“ရွှေနားဆင် မှာ KBZPayနဲ့ရှင်းပြီးပြန်အမ်း‌ငွေလက်ဆောင်ရယူပါ” Campaign စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ ရွှေနားဆင် မှာ KBZPayနဲ့ရှင်းပြီးပြန်အမ်း‌ငွေလက်ဆောင်ရယူပါ Campaign ကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၂ ရက် နေ့မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤ Campaign ၏ရည်ရွယ်ချက်မှာ ရွှေနားဆင် Application တွင် သတ်မှတ်ထားသောဝန်ဆောင်မှုများကို KBZPay နှင့်ဝယ်ယူပြီး KBZPay Campaign စာမျက်နှာသို့သွားရောက်ပြီး Spin Wheel လှည့်ကာပြန်အမ်းငွေများ ရရှိနိုင်ရန်ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ပါသည်။ 

၄။ ဤ Campaign မှ  ရရှိသော ပြန်အမ်းငွေများကို KBZPay အသုံးပြုသူ၏  KBZPay Wallet အကောင့်ထဲသို့ ချက်ချင်းတိုက်ရိုက် ထည့်သွင်းပေးမည်ဖြစ်ပါသည်။ ပြန်အမ်းငွေအား ချက်ချင်းထည့်သွင်းပေး မည်ဟု ဖော်ပြထား သော်လည်း ဘဏ်၏ ထိန်းချုပ်နိုင် စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေ ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၅။ ရရှိနိုင်သောပြန်အမ်းငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

အမျိုးအစားဝယ်ယူမှုနှုန်းပြန်အမ်းငွေပမာဏ
Level 1.5 and Level 2 ၁၀၅၀ – ၂၀၉၉ ကျပ်၃၀၀
၅၀၀
၂၁၀၀ – ၅၂၄၉ ကျပ်၁,၀၀၀
၁,၅၀၀
၅၂၅၀ ကျပ်၂,၀၀၀
၃,၀၀၀
၅,၀၀၀

၆။ ဤ Campaign တွင်ပါဝင်ရန် အသုံးပြုသူများအနေဖြင့် transaction တစ်‌ကြောင်းလျှင် အနည်းဆုံး စုစုပေါင်းငွေကျပ် ၁,၀၅၀ ကျပ်နှင့်အထက်ဝယ်ယူ၍ ရွှေနားဆင် Application တွင် KBZPay နှင့်ငွေပေးချေရန် လိုအပ်ပါသည်။ ၁,၀၅၀ ကျပ်အောက် ဝယ်ယူပေးချေမှုများနှင့် KBZPay နှင့်ဝယ်ယူခြင်းမဟုတ်သည့်ဝယ်ယူမှုများအတွက်  ပြန်အမ်းငွေများကို ရရှိနိုင်မည်မဟုတ်ပါ။

၇။ ဤ Campaign တွင်ပါဝင်သူများအနေဖြင့် KBZPay အကောင့်တစ်ခုလျှင် Campaign ရက် တစ်ရက်အတွက် သတ်မှတ်ချက်နှင့်ပြည့်မှီသည့် ဝယ်ယူပေးချေမှုများအတွက် KBZPay Campaign စာမျက်နှာတွင် Spin Wheel လှည့်ကာ ပြန်အမ်းငွေ (၁) ကြိမ်ရယူခွင့်ရှိပါသည်။ 

၈။   ဤ Campaign ကာလအတွင်း KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများ အနေဖြင့် ဤစည်းမျဥ်းစည်းကမ်း    သတ်မှတ်ချက်ပါအခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၉။ Campaign တွင်ပါဝင်ရန် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။

၁၀။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၁။   ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂။   ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၃။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိ ဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၄။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၅။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် ရွှေနားဆင် Application၏   စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။ 

၁၆။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၁၇။   KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ သို့မဟုတ် ရွှေနားဆင် Application မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ သို့မဟုတ် ရွှေနားဆင် Application အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။၁၈။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ် ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay ကနေ မီတာဘေလ်ပေးဆောင်နိုင်တဲ့ မြို့နယ်များ

ရန်ကုန်မန္တလေးဧရာ‌ဝတီနေပြည်တော်ပဲခူးရှမ်း
အလုံအောင်မြေသာစံဖျာပုံဒက္ခိဏသီရိပြည်အောင်ပန်း
အေးရွာချမ်းအေးသာစည်ဟင်္သာတဥတ္တရသီရိကြို့ပင်ကောက်ညောင်ရွှေ
ဗဟန်းချမ်းအေးသာဇံမြောင်းမြပုဏ္ဏသီရိကလော
ဗိုလ်တထောင်မဟာအောင်မြေပုသိမ်ပျဥ်းမနား
ဒလအမရပူရမအူပင်ဇမ္ဗူသီရိ
ဒေါပုံပြည်ကြီးတံခွန်လပ္ပတာ
ဒဂုံပြင်ဦးလွင်
ဒါးပိန်မိတ္ထီလာ
ဒဂုံဆိပ်ကမ်းဝမ်းတွင်း
အရှေဒဂုံမြင်းခြံ
လှိုင်မိုးကုတ်
လှည်းကူးပုသိမ်ကြီး
မှော်ဘီမြစ်သာ
ထောက်ကြန့်ကျောက်ဆည်
ထန်းတပင်ညောင်ဦး
လှိုင်သာယာ(အရှေ)
လှိုင်သာယာ(အနောက်)
အင်းတိုင်
အင်းစိန်
ကွမ်းခြံကုန်း
ကော့မှူး
ကြည့်မြင့်တိုင်
ကမာရွတ်
ကျောက်တန်း
ကျောက်တံတား
ခရမ်း
လမ်းမတော်
လသာ
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွန့်
မြောင်းတကာ
မြေနီကုန်း
မြောက်ဒဂုံ
မြောက်ဥက္ကလာပ
ဥက္ကံ
ပန်းပဲတန်း
ဖောင်ကြီး
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေလင်ပန်း
တောင်ဒဂုံ
တောင်ဥက္ကလာပ
ရွှေပေါက္ကံ
ရွှေပြည်သာ
သုံးခွ
သင်္ကန်းကျွန်း
တိုက်ကြီး
သာကေတ
သန်လျင်
တွံတေး
တာမွေ
ရန်ကင်း

‘New Year Prediction with Min Thein Kha’ Campaign Terms and Conditions mm

၁။ KBZPayတွင် ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့မှ  ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၄ရက်နေ့ အထိကို “နှစ်သစ်ကံကြမ္မာ မင်းသိင်္ခနဲ့အဖြေရှာပါ” Campaignနေ့အဖြစ် သတ်မှတ်ထားပါသည်။

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ပါဝင်နိုင်မှာ ဖြစ်ပါသည်။

၃။ Campaign ၏ရည်ရွယ်ချက် မှာ KBZPay  Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံး ဤ Campaign မှတစ်ဆင့် အခမဲ့ နှစ်သစ်ကံကြမ္မာ အဖြေရှာနိုင်ပြီး  မင်းသိင်္ခဗေဒင်၏ ဝန်ဆောင်မှုများဝယ်ယူရာတွင် ပြန်လည်အသုံးပြုနိုင်မည့် လျှော့ဈေးကူပွန်များကို ကံစမ်းနိုင်ရန် ရည်ရွယ်ပါသည်။ 

၄။ Campaign ကာလအတွင်း KBZPay Blue Application မှတစ်ဆင့် KBZPay အသုံးပြုသူတစ်ဦးလျှင် အခမဲ့ နှစ်သစ်ကံကြမ္မာ တစ်ကြိမ်အဖြေရှာနိုင်ပြီး မင်းသိင်္ခ လျှော့ဈေးကူပွန်တစ်ကြိမ် (သတ်မှတ်အရေအတွက်ကျန်ရှိသည်အထိ) ကံစမ်းနိုင်မည် ဖြစ်ပါသည်။

၅။ မင်းသိင်္ခလျှော့ဈေးကူပွန်ကို ကံစမ်းရာတွင် ရရှိမည့်လျှော့ဈေးကူပွန် ငွေပမာဏကို ကျပန်း ကံစမ်းရရှိနိုင်မည်ဖြစ်ပြီး ကံစမ်းနိုင်မည့် လျှော့ဈေးကူပွန်များမှာ

  • ၅၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၈၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၁,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၁,၅၀၀ ကျပ်တန် လျှော့ဈေးကူပွန် တို့ဖြစ်ပါသည်။

၆။ KBZPay အသုံးပြုသူများသည် လျှော့ဈေးကူပွန်ကို ချက်ချင်းလက်ခံရရှိမည် ဖြစ်ပြီး KBZPay “My Coupon” တွင်လည်း ပြန်လည်ရှာဖွေနိုင်မည်ဖြစ်သည်။ 

၇။  KBZPay အသုံးပြုသူများအနေဖြင့် ရရှိလာသော လျှော့ဈေးကူပွန်များကို ပြန်လည် အသုံးပြုရာတွင် ငွေပေးချေဝယ်ယူသည့် ဝန်ဆောင်ခပမာဏသည် လျှော့ဈေးကူပွန် ပမာဏထက် ပိုများရန်လိုအပ်ပါသည်။ 

၈။ လျှော့ဈေးကူပွန်များ၏သက်တမ်းမှာ အသုံးပြုသူ လက်ခံရရှိသည့် နေ့ရက်မှစ၍ (၃) ရက် အတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းမကုန်မီ မင်းသိင်္ခဗေဒင် ၏ မည်သည့်ဝန်ဆောင်မှုအမျိုးအစားကိုမဆို KBZPay မှတဆင့် ဝယ်ယူခြင်းတွင် ပြန်လည် အသုံးပြုနိုင်ပါသည်။ 

၉။ အဆိုပါ မင်းသိင်္ခလျှော့စျေးကူပွန်ကိုပြန်လည်အသုံးပြုရာတွင် ကူပွန်တစ်စောင်လျှင် ငွေပေးချေမှုတစ်ကြိမ် အတွက်သာအသုံးပြုနိုင်မည်ဖြစ်ပါသည်။  

၁၀။ ဤ Campaign တွင်ပါဝင်ဆင်နွှဲရန် KBZPay အသုံးပြုသူများသည် KBZPay အက်ပလီကေးရှင်းအား ၃.၀.၃ ဗားရှင်းသို့ အဆင့်မြှင့်တင်ထားရန် လိုအပ်ပါသည်။ 

၁၁။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၈) တွင် ဖော်ပြချက်နှင့်အညီ  ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၂။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၁၃။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

 ၁၅။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့်  Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၆။ KBZPay အနေဖြင့် တစ်စုံတစ်ရာ သောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay အသုံးပြုသူအနေဖြင့် လျော်ကြေး တစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၇။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် မင်းသိင်္ခ ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၁၉။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၀။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိပါက မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay “ကြိုဖြည့်” Campaign ၏  စည်းမျဥ်းသတ်မှတ်ချက်များ

KBZPay “ကြိုဖြည့်” Campaign သည် ဇန်နဝါရီလ ၂ ရက်မှ ၃၁ ရက် ၂၀၂၄ ခုနှစ် အထိဖြစ်ပါသည်။

၂။ ဤ Campaign တွင် ၆ လ သက်တမ်း ရှိတဲ့ KBZPay Level 2 အကောင့်ရှိသော သတ်မှတ်ထားသည့် KBZ Payroll Customer များနှင့် KBZ Bank ဝန်ထမ်းများသာ ပါဝင်နိုင်မည်ဖြစ်ပါသည်။

၃။   ဤ Campaign တွင်ပါဝင်ရန် KBZPay ဖြင့် ရက် ၉၀ အတွင်း ဖုန်းဘေလ် အနည်းဆုံး ၃,၀၀၀ ကျပ် ဖြည့်သွင်းထားသူဖြစ်ရပါမည်။

၄။   Campaign ကာလအတွင်း KBZPay “ကြိုဖြည့်” အရေးပေါ် ဖုန်းဘေလ် ချေးငွေတွေ ကို ရယူပြီး ဝန်ဆောင်ခ ၆၀ ကျပ်ကို ပေးဆောင်စရာမလိုပဲ (၇) ရက်ပြည့်ပြီးနောက်ပိုင်းတွင် ပြန်လည်ပေးဆောင်နိုင်မည် ဖြစ်ပါသည်။ 

၅။   Campaign ကာလအတွင်း ရယူနိုင်သည့် KBZPay “ကြိုဖြည့်” အရေးပေါ်ဖုန်းဘေလ်ချေးငွေတွေများသည် ၁,၀၀၀ ကျပ် (ဝန်ဆောင်ခ ၆၀ ကျပ်)၊ ၂,၀၀၀ ကျပ် (ဝန်ဆောင်ခ ၉၀ ကျပ်)  နှင့် ၃,၀၀၀ ကျပ် (ဝန်ဆောင်ခ ၁၂၀ ကျပ်) တို့ဖြစ်ပါသည်။

၆။   KBZPay “ကြိုဖြည့်” အရေးပေါ် ဖုန်းဘေလ် ချေးငွေများကို ရယူပြီးပါက ရက် (၃၀) အတွင်း ပြန်လည်ပေးဆောင် မှသာလျှင် ဝန်ဆောင်ခ ၆၀ ကျပ် သက်သာခွင့်ရရှိမည်ဖြစ်သည့်အတွက် သတ်မှတ်ရက်အတွင်း KBZPay wallet ထဲသို့ ငွေပြန်လည်ထည့်သွင်းထားရန်လိုအပ်ပါသည်။  

၇။ သတ်မှတ်ထားသည့် KBZ Payroll Customer များနှင့် KBZ Bank ဝန်ထမ်းများအနေဖြင့် စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုအပေါ်မူတည်၍ အရေးပေါ်ဖုန်းဘေလ်ချေးငွေပမာဏ ၁,၀၀၀ ကျပ်၊ ၂,၀၀၀ ကျပ် နှင့် ၃,၀၀၀ ကျပ်  အား အသီးသီးရယူနိုင်မည်ဖြစ်ပါသည်။

၈။ ဤ Campaign အတွင်း သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်ကိုက်ညီပြီး KBZPay “ကြိုဖြည့်” ဝန်‌ဆောင်မှုအား ရယူထားသည့် KBZPay Cusomer များ၏ ပြန်လည်ပေးဆပ်မှုအတွက်သာလျှင် ဝန်ဆောင်ခ ၆၀ ကျပ် သက်သာခွင့်ရရှိမည်ဖြစ်ပြီး ဤသက်သာခွင့်အား Campaign ကာလတစ်လျှောက် တစ်ကြိမ်သာ လျှင်ရရှိနိုင်မည်ဖြစ်ပါသည်။

၉။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Customer များအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၁၀။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။  

၁၁။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၂။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၄။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်းနှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၅။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၆။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထား သည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“KBZPay နဲ့အလှဆုံးစီခြယ် ဆုယူမယ်” Campaign စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ KBZPay နဲ့အလှဆုံးစီခြယ် ဆုယူမယ် Campaign ကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

၂။ KBZPay ကုန်သည်များနှင့် ကိုယ်စားလှယ်များအဖြစ် တရားဝင်မှတ်ပုံတင်ထားရှိသော ဆိုင်များသာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး၊ Campaignတွင်ပါဝင်လို သော ဆိုင်များအ နေဖြင့် ၎င်းတို့၏ KBZpay Agent/Merchant Account register ပြုလုပ်ထားသော ဖုန်းနံပါတ်ဖြင့် လစဥ် ပထမ ရက် ၂၀ အတွင်း ဆက်သွယ်စာရင်း ပေးပို့ ရမည် ဖြစ်ပါသည်။

၃။ ဤ Campaign ၏ရည်ရွယ်ချက်မှာ KBZPay POSM ​ကြော်ငြာပစ္စည်းများ တပ်ဆင်ထားသော ကုန်သည်များနှင့် ကိုယ်စားလှယ်များထဲမှ အောက်ပါဇယားတွင် ဖော်ပြထားသော Marking Guideline နှင့်အညီ အကောင်းဆုံးအလှဆင်တပ်ဆင်ထားသော ဆိုင်များကို ပြန်လည်ရွေးချယ်ကာ ဆုများပြန်လည်ချီးမြှင့်မည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။ 

Marking GuidelineDefinition
Flaglineအနည်းဆုံး flagline 2ခု ဆိုင်၏ဝင်​ပေါက်မျက်နှာစာတွင်တပ်ဆင်ချိတ်ဆွဲ ထားခြင်း
Flagline များကို customer များမြင်သာ​သော ​နေရာတွင်ထားရှိခြင်း
2’2′ StickerSticker များကို ဆိုင်၏ ဝင်​ပေါက်ဘယ်ညာနှင့် customer များမြင်သာ​သော ​နေရာတွင်ပူးတွဲထားရှိခြင်း
ဆိုင်​ရှေ့ကို မျက်နှာမူ၍ တည့်တည့် ၊ ဝင်​ပေါက်နေရာတွင်တပ်ဆင်ထားရှိခြင်း
Decal StickerDecal Sticker များကို customer များမြင်သာ​သော ​နေရာတွင်ထားရှိခြင်း
မြင်သာ၍ အခြားbrand POSM များထက်ပိုမို​ ကောင်းမွန်​သောမမြင့်လွန်း မနိမ့်လွန်း​နေရာတွင် တပ်ဆင်ထားရှိခြင်း
PP Boardအနည်းဆုံး PP Board 1ခုကို မြင်သာစွာ ​တပ်ဆင်ထားခြင်း
ဆိုင်၏ဝင်​ပေါက်မျက်နှာစာတွင် တပ်ဆင်ချိတ်ဆွဲထားခြင်း
Over All High Brand Visibilityဆိုင်၏အပြင်ဘက် (မျက်နှာစာ)Flagline၊ Sticker၊ PPboard အနည်းဆုံးထားရှိရမည့် သတ်မှတ်ထား​သော Quantity အတိုင်း စုံလင်စွာတပ်ဆင်ထားရှိခြင်း၊
ဆိုင်၏အတွင်းဘက်Cash counter/​ငွေ​ပေး​ချေ​သော counterတွင် Decal sticker နှင့် QR stand စုံလင်စွာထားရှိခြင်း၊
Creativity​ကောင်းမွန်လှပ​သော ပြင်ဆင်မှုဖြင့် POSMများကို တပ်ဆင်ထားရှိခြင်း

၄။ KBZPay ကြော်ငြာပစ္စည်းအား တောင်းခံလိုပါက  Call Center-3212 (သို့ ) KBZPay Center   မှတဆင့်​ (သို့) သက်ဆိုင်ရာမြို့နယ် TSE များ မှတဆင့် ဆက်သွယ်တောင်းယူနိုင်ပြီး ဆိုင်၏ အကျယ်အဝန်းနှင့် အနေအထား ပေါ်မူတည်၍ လုံလောက်သောကြော်ငြာပစ္စည်းများအား ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါသည်။

၅။ Campaign တွင် ပါဝင်ရန်အတွက် ကြော်ငြာပစ္စည်းများအား KBZPayထံမှ‌ တောင်းခံထားသော်လည်း Campaign ရည်ရွယ်ချက်နှင့်အညီ ကြော်ငြာပစ္စည်းများအား အမှန်တကယ် ခင်းကျင်းထားခြင်းမရှိသော Merchant နှင့် Agent ဆိုင်များသို့ ပေးအပ်ထားသော ကြော်ငြာပစ္စည်းများအား KBZPay မှ ပြန်လည်တောင်းခံခြင်းပြုလုပ်နိုင်ပြီး စည်းကမ်းချက်နှင့်မကိုက်ညီသော Merchant နှင့် Agent ဆိုင်များအား Campaign တွင် ပါဝင်ခွင့်အား KBZPay မှ ပြန်လည်ရုတ်သိမ်းခွင့်ရှိမည်ဖြစ်သည်။

၆။ အပိုဒ် (၂) တွင်ဖေါ်ပြထားသော သတ်မှတ်ချက်များနှင့်မကိုက်ညီသော ဆိုင်များသည် ဤ Campaign ပါဝင်ခွင့်ရရှိနိုင်မည်မဟုတ်ပါ။ ထို့အပြင် KBZ သည် Campaignတွင် ပါဝင်ရန်တောင်းဆိုလာသည့် ကုန်သည်များနှင့်ကိုယ်စားလှယ်များအား KBZ ၏တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်းအားလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။။

၇။ ဤ Campaign တွင်ပါဝင်လိုသော ကုန်သည်များနှင့်  ကိုယ်စားလှယ်များသည် မိမိတို့ အလှဆင်ထားသော ဆိုင်ဓါတ်ပုံများအား TSEမှ Note Cam ဖြင့် ဓာတ်ပုံမှတ်တမ်း  ရိုက်ယူပြီး  QR Scan &  Drive မှတဆင့် ဆိုင်၏ အချက်အလက်များကို “KBZPay နဲ့ အလှဆုံးစီခြယ် ဆုယူမယ်” Campaign Photo submission form တွင် မှန်ကန်စွာဖြည့်သွင်း​ပေးပို့ ပေးရန်လိုအပ်ပါသည်။

၈။ ဤ Campaign မှ  အနိုင်ရရှိသောဆုငွေများကို ပါဝင်ယှဥ်ပြိုင်​သောလ၏ တဆက်တည်းဖြစ်​သော ပြက္ခဒိန်လ၏ ၁၅ရက်​နေ့ အတွင်း ဆုရရှိ​သော ကုန်သည်များနှင့် ကိုယ်စားလှယ်များ၏ လုပ်ငန်းသုံး E Money Wallet အကောင့်ထဲသို့ ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ 

 ၉။ ရရှိနိုင်သော ဆုငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

အမျိုးအစားဆုငွေအမျိုးအစားများဆုငွေပေးအပ်မည့်အရေအတွက်
ကိုယ်စားလှယ်များနှင့် ကုန်သည်များMonthly Winners – ၅၀,၀၀၀ ကျပ်ဇန်နဝါရီလ – ၁၀၀ ဆု
ဖေဖော်ဝါရီလ – ၁၀၀  ဆု
မတ်လ – ၁၀၀ ဆု
Grand Winner – ၃၀၀,၀၀၀ ကျပ်၉ ဆု

အထက်ပါဇယားတွင်ဖော်ပြထားသောဆုများကို လစဥ် အကောင်းဆုံး အလှဆင်ပေးသည့် ဆိုင်များအား တစ်ဆိုင်လျှင် ၅၀,၀၀၀ ကျပ်စီ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး လစဥ် ဆိုင် (၁၀၀) စီ အား ရွေးချယ်သွားမည်ဖြစ်ပါသည်။   Campaign ​နောက်ဆုံး လတွင်  လစဥ်ဆုရရှိထား​သောဆိုင်များအတွင်းမှ အ​ကောင်းဆုံး အလှဆင် ထိန်းသိမ်း​ပေးထား​သောဆိုင် (၉) ဆိုင်ကို​ရွေးချယ်၍ Grand Winner Prize (၉) ဦး​အား တစ်ဦးလျှင် ဆု​ငွေ ၃၀၀,၀၀၀ကျပ်စီ ​ ထပ်​ဆောင်းပေးအပ်သွားမည်ဖြစ်ပါသည်။

၁၀။ အကယ်၍ ကုန်သည်များ (သို့) ကိုယ်စားလှယ်များ၏ဆိုင်သည် Monthly Winnerတစ်ကြိမ်ဆုရရှိပြီးပါက ​နောက်လ Monthly Winner ဆု​ရွေးချယ်မှု အတွက် ပါဝင်မည်မဟုတ်ပါ။   Monthly Winner ဆုမရရှိ​သေး​သော ဆိုင်များအ​နေဖြင့် ရရှိနိုင်ရန်အတွက် campaign ကာလမပြီးဆုံးခင်အထိ လစဥ်ပါဝင် ယှဥ်ပြိုင်နိုင်မည်ဖြစ်ပါသည်။

၁၁။ ဤ Campaign တွင်ပါဝင်သော Agent နှင့် Merchant များသည် ၎င်းတို့၏ဆိုင်များတွင် KBZPay ၏ ကြော်ငြာ ပစ္စည်းများအား Campaignကာလ ပြီးဆုံးသည်အထိ တပ်ဆင် ထားရှိပေးရန် လိုအပ်ပါသည်။

၁၂။   Campaignတွင် အကျုံးဝင်​သောမြို့နယ်များအား သတ်မှတ်ထားရှိပါသည်။ သို့ဖြစ်ပါသောကြောင့် ဤ Campaign တွင် ပါဝင်လိုသော Agent နှင့် Merchant များအနေဖြင့် Call Center, KBZPay Center နှင့် Township TSEs များသို့ဆက်သွယ်၍ အကျုံးဝင်သော မြို့နယ်များအား မေးမြန်းနိုင်ပါသည်။

၁၃။ ဤ Campaign ကာလအတွင်း KBZPay ကုန်သည်များနှင့် ကိုယ်စားလှယ်များအနေဖြင့် ဤစည်းမျဥ်း စည်းကမ်းသတ်မှတ်ချက်ပါအခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည် နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၁၄။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၅။   ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၆။   ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၇။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်း မရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့်နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၈။  KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။  

၁၉။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် ကုန်သည်များနှင့် ကိုယ်စားလှယ်များ လိုက်နာရမည့် KBZPay ဆိုင်ရာ စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။ 

၂၀။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၁။   KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ သို့မဟုတ် မိတ်ဖက်ဆိုင်များ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ သို့မဟုတ် မိတ်ဖက်ဆိုင်များ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

“KBZPay ရဲ့ Christmas လက်ဆောင်ယူ၊ နှစ်သစ်မုန့်ဖိုး သိန်း ၁၅၀၀ လည်း မျှဝေကံစမ်းကြစို့အတူ” Campaign ၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ 

၁။ ယခု “KBZPay ရဲ့ Christmas လက်ဆောင်ယူ၊ နှစ်သစ်မုန့်ဖိုး သိန်း ၁၅၀၀ လည်း မျှဝေကံစမ်းကြ စို့အတူ” Campaign သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ ဤ Campaign တွင် KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer များသာ ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Christmas လက်ဆောင် နှင့် နှစ်သစ်မုန့်ဖိုးများအား ဖွင့်ရမည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် နှင့် ၂၅ ရက်၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မတိုင်မီ Customer များသည် Christmas အလှဆင်ပစ္စည်းများကို စုဆောင်းထားရန် လိုအပ်ပါသည်။ 

၃။ KBZPay အဆင့် ၁ Customer များသည် အဆင့် ၁.၅ (သို့) အဆင့် ၂ သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး   Customer အသစ်များသည်လည်း KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ဤ Campaign တွင် ပါဝင်နိုင်မည်ဖြစ်သည်။ 

၄။ Campaign ကာလအတွင်း Customer များသည် Christmas နှင့် နှစ်သစ်မုန့်ဖိုးများအား ရယူရန် Christmas အလှဆင်ပစ္စည်းများဖြစ်သော (Santa Claus၊ Magic Wand၊ Christmas Tree၊ Gift Box၊ Snowman) အစရှိသည့် လက်ဆောင် ၅ ခုကို စုဆောင်း ထားရမည်ဖြစ်ပါသည်။ 

၅။ KBZPay Customer များသည် တစ်ရက်လျှင်စုဆောင်းနိုင်သည့်  Christmas အလှဆင်ပစ္စည်းများကို  KBZPay မှ သတ်မှတ်ထားသည့် အောက်ဖော်ပြပါ လုပ်ဆောင်ချက်များအား ပြီးမြောက်အောင် ဆောင်ရွက်ခြင်းဖြင့် Christmas အလှဆင်ပစ္စည်းများနှင့် ပွိုင့်များကို စုဆောင်းနိုင်မှာ ဖြစ်ပါသည်။

လုပ်ဆောင်ရန်အချက်များရရှိမည့်အလှဆင်ပစ္စည်းနှင့်ပွိုင့်များ၁ ရက်လျှင်လုပ်ဆောင်နိုင်မည့်အကြိမ်
အသုံးပြုသူအသစ်ဖိတ်ခေါ်ခြင်း (၁၀) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၄) စုံ
ယခုCampaignအားသူငယ်ချင်းများနှင့်ဝေမျှခြင်း (၁) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၁) ခု၁ ကြိမ်
KBZPay ဖြင့်၃,၀၀၀ ကျပ်ဖိုးနှင့် အထက် ငွေပေးချေမှု(၂) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၁) ခု၂ ကြိမ်
၃,၀၀၀ ကျပ် နှင့် အထက် ဖုန်းဘေလ်ဖြည့်ခြင်း(၂) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၁) ခု၁၀ ကြိမ်
Official Account မှ ဆောင်းပါးကိုဖတ်ရှုခြင်း(၁) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၁) ခု၁ ကြိမ်
KBZPay Market မှ ၅,၀၀၀ ကျပ်နှင့်အထက် ပစ္စည်းဝယ်ယူခြင်း(၂) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၁) ခု၂ ကြိမ်
KBZPay Mini App မှ ၁,၀၀၀ ကျပ်နှင့်အထက် ပစ္စည်းဝယ်ယူခြင်း(၂) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၁) ခု၅ ကြိမ်
KBZPay wallet ထဲသို့ ၃,၀၀၀ ကျပ်နှင့်အထက် ငွေဖြည့်သွင်းခြင်း(၂) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၁) ခု၅ ကြိမ်
My Medicine Mini App သို့ဝင်ရောက်ခြင်း(၁) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၁) ခု၁ ကြိမ်

၆။ လုပ်ဆောင်ချက်များအား ပြီးမြောက်သည့် အခါတိုင်း အလှဆင်ပစ္စည်းနှင့် ပွိုင့်များကို ရရှိနိုင်မည် ဖြစ်ပြီး ရရှိလာသော ပွိုင့်များဖြင့် Spin Wheel လှည့်ကာ အထူးဆုများကို ကံစမ်းနိုင်မည် ဖြစ်ပါသည်။ Spin Weel လှည့်ရန်တွက် Customer အနေဖြင့် အနည်းဆုံး ပွိုင့် (၁၀) ရရှိထားရန်လိုအပ်ပြီး Customer မှ Spin Weel တစ်ခါလှည့်တိုင်း ပွိုင့် (၁၀) အား Customer ၏ ရရှိထားသော ပွိုင့်များမှ အလိုအလျောက် နုတ်ယူသွားမည်ဖြစ်သည်။

ပေးအပ်သွားမည့် အထူးဆုများမှာ 

  • ၅,၀၀၀ ကျပ် ပြန်အမ်းငွေ
  • ၅၀,၀၀၀ ကျပ် ပြန်အမ်းငွေ
  • Samsung Galaxy Buds Live တစ်ခု
  • FujiFilm Instax Mini 12 တစ်လုံး နှင့် Film တစ်ခု
  • Samsung Galaxy A23 တစ်လုံး
  • Samsung Galaxy Tab A8 တစ်လုံး
  • G-Shock GA-2110SU-3A နာရီတစ်လုံး 

တို့အပြင် Spin Wheel လှည့်ကာ ကံစမ်းမှုများ မပြုလုပ်လိုပါက အောက်ဖော်ပြပါ လျှော့စျေးကူပွန်များကို တနေ့လျှင် အများဆုံး (၁၀) ကြိမ်အထိ ရယူနိုင်မှာဖြစ်ပါသည်။

၆၊၁။ ၂၀၀ ကျပ်၊ ၅၀၀ ကျပ် နှင့် ၁,၀၀၀ ကျပ်တန် ဖုန်းဘေလ်ကူပွန်များ 

၆၊၂။ ၂၀၀ ကျပ်၊ ၅၀၀ ကျပ် နှင့် ၁,၀၀၀ ကျပ်တန် KBZPay Market ကူပွန်များ 

၆၊၃။ ၂၀၀ ကျပ်၊ ၅၀၀ ကျပ် နှင့် ၁,၀၀၀ ကျပ်တန် ဘေလ်ပေးဆောင်ခြင်းကူပွန်များ

၇။ Campaign Page ထဲတွင် မီးလင်းနေသည့် အလှဆင်ပစ္စည်းများအား နှိပ်ကာ မိမိစုဆောင်းရရှိ ထားသော အလှဆင်ပစ္စည်း အရေအတွက်ကို သိရှိနိုင်မည် ဖြစ်ပြီး ရရှိလာသော  ပြန်အမ်းငွေများ အား KBZPay Wallet သို့ တိုက်ရိုက် ချက်ချင်း ထည့်သွင်းပေးသွားမည်ဖြစ်ပြီး လျှော့ဈေးကူပွန်များကို “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ ပြန်အမ်းငွေအား ချက်ချင်းထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း ဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန် သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေထည့်သွင်းချိန်ပြောင်းလဲမှုရှိနိုင်ပါသည်။ 

၈၊ ကူပွန် တစ်ခု ၏ အသုံးပြုနိုင်ခွင့်သက်တမ်း မှာ Customer လက်ခံရရှိသည့်နေ့ရက်မှစ၍ (၇) ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းသတ်မှတ်ရက်ကုန်ဆုံးသွားလျှင် ကူပွန်အား အသုံးပြုနိုင်တော့မည် မဟုတ်ပါ။ 

၉။ ၂၀၀ ကျပ်တန် ဖုန်းဘေလ်ကူပွန်အား ၂,၀၀၀ ကျပ်နှင့်အထက်၊ ၅၀၀ ကျပ်တန် ဖုန်းဘေလ်ကူပွန်အား ၄,၀၀၀ ကျပ်နှင့်အထက်၊ ၁,၀၀၀ ကျပ်တန် ဖုန်းဘေလ်ကူပွန်အား ၈,၀၀၀ ကျပ်နှင့်အထက် ဖုန်းဘေလ်ဖြည့်သွင်းမှုများတွင်ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါသည်။ ၂၀၀ ကျပ်တန် ဘေလ်ပေးဆောင် ခြင်းကူပွန်အား ၁၀,၀၀၀ ကျပ်နှင့်အထက်၊ ၅၀၀ ကျပ်တန် ဘေလ်ပေးဆောင်ခြင်းကူပွန်အား ၂၀,၀၀၀ ကျပ်နှင့်အထက်၊ ၁,၀၀၀ ကျပ်တန်ဘေလ်ပေးဆောင်ခြင်းကူပွန်အား ၅၀,၀၀၀ ကျပ်နှင့်အထက် ဘေလ်ပေးဆောင်ခြင်းများတွင်ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါသည်။ ၂၀၀ ကျပ်တန် KBZPay Market ကူပွန်အား ၅,၀၀၀ ကျပ်နှင့်အထက်၊ ၅၀၀ ကျပ်တန် KBZPay Market ကူပွန်အား ၈,၀၀၀ ကျပ်နှင့်အထက်၊ ၁,၀၀၀ ကျပ်တန် KBZPay Market ကူပွန်အား ၁၅,၀၀၀ ကျပ်နှင့်အထက်  ဝယ်ယူပေးချေမှုတွင် အသုံးပြုနိုင်မှာဖြစ်ပါသည်။ 

၁၀။ KBZPay Customer များသည် သတ်မှတ်ထားသည့် လုပ်ဆောင်ချက်များအား ပြီးမြောက်အောင် ဆောင်ရွက်ခြင်းဖြင့် အလှဆင်ပစ္စည်းများ စုဆောင်းနိုင်သလို ဆိုရှယ်မီဒီယာများ၊  KBZ Connet မှ တစ်ဆင့် သူငယ်ချင်း၊ မိတ်ဆွေများကြား ဝေမျှခြင်း၊ လက်ခံ ရယူခြင်းတို့အားပြုလုပ်ခြင်းဖြင့် အလှဆင်ပစ္စည်းများအားစုဆောင်းနိုင်မည်ာဖြစ်ပါသည်။ ဆိုရှယ်မီဒီယာများ၊ KBZ Connet များမှာ လင့်ခ့် အား ဝေမျှနိုင်မှာ ဖြစ်သော်လည်း ဝေမျှသည့် လင့်ခ့် တစ်ခု တွင် အများဆုံး အလှဆင်ပစ္စည်း ၃ ခု သာ ပါဝင်မှာဖြစ်ပြီး လက်ခံသူမှ လင့်ခ် တစ်ခုတွင်အလှဆင်ပစ္စည်းတစ်ခုသာ ရယူနိုင်မည် ဖြစ်ပါသည်။ ပါဝင်သူတွင် အလှဆင်ပစ္စည်း ၁ ခုတည်းသာ ရှိပါက ဝေမျှခြင်း မပြုလုပ်နိုင်ပါ။ 

၁၁။ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၃၊ ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁ ရက်နေ့ နှင့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ များတွင် စုဆောင်းထားသော အလှဆင်ပစ္စည်းများအား ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ မှ ၂၅ ရက်နေ့၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ည ၈ နာရီတိုင်းတွင်  စတင်ကာ မုန့်ဖိုးများ ရယူကံစမ်းနိုင်မည် ဖြစ်ပါသည်။ မုန့်ဖိုးများရယူရာတွင်ဦးရာလူစနစ်ဖြစ်သောကြောင့် Customer များသည် Campaign မစခင် KBZPay Account ထဲသို့ ကြိုတင်ဝင်ရောက်၍ မုန့်ဖိုးများကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။

၁၂။ Customer သည် အလှဆင်ပစ္စည်း ၅ ခု တစ်စုံ စုဆောင်း ပြီးသော်လည်း Christmas နှင့် နှစ်သစ်မုန့်ဖိုးရယူရမည့်ရက် ည ၈ နာရီ တွင် မဖွင့်ဖောက်မိလျှင် နောက်ရက် ဖွင့်ဖောက်ရမည့် အချိန်အထိ စောင့်ဆိုင်း ရမည်ဖြစ်ပါသည်။ Customer မှရရှိထားသော အလှဆင်ပစ္စည်းများအား ပထမဖွင့်ဖောက်သည့် နေ့ရက်တွင်ပင်အသုံးပြုမည်ဆိုပါက နောက်ထပ်မုန့်ဖိုး ပေးအပ်မည့်ရက် အတွက် အလှဆင်ပစ္စည်းများအား အစမှပြန်လည်စုဆောင်းရန်လိုအပ်ပါသည်။

၁၃။ ဤ Campaign တွင် အထူးဆုကံထူးသော ဆုရရှိသူများကို  KBZPay မှ SMS ပေးပို့၍ ဆက်သွယ်မည်ဖြစ်ပါသည်။ ဆုရရှိသူများသည် [email protected] သို့ မိမိ၏ ကိုယ်ရေး အချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshot နှင့် အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ရပါမည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံဆုလက်ဆောင် လာရောက်ထုတ်ယူ နိုင်မည့်လိပ်စာအား အကြောင်းကြားပေးသွား မည်ဖြစ်ပါသည်။ 

၁၄။ အထူးဆုရရှိသူများသည် ဆုလက်ဆောင်အား အတည်ပြု SMS  လက်ခံရရှိပြီး ရုံးဖွင့်ရက် (၁၀) ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက် ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား KBZPay မှ ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်သည်။ ဆုရရှိသူမှ ဆုအားထုတ်ယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ဆုရရှိသူမှ ထုတ်ယူပြီးသော ဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ 

၁၅။ ဤ Campaign အရ ကူပွန်ရရှိထားသူများနှင့် အထူးဆု လက်ဆောင်ရရှိသူများသည် ၎င်းတို့ရရှိသော ကူပွန်များနှင့် ဆုလက်ဆောင်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၁၆။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။  

၁၇။ ဤ Campaign ကာလအတွင်း KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ KBZPay Customer များသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များ ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၈) တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး (၇)ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၈။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၉။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၀။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၂၁။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၂၂။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၂၃။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၅။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှု ကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ် မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

ဝါးတီးဆွဲတိုင်း KBZPay နဲ့ရှင်းမယ် Campaign စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ ဝါးတီးဆွဲတိုင်း KBZPay နဲ့ရှင်းမယ် Campaign ကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ 

၃။ ဤCampaign၏ရည်ရွယ်ချက်မှာ KBZPay နှင့်အကျိုးတူပူးပေါင်းပါဝင်ထားသော မိတ်ဖက်ဆိုင်များတွင် KBZPay QR Code ကို scan ဖတ်၍ငွေရှင်းမှုများပြုလုပ်ခြင်းဖြင့် လျှော့‌စျေးကူပွန်များရရှိနိုင်ရန်ဖြစ်ပါသည်။ 

၄။ ဤ Campaign အရ လျှော့‌စျေးကူပွန်များရရှိသူတိုင်းသည် KBZPay “ကျွန်ုပ်၏ ပရိုဖိုင်” ရှိ “ ကူပွန်များ” ထဲသို့ ကူပွန်အားလက်ခံရရှိမည်ဖြစ်သည်။

၅။ ရရှိနိုင်သော လျှော့‌စျေးကူပွန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

အမျိုးအစားဝယ်ယူမှုနှုန်းလျှော့စျေးကူပွန်ပမာဏသုံးစွဲနိုင်သောပေးချေမှုပမာဏ
Level 1.5 and Level 2 ၃,၀၀၀ – ၃၀,၀၀၀၅၀၀၁၀,၀၀၀ နှင့်အထက်
၈၀၀၂၀,၀၀၀ နှင့်အထက်
၁၀၀၀၂၀,၀၀၀ နှင့်အထက်
၁၅၀၀၃၀,၀၀၀ နှင့်အထက်
၃၀,၀၀၀ နှင့် အထက်၂,၀၀၀၅၀,၀၀၀ နှင့်အထက်
၅၀,၀၀၀၈၀,၀၀၀ နှင့်အထက်

၆။ ဤ Campaign တွင်ပါဝင်ရန် အသုံးပြုသူများအနေဖြင့် transaction တစ်‌ကြောင်းလျှင် အနည်းဆုံး စုစုပေါင်းငွေကျပ် ၃,၀၀၀ ကျပ်နှင့်အထက်ဝယ်ယူ၍ ထိုအရောင်းမိတ်ဖက်ဆိုင်၏ KBZPay QR Code အား scan ဖတ်၍ ငွေပေးချေရန် လိုအပ်ပါသည်။ ၃,၀၀၀ ကျပ်အောက် ဝယ်ယူပေးချေမှုများနှင့် QR Codeအား scan ဖတ်၍ငွေပေးချေခြင်းမဟုတ်သည့်ဝယ်ယူမှုများအတွက် လျှော့စျေးကူပွန်များကို ရရှိနိုင်မည်မဟုတ်ပါ။

၇။ ဤ Campaign တွင်ပါဝင်သူများအနေဖြင့် KBZPay အကောင့်တစ်ခုလျှင် Campaign ရက် တစ်ရက်အတွက် သတ်မှတ်ထားသော မိတ်ဖက်ဆိုင်များမှ လျှော့စျေးကူပွန် (၃) ကြိမ်ရယူခွင့်ရှိပါသည်။ သို့သော် ၃၀,၀၀၀ ကျပ် ထက်ကျော်လွန်သော transaction တစ်ကြောင်းအတွက် ရရှိနိုင်သော ၅၀,၀၀၀ ကျပ် တန်ဖိုးရှိ လျှော့စျေးကူပွန်ကို တစ်ရက်လျှင် KBZPay အသုံးပြုသူတစ်ဉီးအတွက် တစ်ကြိမ်သာရယူခွင့်ရှိပါသည်။

၈။    လျှော့စျေးကူပွန်တစ်ခု၏ သတ်တမ်းမှာ (၇) ရက်ဖြစ်ပြီး Campaign တွင်ပါဝင်သူများအနေဖြင့် KBZPay    အကောင့်တစ်ခုလျှင် လျှော့စျေးကူပွန် တစ်ခုကို တစ်ကြိမ်သာ ပါဝင်နိုင်ပါသည်။

၉။     KBZPay အသုံးပြုသူဝယ်ယူပေးချေလိုက်သော transaction တွင် ယခင်သတ်မှတ်ထားသော လျှော့စျေးကူပွန်ကိုသုံးစွဲထားသော်လည်း နောက်တစ်ကြိမ် transaction တွင်သတ်မှတ်ထားသော ငွေကြေးပမာဏပြည့်မှီပါက လျှော့စျေးကူပွန်ကိုနောက်တစ်ကြိမ်ရရှိနိုင်သော အခွင့်အရေးရှိပါသည်။

၁၀။  လျှော့စျေးကူပွန်များကို ယခု Campaign တွင် ပါဝင်ထားသော မိတ်ဖက်ဆိုင်များအားလုံးတွင် အသုံးပြုနိုင်ပါသည်။

၁၁။   ဤ Campaign ကာလအတွင်း KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း    သတ်မှတ်ချက်ပါအခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပြီး Campaignကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၈) တွင် ဖော်ပြချက်နှင့်အညီ  ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၂။ Campaign တွင်ပါဝင်ရန် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့် ဝင်ရောက်က်ပါဝင်နိုင်ပါသည်။

၁၃။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၄။   ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၅။   ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၆။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၇။  KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၈။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့်  မိတ်ဖက်ဆိုင်များ၏   စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။ 

၁၉။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၂၀။   KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ သို့မဟုတ် မိတ်ဖက်ဆိုင်များ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ သို့မဟုတ် မိတ်ဖက်ဆိုင်များ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၁။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay Market တွင် “12.12 Grand Sale” Campaign၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁) KBZPay Market ၏ “12.12 Grand Sale” Campaign ကို ဒီဇင်ဘာလ ၁၂ ရက်နေ့ ၂၀၂၃ ခုနှစ်မှ ဒီဇင်ဘာလ ၂၁ ရက်နေ့ ၂၀၂၃ ခုနှစ်အထိ ပြုလုပ်သွားမည် ဖြစ်ပါသည်။ “12.12 Grand Sale” Campaign တွင် ဝယ်ယူမှုတိုင်းအတွက် မြန်မာနိုင်ငံအနှံ့အပြားကို  ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။

၂) KBZPay Level 2 Customer များသာ ယခု Campaign တွင် ပါဝင်၍ ဝယ်ယူမှုများပြုလုပ်နိုင်မည် ဖြစ်ပြီး  KBZPay Level 1 (သို့) Level 1.5 Customerများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ဤ Campaign တွင်ပါဝင်၍ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

၃) ဤ Campaign ၏ ရည်ရွယ်ချက်မှာ KBZPay Application version 5.1 နှင့်အထက် အသုံးပြုသည့် KBZPay Customer များသည် KBZPay Marketမှတဆင့် Merchant များထံတွင် ဝယ်ယူမှုများပြုလုပ်ပြီး KBZPay ဖြင့် ငွေပေးချေခြင်းအတွက် အထူး လျှော့စျေးများရရှိစေရန်နှင့် ပို့ဆောင်ခအခမဲ့ ခံစားခွင့်ရရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။ ဤ Campaign တွင် ပါဝင်လိုသည့် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay Application အား 5.1 နှင့် အထက် versionသို့ အဆင့်မြှင့်ထားရန် လိုအပ်ပါသည်။ 

၄) ဤ “12.12 Grand Sale” Campaign တွင် ပါဝင်သော အစီအစဉ်များမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ ၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ နှင့် ဒီဇင်ဘာလ ၂၁ ရက်နေ့  တွင် ညနေ ၄ နာရီ မှ ည ၉ နာရီအထိ ပထမဆုံး ဝယ်ယူမှု အော်ဒါ ၂၀၀ အတွက် မည်သည့်ဝယ်ယူမှုတိုင်းအတွက်မဆို ပို့ဆောင်ခအခမဲ့ အစီအစဥ်အပြင် Campaign ကာလအတွင်း Hottest Deals in Town အစီအစဥ် ပါဝင်သွားမည် ဖြစ်ပါသည်။ ပို့ဆောင်ခ အခမဲ့ အစီအစဥ်များအတွက် အခမဲ့ပို့ဆောင်ပေးမည့် အများဆုံးပို့ဆောင်ခမှာ ၃,၀၀၀ ကျပ် (သုံးထောင်ကျပ်)အထိ သတ်မှတ်ထားပြီး ပို့ဆောင်ခ ၃,၀၀၀ ကျပ်အထက်ကို  ကျော်လွန်ပါက ကျော်လွန်နေသော ပို့ဆောင်ခပမာဏအား Customer ဘက်မှ ကျခံပေးချေရမည် ဖြစ်ပါသည်။  

၅) ဤ “12.12 Grand Sale” တွင် Hottest Deals in Town အစီအစဉ်ကို ၂ ကြိမ်ပြုလုပ်ပါမည်။ ဒီဇင်ဘာလ ၁၂ ရက် နေ့လည် ၁၂ နာရီတိတိ တွင် တစ်ကြိမ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီတိတိ တွင် တစ်ကြိမ် ပြုလုပ်ပါမည်။ ဒီဇင်ဘာလ ၁၂ ရက်နေ. Hottest Deals in Town အစီအစဉ်ရှိ ကူပွန်များသည် ဒီဇင်ဘာလ ၁၂ ရက် နေ့လည် ၁၂ နာရီ မှ ဒီဇင်ဘာလ ၁၂ ရက် ည ၁၂ နာရီ အထိ အသုံးပြုခွင့်ရှိပြီး ဒီဇင်ဘာလ ၁၇ ရက်နေ. ည ၇ နာရီ  Hottest Deals in Town အစီအစဉ်ရှိ ကူပွန်များသည် ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၁၂ နာရီ အထိ အသုံးပြုခွင့်ရှိပါသည်။ ပစ္စည်းတစ်ခုချင်းစီ၏ ကူပွန်ကုဒ်သည် လူတစ်ဦးလျှင် တစ်ကြိမ်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ကူပွန်အရေအတွက်သည် အကန့်အသတ်ရှိပြီး လူတစ်ဦးလျှင် တစ်ကြိမ်ထက်ပိုပြီး အသုံးပြုခွင့်မရှိပါ။ 

၆) Customer မှ ရရှိသည့်ကူပွန်အား KBZPay Market ရှိ Merchant များထံမှ ဝယ်ယူပေးချေခြင်းတွင် ပြန်လည် အသုံးပြုနိုင်ပြီး ဝယ်ယူပေးချေသည့်ပမာဏသည် ကူပွန်ပမာဏထက်ပိုများရန် လိုအပ်ပါ သည်။

၇) Customer များသည် KBZPay Application mini icon၊ KBZPay Home page banner၊ Facebook၊ Viber၊ KBZPay Market Official Account (5.1 version နှင့်အထက် အသုံးပြုသည့် KBZPay Customer များအတွက်) တို့မှတဆင့် “12.12 Grand Sale” Campaign တွင် Merchant များ၏ဆိုင်များမှ ကုန်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်သည်။ 

၈) ဤ “12.12 Grand Sale” Campaignတွင် ပါဝင်သော Merchant ဆိုင်များရှိ ကုန်ပစ္စည်းအရေအတွက် ရရှိနိုင်မှုသည် ကန့်သတ်ချက်များရှိနိုင်ပါသဖြင့် Customer များမှ အမြန် ဝယ်ယူရန်လိုအပ်ပါသည်။ KBZPay မှ Customer ထံသို့ order အတည်ပြုချက်ပေးပို့ထားခြင်း မရှိသော Customer ၏ order များကို အောင်မြင်စွာ ဝယ်ယူထားသော order အဖြစ် သတ်မှတ်မည် မဟုတ်ဘဲ ထို order များကို Merchant ဘက်မှ အချိန်မရွေး Cancel ခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ ထို order များကို KBZPay မှလည်း Customer ထံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိမည်မဟုတ်ပါ။

၉) KBZPay Market သည် Merchant များမှ ၎င်းတို့၏ ကိုယ်ပိုင်စတိုးဆိုင်များကဲ့သို့ စီမံခန့်ခွဲနိုင်သည့်  Market Place ဖြစ်သည့်အတွက် Merchant များဘက်မှ Cancel သည့် ပစ္စည်းများကို KBZမှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် Merchant ဘက်မှ Cancel ခြင်းသည် ကျိုးကြောင်းဆီလျော်သော သို့မဟုတ် ယုံကြည်ရလောက်သော အကြောင်းပြချက်မရှိသည့် Cancel ခြင်းမျိုးဖြစ်ပါက ထို Merchant များကို KBZPay Market ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း Cancel ခြင်းနှင့်အခြား စည်းကမ်းချိုးဖောက်မှုများကို အရေးယူသွားမည်ဖြစ်သည်။

၁၀) ဤ Campaignအရ Customer များအား ပေးသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ နည်းပညာ ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင်ခြင်းတစ်ခုခုအတွက် KBZသည် Customer အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို Customerအနေဖြင့် သိရှိသဘောတူပါသည်။

၁၁) Merchant ဆိုင်များရှိ “12.12 Grand Sale” Campaignတွင် ပါဝင်သော ကုန်ပစ္စည်းအား သတ်မှတ်မြို့နယ်များမှ ဝယ်ယူသော Customer များ၏ ဝယ်ယူမှုများအတွက် သက်ဆိုင်ရာ နေရာသို့ပို့ဆောင်ရာတွင် သတ်မှတ်ထားသည့်ရက်အတွင်းပေးပို့နိုင်ရန်အတွက် KBZPay နှင့် Merchant များသည် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမည် ဖြစ်သော်လည်း KBZPay နှင့် Merchant များအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် သတ်မှတ်ရက် အတွင်းမပေးပို့နိုင်ခဲ့ပါက KBZPay နှင့် Merchant များတွင် မည်သည့်တာဝန်မျှမရှိပါ။ 

၁၂) KBZPay နှင့် Merchantများအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် အချိန်မှီပေးပို့နိုင်ခြင်းမရှိခဲ့သည့် ကုန်ပစ္စည်းများအား KBZPay နှင့် Merchant များသည် သင့်လျော်သည့် အချိန်တစ်ခုတွင် ဝယ်ယူထားသည့် Customer များထံသို့ ပြန်လည်ပို့ဆောင်ပိုင်ခွင့် သို့မဟုတ် ထိုပစ္စည်းအတွက် Customer အား ငွေပြန်အမ်းခြင်းတို့အား KBZPay နှင့် Merchantများ၏ ဆုံးဖြတ်ချက်တို့ဖြင့် ပြုလုပ်ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

၁၃) Customer မှ ဝယ်ယူထားသော ကုန်ပစ္စည်းအား Cancel ပြုလုပ်ခြင်း၊ Merchant ထံသို့ ကုန်ပစ္စည်းအား ပြန်လည်ပေးပို့ခြင်း၊ လိမ်လည်မှုကိစ္စနှင့် အရည်အချင်းမပြည့်မီသော ထုတ်ကုန်များနှင့် ပတ်သက်သည့် ပြဿနာများရှိပါက Customer မှ ပစ္စည်းများအား လက်ခံရရှိပြီးချိန်မှစ၍ ၄၈ နာရီအတွင်း KBZPay Market မှ တဆင့် Merchant များသို့တင်ပြရမည်ဖြစ်သည်။ Merchant သည် အမှန်တကယ် ပြန်လည်လဲလှယ်ပေးရန် လိုအပ်သော ကုန်ပစ္စည်းများ လဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းရန်ခြင်းများအားဆောင်ရွက်ပေးရမည်ဖြစ်ပြီး အငြင်းပွားမှုများဖြစ်ပေါ်လာပါက KBZPay Market ၏  ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

၁၄) ဤ Campaign ကာလအတွင်းသာလျှင် KBZPay Application version 5.1 နှင့်အထက် အသုံးပြုသည့် KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ရပ်စဲသည် သို့မဟုတ် ပြီးဆုံးသွားသည် နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၁၅) KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည် မဟုတ်ပါ။

၁၆) ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ် ပိုင်ခွင့်ရှိသည်။

၁၇) ဤ Campaign နှင့်ပတ်သက်၍ KBZPay Customerများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေ အရ KBZPay Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၈) KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့်စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်းနှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုး ခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့်နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၉) KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customerများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၂၀) KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် Merchant များ၏ စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၁) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ် ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၂) KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲ ခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customer များအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်း မရှိစေရပါ။

၂၃) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“KBZPay မှာ JJ Express ကူပွန်တွေယူပြီး ခရီးသွားမယ်” အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay သည် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့ မှ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ အထိ ကို “KBZPayမှာ JJ Express ကူပွန်တွေယူပြီး ခရီးသွားမယ်” အစီအစဉ်နေ့အဖြစ် သတ်မှတ်ထား ပါသည်။ 

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် အစီအစဉ် တွင်ပါဝင်သော KBZPay အသုံးပြုသူများအနေဖြင့် KBZPay Application Versionအား 5.5 နှင့် အထက် မြှင့်တင်ထားရန် လိုအပ်ပါသည်။

၃။ ဤ အစီအစဉ် ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံး အစီအစဉ် ကာလအတွင်း KBZPay၏ “ခရီးသွား”အောက်တွင် ရှိသော JJ Express တွင် အသုံးပြုနိုင်သည့် ခရီးသွားလျော့ဈေးကူပွန်များအား KBZPayတွင် Spin Wheel လှည့်ကာ ဦးစွာရယူ ပြီး ၎င်းကူပွန်များအား အသုံးပြု၍ လျှော့ဈေးများနှင့် ခရီးသွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

ခရီးသွားလျှော့ဈေးကူပွန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • ၁,၅၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်
  • ၂,၅၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်
  • ၃,၅၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်
  • ၄,၅၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်
  • ကျေးဇူးတင်ပါတယ်

၄။ အသုံးပြုသူများသည် ဤ အစီအစဉ် ကာလအတွင်း ပထမဦးစွာ KBZPay Applicationမှ ဝင်ရောက်၍ သတ်မှတ်ထားသော ခရီးသွားလျှော့ဈေးကူပွန် အရေအတွက် ကျန်ရှိသည်အထိ ရရှိနိုင်မည်ဖြစ်ပြီး  အစီအစဉ် တွင်ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။ အစီအစဉ် ကာလအတွင်း KBZPay အကောင့်တစ်ခုလျှင် သုံးကြိမ်အထိ Spin Wheelလှည့်လည်ခွင့် ရရှိနိုင်မည် ဖြစ်သည်။ 

၅။  ရရှိလာသော ခရီးသွားလျှော့ဈေးကူပွန်များအား “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင် ပြန်လည်ကြည့်ရှုနိုင်ပြီး KBZPay Application၏ “ခရီးသွား”အောက်တွင် ရှိသော JJ Express”မှ ကားလက်မှတ်များအား KBZPayဖြင့် ဝယ်ယူပြီး သတ်မှတ်ပမာဏပြည့်မှီသည့် ငွေပေးချေမှုတစ်ကြောင်းအတွက် ခရီးသွားလျှော့ဈေးကူပွန် တစ်စောင်သာလျှင် ပြန်လည် အသုံးပြုနိုင်မည် ဖြစ်သည်။ KBZPay  Application၏ “ခရီးသွား”အောက်တွင် ရှိသော JJ Express”မှ ဝယ်ယူခြင်းမဟုတ်လျှင် အကျုံးမဝင်ပါ။ 

၆။ KBZPay အသုံးပြုသူများအနေဖြင့် ခရီးသွားလျှော့စျေး ကူပွန်များအား ပြန်လည်အသုံးပြုလိုပါက ဝယ်ယူမှုပမာဏသည် အောက်ပါ အနည်းဆုံးပမာဏ သတ်မှတ်ချက်အား ပြည့်မှီရန် လိုအပ်ပါသည်။

  • ၁,၅၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၂၀,၀၀၀ကျပ်
  • ၂,၅၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၃၀,၀၀၀ကျပ်
  • ၃,၅၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၄၀,၀၀၀ကျပ်
  • ၄,၅၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၅၀,၀၀၀ကျပ်

၇။ ကူပွန်တစ်ခုအား အသုံးပြုနိုင်ခွင့်သက်တမ်းမှာ အသုံးပြုသူလက်ခံရရှိသည့်နေ့ရက်မှစ၍ (၁၀)ရက် အတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်သွားလျှင် အသုံးပြုနိုင်တော့မည် မဟုတ်ပါ။

၈။ ဤ အစီအစဉ် အရ ကူပွန် ရရှိထားသူများသည် ၎င်းတို့ရရှိသောကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၉။ KBZPay Application ၏ “ခရီးသွား”အောက်တွင် ရှိသော JJ Express မှတဆင့်ဝယ်ယူထားသော ကားလက်မှတ်နှင့်ပတ်သက်၍ ပြန်အမ်းငွေ ပြန်လည် တောင်းခံခြင်း၊ အချိန်၊ နေရာတို့အား ပြောင်းလဲ ပြင်ဆင်ခြင်း များကဲ့သို့သော တစ်စုံတစ်ရာသောကိစ္စရပ်များပေါ်ပေါက်ပါက အသုံးပြုသူများအနေဖြင့် JJ Express သို့တိုက်ရိုက်ဆက်သွယ်ရမည် ဖြစ်ပြီး JJ Express ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာရမည်ဖြစ်သည်။

၁၀။ ဤ အစီအစဉ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ်  ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ အစီအစဉ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် အစီအစဉ် ကာလပြီးဆုံးသော်လည်း အပိုဒ် (၇) တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည်။

၁၁။ KBZ ဝန်ထမ်းများသည် အစီအစဉ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၂။ ဤ အစီအစဉ် ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃။ ဤ အစီအစဉ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေ အရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၄။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ် နှင့်ပတ်သက် သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၅။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဉ် အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိ သည်ကို သိရှိ သဘောတူပါသည်။ 

၁၆။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် JJ Express တို့၏ စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပေါ် နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“KBZPay နဲ့ မင်းသိင်္ခ ဗေဒင်မေးပြီး ၂၀% လျှော့ဈေးရယူမယ်” Campaign ၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ 

၁။ “KBZPay နဲ့ မင်းသိင်္ခ ဗေဒင်မေးပြီး ၂၀% လျှော့ဈေးရယူမယ်” Campaign သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ ဤ Campaign တွင် KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer များသာ ပါဝင်နိုင်မှာ ဖြစ်သည်။ KBZPay အဆင့် ၁ Customer များသည် အဆင့် ၁.၅ (သို့) အဆင့် ၂ သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး Customer အသစ်များသည်လည်း KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်သည်။ 

၃။ ဤ Campaign ကာလအတွင်း Customer များသည် KBZPay Blue Application ရှိ မင်းသိင်္ခဗေဒင် တွင် ဗေဒင်မေးမြန်းခြင်းအတွက်  မည်သည့် ဝန်ဆောင်မှုရယူခြင်းမျိုးကိုမဆို ၂၀ ရာခိုင်နှုန်း လျှော့ဈေးရယူနိုင်မည် ဖြစ်သည်။

၄။ Customer များသည် မင်းသိင်္ခဗေဒင်တွင် ဝယ်ယူထားသော ဝန်ဆောင်မှုအား ပြောင်းလဲ လိုခြင်း၊ အော်ဒါပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေပြန်လည်တောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာ သော ကိစ္စရပ်များပေါ်ပေါက်ပါက မင်းသိင်္ခဗေဒင်  နှင့် Customer များ နှင့်သာသက်ဆိုင်မည်ဖြစ်သည်။ 

၅။ ဤ Campaign ကာလအတွင်း မင်းသိင်္ခဗေဒင် Application မှ တစ်ဆင့် ဗေဒင်မေးမြန်းပြီး KBZPay ဖြင့် ငွေပေးချေမှုများအတွက်လည်း ၂၀ ရာခိုင်နှုန်း လျှော့ဈေးရယူနိုင်မည်ဖြစ်သည်။ 

၆။ ဤ Campaign တွင်ပါဝင်ဆင်နွှဲရန် KBZPay အက်ပလီကေးရှင်းအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်တင်ထားရန် လိုအပ်ပါသည်။

၇။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။  

၈။ ဤ Campaign ကာလအတွင်း KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer များ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၃။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် မင်းသိင်္ခဗေဒင် ၏ စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တည်ဆဲ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှု ကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။