစ် သတ်မှတ်မည် မဟုတ်ဘဲ ထို order များကို Merchant ဘက်မှ အချိန်မရွေး Cancel ခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ ထို order များကို KBZPay မှလည်း Customer ထံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိမည်မဟုတ်ပါ။

၉) KBZPay Market သည် Merchant များမှ ၎င်းတို့၏ ကိုယ်ပိုင်စတိုးဆိုင်များကဲ့သို့ စီမံခန့်ခွဲနိုင်သည့်  Market Place ဖြစ်သည့်အတွက် Merchant များဘက်မှ Cancel သည့် ပစ္စည်းများကို KBZမှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် Merchant ဘက်မှ Cancel ခြင်းသည် ကျိုးကြောင်းဆီလျော်သော သို့မဟုတ် ယုံကြည်ရလောက်သော အကြောင်းပြချက်မရှိသည့် Cancel ခြင်းမျိုးဖြစ်ပါက ထို Merchant များကို Cancel ခြင်းနှင့်အခြား စည်းကမ်းချိုးဖောက်မှုများအတွက်  KBZPay Market ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူသွားမည်ဖြစ်သည်။

၁၀) ဤ Campaignအရ Customer များအား ပေးသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ နည်းပညာ ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင်ခြင်းတစ်ခုခုအတွက် KBZသည် Customer အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို Customerအနေဖြင့် သိရှိသဘောတူပါသည်။

၁၁) Merchant ဆိုင်များရှိ “Market Mega Sale” Campaignတွင် ပါဝင်သော ကုန်ပစ္စည်းအား သတ်မှတ်မြို့နယ်များမှ ဝယ်ယူသော Customer များ၏ ဝယ်ယူမှုများအတွက် သက်ဆိုင်ရာ နေရာသို့ပို့ဆောင်ရာတွင် သတ်မှတ်ထားသည့်ရက်အတွင်းပေးပို့နိုင်ရန်အတွက် KBZPay နှင့် Merchant များသည် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမည် ဖြစ်သော်လည်း KBZPay နှင့် Merchant များအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် သတ်မှတ်ရက် အတွင်းမပေးပို့နိုင်ခဲ့ပါက KBZPay နှင့် Merchant များတွင် မည်သည့်တာဝန်မျှမရှိပါ။ 

၁၂) KBZPay နှင့် Merchantများအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် အချိန်မှီပေးပို့နိုင်ခြင်းမရှိခဲ့သည့် ကုန်ပစ္စည်းများအား KBZPay နှင့် Merchant များသည် သင့်လျော်သည့် အချိန်တစ်ခုတွင် ဝယ်ယူထားသည့် Customer များထံသို့ ပြန်လည်ပို့ဆောင်ပိုင်ခွင့် သို့မဟုတ် ထိုပစ္စည်းအတွက် Customer အား ငွေပြန်အမ်းခြင်းတို့အား KBZPay နှင့် Merchantများ၏ ဆုံးဖြတ်ချက်တို့ဖြင့် ပြုလုပ်ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

၁၃) Customer မှ ဝယ်ယူထားသော ကုန်ပစ္စည်းအား Cancel ပြုလုပ်ခြင်း၊ Merchant ထံသို့ ကုန်ပစ္စည်းအား ပြန်လည်ပေးပို့ခြင်း၊ လိမ်လည်မှုကိစ္စနှင့် အရည်အချင်းမပြည့်မီသော ထုတ်ကုန်များနှင့် ပတ်သက်သည့် ပြဿနာများရှိပါက Customer မှ ပစ္စည်းများအား လက်ခံရရှိပြီးချိန်မှစ၍ ၄၈ နာရီအတွင်း KBZPay Market မှ တဆင့် Merchant များသို့တင်ပြရမည်ဖြစ်သည်။ Merchant သည် အမှန်တကယ် ပြန်လည်လဲလှယ်ပေးရန် လိုအပ်သော ကုန်ပစ္စည်းများ လဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းရန်ခြင်းများအားဆောင်ရွက်ပေးရမည်ဖြစ်ပြီး အငြင်းပွားမှုများဖြစ်ပေါ်လာပါက Customer သည် Merchant ၏  ဆုံးဖြတ်ချက် အားလိုက်နာရမည်ဖြစ်သည်။

၁၄) ဤ Campaign ကာလအတွင်းသာလျှင် KBZPay Application version 5.1 နှင့်အထက် အသုံးပြုသည့် KBZPay Level 2 Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ရပ်စဲသည် သို့မဟုတ် ပြီးဆုံးသွားသည် နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၁၅) KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည် မဟုတ်ပါ။

၁၆) ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ် ပိုင်ခွင့်ရှိသည်။

၁၇) ဤ Campaign နှင့်ပတ်သက်၍ KBZPay Customerများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေ အရ KBZPay Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၈) KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့်စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်းနှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုး ခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့်နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၉) KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customerများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၂၀) KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် Merchant များ၏ စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၁) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ် ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၂) KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲ ခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customer များအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်း မရှိစေရပါ။

၂၃) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“Elite Express Mini App မှ ကားလက်မှတ်ဝယ် ပြန်အမ်းငွေယူပြီး ခရီးသွားမယ်” အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay သည် ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ အထိကို “Elite Express Mini App မှ ကားလက်မှတ်ဝယ် ပြန်အမ်းငွေယူပြီး ခရီးသွားမယ်” အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 နှင့် KBZPay Level 1.5   အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဤအစီအစဥ် တွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၅.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 2 အသုံးပြုသူများ အားလုံး အစီအစဉ် ကာလအတွင်း KBZPay ပင်မစာမျက်နှာရှိ Mini Appsအောက်မှ Elite Express Mini Appတွင် နှစ်သက်ရာ ကားလက်မှတ်များ ဝယ်ယူကာ ၃,၀၀၀ကျပ် ပြန်အမ်းငွေ  (နေ့စဉ်သတ်မှတ်အရေအတွက် ကျန်ရှိသည်အထိ) ချက်ချင်း ရရှိရန် ရည်ရွယ်ပါသည်။ 

၄။ ပြန်အမ်းငွေရယူရန် ငွေပေးချေမှုတစ်ကြောင်းအတွက် အနည်းဆုံး ပမာဏ သတ်မှတ်ထားခြင်းမရှိပါ။ 

၅။ KBZPay ပင်မစာမျက်နှာရှိ Mini Appsအောက်မှ Elite Express Mini Appတွင် နှစ်သက်ရာ ကားလက်မှတ်များအတွက် ပေးချေမှုမဟုတ်သော ငွေပေးချေမှုများအတွက် ပြန်အမ်းငွေ ရရှိနိုင်မည်မဟုတ်ပါ။ 

၆။ ဤအစီအစဥ်ကာလအတွင်း KBZPayအသုံးပြုသူများ၏ တစ်ရက်အတွင်း ပထမအကြိမ် ငွေပေးချေမှု အတွက်သာ ပြန်အမ်းငွေ ရရှိနိုင်မည် ဖြစ်သည်။ သို့သော် နေ့စဉ်အတွက် သတ်မှတ်ထားသော ပြန်အမ်းငွေ အရေအတွက်ရှိသဖြင့် ထိုကန့်သတ်အရေအတွက် ကျော်လွန်သော ငွေပေးချေမှုများ အတွက် ပြန်အမ်းငွေ ရရှိနိုင်မည် မဟုတ်ပါ။

၇။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူများ၏  KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ပြန်အမ်းငွေများအား ထည့်သွင်းပေးမည့် အချိန်သည် KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၈။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၉။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၁၀။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၁။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။

၁၂။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၃။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၄။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၅။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့်  Elite Express ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“KBZPay ကနေ 47 F&B Group Mini Appမှ  ကြိုမှာသွားယူကာ 15% လျှော့စျေး ရယူလိုက်ပါ” အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay သည် ၂၀၂၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ အထိကို “ KBZPay ကနေ 47 F&B Group Mini Appမှ ကြိုမှာသွားယူကာ 15% လျှော့စျေး ရယူလိုက်ပါ” အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 နှင့် KBZPay Level 1.5  အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့် တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဤအစီအစဥ်င်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၅.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 2 အသုံးပြုသူများ အားလုံး အစီအစဉ် ကာလအတွင်း KBZPay ပင်မစာမျက်နှာရှိ Mini Apps အောက်မှ 47 F&B Group Mini Appတွင် ပါရှိသော ဆိုင်ခွဲများဖြစ်ကြသည့် Olive and Twist၊ Burma 47၊ Chinese 47၊  TORA၊ Thai 47 (Helpin)၊ Chapter 8၊ Pinlon House၊ Thai 47 (Kyauk Kone)နှင့် Thai 47 (Downtown)   များတွင် နှစ်သက်ရာ ဟင်းပွဲများ ကြိုမှာ၊ ငွေပေးချေကာ သွားယူ၍ 15%လျှော့ဈေး ရယူနိုင်ရန် ရည်ရွယ်ပါသည်။ 

၄။ လျှော့ဈေးရယူရန် ငွေပေးချေမှုတစ်ကြောင်းအတွက် အနည်းဆုံး ပမာဏ သတ်မှတ်ထားခြင်းမရှိပါ။ အစီအစဉ် ကာလအတွင်း KBZPayပင်မစာမျက်နှာရှိ Mini Appsအောက်မှ 47 F&B Group Mini Appတွင် ကြိုမှာ ဝယ်ယူပြီး သွားယူသူတိုင်း 15%လျှော့ဈေး ရရှိနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူ၍ သွားယူ (Pick Up) သည့် ငွေပေးချေမှုအတွက်သာဖြစ်သည်။

၅။ KBZPay ပင်မစာမျက်နှာရှိ Mini Apps အောက်မှ 47 F&B Group Mini Appတွင် ပေးချေမှု မဟုတ်သော ငွေပေးချေမှုများအတွက် ရရှိနိုင်မည်မဟုတ်ပါ။ အသုံးပြုသူ မှာယူသော အစား အသောက်များနှင့် ပတ်သက်၍ အချိန်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်း၊ ငွေပြန်အမ်းခြင်းကဲ့သို့သော ကိစ္စရပ်များအပါအဝင်  ကြိုတင်မှာယူ၍ သွားယူ (Pick Up) နှင့်ပတ်သက်၍ အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက 47 F&B သို့ တိုက်ရိုက်ဆက်သွယ်ရမည်ဖြစ်ပြီး 47 F&B ၏စည်းမျဥ်းစည်းကမ်းများ နှင့်အညီ ဆုံးဖြတ်သည့် အတိုင်း လိုက်နာရမည်ဖြစ်သည်။ 

၆။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၇။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၈။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေ အရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၁။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစား ခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၂။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၁၃။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့်  47 F&B Group Mini App အောက်ရှိ ဆိုင်များ ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။