“ShweStream Mini App Buy One, Get One Campaign” ၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ ShweStream Mini App Buy One, Get One Campaign ကို မတ်လ ၁၂ ရက်နေ့မှ ၂၅ ရက်နေ့ ၂၀၂၄ ခုနှစ်အထိ  ပြုလုပ်သွားမည် ဖြစ်ပါသည်။ 

၂။ KBZPay Level 1.5 နှင့် 2 အသုံးပြုသူများသာ ယခု အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် KBZPay Application Version  အား 5.1 နှင့် အထက်  မြှင့်တင်ထားရန် လိုအပ်ပါသည်။

၃။ ယခု အစီအစဉ်၏ အဓိက ရည်ရွယ်ချက်မှာ KBZPay အသုံးပြုသူများအနေဖြင့် KBZPay Application ထဲရှိ ShweStream Mini Appမှတစ်ဆင့်   ကြိုက်နှစ်သက်ရာ ရုပ်ရှင်ကားများအား အစီအစဉ်ကာလအတွင်း ၇ ရက်စာဝယ် ၇ ရက်စာပိုရ၊ ရက် ၃၀ စာဝယ် ရက် ၃၀ ပိုရပြီး ပျော်ပျော်ကြီး ကြည့်ရှုနိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပါသည်။

၄။ ဤအစီအစဉ်ကို KBZPay Application ရှိ ShweStream Mini Appမှတစ်ဆင်ကြည့်ရှုမှသာလျှင်       ပါဝင်နိုင်မှာ ဖြစ်ပြီး  အခြားသော Applicationများမှကြည့်လျှင် ဤအစီအစဉ်ကို ပါဝင်ရရှိနိုင်မည်မဟုတ်ပါ။  

၅။ အစီအစဉ်ကာလဖြစ်သည့် မတ်လ ၁၂ ရက်နေ့မှ ၂၅ ရက်နေ့ ၂၀၂၄ ခုနှစ်အတွင်း (၁၄ ရက်အတွင်းသာ) KBZPay Application ထဲရှိ ShweStream Mini App မှတစ်ဆင့် ပါဝင်ရရှိနိုင်မည် ဖြစ်ပါသည်။ 

၆။ KBZPay ၏ ShweStream Mini App တွင် Campaign ကာလအတွင်း ဝန်ဆောင်မှု ပက်ကေ့တစ်ခုခုရယူမှ သာလျှင် အပိုထပ်ဆောင်းရ ပရိုမိုးရှင်းကို ခံစားခွင့်ရရှိမှာဖြစ်ပြီး အစီအစဉ်မတိုင်ခင် နှင့် အစီအစဉ်ပြီး ဆုံးချိန်တွင် ဝန်ဆောင်မှုပက်ကေ့ ဝယ်ယူရရှိချိန်တွင် အပိုထပ်ဆောင်းရ ပရိုမိုးရှင်းကို ခံစားခွင့်ရနိုင်မည်မဟုတ်ပါ။ ဤ Campaign ကာလအတွင်း KBZPay ၏ ShweStream Mini App ဝန်ဆောင်မှု ရယူသူများ အနေဖြင့် ၇ ရက်စာပက်ကေ့ဝယ်ယူပါက အပိုထပ်ဆောင်း ၇ ရက်စာဝန်ဆောင်မှု၊ ရက် ၃၀ စာဝန်ဆောင်မှု ပက်ကေ့ဝယ်ယူပါက အပိုထပ်ဆောင်း ရက်၃၀ စာ ဝန်ဆောင်မှု ရရှိမည်ဖြစ်ပါသည်။ 

၇။ ဤ Campaign ကာလအတွင်း KBZPay Application 5.1 version နှင့်အထက် အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ်ကာလ ရပ်စဲသည် သို့မဟုတ် ပြီးဆုံးသွားသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၈။ ဤ Campaign တွင်ပါဝင်ရန်အတွက် KBZPay Applicationရှိ Banner များ၊        အသိပေးချက်များ၊ KBZPay Official Account မှတဆင့် ပါဝင်နိုင်ပါသည်။  

၉။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၃။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၄။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် ShweStream  Mini App  စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ သို့မဟုတ် ShweStream မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ သို့မဟုတ် ShweStream အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

“Digital Zay Mini App  Exclusive Discount Program”  ၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ 

၁။ “Digital Zay Mini App  Exclusive Discount Program” သည် ၂၀၂၄ ခုနှစ် မတ်လ ၁၂ ရက်နေ့ မှ ၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ ဤအစီအစဥ် တွင် KBZPay အဆင့် ၂ Customer များသာ ပါဝင်နိုင်မည် ဖြစ်သည်။ 

၃။ အစီအစဥ်ကာလအတွင်း Customer များသည် KBZPay App ရှိ Digital Zay Mini App မှ အောက်တွင်ဖော်ပြထားသည့်အတိုင်း Brand နှင့် ထုတ်ကုန်များအား လျှော့စျေးအစီအစဉ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်ပါသည်။ 

NoBrand Product Category Warranty Discount Scheme
APPLE iPhone, iPad, MacBook,  AirPods & AccessoriesOfficial 1 Year Up to 100,000  Kyats
ACER Storage Device 3 Years 5% Off
Desktop/ Laptop Memory Limited Lifetime
ADATA Storage Device 3 Years 5% Off
ALCATROZ Headphone 1 Year 5% Off
Keyboard, Mouse 2 Years
APACER Storage Device 3 Years 5% Off
Desktop/ Laptop Memory Limited Lifetime
ARMAGGEDDON Keyboard, Mouse, Combo 2 Years 5% Off
10 Soundbar, Headset 1 Year
11 BELKIN Phone Charger, Charging Cable 2 Years 5% Off
12 Surge Protector Limited Lifetime
13 Power Bank 1 Year
14 CASESTUDI iPhone Cover, iPad Case,  iWatch Band, AirPods Case– 5% Off
15 GARMIN Smart Watch 1 Year 5% Off
16 MOMAX iPhone Cover, iPad Case,  iWatch Band, AirPods Case– 5% Off
17 NINTENDO Game Console 1 Year Up to 5% Off
18 Screen Protector, Case 
19 RINGKE iPhone Cover, iPad Case,  iWatch Band, iWatch Case,  AirPods Case, Screen Protector– 5% Off
20 SONICGEAR Bluetooth Speaker, Soundbar,  Headphone1 Year 5% Off
21 SWITCHEASY iPhone Cover, iPad Case,  iWatch Band, iWatch Case,  AirPods Case, Screen Protector– 5% Off
22TOMTOC Laptop Backpack, MacBook  Sleeve, Laptop Handbag,  Laptop Tote bag, Sling Bag1 Year 5% Off
23TP LINK Networking Device 3 Years 5% Off
24 VERBATIM Flash Memory Limited Lifetime 4% Off
25 Storage Device 3 Years
26 Cable, Charger 2 Years
27 Power Bank, Mouse, External  Disc Drive, Webcam, Hub1 Year

​​

၄။ ဤအစီအစဥ်ကာလအတွင်း KBZPay Appရှိ  Digital Zay Mini Appတွင် လျှော့စျေးဖြင့် ရယူနိုင်သော ထုတ်ကုန်များသည်  အရေအတွက်ကန့်သတ်ချက်ရှိသောကြောင့် Customer များအနေ ဖြင့် စောလျင်စွာဝယ်ယူရန်လိုအပ်ပါသည်။ သတ်မှတ်ထားသော အရေအတွက် ကန့်သတ်ချက် ကျော်လွန်ပါက Customer များအနေဖြင့် လျှော့စျေးဖြင့်ဝယ်ယူခွင့် ရရှိနိုင်တော့မည်မဟုတ်ပါ။ Customer မှ ဝယ်ယူသော ထုတ်ကုန်ပစ္စည်းအမျိုးအစားအပေါ်မူတည်၍  သတ်မှတ်ထားသော Official Warranty အား ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။ 

၅။ KBZPay ရှိ Digital Zay Mini App မှတဆင့် Customer မှ ဝယ်ယူသော ပစ္စည်းသည် အိမ်တိုင်ရာရောက် ပို့ဆောင် ပြီးချိန်မှ Customer အနေဖြင့် ကွဲလွဲမှုတစ်စုံတစ်ရာ တွေ့ရှိပါက Customer သည် Digital Zay Hot Line Phone Number (09882333878) သို့ချက်ချင်း ဆက်သွယ်ပေးရန်လိုအပ်ပါသည်။ ထိုသို့သော ကိစ္စရပ်တွင် Digital Zay၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအတိုင်း Digital Zayမှ ဆောင်ရွက်ပေးမည်ဖြစ်သည်။ သို့ရာတွင် အိမ်တိုင်ရာရောက် ပို့ဆောင်ပြီးချိန်မှ ပစ္စည်းအမျိုးအစားကွဲ လွဲမှုတစ်စုံတစ်ရာတွေ့ရှိမှု အတွက် ထိုပစ္စည်း၏ တန်ဖိုးငွေ အား ပြန်လည်လွှဲအပ်ပေးမည်မဟုတ်ပါ။။ 

၆။ Customer မှာယူသော ပစ္စည်းများ လွဲမှားပို့ဆောင်မှုအတွက် Digital Zay ၏ Return Policy အရ Customer မှ (၂)ရက်အတွင်း Digital Zay   သို့ ဆက်သွယ်ရမည်ဖြစ်ပါသည်။ 

၇။ Digital Zay မှ Customer မှာယူထားသော ပစ္စည်းများကို ရုံးဖွင့်ရက် (၃) ရက်မှ (၅) ရက်အတွင်း ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ပစ္စည်းများကို ရုံးဖွင့်ရက် (၃) ရက်မှ (၅) ရက်အတွင်း ပို့ဆောင်ပေး မည်ဟု ဖော်ပြထားသော်လည်း KBZ Bank နှင့် Digital Zay တို့၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန် သည့် ကိစ္စရပ်များကြောင့် ပစ္စည်းများအား ပို့ဆောင်ပေးမည့် အချိန်သည် ပြောင်းလဲမှုရှိနိုင်ပါသည်။

၈။ KBZPay ရှိ Digital Zay Mini App မှတဆင့် Customer မှ ဝယ်ယူသော ပစ္စည်းများ၏ တစ်စုံတစ်ရာ ချွတ်ယွင်းမှု၊ ကွဲလွဲမှု၊ ပစ္စည်းအမျိုးအစားအား ပြောင်းလဲလိုခြင်းနှင့် ပယ်ဖျက်ခြင်း များကဲ့သို့သော တစ်စုံတစ်ရာသောကိစ္စရပ်များအတွက် Customer များအနေဖြင့် Digital Zay သို့တိုက်ရိုက်ဆက်သွယ် ရမည်ဖြစ်သည်။  ဤအစီအစဉ်အရ Customer မှ ဝယ်မှသောပစ္စည်းများနှင့်ပတ်သက်၍ Customer နှင့် Digital Zay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက Customer နှင့် Digital Zay တို့အကြား ဖြေရှင်းရမည်ဖြစ်ပြီး KBZPay တွင် တာဝန်ရှိမည်မဟုတ်ပါ။

၉။ ဤအစီအစဥ် တွင်ပါဝင်ဆင်နွှဲရန် KBZPay Appအား နောက်ဆုံး versionသို့ မြှင့်တင်ထားရန် လိုအပ်ပါသည်။

၁၀။ ယခုအစီအစဥ်အားရယူရန် KBZPay Appရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ကြည့်ရှုရယူနိုင်ပါသည်။ 

၁၁။ ဤအစီအစဥ် ကာလအတွင်း KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၁၂။ KBZ ဝန်ထမ်းများသည် အစီအစဥ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံ မည် မဟုတ်ပါ။

၁၃။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယ ဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင် ခွင့်ရှိသည်။

၁၄။ ဤအစီအစဥ် နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer များ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၅။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၆။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိ သည်ကို သိရှိသဘောတူပါသည်။ 

၁၇။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် Digital Zay ဆိုင်ရာစည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တည်ဆဲ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၉။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“KBZPay မှာ MPT AutoRenew Data Carry Plus ဝယ် ဒေတာလက်ဆောင်တွေရယူမယ်”အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay အသုံးပြုသူများအနေဖြင့် Data Bonusများရရှိနိုင်ရန်“KBZPay မှာ MPT AutoRenew Data Carry Plus ဝယ် ဒေတာလက်ဆောင်တွေရယူမယ်” အစီအစဥ်အား  ပြုလုပ်သွားမည် ဖြစ်ပါသည်။

၂။ အစီအစဉ်ကာလ မှာ ၂၀၂၄ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂၀၂၄ခုနှစ် မတ်လ ၃၁ ရက်နေ့အထိဖြစ်ပါသည်။

၃။ ဤအစီအစဉ်တွင် Auto Renewal Data Carry Plus Pack ၉၇၉ ကျပ်= 470 MB (ရက် ၃၀ သက်တမ်း) + 255 MB (၅ရက်သက်တမ်း) + 1000GB အထိအပိုဒေတာလက်ဆောင်ကံထူးခွင့် + 200GB အထိရရှိနိုင်သည့် ထိပေါက်ခံစားခွင့်တစ်ကြိမ်၊ Auto Renewal Data Carry Plus Pack ၂၆၆၉ ကျပ်= 1290 MB (ရက် ၃၀ သက်တမ်း) + 500 MB (၅ရက်သက်တမ်း) + 1000GB အထိအပိုဒေတာလက်ဆောင်ကံထူးခွင့် + 200GB အထိရရှိနိုင်သည့် ထိပေါက်ခံစားခွင့်တစ်ကြိမ်၊ Auto Renewal Data Carry Plus Pack ၄၄၆၉ ကျပ်= 2160MB (ရက် ၃၀ သက်တမ်း) + 1 GB (၅ရက်သက်တမ်း)  + 1000GB အထိအပိုဒေတာလက်ဆောင် ကံထူးခွင့် + 200GB အထိရရှိနိုင်သည့် ထိပေါက်ခံစားခွင့်တစ်ကြိမ် တို့ပါဝင်ပါသည်။ အလိုအလျောက်သက်တမ်းတိုး (AR trigger) သည့်အချိန်တိုင်းတွင် ထိပေါက်ကစားခွင့် (၃) ကြိမ်ကစားပြီး ဒေတာ 200GB အထိ နှင့် MPT Club ပွိုင့် ၁၀၀၀ ပွိုင့်အထိကံထူးခွင့်ရရှိမည်ဖြစ်သည်။

၄။ Auto Renewal Data Carry Plus ၉၇၉ ကျပ် ပက်ကေ့ချ်ကို ဝယ်ယူထားသူသည် ဝယ်ယူသည့်နေ့မှစပြီး (၇) ရက်အတွင်း 255MB ကို လက်ခံရရှိမည်ဖြစ်ပြီး လက်ခံရရှိသည့်နေ့ရက်မှ (၅) ရက်အတွင်း အသုံးပြုနိုင် ပါမည်။

Auto Renewal Data Carry Plus ၂၆၆၉ ကျပ် ပက်ကေ့ချ်ကို ဝယ်ယူထားသူသည် ဝယ်ယူသည့်နေ့မှစပြီး (၇) ရက်အတွင်း 500MB ကို လက်ခံရရှိမည်ဖြစ်ပြီး လက်ခံရရှိသည့်နေ့ရက်မှ (၅) ရက်အတွင်း အသုံးပြုနိုင်ပါမည်။

Auto Renewal Data Carry Plus ၄၄၆၉ ကျပ်ပက်ကေ့ချ်ကို ဝယ်ယူထားသူသည် ဝယ်ယူသည့်နေ့မှစပြီး (၇) ရက်အတွင်း 1GB ကို လက်ခံရရှိမည်ဖြစ်ပြီး လက်ခံရရှိသည့်နေ့ရက်မှ (၅) ရက်အတွင်း အသုံးပြုနိုင်ပါမည်။

၅။ နည်းပညာပိုင်းဆိုင်ရာ ပြသနာတစ်ခုခုကြောင့် အသုံးပြုသူတစ်ဦးဦးထံတွင် ပရိုမိုးရှင်းအပိုဆုအား မှားယွင်းစွာ ထည့်သွင်းမိခြင်း (သို့မဟုတ်) အပိုဆောင်းထည့်သွင်းမိခြင်း (သို့မဟုတ်) အကြိမ်များစွာ ထည့်သွင်းမိခြင်း စသည့်အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါ MPT အနေဖြင့် ၎င်း၏ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ပါဝင်သူထံမှ ၎င်းမှားယွင်းစွာထည့်သွင်းပေးလိုက်သည့် ပရိုမိုးရှင်းအပိုဆု ပမာဏအတိုင်း အကျိုးခံစားခွင့်များ ကို ပြန်လည်တောင်းခံရပိုင်ခွင့် ရှိမည်ဖြစ်သည်။

၆။ ဤအစီအစဉ်ကာလအတွင်း သတ်မှတ်ထားသော Auto Renewal Data Carry Plus  ပတ်ကေ့ချ်များကို KBZPay Appမှ  တစ်ဆင့် ဝယ်ယူမှသာလျှင်အကျိုးခံစားခွင့်ကိုရရှိပါမည်။

၇။ Data Bonusသည် မည်သည့်ဒေတာသုံးစွဲမှုအတွက်မဆို သုံးစွဲနိုင်သည်။

၈။ Data Bonusအကျိုးခံစားခွင့်သည် KBZPay application တွင်ဝယ်ယူသည့်အခါတွင်သာ ရရှိမည်ဖြစ်ပြီး အလိုအလျောက် သက်တမ်းတိုး (AR trigger) သည့်အချိန်များတွင် Data Bonus ကိုရရှိမည်မဟုတ်ပါ။

၉။ ဝယ်ယူသူတစ်ယောက် (MSISDN တစ်ခု) အနေဖြင့် ဤအစီအစဉ်ကာလအတွင်းတွင် သတ်မှတ် ထားသော ပရိုမိုးရှင်းပက်ကေ့ချ်တစ်ခုစီအတွက် Data Bonus ခံစားခွင့်ကို ပထမဆုံးအကြိမ်ဝယ်ယူသည့်အခါ တွင်သာရရှိမည်ဖြစ်ပြီး ပရိုမိုးရှင်းကာလတစ်လျှောက်တွင် နှုန်းထားတူညီသောပရိုမိုးရှင်းပက်ကေ့ချ်တစ်ခုကို ထပ်ခါထပ်ခါဝယ်ယူသော်လည်း ပထမအကြိမ်ဝယ်ယူသည့်အကြိမ်အတွက်သာ Data Bonus ခံစားခွင့် ကိုရရှိပါမည်။ ဝယ်ယူသူတစ်ယောက်သည် ဤအစီအစဉ်ကာလတစ်လျှောက်တွင် နှုန်းထားမတူညီ သော ပရိုမိုးရှင်းပက်ကေ့ချ်များကို ဝယ်ယူပါက မတူညီသော ပရိုမိုးရှင်းပက်ကေ့ချ်တစ်ခုစီတိုင်း၏ ပထမ အကြိမ်ဝယ်ယူမှုတိုင်းအတွက် Data Bonus ခံစားခွင့်ကိုရရှိမည်ဖြစ်သည်။

၁၀။ Data Bonusအချင်းချင်းပေါင်းစည်းသွားမည်မဟုတ်ပါ။

၁၁။ Data Bonusကို ပရိုမိုးရှင်းပက်ကေ့ချ် ဝယ်ယူပြီး (၇)ရက်အတွင်း ပေးသွားပါမည်။

၁၂။ (AR trigger) သည့်အချိန်များတွင် Data Bonus ကိုရရှိမည်မဟုတ်ပါ။

၁၃။ နှုန်းထားတူညီသော Auto Renewal Data Carry Plusပက်ကေ့ချ်များကို အကန့်အသန့်မရှိ ဝယ်ယူနိုင်ပြီး  နှုန်းထားမတူသော Auto Renewal Data Carry Plus ပက်ကေ့ချ်များကို အကန့်အသတ်မရှိဝယ်ယူ၍ မရနိုင်ပါ။ လက်ရှိသုံးနေသော Auto Renewal Data Carry Plus ပက်ကေ့ချ်ကို ရပ်တန့် (unsubscribe) ပြီးမှသာလျှင် နောက်ထပ် Auto Renewal Data Carry Plus ပက်ကေ့ချ်အသစ်ကို ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ 

၁၄။ Auto Renewal Data Carry Plus ပက်ကေ့ချ်များဝယ်ယူတိုင်းမှာ ပုံမှန်အတိုင်းထိပေါက်ကစားခွင့် ကိုရရှိမည်ဖြစ်ပြီး MPT4U App ရဲ့ ပက်ကေ့ချ်ထိပေါက် Lucky Draw မှာ ထိပေါက်တစ်ကြိမ်ကစားပြီး 200GB အထိ ကံထူးနိုင်မည်ဖြစ်ပါသည်။

၁၅။ Auto Renewal Data Carry Plus (AR trigger) သည့်အချိန်တိုင်းတွင် ထိပေါက်ကစားခွင့် (၃) ကြိမ်ရပါမည်။ MPT4U App ရဲ့ ပက်ကေ့ချ်ထိပေါက် Lucky Draw  မှာ ထိပေါက်ကစားပြီး ဒေတာ 200GB အထိ နှင့် MPT Club ပွိုင့် ၁၀၀၀ ပွိုင့်အထိကံထူးနိုင်သည်။

၁၆။ KBZPay အသုံးပြုသူများဝယ်ယူသည့် ပက်ကေ့ခ်ျအမျိုးအစားများအလိုက် ပရိုမိုးရှင်းထပ်ဆောင်း အပိုဆုများ ကို MPT မှ ပေးအပ်သွားမည်ဖြစ်ပြီး ပရိုမိုးရှင်းထပ်‌ဆောင်း အပိုဆုများကို MPT မှ အချိန်နှင့်အမျှ ပြောင်းလဲ သတ်မှတ်နိုင်ပါသည်။

၁၇။  KBZPay အသုံးပြုသူများသည် MPT တွင် ဝယ်ယူထားသော ပက်ကေ့ချ်အား ပြောင်းလဲလိုခြင်း၊ ပယ်ဖျက်ခြင်း နှင့် ပြန်အမ်းငွေပြန်လည်တောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာသောကိစ္စရပ်များ ပေါ်ပေါက်ပါက KBZPay အသုံးပြုသူများ အနေဖြင့် MPT သို့တိုက်ရိုက်ဆက်သွယ်ရမည် ဖြစ်ပြီး MPT ၏ ဆုံးဖြတ်ချက် အတိုင်း လိုက်နာရမည်ဖြစ်သည်။

၁၈။ ဤအစီအစဉ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများအား ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ်ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၁၉။ KBZ ဝန်ထမ်းများသည် အစီအစဉ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၂၀။  ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၁။ ဤအစီအစဉ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွား မှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZPay အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၂၂။ KBZPay သည် မည်သည့်အချိန်တွင်မဆို စည်းမျဥ်းနှင့် စည်းကမ်းသတ်မှတ်ချက် နှင့် မလျော်ညီသည့်ပြုလုပ်မှု တစ်စုံတစ်ရာတွေ့ရှိပါက မည်သည့်အချိန်တွင်မဆို ပယ်ဖျက်ခွင့်နှင့် ရုပ်သိမ်းပိုင်ခွင့်ရှိသည်။

၂၃။  KBZPay သည်မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင် အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ ရပ်စဲခွင့်နှင့်/ သို့မဟုတ် ဆုလက်ဆောင်ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ်ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ်အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင် လက္ခဏာများအား ပြောင်းလဲခွင့် နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၂၄။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၂၅။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် MPT MPT AutoRenew Data Carry Plus ဝယ်ယူခြင်းနှင့်သက်ဆိုင်သောစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၆။ ဤစည်းမျဥ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၇။ KBZPay သည် COVID- 19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့်မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ တွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၈။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထား ပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထား သည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

၂၉။ ဤအစီအစဥ်နှင့် ပတ်သတ်၍ ထပ်မံသိရှိလိုသည့်အချက်များရှိပါက KBZ Bank Customer Service ဖုန်းနံပါတ် ၃၂၁၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဤအစီအစဉ်တွင် ပါဝင်မည့်သူများသည် အထက်ဖော်ပြပါ စည်းမျဉ်း၊စည်းကမ်းများကို သဘောတူလိုက်နာရန် လိုအပ်ပါသည်။

KBZPay QR Week အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPayမှ  ၂၀၂၄ခုနှစ် မတ်လ (၉)ရက်၊ (၁၆)ရက်၊ (၂၃)ရက်နေ့နှင့် (၃၀)ရက်နေ့ ၂၀၂၄ခုနှစ် (စနေနေ့လေးရက်)အား KBZPay QR Week အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် KBZPay Application Version အား 5.1 နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤအစီအစဥ်  ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများ အားလုံး အရောင်းမိတ်ဖက်ဆိုင်များတွင်  စနေနေ့တိုင်း ဈေးဝယ်ယူပြီး အရောင်းဆိုင် QR (သို့ ) မိမိ၏ QR ကို scan ဖတ်ပြီး (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ်ရိုက်ထည့်ပြီး (သို့) Own Scan (Micro Pay)အသုံးပြုကာ  KBZPay နှင့်ပေးချေခြင်းဖြင့် လက်ဆောင်ဘူးများ ရရှိကာ ဆုလက်ဆောင် များဖြစ်သည့် ပြန်အမ်းငွေများ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ပထမဆုံး ငွေပေးချေမှုတစ်ကြောင်းသည် စုစုပေါင်းငွေကျပ် ၃၀,၀၀၀ကျပ်နှင့် အထက်ဖြစ်ရန်လိုအပ်ပြီး အရောင်းမိတ်ဖက်ဆိုင်၏ KBZPay QR Code (သို့ ) မိမိ၏ QR ကို scanဖတ်၍ ငွေပေးချေခြင်း (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ်ရိုက်ထည့်ခြင်း (သို့) Own Scan (Micro Pay)အသုံးပြုကာ  KBZPay နှင့်ငွေပေးချေပါက  သတ်မှတ်ထားသော လက်ဆောင်ဘူးအရေအတွက် ကျန်ရှိသည် အထိ KBZPay အကောင့်တစ်ခုလျှင် တစ်နေ့တွင် နှစ်ကြိမ် ကျပန်းရရှိနိုင်မည်ဖြစ်သည်။ 

၅။ ဤ အစီအစဥ် တွင်ပါဝင်သူများသည်  KBZPay Account တစ်ခုဖြင့်  အစီအစဥ် ကာလ အတွင်း တစ်ရက်လျှင် တစ်ကြိမ်သာ ပါဝင်နိုင်ပါသည်။  KBZPay အသုံးပြုသူ မှ ရရှိထားသော ပြန်အမ်းငွေများကို ၎င်းတို့၏ KBZPay wallet များထဲသို့  တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပြီး မှတ်တမ်းတွင် ပြန်လည် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ပြန်အမ်းငွေများမှာ –

  • ၃၀၀ကျပ် ပြန်အမ်းငွေ
  • ၅၀၀ကျပ် ပြန်အမ်းငွေ
  • ၈၀၀ကျပ် ပြန်အမ်းငွေ
  • ၁,၀၀၀ကျပ် ပြန်အမ်းငွေ
  • ၁၀၀,၀၀၀ကျပ် ပြန်အမ်းငွေ
  • ကျေးဇူးတင်ပါတယ်

၆။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၇။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၈။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။ ဤ အစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၁။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၂။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၃။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် အရောင်းမိတ်ဖက် ဆိုင်များ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

မတ်လအတွင်း Mobile KBZPay Center လှည့်လည်သွားလာမည့် နေရာနှင့်အချိန်ဇယား

MonthDateMarket NameTownshipService Hour
March4Da Nyin Gone ZayInsein9:30AM to 4:30PM
March5Da Nyin Gone ZayInsein9:30AM to 4:30PM
March6Da Nyin Gone ZayInsein9:30AM to 4:30PM
March7Da Nyin Gone ZayInsein9:30AM to 4:30PM
March8Da Nyin Gone ZayInsein9:30AM to 4:30PM
March9
March10
March11Thiri Mingalar ZayInsein9:30AM to 4:30PM
March12Thiri Mingalar ZayInsein9:30AM to 4:30PM
March13Thiri Mingalar ZayInsein9:30AM to 4:30PM
March14Thiri Mingalar ZayInsein9:30AM to 4:30PM
March15Thiri Mingalar ZayInsein9:30AM to 4:30PM
March16
March17
March18San Pya Oo Yin Zay (10 Yat Kwat Zay)ThaKayTa9:30AM to 4:30PM
March19San Pya Oo Yin Zay (10 Yat Kwat Zay)ThaKayTa9:30AM to 4:30PM
March20San Pya Oo Yin Zay (10 Yat Kwat Zay)ThaKayTa9:30AM to 4:30PM
March21San Pya Oo Yin Zay (10 Yat Kwat Zay)ThaKayTa9:30AM to 4:30PM
March22Htauk Kyunt ZayHlaing9:30AM to 4:30PM
March23
March24
March25Htauk Kyunt ZayMingalardon9:30AM to 4:30PM
March26Yadanar ThainGi Zay (Za Myin Zwel Zay)North Okkalapa9:30AM to 4:30PM
March27
March28Htauk Kyunt ZayMingalardon9:30AM to 4:30PM
March29Yadanar ThainGi Zay (Za Myin Zwel Zay)North Okkalapa9:30AM to 4:30PM

KBZPay Digital Card FAQs

KBZPay Digital Card သည် နိုင်ငံတစ်ကာတွင် KBZPay app မှတစ်ဆင့် ငွေပေးချေမှုပြုလုပ်နိုင်သော ကတ်ဖြစ်ပြီး Visa ကတ်များကို လက်ခံသည့် မည်သည့်နေရာတွင်မဆို ဝယ်ယူမှုများအတွက်အသုံးပြုနိုင်ပါသည်။

KBZPay app ကို အသုံးပြု၍ KBZPay Digital Card လျှောက်ထားမှာဖြစ်ပြီး KBZPay သုံးစွဲသူများသာ KBZPay Digital Card ကို လျှောက်ထားနိုင်မှာဖြစ်ပါသည်။

KBZPay သုံးစွဲသူအားလုံးသည် KBZPay Digital Card ကို လျှောက်ထားနိုင်မှာဖြစ်ပါသည်။ KBZPay အကောင့်မရှိပါက နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲများ သို့မဟုတ် KBZPay စင်တာများသို့ သွားရော‌က်၍ အကောင့်ဖွင့်နိုင်ပါသည်။

KBZPay Digital Card ကိုချက်ချင်းရရှိနိုင်ပါသည်။

KBZPay Digital Card ကို စာရင်းသွင်းပြီးပါက စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး နောက်ထပ်လုပ်ဆောင်ရန်အဆင့်များ မလိုအပ်ပါ။ အွန်လိုင်းဝယ်ယူမှုများ သို့မဟုတ် ငွေပေးချေမှုများအတွက် ချက်ချင်းအသုံးပြုနိုင်မည်ဖြစ်သည်။

KBZPay Digital Card ကို Visa လက်ခံသည့် မည်သည့်နိုင်ငံတကာ online merchant များတွင်မဆို အသုံးပြုနိုင်ပါသည်။

မြန်မာနိုင်ငံတွင် အသုံးပြုရန် ပြုလုပ်ထားသော ငွေပေးချေမှုမဟုတ်သောကြောင့် မြန်မာနိုင်ငံတွင် အသုံးပြု၍ရနိုင်မည် မဟုတ်ပါ။

ကတ်၏အသုံးပြုနိုင်သည့်ကာလသည် (၃) နှစ် ဖြစ်ပါသည်။

Go to KBZPay Application သို့ဝင်ပါ၊ KBZPay Digital Card ကိုရွေးချယ်ပါ၊ ထို့နောက် KBZPay Digital Card Home Page တွင် ကတ်၏ အသေးစိတ်အချက်အလက်မျာကို ကြည့်နိုင်ပါသည်။

Physical Card အနေဖြင့် အသုံးပြု၍ရမည်မဟုတ်ပါ။

Visa KBZPay Digital Card (၁) ကတ်သာ အသုံးပြုနိုင်မည်ဖြစ်သည်။

သက်တမ်းကုန်ဆုံးရက်မတိုင်မီတွင် KBZPay Digital Card အသစ်တစ်ခု အလိုအလျောက်ရရှိမည်ဖြစ်သည်။

KBZPay Digital Card ကို သက်တမ်းတိုးပြီးသည့်အခါ Notification ပေးပို့သွားမှာဖြစ်ပါသည်။

KBZPay Digital Card ကို ငွေကြေးမသမာမှု နှင့် ခွင့်ပြုချက်မရှိဘဲ ငွေလွှဲခြင်းများကို ကာကွယ်ရန် အဆင့်မြင့်လုံခြုံရေး Feature များ နှင့် ဂဏန်း 6 လုံးပါ KBZPay PIN တို့ဖြင့်ကာကွယ်ထားပါသည်။ သင်၏ OTP နှင့် PIN ကို မည်သူနှင့်မျှ မျှဝေခြင်းမပြုပါရန်လည်း အသိပေးအပ်ပါသည်။

KBZPay Digital Card လျှောက်ထားစဉ်တွင် စာရင်းပေးသွင်းထားသော အီးမေးလ်လိပ်စာဖြင့် [email protected] သို့ အီးမေးလ်ပေးပို့အကြောင်းကြားရန်လိုအပ်ပါသည်။

KBZPay Digital Card design သည် သင့်မွေးသက္ကရာဇ်အပေါ် အခြေခံ၍
ထုတ်ပေးထားသောကြောင့် သင့် KBZPay Digital ကတ်တွင် ရာသီခွင် သင်္ကေတ
ဒီဇိုင်းကို ပြောင်း၍မရနိုင်ပါ။

KBZPay Digital Card တွင်ပေါ်သော Zodiac Sign မမှန်ခြင်းသည် KBZPay လျှောက်ခဲ့စဉ် ပေးထားသော မွေးသက္ကရာဇ် အချက်အလက်များ ကွဲလွဲနေသောကြောင့်ဖြစ်သည်၊ KBZPay Digital Card တွင်ပေါ်သော Zodiac Sign မမှန်ခြင်းသည် KBZPay လျှောက်ခဲ့စဉ် ပေးထားသော မွေးသက္ကရာဇ် အချက်အလက်များ ကွဲလွဲနေသောကြောင့်ဖြစ်သည်၊ KBZPay Call Center သို့ ဆက်သွယ်ပြီး မွေးသက္ကရာဇ် ပြန်လည်ပြင်ဆင်နိုင်ပါသည်။

သင်၏ KBZPay Digital Card ကို ငွေဖြည့်သွင်းရန် မလိုအပ်ပါ။ သင်၏ KBZPay Wallet မှလက်ကျန်ကို အသုံးပြုနိုင်ပြီး၊ အောက်ပါနည်းလမ်းများဖြင့် KBZPay Wallet ထဲသို့ ငွေဖြည့်သွင်းရန် နိုင်ပါသည်။

  • ဘဏ်အကောင့်မှ ငွေလွှဲခြင်း။
  • KBZPay အေးဂျင့်များမှတဆင့် ငွေဖြည့်ခြင်း
  • MPU မှတစ်ဆင့် ငွေထည့်သွင်းခြင်း

Connection Error ကြောင့် ဖြစ်နိုင်ပါသဖြင့် ‌ပေးချေလိုက်သော ငွေမာဏကို 24 နာရီအတွင်း ပြန်အမ်းငွေပြန်မရပါက KBZPay Call Center 3211 သို့ ဖုန်းခေါ်ဆိုပါ။

နိုင်ငံခြားငွေကြေးဖြင့် KBZPay Digital Card ကိုအသုံးပြုသည့်အခါ ငွေလွှဲပမာဏသည် နိုင်ငံခြားငွေလဲလှယ်နှုန်းအပြင် cross-border fees အပါအဝင်ဖြစ်ပါသည်။

အောက်ပါအဆင့်များကို ပြုလုပ်ခြင်းဖြင့် E-commerce ဝဘ်ဆိုက်တွင် ငွေပေးချေနိုင်ပါသည်။

  1. KBZPay Digital Card ၏ Detail စာမျက်နှာသို့ သွားပါ။
  2. ကတ်၏ အသေးစိတ်အချက်အလက်များကိုကြည့်ရှုရန် ကတ်ကို ဘယ်ဘက်သို့ဆွဲပြီး KBZPay PIN နံပါတ်ကို ရိုက်ထည့်ပါ။
  3. “ copy card details” ကိုနှိပ်ပြီး ဝဘ်ဆိုက်ပေါ်သို့ ကူးထည့်ပါ။
  4. ငွေပေးချေရန် OTP ကို ​​ထည့်သွင်းပါ။

ရှိပါသည်။ ဘဏ်၏ဆုံးဖြတ်ချက်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသော ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လမ်းညွှန်ချက်များအပေါ်အခြေခံ၍ ကန့်သတ်ချက်ကို ပြောင်းလဲနိုင်သည်။

လုပ်ဆောင်ချက်များမအောင်မြင်ပါက သင့် KBZPay Wallet တွင် လုံလောက်သောငွေပမာဏများရှိကြောင်းနှင့် မှန်ကန်သော ကတ်၏အသေးစိတ်အချက်အလက်များကို ထည့်သွင်းထားကြောင်း သေချာအောင်စစ်ဆေးပါ။ ထို့နောက် ဆက်လက်ဆောင်ရွက်မရပါက KBZPay Call Center 3211 သို့ ဆက်သွယ်ပါ။

KBZPay Digital Card Home Page တွင် လုပ်ဆောင်ချက်မှတ်တမ်းကိုကြည့်ရှုနိုင်ပါသည်။

KBZPay Digital Card ကိုအသုံးပြီး ငွေပေးချေမှုများ ပြုလုပ်ရန်အတွက် သင်၏ KBZPay Wallet မှ လက်ကျန်ကိုသာ အသုံးပြုနိုင်ပါသည်။

KBZPay Digital Card သည် Visa ကတ်များကို လက်ခံသည့် နိုင်ငံပေါင်း ၂၀၀ ကျော်တွင် အသုံးပြုနိုင်ပါသည်။

ပြည်ပနိုင်ငံများတွင် KBZPay Digital Card ကိုအသုံးပြုပါက မြန်မာကျပ်ငွေသို့ အလိုအလျောက်ပြောင်းပေးသွားမည်ဖြစ်သည်။ ကတ်ကိုင်ဆောင်သူများ အဆင်ပြေစေရန်အတွက် လိုအပ်သောငွေကြေးလဲလှယ်တွက်ချက်မှုများလုပ်ဆောင်ပြီး မြန်မာကျပ်ငွေနှင့် ညီမျှသောပမာဏကိုပြသပေးသွားမှာဖြစ်ပါတယ်။

ငွေပေးချေမှုလုပ်ဆောင်ချက်များပြုလုပ်ရန်အတွက် သင်၏ KBZPay Wallet တွင် လက်ကျန်ငွေအလုံအလောက်ရှိရန် လိုအပ်ပါသည်။

KBZPay wallet တွင် လက်ကျန်ငွေအလုံအလောက်မရှိပါက လုပ်ဆောင်ချက်အောင်မြင်မည်မဟုတ်ပါ။
OTP အတည်ပြုနိုင်ခြင်း၊ နှင့်အခြားသောပြဿနာတစ်စုံတစ်ရာရှိပါက [email protected] ပေးပို့ခြင်း သို့မဟုတ် Call Center သို့ ဆက်သွယ်ပါ။

KBZPay Digital Card တွင် ကတ်အသုံးပြုသူ၏ ခွင့်ပြုချက်မရှိဘဲ ငွေပေးချေမှုလုပ်ဆောင်ချက်တစ်ခုကို သတိပြုမိပါက ထိုအကြောင်းအရာကို တိုင်ကြားမှုပြုလုပ်ရန်နှင့် ငွေပေးချေမှုလုပ်ဆောင်ချက်ကို dispute လုပ်ရန် KBZPay Call Center 3211 သို့ ချက်ချင်းဆက်သွယ်သင့်ပါသည်။

KBZPay Digital Card ငွေပေးချေမှုလုပ်ဆောင်ချက်နှင့် ပတ်သက်၍အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက တိုင်ကြားမှုပြုလုပ်ရန်နှင့် ဖြေရှင်းရန် KBZPay Call Center 3211 သို့ ဆက်သွယ်သင့်ပါသည်။

အငြင်းပွားမှုကိစ္စရပ်များသည် ပြဿနာ၏ရှုပ်ထွေးမှုနှင့် ကတ်ထုတ်ပေးသူ၏မူဝါဒများပေါ်မူတည်၍ ကွဲပြားနိုင်သည်။ သို့သော်လည်း အငြင်းပွားမှုကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် တတ်နိုင်သမျှ အမြန်ဆုံးစတင်ရန် အကြံပြုအပ်ပါသည်။

တောင်းဆိုချက်ကို ပံ့ပိုးရန် ပြေစာများ၊ ငွေတောင်းခံလွှာများ၊ ပို့ဆောင်မှု အတည်ပြုချက်များ(Shipping cofirmation) နှင့် အခြားသက်ဆိုင်ရာ အထောက်အထားများကဲ့သို့သော စာရွက်စာတမ်းများ ပံ့ပိုးပေးရန် လိုအပ်ပါသည်။

မိမိ၏သဘောဆန္ဒအတိုင်း အငြင်းပွားမှုကိစ္စရပ်ကို ဖြေရှင်းပြီးပါက မိမိ၏ KBZPay Wallet ထဲသို့ ပြန်အမ်းငွေ ကို လက်ခံရရှိမည်ဖြစ်သည်။

မိမိ၏သဘောဆန္ဒအတိုင်း အငြင်းပွားမှုကိစ္စရပ်ကို မဖြေရှင်းနိုင်ပါက ရလဒ်သည် တိကျသောအသေးစိတ်အခြေအနေနှင့် အငြင်းပွားမှုကိစ္စရပ်အတွက် လိုက်နာရန်ပါရှိသော သဘောတူညီချက် သို့မဟုတ် စာချုပ်၏ စည်းကမ်းသတ်မှတ်ချက်များပေါ်တွင် မူတည်သည်။

KBZPay Call Center 3211 သို့ဆက်သွယ်ပြီး KBZPay Wallet ကိုပိတ်နိုင်ပါသည်။

KBZPay Digital Card အား Onboarding လုပ်ငန်းစဉ် ပြီးဆုံးသောအခါတွင် မည်သည့်အခကြေးငွေမှ ပေးဆောင်စရာမလိုဘဲ အခမဲ့ ရရှိမည်ဖြစ်ပါသည်။

KBZPay Digital Card ကိုအခမဲ့လျှောက်ထားနိုင်ပါသည်။

KBZPay Digital Card အတွက် လစဥ်ကြေး ပေးရန်မလိုပါ။

KBZPay Digital Card ဝန်ဆောင်မှုကိုအသုံးပြုရန် ပထမနှစ်အတွက် နှစ်စဉ်ကြေးပေးရန်မလိုပါ။ ပထမနှစ်အပြီး KBZPay Digital Card ၏ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုမှုအတွက် ကောက်ခံလာမည့် မည်သည့်အခကြေးငွေကိုမဆို ကတ်အသုံးပြုသူအား ပထမနှစ်မကုန်မီ အကြောင်းကြားပါမည်။

KBZPay Digital Card ကတ်ကို အသုံးပြု၍ အွန်လိုင်းငွေပေးချေမှုတိုင်းအတွက် ကမ္ဘောဇဘဏ်မှ ချမှတ်ထားသော မူဝါဒများအရ ဝန်ဆောင်ခကောက်ခံသွားမည်ဖြစ်သည်။ ဤဝန်ဆောင်ခများသည် ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလဲနိုင်သည်ကို သတိပြုပါ။

“Summer Hot Deal အစီအစဉ်” စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ရက်နေ့ အထိ ကို “Summer Hot Deal” အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤအစီအစဉ် ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံး KBZPay၏ ခရီးသွားအောက်တွင် ရှိသော “ Oway” မှဖြစ်စေ၊  Oway ၏ကိုယ်ပိုင် အက်ပလီကေးရှင်းများမှဖြစ်စေ၊ Webisteမှဖြစ်စေ KBZPay ဖြင့် ၁၀၀,၀၀၀ကျပ် နှင့်အထက် ငွေပေးချေမှုများအတွက် သတ်မှတ်ကုဒ်နံပါတ် ရိုက်ထည့်ပြီး ၁၀,၀၀၀ကျပ် လျှော့ဈေး သတ်မှတ်အရေအတွက် ကျန်ရှိသည်အထိ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ဤအစီအစဉ် ကာလအတွင်း ဝယ်ယူထားသော လက်မှတ်များအား ပယ်ဖျက်ခြင်းအတွက် ပြန်အမ်းငွေ ပြန်လည်ရရှိမည်မဟုတ်ပါ။

၅။ ဤအစီအစဉ်ကာလအတွင်း လျှော့ဈေးရရှိနိုင်သောလူဦးရေ အရေအတွက်သတ်မှတ်ချက် ရှိပါသဖြင့် သတ်မှတ်အရေအတွက်ကျော်လွန်သော ၁၀၀,၀၀၀ကျပ် နှင့်အထက် ငွေပေးချေမှုများအတွက်  လျှော့ဈေး ၁၀,၀၀၀ကျပ် ရရှိနိုင်တော့မည်မဟုတ်ပါ။

၆။ ခရီးသွားလက်မှတ်များ ဝယ်ယူရာတွင် Owayအသုံးပြုသူအဖြစ် Sign In ပြုလုပ်ပြီး စာရင်းသွင်းထားသော အသုံးပြုသူများသာ အကျုံးဝင်မည်ဖြစ်သည်။ ဤအစီအစဉ်ကာလအတွင်း အသုံးပြုသူတစ်ဦးလျှင် တစ်ကြိမ်သာ လျှော့ဈေး ၁၀,၀၀၀ ကျပ် ရယူနိုင်ပြီး အသုံးပြုသူများသည် သတ်မှတ်ကုဒ်နံ (owaykbzpay) အား ကိုယ်တိုင်ရိုက်ထည့်ပြီး ၁၀၀,၀၀၀ကျပ်နှင့်အထက် လက်မှတ်များ ဝယ်ယူမှသာ လျှော့ဈေးအား ရရှိနိုင်မည်ဖြစ်သည်။

၇။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၈။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၃။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၁၄။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် Oway ၏ပုံမှန်စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“KBZPayနဲ့ ဝယ်ယူပြီး ပြန်အမ်းငွေ ၅သိန်းထိ ကံစမ်းဖို့ အခွင့်အရေး အစီအစဉ်“ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ မှ ၂၀၂၄ ခုနှစ် မတ်လ (၈) ရက်နေ့ အထိကို “KBZPayနဲ့ ဝယ်ယူပြီး ပြန်အမ်းငွေ ၅သိန်းထိ ကံစမ်းဖို့ အခွင့်အရေး” အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤ Campaign ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံး KBZPay၏ ခရီးသွားအောက်တွင် ရှိသော “ Flymya” မှဖြစ်စေ၊ Flymya၏ကိုယ်ပိုင် အက်ပလီကေးရှင်းများမှဖြစ်စေ၊ Flymya Webisteမှဖြစ်စေ ဝယ်ယူ၍ KBZPay ဖြင့်အောင်မြင်စွာ ငွေပေးချေမှုများအတွက် ပြန်အမ်းငွေ ၅သောင်းမှ ၅သိန်းကျပ်အထိ ကံထူးခွင့်ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ဝယ်ယူရန်လိုအပ်သည့် အနည်းဆုံး ပမာဏ သတ်မှတ်ထားခြင်းမရှိပါ။ စည်းကမ်းချက်နှင့် ကိုက်ညီသော ဝယ်ယူသူများအနက်မှ တစ်ရက်လျှင် (၅) သောင်းဆု ကံထူးရှင် တစ်ဦးရွေးချယ်ပေးမည်ဖြစ်ပြီး ရက် (၃၀) အတွက် စုစုပေါင်း(၃၀) ဦး  ရွေးချယ်ပေးမည်ဖြစ်ပါသည်။ (၅) သိန်းဆုအထူးဆု ကံထူးရှင်သည် (၁၀)ရက်လျှင် တစ်ဦးရွေးချယ်ပေးမည်ဖြစ်ပြီး စုစုပေါင်း (၃) ဦး ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။

၅။ ရွေးချယ်ခံရပြီးသော (၅)သိန်းဆုအထူးဆု ကံထူးရှင်များအား နောက်ထပ် (၅)သိန်းဆု အထူးဆု ကံထူးရှင်ရွေးချယ်ရာတွင် ထည့်သွင်းရွေးချယ်သွားမည် မဟုတ်ပါ။ (၅)သောင်းဆု ကံထူးပြီးသော ကံထူးရှင်များသည် အထူးဆု (၅) သိန်းရွေးချယ်ရာတွင်ထပ်မံ ပါဝင်ခွင့် ရရှိမည် ဖြစ်ပါသည်။

၆။ ကံထူးရှင်များအား Flymyaလက်မှတ် ဝယ်ယူပြီး နောက်တစ်ရက်တွင် Flymyaမှ ရွေးချယ်သွားမည်ဖြစ်ပြီး  ကံထူးရှင်များအား Flymya မှ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြား သွားမည်ဖြစ်ပါသည်။ မည်သည့် ကံထူးရှင်ကိုမဆို Flymya မှဆက်သွယ်အကြောင်းကြားသည့် နေ့ရက်မှစ၍ (၂)ရက်အတွင်း ကံထူးရှင်များ၏ ဝယ်ယူထားသော KBZPay Account ထဲသို့တိုက်ရိုက်ထည့်သွင်း၍ ဆုငွေများအား ချီးမြင့်သွားမည်ဖြစ်ပါသည်။

၇။ ပြန်အမ်းငွေများအား ထည့်သွင်းပေးမည့် အချိန်သည် KBZဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများ အား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။ 

၈။ ကံထူးရှင်များကို Social Media များ နှင့် Website များ တွင် ကြေညာရန်အလို့ငှာ ကံထူးရှင်များ၏ အမည်နှင့် အလှဓာတ်ပုံ တို့အား KBZ Bank နှင့် Flymya မှ အသုံးပြုနိုင်သည်ကို ကံထူးရှင်မှ သိရှိပြီး သဘောတူပါသည်။ ကံထူးရှင်များသည် ဆုလက်ဆောင် Flymya Facebook Page တွင် Winner Announcement အတွက် ဓာတ်ပုံဖြင့် ကြေငြာရန် အလှဓာတ်ပုံတစ်ပုံ ပေးပို့ပေးရန်လိုအပ်ပါသည်။ အလှဓာတ်ပုံပေးပို့ခြင်းမရှိသည့် ကံထူးရှင်သည် ပြန်အမ်းငွေအားရရှိရန် အကျုံးဝင်နိုင်မည်မဟုတ်ဘဲ ထိုကံထူးရှင်အစား အခြားကံထူးရှင်တစ်ဦးအား ထပ်မံ‌ရွေးချယ်သွားမည် ဖြစ်ပါသည်။ ကံထူးရှင်များအနေဖြင့် ဆုလက်ဆောင်ရရှိရန် အလို့ငှာ Flymya မှသတ်မှတ်ထားသော စည်းကမ်းချက် များအား လိုက်နာရန်လိုအပ်ပြီး စည်းကမ်းချက်နှင့် ကိုက်ညီသော ကံထူးရှင်များသာလျှင် ဆုလက်ဆောင် ရရှိနိုင်ခွင့် ရှိမည်ဖြစ်သည်။ 

၉။ ဤအစီအစဉ်ကာလအတွင်း Flymya တွင် ဝယ်ယူသော KBZPay Customer များအား ပြန်အမ်းငွေများရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး Customer မှ ဝယ်ယူပြီးသော လေကြောင်းခရီးစဉ်လက်မှတ်များ (သို့) ဟိုတယ်ဘိုကင်များ (သို့) ကားလက်မှတ်များ၏ နေ့ရက်နှင့် အချိန်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေတောင်းခံခြင်း၊ ဆုလက်များနှင့်ပတ်သက်၍    အငြင်းပွားခြင်းများကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက Flymya နှင့် Customer တို့နှင့်သာသက်ဆိုင်မည်ဖြစ်သည်။

၁၀။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၁၁။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၁၂။ KBZ ဝန်ထမ်းများနှင့် Flymya ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်း အချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၃။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။

၁၄။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၅။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၆။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၁၇။ KBZPay ဆိုင်ရာနှင့် Flymya ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၉။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“လွယ်ကူထုတ်ချေးငွေယူရင်း ပြန်အမ်းငွေများရနိုင်မယ့်အခွင့်အရေး” အစီအစဉ်အတွက် မေးလေ့မေးထရှိသော မေးခွန်းများ

ယခုအစီအစဥ်သည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ  ၂၀၂၄ခုနှစ်၊ မတ်လ (၁၁) ရက်နေ့  အထိ သတ်မှတ်ထားသော ကာလအတွင်း လွယ်ကူထုတ်ချေးငွေကို ချေးငွေအသစ်များရယူခြင်း သို့မဟုတ် လက်ရှိ လွယ်ကူထုတ်ချေးငွေများကို သက်တမ်းတိုးသော Agent များအတွက် အလိုအလျှောက် ပါဝင်ခွင့်ရရှိ မည်ဖြစ်ပါသည်။

ဤအစီအစဥ်တွင် ပါဝင်သော ကံထူးသူများအား တစ်ပတ်လျှင် (၁၅) ဦးနှင့် (၄) ပတ်တိတိ -စုစုပေါင်း KBZPay Agent/Super Agent Retailer (၆၀) ဦးအထိ ပြန်အမ်းငွေများ ပေးအပ်သွားပါမည်။ ပြန်အမ်းငွေရရှိသည့် ကံထူးသူများကိုလဲ အပတ်စဥ်ကြေညာပေးသွားမည်ဖြစ်ပါသည်။

ကံထူးရှင်များကို KBZPay မှ ကွန်ပျူတာစနစ်အသုံးပြု၍   ကျပန်းရွေးချယ်သွားမည်ဖြစ်သည်။

ကံထူးသူများကို  KBZPay Facebook Official Page (အပြာရောင်အမှတ်ခြစ်ပါသော) နှင့် Offical Website တို့တွင် အပတ်စဥ်ကြေညာပေးမည်ဖြစ်ပါသည်။ ထို့နောက် ဆုရရှိသော ကံထူးသူများအား ပြန်အမ်းငွေ (၂၀,၀၀၀) ကျပ် ဆုရရှိကြောင်း KBZPay အမည်ဖြင့် SMS ပေးပို့ အသိပေးအကြောင်းကြားသွားမည် ဖြစ်ပါသည်။ လူကြီးမင်းတို့အနေဖြင့်လည်း OTP နှင့် PIN အား မည်သူ့ကိုမှ မျှဝေခြင်းမပြုရန် အသိပေးလိုပါတယ်။

ဆုများကို ကံထူးသူမှသွားရောက်ထုတ်ယူရန်မလိုပါ။ ပြန်အမ်းငွေများကို ပြန်အမ်းငွေများကို ဆုရရှိကြောင်းကြေငြာပြီး (၃) ရက်အတွင်း ကံထူးသူ KBZPay Agent ရဲ့ အကောင့်ထဲကို တိုက်ရိုက်ထည့်သွင်းပေးမှာဖြစ်ပါတယ်။

Campaign ကာလအတွင်း ကံထူးရှင်တစ်ယောက်လျှင် တစ်ကြိမ်စီသာ ကံစမ်းနိုင်ပါသည်။

KBZPay နဲ့ အလှဆုံးစီခြယ်ဆုယူမယ် အစီအစဉ်မှ ဇန်နဝါရီလအတွက် ဆုရရှိသူများ

SrAgent / Merchant NameAgent/Merchant short codeTownshipRegion
1DAW SAN SAN TUN STORE100252910MYAWADDYKAYIN
2LA WUN YEIK Copy and Beauty Saloon300255982MYAWADDYKAYIN
3La Won Yate(Photo Shop)100362133MYAWADDYKAYIN
4T & T Motorcycle Modified Shop100167126MYAWADDYKAYIN
5U SAN WIN GROCERY300001778MYAWADDYKAYIN
6Theinyarzar300845977PATHEINGYIMANDALAY
7Moe Yan300503924DAGON MYOTHIT (SOUTH)YANGON
8UK Travel Ticket Agency 100394916TAUNGGYISHAN
9KO THAR GYI Automobile Repair Shop100402381SOUTH OKKALAPAYANGON
10Power Game Shop 100545931TAUNGGYISHAN
11KO MYO MIN SHOE SHOP300767240MYAWADDYKAYIN
12A MOE GROCERY300508063MYAWADDYKAYIN
13KYAY ZUE TAW100178140MYAWADDYKAYIN
14OASIS300616429MINGALARTAUNGNYUNTYANGON
15Nang Kiao Store300176482KENGTUNGSHAN
16Top Star Electronic and Construction Equipment 100768262NYAUNGSHWESHAN
17P AND P300987197MYAWADDYKAYIN
18Su Computer Shop 300872953NYAUNGSHWESHAN
19Century Store 100247453NYAUNGSHWESHAN
20SAN MI TRAVEL 300039351DAGON MYOTHIT (NORTH)YANGON
21AKM Mobile Sale and Service100013541PYINOOLWINMANDALAY
22MON100633951MINBUMAGWAY
23Nay La Store100408368LOILENSHAN
24KK300450948MAGWAYMAGWAY
25Khaing Thit Sar Store100547748NYAUNGSHWESHAN
26TET TOE Mobile100103705PYAYBAGO WEST
27Aung Snack Shop100943466THAKETAYANGON
28TA Phyo Mobile100177013PYINOOLWINMANDALAY
29Shwe Nyi Naung Mobile Sale Service and Accessories100969614PYINOOLWINMANDALAY
30MSC MOBILE100695208TAUNGGYISHAN
31HTET PHARMACY AND STORE300954072MYAWADDYKAYIN
32AMAYAR Grocery300319769MYITKYINAKACHIN
33PANDA MOBILE300716269TAUNGGYISHAN
34KZ MOBILE300945971TAUNGGYISHAN
35San Hein Htet300884622PATHEINGYIMANDALAY
36KH Mobile300268319PATHEINGYIMANDALAY
37AT Mobile300628862KYAUKSEMANDALAY
38A&C Minimarket300944862KALAWSHAN
39Thar Zaw Computer And Sticker And Vinyl 100276648NYAUNGSHWESHAN
40Shwe bill300725786AUNGMYAYTHAZANMANDALAY
41City Light300625775TAIKKYIYANGON
42Phyo Electronics 100130098BHAMOKACHIN
43Thit Sar Store100361969YANKINYANGON
44Moe Htet Myint Stationery100350330PYINOOLWINMANDALAY
45Jeep Mobile100196834PYINOOLWINMANDALAY
46NAY KYAL OO 1 PHONE SALE AND SERVICE 100687504KYAUKPADAUNGMANDALAY
47ARR PU KYI PHARMACY 300504529MYAWADDYKAYIN
48U Sai Maung Mobile300744599MONGHSUSHAN
49K POP MOBILE SERVICE AND ACCESSORIES 100890530TAUNGGYISHAN
50Khaing Thazin Beauty Saloon300620902DANUBYUAYEYARWADY
51Kyaw Grocery Shop 300537677DALAYANGON
52Thein Than Thar300862991SHWEPYITHARYANGON
53U Phoe Thae 100481703TAUNGDWINGYIMAGWAY
54Top-1100375133MEIKTILAMANDALAY
55PWINT THIT TUN100674035HLAINGTHARYAYANGON
56Quartz Tun Tun100506066HLAINGTHARYAYANGON
57THEIN (THINGAN)100167379HOPONGSHAN
58Galaxy Star 300861479YANKINYANGON
59MK100237165PATHEINGYIMANDALAY
60HAY MAN STORE100017754DANUBYUAYEYARWADY
61Shwe Yee Grocery100427173KALAWSHAN
62Ko Htoo300697585TAUNGOOBAGO EAST
63Ei Chaw Online Shop300395824DAWBONYANGON
64Pan Thitsar Shop100306283KENGTUNGSHAN
65Baho Fashion100506330KALAWSHAN
66Mya Myint Mo100738921DAGON MYOTHIT (NORTH)YANGON
67Aung Myint Soe300850986TADA-UMANDALAY
68NayLin Mobile100530090PYINOOLWINMANDALAY
69Pale Thwe100045126YANKINYANGON
70MON MOBILE 100261041MINBUMAGWAY
71Lin Let300126633TAUNGGYISHAN
72MYO THEIN STORE100247441MAGWAYMAGWAY
73PYITTINEHTAUNG100733783SOUTH OKKALAPAYANGON
74Aye Pyae Sone300978954PATHEINGYIMANDALAY
75PYAE PYAE PHYO100810443PATHEINGYIMANDALAY
76IT Corner100715266YANKINYANGON
77PARAMI300612110PATHEINGYIMANDALAY
78Aung Tha Pyae300633188KENGTUNGSHAN
79YT Mobile300591010MADAYAMANDALAY
80Man Taung Yate300141665PATHEINGYIMANDALAY
81JOY Mobile100927826SOUTH OKKALAPAYANGON
82Hein Store300191938DAGON MYOTHIT (EAST)YANGON
83SHWE ZIN WIN100808360MINGALARDONEYANGON
84Shwe300540153YANKINYANGON
85DANA Phyo100978981PATHEINGYIMANDALAY
86MK Mobile100389661SOUTH OKKALAPAYANGON
87Su100262783PATHEINGYIMANDALAY
88Arkar Mobile100657639PATHEINGYIMANDALAY
89Kyauk300955721KENGTUNGSHAN
90K & M300664003THINGANGYUNYANGON
91U Myint Thein 2100034458MYOTHITBAGO EAST
92Tet Kit100637578AUNGMYAYTHAZANMANDALAY
93Wai Yan Min100214089THAKETAYANGON
94Yin Nu Mobile 300346448NYAUNG-UMANDALAY
95PAN EI KHAING100512466TAIKKYIYANGON
96Htoo Htoo100942747THAKETAYANGON
97THET HTET STATIONARY SHOP100168874AUNGBANSHAN
98BADONEMAR100945068MONYWASAGAING
99Super Shine Shop100626796TOUNGUPRAKHINE
100Thida Store and mobile service300748068PANGSANGSHAN