ဖေဖော်ဝါရီလအတွင်း Mobile KBZPay Center လှည့်လည်သွားလာမည့် နေရာနှင့်အချိန်ဇယား

MonthDateMarket NameTownshipService Hour
Feb5Thiri Mingalar ZayHlaing9:30AM to 4:30PM
Feb6Thiri Mingalar ZayHlaing9:30AM to 4:30PM
Feb7Thiri Mingalar ZayHlaing9:30AM to 4:30PM
Feb8Thiri Mingalar ZayHlaing9:30AM to 4:30PM
Feb9Thiri Mingalar ZayHlaing9:30AM to 4:30PM
Feb10
Feb11
Feb12Insein ZayInsein9:30AM to 4:30PM
Feb13Thiri Mingalar ZayHlaing9:30AM to 4:30PM
Feb14Thiri Mingalar ZayHlaing9:30AM to 4:30PM
Feb15Insein ZayInsein9:30AM to 4:30PM
Feb16Insein ZayInsein9:30AM to 4:30PM
Feb17
Feb18
Feb19San Pya Nga Moe Yeik ZayThingangyun9:30AM to 4:30PM
Feb20San Pya Nga Moe Yeik ZayThingangyun9:30AM to 4:30PM
Feb21Thiri Mingalar ZayHlaing9:30AM to 4:30PM
Feb22Thiri Mingalar ZayHlaing9:30AM to 4:30PM
Feb23Thiri Mingalar ZayHlaing9:30AM to 4:30PM
Feb24
Feb25
Feb26Htauk Kyunt ZayMingalardon9:30AM to 4:30PM
Feb27Htauk Kyunt ZayMingalardon9:30AM to 4:30PM
Feb28Htauk Kyunt ZayMingalardon9:30AM to 4:30PM
Feb29Insein ZayInsein9:30AM to 4:30PM

“KBZPay ရဲ့ Cupid” Campaign ၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ 

၁။ “KBZPay ရဲ့ Cupid” Campaign သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ ဤ Campaign တွင် KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer များသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ KBZPay အဆင့် ၁ Customer များသည် KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ သို့ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး Customer အသစ်များသည်လည်း KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ပါဝင် နိုင်မည်ဖြစ်ပါသည်။ 

၃။ Campaign ကာလအတွင်း  KBZPay မှ သတ်မှတ်ထားသည့် လုပ်ဆောင်ချက်များအား KBZPay Customer များမှ ပြီးမြောက်အောင်ပြုလုပ်ဆောင်ရွက်ခြင်းဖြင့် ခဲခြစ်ကတ်ရရှိမည်ဖြစ်ပြီး  လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • KBZPay နဲ့ ရှင်းမယ် (KBZPay ဖြင့် ၅,၀၀၀ ကျပ်ဖိုး နှင့် အထက်ငွေပေးချေပြီး ခဲခြစ်ကတ်တစ်ခု ရယူပါ)
  • KBZPay သို့ ငွေသွင်းမယ် (KBZPay သို့ ၅,၀၀၀ ကျပ်ဖိုး နှင့် အထက်ငွေထည့်ပြီး ခဲခြစ်ကတ်တစ်ခု ရယူပါ)
  • KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ အသုံးပြုသူအသစ်ဖိတ်ခေါ်မယ် (KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ အသုံးပြုသူအသစ်ဖိတ်ခေါ်ပြီး ခဲခြစ်ကတ်တစ်ခု ရယူပါ)

၄။ KBZPay Customer တစ်ဦးသည် လုပ်ဆောင်ချက်များအား တစ်နေ့လျှင် အောက်ပါ သတ်မှတ်ချက်အတိုင်း ပြုလုပ်ပါက ခဲခြစ်ကတ်ရရှိနိုင်ပြီး သတ်မှတ် အရေအတွက် ကျော်လွန်သော လုပ်ဆောင်ချက်များအတွက် ခဲခြစ်ကတ် ရရှိနိုင်မည် မဟုတ်ပါ။

  • KBZPay နဲ့ ရှင်းမယ် (တစ်နေ့လျှင် ၄ကြိမ်အထိ)
  • KBZPay သို့ ငွေသွင်းမယ် (တစ်နေ့လျှင် ၄ကြိမ်အထိ)
  • KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ အသုံးပြုသူအသစ်ဖိတ်ခေါ်မယ် (အကြိမ်အရေအတွက် အကန့်အသတ်မရှိ)

 ၅။ လုပ်ဆောင်ချက်တစ်ခုပြီးမြောက်သည့်အခါတိုင်း ခဲခြစ်ကတ်တစ်ခု ရရှိမှာဖြစ်ပြီး ခဲခြစ်ကံစမ်းခွင့် တစ်ကြိမ်တွင် ပါဝင်သော ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • ၁၀သိန်းကျပ် ပြန်အမ်းငွေ (အထူးဆု)
  • ၁၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  • ၂၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  • ၅၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  • ၁,၀၀၀ ကျပ်တန် KBZPay Market ကူပွန်
  • ၂,၀၀၀ ကျပ်တန် KBZPay Market ကူပွန်
  • ၃,၀၀၀ ကျပ်တန် KBZPay Market ကူပွန်
  • ၅၀၀ ကျပ် ပြန်အမ်းငွေ
  • Thank You တို့ဖြစ်ပါတယ်။ 

၆။ KBZPay Customer များသည် ရရှိလာသော ကူပွန်တစ်ခုအား ဝယ်ယူမှုတစ်ခုအတွက်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းကူပွန်များအား ပြန်လည် အသုံးပြုရာတွင် အောက်ဖော်ပြပါ အနည်းဆုံး ပမာဏအတိုင်း ဝယ်ယူရန်လိုအပ်ပါသည်။

  • ၁၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်တစ်စောင် အတွက် အနည်းဆုံး ၂,၀၀၀ ကျပ်
  • ၂၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်တစ်စောင် အတွက် အနည်းဆုံး ၃,၀၀၀ ကျပ်
  • ၅၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်တစ်စောင် အတွက် အနည်းဆုံး ၃,၀၀၀ ကျပ်
  • ၁,၀၀၀ ကျပ်တန် KBZPay Market ကူပွန်တစ်စောင် အတွက် အနည်းဆုံး ၁၀,၀၀၀ ကျပ်
  • ၂,၀၀၀ ကျပ်တန် KBZPay Market ကူပွန်တစ်စောင် အတွက် အနည်းဆုံး ၂၀,၀၀၀ ကျပ်
  • ၃,၀၀၀ ကျပ်တန် KBZPay Market ကူပွန်တစ်စောင် အတွက် အနည်းဆုံး ၃၀,၀၀၀ ကျပ်

၇။ ရရှိလာသော  ပြန်အမ်းငွေများအား KBZPay Wallet သို့ တိုက်ရိုက် ချက်ချင်း ထည့်သွင်းပေး သွားမည် ဖြစ်ပြီး ကူပွန်များကို “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၇) ရက် ဖြစ်ပြီး ၎င်းရက်ကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင် တော့မည်မဟုတ်ပါ။ ပြန်အမ်းငွေများအား ချက်ချင်းထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း KBZဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် လျှော့‌စျေးကူပွန်များနှင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှု ရှိနိုင်ပါသည်။

၈။ KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ အသုံးပြုသူအသစ်ဖိတ်ခေါ်သည့် လုပ်ဆောင်ချက်တွင် အဖိတ်ခေါ်ခံရသူမှ KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ သို့ အောင်မြင်စွာ ဖွင့်လှစ်နိုင်ပါက ဖိတ်ခေါ်သူသည် ၁,၅၀၀ကျပ် ပြန်အမ်းငွေနှင့် ခဲခြစ်ကတ်တစ်ခုလည်း ရရှိနိုင်မည်ဖြစ်သည်။ 

၉။ ဤ Campaign အရ ကူပွန်ရရှိထားသူများနှင့် နေ့စဉ်အထူးဆု လက်ဆောင်ရရှိသူများသည် ၎င်းတို့ ရရှိသောကူပွန်များနှင့် ဆုလက်ဆောင်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၁၀။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။  

၁၁။ ဤ Campaign ကာလအတွင်း KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ KBZPay Customer များသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များ အား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၇)  တွင် ဖော်ပြချက်နှင့်အညီ လက်ခံ ရရှိပြီး (၇) ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၂။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံ မည် မဟုတ်ပါ။

၁၃။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer များ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၅။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၆။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၁၇။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တည်ဆဲ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၉။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ် မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“KBZPayရဲ့ ဘေလ်ပေးဆောင်ခြင်း အစီအစဉ်“ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ အထိကို “KBZPayရဲ့ ဘေလ်ပေးဆောင်ခြင်း” အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤ အစီအစဥ်၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများ အားလုံး KBZPay၏ “ဘေလ်ပေးဆောင်ခြင်း”အောက်တွင်ရှိသော  ATOM Broadband၊ Hana Microfinance Limited၊ Myanma Insurance၊ 5BB Broadband၊ SKYNET၊ Canal+၊ ANANDA၊​ လျှပ်စစ်မီတာဘေလ် (ပဲခူး၊ ရှမ်း၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)၊ အကောက်ခွန်ဦးစီးဌာန တို့တွင်  KBZPayဖြင့် အောင်မြင်စွာဘေလ်ပေးဆောင်ခြင်းဖြင့် ပြန်အမ်းငွေများ ၉၉,၉၉၉ကျပ်အထိ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ငွေပေးချေမှုတစ်ကြောင်းသည် စုစုပေါင်းငွေကျပ် ၃,၀၀၀ကျပ်နှင့် အထက်ဖြစ်ရန်လိုအပ်ပြီး ဤအစီအစဥ် ကာလအတွင်း KBZPayအသုံးပြုသူများသည် နေ့စဉ်ပါဝင်နိုင်မည် ဖြစ်ပါသည်။ သို့သော် နေ့စဉ်အတွက် သတ်မှတ်ထားသော ပြန်အမ်းငွေအရေအတွက်ရှိသဖြင့် ထိုကန့်သတ်အရေအတွက် ကျော်လွန်လျှင် ပြန်အမ်းငွေရရှိနိုင်မည်မဟုတ်ပါ။

၅။ ဤ အစီအစဥ်မှ  ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူများ၏  KBZPay wallet များထံသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ပြန်အမ်းငွေများအား ထည့်သွင်းပေးမည့် အချိန်သည် KBZဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများ အား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။ 

၆။ ဤအစီအစဥ်ကာလအတွင်း ရရှိနိုင်သော ပြန်အမ်းငွေများမှာ  ၅၀၀ကျပ်မှ ၉၉,၉၉၉ကျပ်အထိ ကျပန်းရရှိမည်ဖြစ်သည်။

၇။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၈။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၃။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

Pro 1 မှာ KBZPayနဲ့ရှင်းပြီး ကူပွန်နဲ့ပြန်အမ်း‌ငွေတွေ ရယူမယ် Campaign စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ Pro 1 မှာ KBZPayနဲ့ရှင်းပြီး ကူပွန်နဲ့ပြန်အမ်း‌ငွေတွေ ရယူမယ် Campaign ကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤ Campaign ၏ရည်ရွယ်ချက်မှာ Pro 1 ဆိုင်များတွင် ဝယ်ယူပြီး KBZPay QR Code ကို scan ဖတ်၍ငွေပေး‌ချေသော KBZPayအသုံးပြုသူများအား ၃,၀၀၀ ကျပ်လျှော့စျေးကူပွန်အပြင် ထပ်ဆောင်း ပြန်အမ်းငွေများ ရရှိနိုင်ရန်ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ပါသည်။  

၄။ ဤ Campaign အရ ၃,၀၀၀ ကျပ်တန်လျှော့‌စျေးကူပွန်များရရှိသူများသည် KBZPay “ကျွန်ုပ်၏ ပရိုဖိုင်” ရှိ “ ကူပွန်များ” ထဲသို့ ကူပွန်အားလက်ခံရရှိမည်ဖြစ်ပြီး ပြန်အမ်းငွေရရှိသူများသည် KBZPay Wallet အကောင့်ထဲသို့ ချက်ချင်းတိုက်ရိုက် လက်ခံရရှိမည်ဖြစ်သည်။ လျှော့‌စျေးကူပွန်များ နှင့်ပြန်အမ်းငွေများအား ချက်ချင်းထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း KBZဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် လျှော့‌စျေးကူပွန်များ နှင့်ပြန်အမ်းငွေများအား ထည့်သွင်းချိန်ပြောင်းလဲမှုရှိနိုင်ပါသည်။ လျှော့ဈေးကူပွန်၏သက်တမ်းမှာ အသုံးပြုသူ လက်ခံရရှိသည့် နေ့ရက်မှစ၍ ဇန်နဝါရီလ ၂၁ ရက် နေ့၊ ည ၁၂ နာရီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းမကုန်မီ Pro 1 ဆိုင်များတွင် KBZPay QR Code ကို scan ဖတ်၍ငွေပေး‌ချေသော ဝယ်ယူမှုများအတွက် ပြန်လည်အသုံးပြုနိုင်ပါသည်။

၅။ ရရှိလာသောလျှော့စျေးကူပွန်ကို မိမိ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မျှဝေပြီးမှသာ အသုံးပြုခွင့်ရရှိမည် ဖြစ်ပါသည်။ 

၆။ ရရှိနိုင်သောပြန်အမ်းငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

အမျိုးအစားဝယ်ယူမှုနှုန်းအများဆုံးရရှိနိုင်မည့်ပြန်အမ်းငွေပမာဏ
Level 1.5 and Level 2 ၂၀၀,၀၀၀ – ၅၀၀,၀၀၀ ကျပ်၃,၀၀၀ ကျပ်
၅၀၀,၀၀၀ – ၁,၅၀၀,၀၀၀ ကျပ်၂၀,၀၀၀ ကျပ်
၁,၅၀၀,၀၀၀ – ၅,၀၀၀,၀၀၀ ကျပ်၁၀၀,၀၀၀ ကျပ်

အထက်တွင် လျှော့‌စျေးကူပွန်ပမာဏ နှင့် ပြန်အမ်းငွေပမာဏအား မည်သို့ပင်ဖော်ပြစေကာမူ ဤ Campaign ကာလအတွက် KBZPayမှ သတ်မှတ်ထားသော လျှော့‌စျေးကူပွန်ပမာဏ သို့ရောက်ရှိသွားပါက “ကျေးဇူးတင်ပါသည်” သာပြန်လည်ရရှိမည်ဖြစ်ပြီး သတ်မှတ်ထားသော ပြန်အမ်းငွေပမာဏသို့ ရောက်ရှိသွားပါက ၂၀၀,၀၀၀ကျပ် ကျော်လွန်သည့် မည်သည့် ငွေပေးချေမှုအားလုံးအတွက်မဆို “ကျေးဇူးတင်ပါသည်” သာပြန်လည်ရရှိမည်ဖြစ်ပါသည်။

၇။ ဤ Campaign တွင်ပါဝင်ရန် အသုံးပြုသူများအနေဖြင့် transaction တစ်‌ကြောင်းလျှင် အနည်းဆုံး စုစုပေါင်းငွေကျပ် ၂၀၀,၀၀၀ ကျပ်နှင့်အထက်ဝယ်ယူ၍ Pro 1 ဆိုင်များ၏ KBZPay QR Code အား scan ဖတ်၍ ငွေပေးချေမှသာ ပြန်အမ်းငွေရရှိမည်ဖြစ်ပြီး ၂၀၀,၀၀၀ ကျပ်အောက် ဝယ်ယူပေးချေမှုများအတွက် လျှော့စျေးကူပွန် ကိုသာအသုံးပြုနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် QR Codeအား scan ဖတ်၍ငွေပေးချေခြင်း မဟုတ်သည့် ဝယ်ယူမှုများအတွက် လျှော့စျေးနှင့် ပြန်အမ်းငွေများကို ရရှိနိုင်မည်မဟုတ်ပါ။

၈။ ဤ Campaign တွင်ပါဝင်သူများအနေဖြင့် အစီအစဉ်ကာလအတွင်း KBZPay အကောင့်တစ်ခုအတွက် လျှော့စျေးကူပွန် (၁) ကြိမ်ရယူခွင့်ရှိမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့်ပြည့်မှီသည့် ဝယ်ယူပေးချေမှုများအတွက် Pro 1 ဆိုင်များတွင် ပြန်အမ်းငွေ (၁) ကြိမ်အထိရယူခွင့်ရှိပါသည်။ 

၉။   ဤ Campaign ကာလအတွင်း KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း    သတ်မှတ်ချက်ပါ အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပြီး Campaignကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၁၀။ အစီအစဉ်ကိုကြိုတင်လေ့လာနိုင်ရန်အတွက် KBZPay ရှိ Campaign စာမျက်နှာကို  ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့မှစ၍ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး လျှော့စျေးကူပွန်နှင့်ပြန်အမ်းငွေများကို  ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့မှသာ စတင်ဝင်ရောက်ရယူနိုင်မည်ဖြစ်ပါသည်။

၁၁။ အသုံးပြုသူများမှ Pro 1 ဆိုင်များတွင် ဝယ်ယူပြီးသောပစ္စည်းများအား လဲလှယ်ခြင်းနှင့် ပြန်အမ်းငွေပြန်လည် တောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာသောကိစ္စရပ်များပေါ်ပေါက်ပါက Pro 1 နှင့် အသုံးပြုသူများနှင့်သာ သက်ဆိုင်မည်ဖြစ်သည်။ 

၁၂။ Campaign တွင်ပါဝင်ရန် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။

၁၃။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၄။   ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၅။   ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၆။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၇။  KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၈။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် Pro 1 ဆိုင်များ၏   စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။ 

၁၉။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၂၀။   KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ သို့မဟုတ် Pro 1 ဆိုင်များမှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ သို့မဟုတ် Pro 1 ဆိုင်များ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ် ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၁။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်း သတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay QR Week အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPayမှ  ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့၊ ဇန်နဝါရီလ (၂၇)ရက်နေ့နှင့် ဖေဖော်ဝါရီလ (၃)ရက်နေ့၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့(စနေနေ့လေးရက်)အား KBZPay QR Week အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် KBZPay Application Version အား 5.1 နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤအစီအစဥ်  ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများ အားလုံး အရောင်းမိတ်ဖက်ဆိုင်များတွင်  စနေနေ့တိုင်း ဈေးဝယ်ယူပြီး အရောင်းဆိုင် QR (သို့ ) မိမိ၏ QR ကို scan ဖတ်ပြီး (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ်ရိုက်ထည့်ပြီး (သို့) Own Scan (Micro Pay)အသုံးပြုကာ  KBZPay နှင့်ပေးချေခြင်းဖြင့် လက်ဆောင်ဘူးများ ရရှိကာ ဆုလက်ဆောင် များဖြစ်သည့် ပြန်အမ်းငွေများ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ပထမဆုံး ငွေပေးချေမှုတစ်ကြောင်းသည် စုစုပေါင်းငွေကျပ် ၃၀,၀၀၀ကျပ်နှင့် အထက်ဖြစ်ရန်လိုအပ်ပြီး အရောင်းမိတ်ဖက်ဆိုင်၏ KBZPay QR Code (သို့ ) မိမိ၏ QR ကို scanဖတ်၍ ငွေပေးချေခြင်း (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ်ရိုက်ထည့်ခြင်း (သို့) Own Scan (Micro Pay)အသုံးပြုကာ  KBZPay နှင့်ငွေပေးချေပါက  သတ်မှတ်ထားသော လက်ဆောင်ဘူးအရေအတွက် ကျန်ရှိသည် အထိ KBZPay အကောင့်တစ်ခုလျှင် တစ်နေ့တွင် တစ်ကြိမ် ကျပန်းရရှိနိုင်မည်ဖြစ်သည်။ 

၅။ ဤ အစီအစဥ် တွင်ပါဝင်သူများသည်  KBZPay Account တစ်ခုဖြင့်  အစီအစဥ် ကာလ အတွင်း တစ်ရက်လျှင် တစ်ကြိမ်သာ ပါဝင်နိုင်ပါသည်။  KBZPay အသုံးပြုသူ မှ ရရှိထားသော ပြန်အမ်းငွေများကို ၎င်းတို့၏ KBZPay wallet များထဲသို့  တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပြီး မှတ်တမ်းတွင် ပြန်လည် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ပြန်အမ်းငွေများမှာ –

  • ၁၀၀ကျပ် ပြန်အမ်းငွေ
  • ၂၀၀ကျပ် ပြန်အမ်းငွေ
  • ၅၀၀ကျပ် ပြန်အမ်းငွေ
  • ၁,၀၀၀ကျပ် ပြန်အမ်းငွေ
  • ၁၀၀,၀၀၀ကျပ် ပြန်အမ်းငွေ
  • ကျေးဇူးတင်ပါတယ်

၆။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၇။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၈။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။ ဤ အစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၁။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၂။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၃။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် အရောင်းမိတ်ဖက် ဆိုင်များ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ် ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“ရွှေနားဆင် မှာ KBZPayနဲ့ရှင်းပြီးပြန်အမ်း‌ငွေလက်ဆောင်ရယူပါ” Campaign စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ ရွှေနားဆင် မှာ KBZPayနဲ့ရှင်းပြီးပြန်အမ်း‌ငွေလက်ဆောင်ရယူပါ Campaign ကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၂ ရက် နေ့မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤ Campaign ၏ရည်ရွယ်ချက်မှာ ရွှေနားဆင် Application တွင် သတ်မှတ်ထားသောဝန်ဆောင်မှုများကို KBZPay နှင့်ဝယ်ယူပြီး KBZPay Campaign စာမျက်နှာသို့သွားရောက်ပြီး Spin Wheel လှည့်ကာပြန်အမ်းငွေများ ရရှိနိုင်ရန်ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ပါသည်။ 

၄။ ဤ Campaign မှ  ရရှိသော ပြန်အမ်းငွေများကို KBZPay အသုံးပြုသူ၏  KBZPay Wallet အကောင့်ထဲသို့ ချက်ချင်းတိုက်ရိုက် ထည့်သွင်းပေးမည်ဖြစ်ပါသည်။ ပြန်အမ်းငွေအား ချက်ချင်းထည့်သွင်းပေး မည်ဟု ဖော်ပြထား သော်လည်း ဘဏ်၏ ထိန်းချုပ်နိုင် စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေ ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၅။ ရရှိနိုင်သောပြန်အမ်းငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

အမျိုးအစားဝယ်ယူမှုနှုန်းပြန်အမ်းငွေပမာဏ
Level 1.5 and Level 2 ၁၀၅၀ – ၂၀၉၉ ကျပ်၃၀၀
၅၀၀
၂၁၀၀ – ၅၂၄၉ ကျပ်၁,၀၀၀
၁,၅၀၀
၅၂၅၀ ကျပ်၂,၀၀၀
၃,၀၀၀
၅,၀၀၀

၆။ ဤ Campaign တွင်ပါဝင်ရန် အသုံးပြုသူများအနေဖြင့် transaction တစ်‌ကြောင်းလျှင် အနည်းဆုံး စုစုပေါင်းငွေကျပ် ၁,၀၅၀ ကျပ်နှင့်အထက်ဝယ်ယူ၍ ရွှေနားဆင် Application တွင် KBZPay နှင့်ငွေပေးချေရန် လိုအပ်ပါသည်။ ၁,၀၅၀ ကျပ်အောက် ဝယ်ယူပေးချေမှုများနှင့် KBZPay နှင့်ဝယ်ယူခြင်းမဟုတ်သည့်ဝယ်ယူမှုများအတွက်  ပြန်အမ်းငွေများကို ရရှိနိုင်မည်မဟုတ်ပါ။

၇။ ဤ Campaign တွင်ပါဝင်သူများအနေဖြင့် KBZPay အကောင့်တစ်ခုလျှင် Campaign ရက် တစ်ရက်အတွက် သတ်မှတ်ချက်နှင့်ပြည့်မှီသည့် ဝယ်ယူပေးချေမှုများအတွက် KBZPay Campaign စာမျက်နှာတွင် Spin Wheel လှည့်ကာ ပြန်အမ်းငွေ (၁) ကြိမ်ရယူခွင့်ရှိပါသည်။ 

၈။   ဤ Campaign ကာလအတွင်း KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများ အနေဖြင့် ဤစည်းမျဥ်းစည်းကမ်း    သတ်မှတ်ချက်ပါအခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၉။ Campaign တွင်ပါဝင်ရန် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။

၁၀။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၁။   ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂။   ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၃။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိ ဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၄။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၅။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် ရွှေနားဆင် Application၏   စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။ 

၁၆။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၁၇။   KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ သို့မဟုတ် ရွှေနားဆင် Application မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ သို့မဟုတ် ရွှေနားဆင် Application အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။၁၈။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ် ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay ကနေ မီတာဘေလ်ပေးဆောင်နိုင်တဲ့ မြို့နယ်များ

ရန်ကုန်မန္တလေးဧရာ‌ဝတီနေပြည်တော်ပဲခူးရှမ်း
အလုံအောင်မြေသာစံဖျာပုံဒက္ခိဏသီရိပြည်အောင်ပန်း
အေးရွာချမ်းအေးသာစည်ဟင်္သာတဥတ္တရသီရိကြို့ပင်ကောက်ညောင်ရွှေ
ဗဟန်းချမ်းအေးသာဇံမြောင်းမြပုဏ္ဏသီရိကလော
ဗိုလ်တထောင်မဟာအောင်မြေပုသိမ်ပျဥ်းမနား
ဒလအမရပူရမအူပင်ဇမ္ဗူသီရိ
ဒေါပုံပြည်ကြီးတံခွန်လပ္ပတာ
ဒဂုံပြင်ဦးလွင်
ဒါးပိန်မိတ္ထီလာ
ဒဂုံဆိပ်ကမ်းဝမ်းတွင်း
အရှေဒဂုံမြင်းခြံ
လှိုင်မိုးကုတ်
လှည်းကူးပုသိမ်ကြီး
မှော်ဘီမြစ်သာ
ထောက်ကြန့်ကျောက်ဆည်
ထန်းတပင်ညောင်ဦး
လှိုင်သာယာ(အရှေ)
လှိုင်သာယာ(အနောက်)
အင်းတိုင်
အင်းစိန်
ကွမ်းခြံကုန်း
ကော့မှူး
ကြည့်မြင့်တိုင်
ကမာရွတ်
ကျောက်တန်း
ကျောက်တံတား
ခရမ်း
လမ်းမတော်
လသာ
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွန့်
မြောင်းတကာ
မြေနီကုန်း
မြောက်ဒဂုံ
မြောက်ဥက္ကလာပ
ဥက္ကံ
ပန်းပဲတန်း
ဖောင်ကြီး
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေလင်ပန်း
တောင်ဒဂုံ
တောင်ဥက္ကလာပ
ရွှေပေါက္ကံ
ရွှေပြည်သာ
သုံးခွ
သင်္ကန်းကျွန်း
တိုက်ကြီး
သာကေတ
သန်လျင်
တွံတေး
တာမွေ
ရန်ကင်း

‘New Year Prediction with Min Thein Kha’ Campaign Terms and Conditions mm

၁။ KBZPayတွင် ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့မှ  ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၄ရက်နေ့ အထိကို “နှစ်သစ်ကံကြမ္မာ မင်းသိင်္ခနဲ့အဖြေရှာပါ” Campaignနေ့အဖြစ် သတ်မှတ်ထားပါသည်။

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ပါဝင်နိုင်မှာ ဖြစ်ပါသည်။

၃။ Campaign ၏ရည်ရွယ်ချက် မှာ KBZPay  Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံး ဤ Campaign မှတစ်ဆင့် အခမဲ့ နှစ်သစ်ကံကြမ္မာ အဖြေရှာနိုင်ပြီး  မင်းသိင်္ခဗေဒင်၏ ဝန်ဆောင်မှုများဝယ်ယူရာတွင် ပြန်လည်အသုံးပြုနိုင်မည့် လျှော့ဈေးကူပွန်များကို ကံစမ်းနိုင်ရန် ရည်ရွယ်ပါသည်။ 

၄။ Campaign ကာလအတွင်း KBZPay Blue Application မှတစ်ဆင့် KBZPay အသုံးပြုသူတစ်ဦးလျှင် အခမဲ့ နှစ်သစ်ကံကြမ္မာ တစ်ကြိမ်အဖြေရှာနိုင်ပြီး မင်းသိင်္ခ လျှော့ဈေးကူပွန်တစ်ကြိမ် (သတ်မှတ်အရေအတွက်ကျန်ရှိသည်အထိ) ကံစမ်းနိုင်မည် ဖြစ်ပါသည်။

၅။ မင်းသိင်္ခလျှော့ဈေးကူပွန်ကို ကံစမ်းရာတွင် ရရှိမည့်လျှော့ဈေးကူပွန် ငွေပမာဏကို ကျပန်း ကံစမ်းရရှိနိုင်မည်ဖြစ်ပြီး ကံစမ်းနိုင်မည့် လျှော့ဈေးကူပွန်များမှာ

  • ၅၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၈၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၁,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၁,၅၀၀ ကျပ်တန် လျှော့ဈေးကူပွန် တို့ဖြစ်ပါသည်။

၆။ KBZPay အသုံးပြုသူများသည် လျှော့ဈေးကူပွန်ကို ချက်ချင်းလက်ခံရရှိမည် ဖြစ်ပြီး KBZPay “My Coupon” တွင်လည်း ပြန်လည်ရှာဖွေနိုင်မည်ဖြစ်သည်။ 

၇။  KBZPay အသုံးပြုသူများအနေဖြင့် ရရှိလာသော လျှော့ဈေးကူပွန်များကို ပြန်လည် အသုံးပြုရာတွင် ငွေပေးချေဝယ်ယူသည့် ဝန်ဆောင်ခပမာဏသည် လျှော့ဈေးကူပွန် ပမာဏထက် ပိုများရန်လိုအပ်ပါသည်။ 

၈။ လျှော့ဈေးကူပွန်များ၏သက်တမ်းမှာ အသုံးပြုသူ လက်ခံရရှိသည့် နေ့ရက်မှစ၍ (၃) ရက် အတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းမကုန်မီ မင်းသိင်္ခဗေဒင် ၏ မည်သည့်ဝန်ဆောင်မှုအမျိုးအစားကိုမဆို KBZPay မှတဆင့် ဝယ်ယူခြင်းတွင် ပြန်လည် အသုံးပြုနိုင်ပါသည်။ 

၉။ အဆိုပါ မင်းသိင်္ခလျှော့စျေးကူပွန်ကိုပြန်လည်အသုံးပြုရာတွင် ကူပွန်တစ်စောင်လျှင် ငွေပေးချေမှုတစ်ကြိမ် အတွက်သာအသုံးပြုနိုင်မည်ဖြစ်ပါသည်။  

၁၀။ ဤ Campaign တွင်ပါဝင်ဆင်နွှဲရန် KBZPay အသုံးပြုသူများသည် KBZPay အက်ပလီကေးရှင်းအား ၃.၀.၃ ဗားရှင်းသို့ အဆင့်မြှင့်တင်ထားရန် လိုအပ်ပါသည်။ 

၁၁။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၈) တွင် ဖော်ပြချက်နှင့်အညီ  ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၂။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၁၃။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

 ၁၅။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့်  Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၆။ KBZPay အနေဖြင့် တစ်စုံတစ်ရာ သောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay အသုံးပြုသူအနေဖြင့် လျော်ကြေး တစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၇။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် မင်းသိင်္ခ ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၁၉။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၀။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိပါက မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay “ကြိုဖြည့်” Campaign ၏  စည်းမျဥ်းသတ်မှတ်ချက်များ

KBZPay “ကြိုဖြည့်” Campaign သည် ဇန်နဝါရီလ ၂ ရက်မှ ၃၁ ရက် ၂၀၂၄ ခုနှစ် အထိဖြစ်ပါသည်။

၂။ ဤ Campaign တွင် ၆ လ သက်တမ်း ရှိတဲ့ KBZPay Level 2 အကောင့်ရှိသော သတ်မှတ်ထားသည့် KBZ Payroll Customer များနှင့် KBZ Bank ဝန်ထမ်းများသာ ပါဝင်နိုင်မည်ဖြစ်ပါသည်။

၃။   ဤ Campaign တွင်ပါဝင်ရန် KBZPay ဖြင့် ရက် ၉၀ အတွင်း ဖုန်းဘေလ် အနည်းဆုံး ၃,၀၀၀ ကျပ် ဖြည့်သွင်းထားသူဖြစ်ရပါမည်။

၄။   Campaign ကာလအတွင်း KBZPay “ကြိုဖြည့်” အရေးပေါ် ဖုန်းဘေလ် ချေးငွေတွေ ကို ရယူပြီး ဝန်ဆောင်ခ ၆၀ ကျပ်ကို ပေးဆောင်စရာမလိုပဲ (၇) ရက်ပြည့်ပြီးနောက်ပိုင်းတွင် ပြန်လည်ပေးဆောင်နိုင်မည် ဖြစ်ပါသည်။ 

၅။   Campaign ကာလအတွင်း ရယူနိုင်သည့် KBZPay “ကြိုဖြည့်” အရေးပေါ်ဖုန်းဘေလ်ချေးငွေတွေများသည် ၁,၀၀၀ ကျပ် (ဝန်ဆောင်ခ ၆၀ ကျပ်)၊ ၂,၀၀၀ ကျပ် (ဝန်ဆောင်ခ ၉၀ ကျပ်)  နှင့် ၃,၀၀၀ ကျပ် (ဝန်ဆောင်ခ ၁၂၀ ကျပ်) တို့ဖြစ်ပါသည်။

၆။   KBZPay “ကြိုဖြည့်” အရေးပေါ် ဖုန်းဘေလ် ချေးငွေများကို ရယူပြီးပါက ရက် (၃၀) အတွင်း ပြန်လည်ပေးဆောင် မှသာလျှင် ဝန်ဆောင်ခ ၆၀ ကျပ် သက်သာခွင့်ရရှိမည်ဖြစ်သည့်အတွက် သတ်မှတ်ရက်အတွင်း KBZPay wallet ထဲသို့ ငွေပြန်လည်ထည့်သွင်းထားရန်လိုအပ်ပါသည်။  

၇။ သတ်မှတ်ထားသည့် KBZ Payroll Customer များနှင့် KBZ Bank ဝန်ထမ်းများအနေဖြင့် စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုအပေါ်မူတည်၍ အရေးပေါ်ဖုန်းဘေလ်ချေးငွေပမာဏ ၁,၀၀၀ ကျပ်၊ ၂,၀၀၀ ကျပ် နှင့် ၃,၀၀၀ ကျပ်  အား အသီးသီးရယူနိုင်မည်ဖြစ်ပါသည်။

၈။ ဤ Campaign အတွင်း သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်ကိုက်ညီပြီး KBZPay “ကြိုဖြည့်” ဝန်‌ဆောင်မှုအား ရယူထားသည့် KBZPay Cusomer များ၏ ပြန်လည်ပေးဆပ်မှုအတွက်သာလျှင် ဝန်ဆောင်ခ ၆၀ ကျပ် သက်သာခွင့်ရရှိမည်ဖြစ်ပြီး ဤသက်သာခွင့်အား Campaign ကာလတစ်လျှောက် တစ်ကြိမ်သာ လျှင်ရရှိနိုင်မည်ဖြစ်ပါသည်။

၉။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Customer များအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၁၀။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။  

၁၁။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၂။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၄။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်းနှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၅။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၆။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထား သည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“KBZPay နဲ့အလှဆုံးစီခြယ် ဆုယူမယ်” Campaign စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ KBZPay နဲ့အလှဆုံးစီခြယ် ဆုယူမယ် Campaign ကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

၂။ KBZPay ကုန်သည်များနှင့် ကိုယ်စားလှယ်များအဖြစ် တရားဝင်မှတ်ပုံတင်ထားရှိသော ဆိုင်များသာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး၊ Campaignတွင်ပါဝင်လို သော ဆိုင်များအ နေဖြင့် ၎င်းတို့၏ KBZpay Agent/Merchant Account register ပြုလုပ်ထားသော ဖုန်းနံပါတ်ဖြင့် လစဥ် ပထမ ရက် ၂၀ အတွင်း ဆက်သွယ်စာရင်း ပေးပို့ ရမည် ဖြစ်ပါသည်။

၃။ ဤ Campaign ၏ရည်ရွယ်ချက်မှာ KBZPay POSM ​ကြော်ငြာပစ္စည်းများ တပ်ဆင်ထားသော ကုန်သည်များနှင့် ကိုယ်စားလှယ်များထဲမှ အောက်ပါဇယားတွင် ဖော်ပြထားသော Marking Guideline နှင့်အညီ အကောင်းဆုံးအလှဆင်တပ်ဆင်ထားသော ဆိုင်များကို ပြန်လည်ရွေးချယ်ကာ ဆုများပြန်လည်ချီးမြှင့်မည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။ 

Marking GuidelineDefinition
Flaglineအနည်းဆုံး flagline 2ခု ဆိုင်၏ဝင်​ပေါက်မျက်နှာစာတွင်တပ်ဆင်ချိတ်ဆွဲ ထားခြင်း
Flagline များကို customer များမြင်သာ​သော ​နေရာတွင်ထားရှိခြင်း
2’2′ StickerSticker များကို ဆိုင်၏ ဝင်​ပေါက်ဘယ်ညာနှင့် customer များမြင်သာ​သော ​နေရာတွင်ပူးတွဲထားရှိခြင်း
ဆိုင်​ရှေ့ကို မျက်နှာမူ၍ တည့်တည့် ၊ ဝင်​ပေါက်နေရာတွင်တပ်ဆင်ထားရှိခြင်း
Decal StickerDecal Sticker များကို customer များမြင်သာ​သော ​နေရာတွင်ထားရှိခြင်း
မြင်သာ၍ အခြားbrand POSM များထက်ပိုမို​ ကောင်းမွန်​သောမမြင့်လွန်း မနိမ့်လွန်း​နေရာတွင် တပ်ဆင်ထားရှိခြင်း
PP Boardအနည်းဆုံး PP Board 1ခုကို မြင်သာစွာ ​တပ်ဆင်ထားခြင်း
ဆိုင်၏ဝင်​ပေါက်မျက်နှာစာတွင် တပ်ဆင်ချိတ်ဆွဲထားခြင်း
Over All High Brand Visibilityဆိုင်၏အပြင်ဘက် (မျက်နှာစာ)Flagline၊ Sticker၊ PPboard အနည်းဆုံးထားရှိရမည့် သတ်မှတ်ထား​သော Quantity အတိုင်း စုံလင်စွာတပ်ဆင်ထားရှိခြင်း၊
ဆိုင်၏အတွင်းဘက်Cash counter/​ငွေ​ပေး​ချေ​သော counterတွင် Decal sticker နှင့် QR stand စုံလင်စွာထားရှိခြင်း၊
Creativity​ကောင်းမွန်လှပ​သော ပြင်ဆင်မှုဖြင့် POSMများကို တပ်ဆင်ထားရှိခြင်း

၄။ KBZPay ကြော်ငြာပစ္စည်းအား တောင်းခံလိုပါက  Call Center-3212 (သို့ ) KBZPay Center   မှတဆင့်​ (သို့) သက်ဆိုင်ရာမြို့နယ် TSE များ မှတဆင့် ဆက်သွယ်တောင်းယူနိုင်ပြီး ဆိုင်၏ အကျယ်အဝန်းနှင့် အနေအထား ပေါ်မူတည်၍ လုံလောက်သောကြော်ငြာပစ္စည်းများအား ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါသည်။

၅။ Campaign တွင် ပါဝင်ရန်အတွက် ကြော်ငြာပစ္စည်းများအား KBZPayထံမှ‌ တောင်းခံထားသော်လည်း Campaign ရည်ရွယ်ချက်နှင့်အညီ ကြော်ငြာပစ္စည်းများအား အမှန်တကယ် ခင်းကျင်းထားခြင်းမရှိသော Merchant နှင့် Agent ဆိုင်များသို့ ပေးအပ်ထားသော ကြော်ငြာပစ္စည်းများအား KBZPay မှ ပြန်လည်တောင်းခံခြင်းပြုလုပ်နိုင်ပြီး စည်းကမ်းချက်နှင့်မကိုက်ညီသော Merchant နှင့် Agent ဆိုင်များအား Campaign တွင် ပါဝင်ခွင့်အား KBZPay မှ ပြန်လည်ရုတ်သိမ်းခွင့်ရှိမည်ဖြစ်သည်။

၆။ အပိုဒ် (၂) တွင်ဖေါ်ပြထားသော သတ်မှတ်ချက်များနှင့်မကိုက်ညီသော ဆိုင်များသည် ဤ Campaign ပါဝင်ခွင့်ရရှိနိုင်မည်မဟုတ်ပါ။ ထို့အပြင် KBZ သည် Campaignတွင် ပါဝင်ရန်တောင်းဆိုလာသည့် ကုန်သည်များနှင့်ကိုယ်စားလှယ်များအား KBZ ၏တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်းအားလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။။

၇။ ဤ Campaign တွင်ပါဝင်လိုသော ကုန်သည်များနှင့်  ကိုယ်စားလှယ်များသည် မိမိတို့ အလှဆင်ထားသော ဆိုင်ဓါတ်ပုံများအား TSEမှ Note Cam ဖြင့် ဓာတ်ပုံမှတ်တမ်း  ရိုက်ယူပြီး  QR Scan &  Drive မှတဆင့် ဆိုင်၏ အချက်အလက်များကို “KBZPay နဲ့ အလှဆုံးစီခြယ် ဆုယူမယ်” Campaign Photo submission form တွင် မှန်ကန်စွာဖြည့်သွင်း​ပေးပို့ ပေးရန်လိုအပ်ပါသည်။

၈။ ဤ Campaign မှ  အနိုင်ရရှိသောဆုငွေများကို ပါဝင်ယှဥ်ပြိုင်​သောလ၏ တဆက်တည်းဖြစ်​သော ပြက္ခဒိန်လ၏ ၁၅ရက်​နေ့ အတွင်း ဆုရရှိ​သော ကုန်သည်များနှင့် ကိုယ်စားလှယ်များ၏ လုပ်ငန်းသုံး E Money Wallet အကောင့်ထဲသို့ ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ 

 ၉။ ရရှိနိုင်သော ဆုငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

အမျိုးအစားဆုငွေအမျိုးအစားများဆုငွေပေးအပ်မည့်အရေအတွက်
ကိုယ်စားလှယ်များနှင့် ကုန်သည်များMonthly Winners – ၅၀,၀၀၀ ကျပ်ဇန်နဝါရီလ – ၁၀၀ ဆု
ဖေဖော်ဝါရီလ – ၁၀၀  ဆု
မတ်လ – ၁၀၀ ဆု
Grand Winner – ၃၀၀,၀၀၀ ကျပ်၉ ဆု

အထက်ပါဇယားတွင်ဖော်ပြထားသောဆုများကို လစဥ် အကောင်းဆုံး အလှဆင်ပေးသည့် ဆိုင်များအား တစ်ဆိုင်လျှင် ၅၀,၀၀၀ ကျပ်စီ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး လစဥ် ဆိုင် (၁၀၀) စီ အား ရွေးချယ်သွားမည်ဖြစ်ပါသည်။   Campaign ​နောက်ဆုံး လတွင်  လစဥ်ဆုရရှိထား​သောဆိုင်များအတွင်းမှ အ​ကောင်းဆုံး အလှဆင် ထိန်းသိမ်း​ပေးထား​သောဆိုင် (၉) ဆိုင်ကို​ရွေးချယ်၍ Grand Winner Prize (၉) ဦး​အား တစ်ဦးလျှင် ဆု​ငွေ ၃၀၀,၀၀၀ကျပ်စီ ​ ထပ်​ဆောင်းပေးအပ်သွားမည်ဖြစ်ပါသည်။

၁၀။ အကယ်၍ ကုန်သည်များ (သို့) ကိုယ်စားလှယ်များ၏ဆိုင်သည် Monthly Winnerတစ်ကြိမ်ဆုရရှိပြီးပါက ​နောက်လ Monthly Winner ဆု​ရွေးချယ်မှု အတွက် ပါဝင်မည်မဟုတ်ပါ။   Monthly Winner ဆုမရရှိ​သေး​သော ဆိုင်များအ​နေဖြင့် ရရှိနိုင်ရန်အတွက် campaign ကာလမပြီးဆုံးခင်အထိ လစဥ်ပါဝင် ယှဥ်ပြိုင်နိုင်မည်ဖြစ်ပါသည်။

၁၁။ ဤ Campaign တွင်ပါဝင်သော Agent နှင့် Merchant များသည် ၎င်းတို့၏ဆိုင်များတွင် KBZPay ၏ ကြော်ငြာ ပစ္စည်းများအား Campaignကာလ ပြီးဆုံးသည်အထိ တပ်ဆင် ထားရှိပေးရန် လိုအပ်ပါသည်။

၁၂။   Campaignတွင် အကျုံးဝင်​သောမြို့နယ်များအား သတ်မှတ်ထားရှိပါသည်။ သို့ဖြစ်ပါသောကြောင့် ဤ Campaign တွင် ပါဝင်လိုသော Agent နှင့် Merchant များအနေဖြင့် Call Center, KBZPay Center နှင့် Township TSEs များသို့ဆက်သွယ်၍ အကျုံးဝင်သော မြို့နယ်များအား မေးမြန်းနိုင်ပါသည်။

၁၃။ ဤ Campaign ကာလအတွင်း KBZPay ကုန်သည်များနှင့် ကိုယ်စားလှယ်များအနေဖြင့် ဤစည်းမျဥ်း စည်းကမ်းသတ်မှတ်ချက်ပါအခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည် နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၁၄။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၅။   ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၆။   ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၇။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်း မရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့်နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၈။  KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။  

၁၉။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် ကုန်သည်များနှင့် ကိုယ်စားလှယ်များ လိုက်နာရမည့် KBZPay ဆိုင်ရာ စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။ 

၂၀။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၁။   KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ သို့မဟုတ် မိတ်ဖက်ဆိုင်များ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ သို့မဟုတ် မိတ်ဖက်ဆိုင်များ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။