ဘာပဲဝယ်ဝယ် KBZPay ရဲ့ Piti Mall Mini App မှာဝယ်

KBZPay ရဲ့ Piti Mall Mini App ရှိ ဆိုင်ပေါင်း (၅၀) ကျော်တွင်  အလှအပရေးရာ နှင့် လူသူံးကုန်ပစ္စည်းများ၊ မိုဘိုင်းလ် ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ အဝတ်အထည်များ၊ မိမိတို့၏ သားသားနဲ့မီးမီးလေး တို့အတွက်လိုအပ်သော အသုံးဆောင်ပစ္စည်းများ၊ အိမ်မွေးတိရိစ္ဆာန် ပစ္စည်းများ၊ ပရိဘောဂ နှင့် အိမ် အလှဆင်ပစ္စည်းများ အပြင်အခြားသော ပစ္စည်းမျိုးစုံကို လူကြီးမင်းတို့စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါပြီ။

မိမိတို့ဝယ်ယူထားသော ပစ္စည်း များကို အိမ်အရောက် ပို့ဆောင်ပေးသော ဝန်ဆောင်မှုပါ ရှိတာကြောင့် အခုပဲ KBZPay ရဲ့ Piti Mall Mini App မှာ ဈေးဝယ်ရင်း KBZPay နဲ့ငွေပေးချေလိုက် တော့နော်။

KBZPay ရဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တိုင်းမှာ ပါဝင်နိုင်မှာဖြစ်တဲ့အတွက် သင့် KBZPay အက်ပလီကေးရှင်းကိုလည်း အခုပဲနောက်ဆုံးဗားရှင်းသို့မြှင့်တင်လိုက်ပါ။ 

#ဘာပဲဝယ်ဝယ် KBZPay ရဲ့ Piti Mall Mini App မှာဝယ်

iOS: https://apple.co/31igRU9

Android: https://bit.ly/3rTwa2J

KBZPay အကောင့်ထဲတွင် ထားရှိနိုင်သော ငွေကြေးပမာဏ အသစ် နှင့် သိသင့်သော လုပ်ဆောင်ချက်များအကြောင်း

 မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများမှ လိုက်နာရမည့် မူဝါဒ အသစ် အရ KBZPay Customer App ၏ e-Wallet အကောင့်ထဲတွင် လက်ကျန်ငွေ ကျပ် သိန်း ၁၀၀ အထိ ထားရှိနိုင်မှာဖြစ်ပါတယ်။ KBZPay အသုံးပြုသူများ အနေဖြင့် ငွေကြေးစီမံမှုများ လွယ်ကူစွာ ဆက်လက်ပြုလုပ်နိုင်ရန်အတွက် KBZPay အကောင့် သုံးစွဲမှုနှင့် ပတ်သက်သည့် နည်းလမ်းများကို  ဝေမျှလိုက်ပါတယ်။

ပထမ နည်းလမ်း အနေဖြင့်  မိမိ၏ KBZPay e-Wallet အကောင့်ထဲတွင် လက်ကျန်ငွေ သိန်း ၁၀၀ ထက် ပိုသော ငွေကြေးပမာဏ များရှိပါက ချိတ်ဆက်ထားသော ဘဏ်အကောင့်အတွင်းသို့ မိမိကိုယ်တိုင် လွှဲပြောင်းနိုင်ပါ သည်။ ချိတ်ဆက်ထားသော ဘဏ်အကောင့် မရှိသေးပါက နီးစပ်ရာ ကမ္ဘောဇဘဏ် သို့ သွားရောက်၍ ဘဏ်အကောင့်အား ချက်ချင်း အလွယ်တစ်ကူ ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။

ဒုတိယ နည်းလမ်း အနေဖြင့် မိမိ၏ KBZPay e-Wallet အကောင့်ထဲတွင် လက်ကျန်ငွေ သိန်း ၁၀၀ ထက် ပိုသော ငွေကြေးပမာဏအား KBZPay Customer App တွင် အလိုအလျောက်ဖွင့်လှစ်ပေးသွားမည့် Transit Wallet အကောင့်အတွင်းသို့ ယနေ့ည (၁၀) နာရီ တွင် KBZPay မှ လွှဲပြောင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။

KBZPay မှ လွှဲပြောင်းပေးပြီးနောက် Customer အား SMS ဖြင့် အကြောင်းကြားသွားမည်ဖြစ်ပြီး မိမိ e-Wallet ၏ စုစု‌ပေါင်းစာရင်းပမာဏ ကို အလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ထိုသို့ ကြည့်ရှုနိုင်ရန် KBZPay App version 5.7.1 အား Update ပြုလုပ်ထားရန်လိုအပ်ပါတယ်။

Transit Wallet အကောင့် နှင့် ပတ်သက်ပြီး သိသင့်သောအချက်များ

Transit Wallet အကောင့် ဆိုသည်မှာ KBZPay application ထဲတွင် အသစ်ထွက်ရှိထားသော Wallet အကောင့် အမျိုးအစားတစ်ခုဖြစ်ပြီး KBZPay ထဲတွင် ထားရှိနိုင်သော လက်ကျန်ငွေ ပမာဏအား မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများမှ လိုက်နာရမည့် မူဝါဒအသစ်နှင့် ကိုက်ညီစွာ အသုံးပြုနိုင်ရန် ရည်ရွယ်ပြုလုပ်ထားသည့် Wallet အကောင့်တစ်ခုဖြစ်ပါသည်။
Transit Wallet အကောင့် ကို

(၁)  KBZPay e-Wallet အကောင့်ထဲတွင် လက်ကျန်ငွေ သိန်း ၁၀၀ ထက် ပိုသော ငွေကြေးပမာဏ အား Transit Wallet အကောင့် ထဲသို့ ယနေ့ည (၁၀) နာရီ တွင် KBZPay မှ လွှဲပြောင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

(၂) KBZPay e-Wallet ထဲရှိ ငွေပမာဏသည် မိမိ ငွေပေးချေရန် (သို့) အသုံးပြုရန် လိုအပ်နေသော ပမာဏများကိုလည်း Transit Wallet အကောင့် မှတစ်ဆင့် ပြန်လည်လွှဲပြောင်း၍ အသုံးပြုနိုင်ပါ သည်။

(၃) Transit Wallet အကောင့် ထဲရှိ ငွေပမာဏများကို e-Wallet နှင့် Bank Account သို့ လွှဲပြောင်း၍ အသုံးပြုနိုင်ပါသည်။

KBZPay အကောင့်ထဲရှိ လက်ကျန်ငွေ စစ်ဆေးပုံ အသေးစိတ်များ

KBZPay Home Screen တွင် မြင်တွေ့ရသော e-Wallet Balance ဆိုသည်မှာ e-Wallet ထဲရှိ လက်ကျန်ငွေပမာဏကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ (KBZPay e-Wallet အကောင့်၏ လက်ကျန် ငွေပမာဏမှာ သိန်း ၁၀၀ အထိ ထားရှိနိုင်ပါသည်။) Total Balance ဆိုသည်မှာ e-Wallet နှင့် Transit Wallet အကောင့်တို့၏ စုစု‌ပေါင်းစာရင်းပမာဏ ဖြစ်ပြီး Partial Frozen ပမာဏ ရှိခဲ့ပါကလည်း ယခု နေရာတွင် စုစုပေါင်းအနေဖြင့် ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။

ယနေ့တွင် မိမိ၏ KBZPay e-Wallet အကောင့်ထဲတွင် လက်ကျန်ငွေ ကျပ်သိန်း ၁၀၀ ထက် ပိုသော ငွေကြေးပမာဏအား KBZPay Application တွင် အလိုအလျောက်ဖွင့်လှစ်ပေးသွားမည့် Transit Wallet အကောင့်အတွင်းသို့ ယနေ့ည (၁၀) နာရီ တွင် KBZPay မှ လွှဲပြောင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။ ကျပ်သိန်း ၁၀၀ ထက် မကျော်ပါက Transit Wallet တွင် “0” သာ မြင်ရမှာ ဖြစ်ပါတယ်။

My Balance စာမျက်နှာရှိ Total Balance ဆိုသည်မှာ e-Wallet နှင့် Transit Wallet အကောင့်များ အားလုံး၏ စုစု‌ပေါင်းစာရင်း လက်ကျန်ငွေပမာဏကို ပြသပေးထားခြင်းဖြစ်ပြီး Available Balance တွင် e-Wallet နှင့် Transit Wallet အကောင့်တို့၏ အားလုံးပေါင်းပမာဏကို ပြသပေးထားမှာ ဖြစ်ပါတယ်။

(မှတ်ချက်။ မိမိ KBZPay အကောင့်တွင် Partial Frozen ပမာဏ ရှိပါက Available Balance တွင် ထိုပမာဏအား လျှော့၍ ပြသနေမည်ဖြစ်ပြီး Available Balance ဘေးရှိ အဝါရောင် icon အား နှိပ်ပြီး အသေးစိတ် ကြည့်ရှုစစ်ဆေးနိုင်ပါသည်။)

အလိုလျောက် ငွေလွှဲသည့် စနစ် အလုပ်လုပ်ပုံနှင့် သတ်မှတ်ချက်များ

  • အလိုလျောက်ငွေလွှဲသည့်စနစ်
    KBZPay e-Wallet အကောင့်ထဲတွင် လက်ကျန်ငွေ သိန်း ၁၀၀ ထက် ပိုသော ငွေကြေးပမာဏ အား Transit Wallet အကောင့် ထဲသို့ ယနေ့ည (၁၀) နာရီ တွင် KBZPay မှ လွှဲပြောင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
  • ကန့်သတ်ချက်
    အဆိုပါ အလိုအလျောက် ငွေလွှဲပြောင်းသည့်စနစ်အား ဆောင်ရွက်နေစဉ် ကာလအတွင်းတွင် ငွေလက်ခံခြင်းများအား ဆောင်ရွက်ရန်ရှိပါက e-Wallet အတွင်းထားရှိနိုင်သည့် လက်ကျန်ငွေ ပမာဏ ကျပ် သိန်း (၁၀၀) ထက် မပိုသည့်အခြေအနေဖြင့် လက်ခံရရှိနိုင်ပါသည်။ KBZPay သုံးစွဲသူများအနေဖြင့် လိုအပ်သည့်ငွေလက်ခံခြင်းများ ထပ်မံဆောင်ရွက်လိုပါက e-Wallet ထဲမှ Bank Account သို့ ဦးစွာလွှဲပြောင်း၍ ဆက်လက်ဆောင်ရွက်နိုင်ပါသည်။

လိုက်နာဆောင်ရွက်ရန် အချက်များ

  • အထက်ဖော်ပြပါ အချက်များကို အပြည့်စုံသုံးစွဲနိုင်ရန်နှင့် KBZPay ၏ နောက်ဆုံးပေါ် Features များအား ခံစားအသုံးပြုနိုင်စေရန် လူကြီးမင်း၏ KBZPay အား 5.7.1 နောက်ဆုံးဗားရှင်းသို့ မြှင့်တင်ပေးရန် လိုအပ်ပါသည်။
  • အသေးစိတ်အချက်အလက်နှင့် လိုအပ်သည့် ဆောင်ရွက်ချက်များအတွက် KBZPay Call Center 3211 သို့ ဖုန်းခေါ်ဆို၍သော်လည်ကောင်း [email protected] သို့ email ဖြင့် ဆက်သွယ်၍ သော်လည်းကောင်း မေးမြန်းနိုင်ပါသည်။

သတ်မှတ်ချက်နှင့် ဝန်ဆောင်ခများ ကို ယခု လင့်ခ့်မှ တစ်ဆင့် ကြည့်ရှုနိုင်ပါသည်။

 iPhone 14 Pro ကံထူးနိုင်မယ့်အခွင့်အရေး 

KBZPay အသုံးပြုသူများ အနေဖြင့် မိမိနှင့် ချစ်ခင်ရင်းနှီးသော မိတ်ဆွေ ၊ သူငယ်ချင်းများကို KBZPay အကောင့်ဖွင့်ရန် ဖိတ်ခေါ်ပြီး ပြန်အမ်းငွေများ နှင့် အတူ iPhone 14 Pro ကံထူးနိုင်မယ့် အခွင့်အရေးတစ်ခု ရှိပါတယ်။ 

KBZPay အသုံးပြုသူများမှ အကောင့်ဖွင့်ရန် ဖိတ်ခေါ်ခံရသော သူသည်  KBZPay Level 2 သို့ အောင်မြင်စွာဖွင့်လှစ်ပြီးပါက ဖိတ်ခေါ်သူမှ ၁,၂၀၀ကျပ် ပြန်အမ်းငွေ ရရှိနိုင်မည် ဖြစ်ပြီး ဖိတ်ခေါ်ခံရသူ မှ  ၁,၀၀၀ ကျပ် တန်ဖိုးရှိ ကူပွန်များ ( ပြန်အမ်းငွေ ၃၀၀ ကျပ်၊ ဖုန်းဘေလ်ဖြည့် ကူပွန်အတွက် ၃၀၀ ကျပ် နှင့် KBZPay Market ကူပွန် အတွက် ၄၀၀ ကျပ်) ရရှိမှာဖြစ်ပါတယ်။ 

KBZPay အသုံးပြုသူ ၁ ဦးမှ   အသုံးပြုသူ အသစ်များကို အကန့်အသတ်မရှိ ဖိတ်ခေါ်နိုင်မှာ ဖြစ်ပြီး ပထမဦးဆုံး အောင်မြင်တဲ့ ဖိတ်ခေါ်မှုအတွက် ပြန်အမ်းငွေ ၁,၂၀၀ ကျပ် ၊ ဒုတိယအကြိမ် မြောက်မှ စတင်တဲ့ ထပ်တိုးဖိတ်ခေါ်မှုများအတွက် ပြန်အမ်းငွေ ၂,၀၀၀ ကျပ် စီ ရယူနိုင်မှာဖြစ်ပါတယ်။ 

ဒါ့အပြင် အသုံးပြုသူ အသစ်အများဆုံး အောင်မြင်စွာ ဖိတ်ခေါ်နိုင်တဲ့ သူတစ်ဦးကိုလည်း iPhone 14 Pro ဆုလက်ဆောင် ရရှိနိုင်မယ့်အခွင့်အရေးရှိတာဖြစ်လို့ အခုပဲ မိတ်ဆွေသူငယ်ချင်းတွေကို ယခု လင့်ခ့် ကနေ တစ်ဆင့် ဖိတ်ခေါ်လိုက်ရအောင်။ 

ယခုကမ်ပိန်းကာလ မှာ ဇူလိုင် ၁၀ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက် နေ့အထိ ဖြစ်ပါတယ်။ 

KBZPay ရဲ့စိတ်ဝင်စားဖွယ်အစီအစဉ်တိုင်းမှာပါဝင်နိုင်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံအတွက် KBZPay Level 2 သို့ အဆင့်မြှင့်ပြီး သင့် KBZPay အက်ပလီကေးရှင်းကိုလည်း နောက်ဆုံးဗားရှင်းသို့မြှင့်တင်လိုက်ပါ။ 

iOS: https://apple.co/31igRU9
Android : https://bit.ly/3rTwa2J

KBZPay အကောင့်ဖျက်သိမ်းပုံအဆင့်ဆင့်

၁။ Call Center ဖုန်းနံပါတ် 3211 ကိုဆက်သွယ်ပါ။ (သို့မဟုတ်) [email protected] သို့ email ပေးပို့ပါ။
၂။ အကောင့်ဖျက်သိမ်းရန်တောင်းဆိုပါ။
၃။ Call Center အေးဂျင့်မှလမ်းညွှန်ပေးသောနည်းလမ်းအတိုင်းဆက်လက်လုပ်ဆောင်ပါ။
၄။ လုပ်ဆောင်မှုပြီးဆုံးပါက သင်၏တောင်းဆိုမှုကို ၃ ရက်အတွင်းလုပ်ဆောင်ပေးမည်ဖြစ်ပါသည်။

သတိပေးချက်

အကောင့်ဖျက်သိမ်းပြီးပါက
၁။ KBZPay ၏ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်မဟုတ်ပါ။
၂။ သင်၏ကိုယ်ရေးအချက်အလက်များကို ဖျက်သိမ်းလိုက်မည်ဖြစ်ပါသည်။
၃။ သင်၏လုပ်ဆောင်ချက်မှတ်တမ်းများကို ဖျက်သိမ်းလိုက်မည်ဖြစ်ပါသည်။

လွယ်ကူထုတ်ချေးငွေယူရင်း ပြန်အမ်းငွေများရနိုင်မယ့်အခွင့်အရေး 

Quick Access Loan (လွယ်ကူထုတ်ချေးငွေ) ကို လျှောက်ထားရယူပြီး ပြန်အမ်းငွေများရနိုင်မယ့်အစီအစဥ်တစ်ခုအကြောင်း KBZPay Agent များကို မျှဝေလို့ပေးချင်ပါတယ်။ 

ဒီအစီအစဥ်မှာတော့ KBZPay Agent များက လွယ်ကူထုတ်ချေးငွေလို့ခေါ်တဲ့ Quick Access Loan ကို ဖေဖော်ဝါရီလ (၁၂) ရက် မှ မတ်လ (၁၁) ရက် ၂၀၂၄ ခုနှစ် အတွင်းရယူမယ်ဆိုရင် – 

✦ အပတ်စဥ်တိုင်းရဲ့ ပထမဆုံးလွယ်ကူထုတ်ချေးငွေယူသူ KBZPay Agent (၁၅) ဦးကိုရွေးချယ်ပြီး (၂၀,၀၀၀) ကျပ် ပြန်အမ်းငွေများပေးသွားမှာဖြစ်ပါတယ်။

✦ တစ်ပတ်လျှင် (၁၅) ဦးနှင့် (၄) ပတ်တိတိ -စုစုပေါင်း KBZPay Agent (၆၀) ဦးအထိပြန်အမ်းငွေများ ရရှိနိုင်မှာပါ။

✦ ပြန်အမ်းငွေရရှိသည့် ကံထူးသူများကိုလဲ အပတ်စဥ်ကြေငြာပေးသွားမှာဖြစ်ပါတယ်။

 ပြန်အမ်းငွေများကိုတော့ ကံထူးသူ KBZPay Agent ရဲ့ အကောင့်ထဲကို တိုက်ရိုက်ထည့်သွင်းပေးမှာဖြစ်ပါတယ်။ 

ပထမပတ်အတွက် လွယ်ကူထုတ်ချေးငွေကို ရယူပြီး ပြန်အမ်းငွေများကံထူးသွားတဲ့ KBZPay Agent များ ပေါ်ထွက်လို့လာပါပြီ။

ဒီအစီအစဥ်မှာ လွယ်ကူထုတ်ချေးငွေ Quick Access Loan ကိုရယူပြီး ပြန်အမ်းငွေကံထူးကြတဲ့ KBZPay Agent များအားလုံးပဲ Congratulations ပြောရင်း ဝမ်းသာစကားမျှဝေလိုက်ရပါတယ်။ 

ပထမပတ်အတွက် ပြန်အမ်းငွေကံထူးရှင်များစာရင်းကတော့ – 

Winner NameWinner Phone NumberDocument No.
NI SAN09250xxxxxx127AL240213001
AUNG MYO LIN09760xxxxxx272AL240202001
WAI HLAING MAR09444xxxxxx315AL240213001
JAP SENG JA09694xxxxxx328AL240213001
THANT SIN09971xxxxxx129AL240209001
NAY CHI NU NU WIN09790xxxxxx161AL240208001
KYAW SAN09790xxxxxx161AL240205001
NAY CHI PAING OO09971xxxxxx272AL240202003
THAN THAN NWET09444xxxxxx311AL240214001
HLA HLA YI09967xxxxxxx069AL240215001
TIN TUN LATT09517xxxx089AL231018001
NAY MYO THIN09777xxxxxx311AL240215001
HTUN KO KO09973xxxxxx087AL240214001
SHWE SIN WIN MYAT09696xxxxxx350AL240216002
MI MI AUNG09790xxxxxx350AL240216001

ဒုတိယပတ်အတွက် ပြန်အမ်းငွေကံထူးရှင်များစာရင်းကတော့ – 

Winner NameWinner Phone NumberDocument No.
HSAN LIN HTUT09790xxxxxx309AL240219001
ZAW SHIN09420xxxxxx024AL240219001
KAUNG MYAT NAING09799xxxxxx065AL240219001
PHYO SU WIN09950xxxxxx213AL240112001
CAESAR KYI WIN09695xxxxxx112AL240220001
YEE YEE HLAING09428xxxxxx128AL240220001
SAI SENG MHINE09898xxxxxx053AL240220001
ZAY YAR MYINT SOE09250xxxxxx084AL240221001
SU MYAT NOE09421xxxxxx245AL240221001
THIDAR MAW09457xxxxxx226AL240214001
AUNG PHYO WAI09402xxxxxx129AL240222002
TUN TUN NAING09898xxxxxx195AL240222001
HARDI OHN09428xxxxxx199AL240223001
AUNG NAING LIN09447xxxxxx322AL240223001
KYAW LINN MIN09252xxxxxx073AL240223001

တတိယပတ်အတွက် ပြန်အမ်းငွေကံထူးရှင်များစာရင်းကတော့ – 

Winner NameWinner Phone NumberDocument No.
KHUN AUNG TUN WIN09428xxxxxx053AL240301002
KHING ZAR PHYO09797xxxxxx161AL240301001
RAW MASE KUMAR09777xxxxxx053AL240301001
KHIN MYA MU09402xxxxxx205AL240226001
WAI WAI PHU09256xxxxxx227AL240226001
LAY KHAING09456xxxxxx020AL240226001
NAY THU HEIN09428xxxxxx053AL240227001
SANDAR YU AUNG09790xxxxxx270AL240227001
ZAW WIN TUN09799xxxxxx265AL240209001
NI NI AUNG09790xxxxxx158AL240228001
PAN WOUT YEE ZOE09410xxxxx012AL240228001
AYE SANDAR WIN09430xxxxx127AL240130001
THU HTOO ZAN09458xxxxxx030AL240222003
NI NI AYE09693xxxxxx196AL240130001
POE EI LAY09893xxxxxx073AL231213001

နောက်ဆုံးပတ်အတွက် ပြန်အမ်းငွေကံထူးရှင်များစာရင်းကတော့ – 

Winner NameWinner Phone NumberDocument No.
MYINT SWE09444xxxxxx077AL231025001
KYAW HLA09955xxxxxx361AL240206001
NWAY NWAY NAN WAI09696xxxxxx090AL240125002
EI EI MON09791xxxxxx178AL240216002
RAJ09450xxxxxx035AL240304002
NANG HTET HTET KYI09798xxxxxx035AL240304001
AYE AYE09254xxxxxx038AL240216002
TUN TUN LINN09421xxxxxx363AL240305001
MAY HNIN MON09977xxxxxx303AL240305001
KISSNAR09760xxxxxx168AL240306001
KHINE KHINE09773xxxxxx159AL240306002
NANG YEE MON AUNG09526xxxx008AL240307001
HSU AKARI09977xxxxxx081AL240301001
LIN HTET WIN09452xxxxxx222AL240307001
ZAR NI TUN09952xxxxxx221AL240308001

ဒါကြောင့် ပြန်အမ်းငွေများလဲရယူနိုင်ပြီး လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းလိုအပ်ချက်များကို ကူညီဖြေရှင်းပေးမယ့် Quick Access Loan (လွယ်ကူထုတ်ချေးငွေ) ကို အခုပဲရယူလိုက်ပါ။

Quick Access Loan ဆိုတာ KBZPay Agent များ KBZPay Transaction လုပ်ဆောင်ခြင်းအတွက်သာမက မိမိတို့ရဲ့လုပ်ငန်းတွေမှာ ငွေကြေးလိုအပ်ချက်ရှိလာသည့်အခါ လွယ်ကူစွာနဲ့ E-Money ထုတ်ယူအသုံးပြုနိုင်ရန် ရည်ရွယ်ပါတယ်။

Quick Access Loan နဲ့ဆိုရင် KBZ Bank မှ ခွင့်ပြုငွေပမာဏ ကျပ် (၅)သိန်း မှ ကျပ်သိန်း (၅၀) အထိရယူနိုင်ပြီး Agent များနှင့် ကိုက်ညီတဲ့ လိုအပ်သော ချေးငွေပမာဏကို  KBZPay Partner App မှတစ်ဆင့်  လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီချေးငွေကိုဆိုရင် KBZPay Agent များအဖြစ်ဆောင်ရွက်လျှက်ရှိသော ကိုယ်စားလှယ်များမှ လျှောက်ထားနိုင်ပြီး ချေးငွေသက်တမ်း(၁) နှစ်အတွင်း  ခွင့်ပြုချေးငွေ ပမာဏထဲမှ မိမိတို့လိုအပ်သည့် ငွေပမာဏအား  လစဉ် စိတ်ကြိုက်ရယူသုံးစွဲခွင့်ရှိမှာဖြစ်ပါတယ်။ ရယူထားသည့် ငွေပမာဏနှင့် သက်သာသောအတိုးနှုန်းဖြင့်သာ လစဉ် ပြန်လည်ပေးသွင်းနိုင်မှာဖြစ်ပါတယ်။

စည်းမျဉ်းစည်းကမ်းချက်များ
မေးလေ့မေးထရှိသော မေးခွန်းများ

ဝါကျွတ်ကာလမှာ ပြည်ပငွေလွှဲလက်ခံရင်း  ရွှေသားနဲ့ ငွေသားဆုများပါ ကံထူးနိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် နှင့် KBZPay အသုံးပြုသူ Customer များ

ပြည်ပငွေလွှဲဝန်ဆောင်မှုများကို အစဉ်တစိုက် အသုံးပြုနေသော ကမ္ဘောဇဘဏ်၏ Customer များအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဝါကျွတ်ကာလ အထူးအစီအစဉ်တစ်ခုအကြောင်း သတင်းကောင်းပါးချင်ပါတယ်။ 

မည်သည့် ပြည်ပငွေလွှဲဝန်ဆောင်မှုမှမဆို အနည်းဆုံး ၂၀၀,၀၀၀ ကျပ် မှ စတင်လွှဲပို့လိုက်ရုံဖြင့် ငွေလက်ခံသူမှ မိမိနှစ်သက်ရာ နည်းလမ်းများ (KBZPay Wallet, ကမ္ဘောဇဘဏ် စာရင်း နှင့် ကမ္ဘောဇဘဏ်ခွဲများတွင် ငွေသားထုတ်ယူခြင်း) ဖြင့် ငွေလွှဲလက်ခံပြီး စိတ်လှုပ်ရှားစရာ ဆုလက်ဆောင်များကို ကံထူးနိုင်မှာ ဖြစ်ပါတယ်။

ပထမဆုအနေနဲ့ ရွှေတစ်ကျပ်သား၊ ဒုတိယဆုအနေနဲ့ ၁၀ သိန်း ကျပ်၊ တတိယဆုအနေနဲ့ ၅ သိန်းကျပ်တို့ကို ကံထူးနိုင်မယ့်အပြင် အထူးဆုအနေနဲ့ ၁ သိန်း ကျပ် ၁၀ ဆုကိုလည်း ထပ်ဆောင်းချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ အစီအစဉ်ကာလကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ မှ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ဖြစ်ပါတယ်။

ဒီလိုအခွင့်အ‌ရေးကို လက်မလွှတ်ရလေအောင် သီတင်းကျွတ်အခါသမယမှာ ပြည်ပငွေလွှဲတွေ လက်ခံပြီး အခုပဲ ဆုလက်ဆောင်များကို ကံထူးလိုက်ပါ။  

အစီအစဉ် အသေးစိတ်ကို သိရှိလိုပါက ဒီလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


၂၀၂၃ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ မှ နိုဝင်ဘာလ ၂၅ ရက်နေ့ အထိ ပြုလုပ်ခဲ့သော “ဝါကျွတ်ကာလမှာ ပြည်ပငွေလွှဲလက်ခံရင်း  ရွှေသားနဲ့ ငွေသားဆုများပါ ကံထူးနိုင်ပါပြီ” အစီအစဉ်တွင် ပါဝင်ခဲ့ကြသူများထဲမှ ကံထူးရှင်များ ထွက်ပေါ်လာပါပြီ။

“ဝါကျွတ်ကာလမှာ ပြည်ပငွေလွှဲလက်ခံရင်း  ရွှေသားနဲ့ ငွေသားဆုများပါ ကံထူးနိုင်ပါပြီ” အစီအစဉ်တွင် ပါဝင်ခဲ့ကြသူများအားလုံးအား ကျေးဇူးအထူးတင်ရှိသလို ရွှေသားဆု နှင့် ငွေသားဆု ကံထူးသူများကိုလည်း ဂုဏ်ပြုစကားမျှဝေလိုက်ရပါတယ်။ 

ကံထူးသူများစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

No.PrizesWinner NameWinner Phone Number
1.Gold 1 ticalU Sa Kyaw Soe Moe0966980xxx
2. 1,000,000 MMKU Myo Naing0944058xxxx
3.500,000 MMKU Than Khine Htwe0942001xxxx
4.100,000 MMKDaw Naw Htoo Lay Phaw0966206xxxx
5100,000 MMKClyde Catabay0925037xxxx
6.100,000 MMKU Nyi Htwe Aung0978349xxxx
7.100,000 MMKU Paul Khai Khan Thang0925617xxxx
8.100,000 MMKU Ye Lin Aung0945953xxxx
9.100,000 MMKU Saw Tun Lin0979226xxxx
10.100,000 MMKDaw Su Myat Khaing0942220xxxx
11.100,000 MMKU Wai Yan Phyo0979963xxxx
12.100,000 MMKDaw Nang Kwan Kham0925536xxxx
13.100,000 MMKU Saw Tun Lwin0925989xxxx

KBZ Viber Sticker တွေ နဲ့ စကားပြောမယ်

Let’s Talk with KBZ Viber Stickers

ရှားပါးလွန်းတဲ့ အချိန်တွေကြောင့် ချစ်ခင်ရတဲ့ မိတ်ဆွေ ၊ သူငယ်ချင်းတွေနဲ့ နေ့စဉ်နေ့တိုင်းတွေ့ဖို့ ဆိုတာ မလွယ်ပေမယ့် တိုးတတ်လာတဲ့ နည်းပညာတွေကြောင့် ဝေးကွာ နေတယ်လို့လည်း မခံစားရတော့ပါဘူး။ 

ချစ်ခင်ရတဲ့ သူတွေအချင်းချင်း ချိတ်ဆက်နိုင်တဲ့ Platform တွေ ကြောင့်လည်း အမျိုးစုံတဲ့ မိမိတို့ရဲ့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ ၊ အောင်မြင်မှုတွေ ၊ ကျရှုံးမှုတွေ အစရှိတဲ့ နေ့စဉ်ဘဝ ရဲ့ ဖြစ်ပျက်မှု အမှတ်တရတွေကို အချိန်နဲ့ တစ်ပြေးညီ ဝေမျှနေနိုင်တာလည်း ဖြစ်ပါတယ်။ 

နေ့စဉ် မတူညီ များပြားတဲ့ အကြောင်းအရာတွေထဲကမှ နေ့စဉ်ဘဝ ရဲ့ အရေးပါတဲ့ ငွေကြေးပိုင်းဆိုင်ရာ အကြောင်းအရာတွေကို ချစ်ခင်ရသူတွေနဲ့ ဝေမျှပြောဆိုမယ်ဆိုရင်  KBZ Viber Sticker ရှိနေပါပြီ။ မုန့်ဖိုးပဲ တောင်းမလား ? KBZ နဲ့ ပတ်သက်တဲ့ ငွေကြေးပိုင်းဆိုင်ရာ ပညာပေး အကြောင်းအရာတွေပြောမလား? အခြားသော နေ့စဉ် Conversation မှာ ချစ်စရာ sticker လေးတွေနဲ့ နှုတ်ဆက်မလား? KBZ Viber Sticker လေးတွေ ကို အခုပဲ Download ချပြီး ပြောဆိုနိုင်နေပါပြီနော်။ 

ချစ်ခင်ရသူတွေကို KBZ Viber Sticker နဲ့ ချိတ်ဆက် စကားပြောနိုင်ဖို့ အခုပဲ ဒီ လင့်ခ့် ကနေ ဒေါင်းလုပ် ပြုလုပ်လိုက်ပါ။

Quick Access Loan (လွယ်ကူထုတ်ချေးငွေ) ရယူပြီး အထူးဆုများ ကံထူးလိုက်ပါ

Quick Access Loan (လွယ်ကူထုတ်ချေးငွေ) ရယူပြီး အထူးဆုများ ကံထူးလိုက်ပါ

KBZPay Agent များရဲ့ စီးပွားရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေမယ့်အပြင် အထူးဆုကြီးတွေပါ ကံထူးခွင့်ရမယ့် အခွင့်အရေးကြီးတစ်ခုရှိလို့နေကြောင်းသတင်းကောင်းပေးချင်ပါတယ်။

အဲ့ဒါကတော့ KBZPay Agent တွေအနေနဲ့  စက်တင်ဘာလ (၁) ရက်နေ့မှ (၃၀) ရက်နေ့ ၂၀၂၃ခုနှစ် အတွင်း KBZPay Partner App ကနေ Quick Access Loan (လွယ်ကူချေးငွေ) ရယူပြီး အထူးဆုများကို ကံထူးနိုင်မှာပဲဖြစ်ပါတယ်။

ရရှိမည့် အထူးဆုများကတော့-

–        Samsung Galaxy Tab A8 10.5” (၂) ဆု

–        Remax Power Bank 20000 mAh (၁၄) ဆု တို့ပဲဖြစ်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေဖို့အပြင် အထူးဆုများကိုလည်း ကံထူးဖို့အတွက် Quick Access Loan (လွယ်ကူချေးငွေ)ကို အခုပဲ လျှောက်ထားရယူလိုက်ပါ။

Quick Access Loan ဆိုတာ KBZPay Agent များ KBZPay Transaction လုပ်ဆောင်ခြင်းအတွက်သာမက မိမိတို့ရဲ့လုပ်ငန်းတွေမှာ ငွေကြေးလိုအပ်ချက်ရှိလာသည့်အခါ လွယ်ကူစွာနဲ့ E-Money ထုတ်ယူအသုံးပြုနိုင်ရန် ရည်ရွယ်ပါတယ်။

Quick Access Loan နဲ့ဆိုရင် KBZ Bank မှ ခွင့်ပြုငွေပမာဏ ကျပ် (၅)သိန်း မှ ကျပ်သိန်း (၅၀) အထိရယူနိုင်ပြီး Agent များနှင့် ကိုက်ညီတဲ့ လိုအပ်သော ချေးငွေပမာဏကို  KBZPay Partner App မှတစ်ဆင့်  လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီချေးငွေကိုဆိုရင် KBZPay Agent များအဖြစ်ဆောင်ရွက်လျှက်ရှိသော ကိုယ်စားလှယ်များမှ လျှောက်ထားနိုင်ပြီး ချေးငွေသက်တမ်း(၁) နှစ်အတွင်း  ခွင့်ပြုချေးငွေ ပမာဏထဲမှ မိမိတို့လိုအပ်သည့် ငွေပမာဏအား  လစဉ် စိတ်ကြိုက်ရယူသုံးစွဲခွင့်ရှိမှာဖြစ်ပါတယ်။ ရယူထားသည့် ငွေပမာဏနှင့် သက်သာသောအတိုးနှုန်းဖြင့်သာ လစဉ် ပြန်လည်ပေးသွင်းနိုင်မှာဖြစ်ပါတယ်။

Qucik Access Loan (လွယ်ကူချေးငွေ) ကို ရယူခဲ့တဲ့ KBZPay Agent များထဲမှ Samsung Galaxy Tab A8 10.5 များကို ကံထူးသူ (၂)  ဦး နှင့် Remax Power Bank 20000 mAh များကို ကံထူးသူ (၁၄) ဦး ကတော့ ပေါ်ထွက်လို့လာခဲ့ပါပြီ။

အခုအစီအစဥ်မှာ ပါဝင်ပေးခဲ့ကြတဲ့ KBZPay Agent များအားလုံးကိုကျေးဇူး အထူးတင်ရှိပါကြောင်း ပြောချင်ပါတယ်။

နောက်ထပ်များမှာလည်း KBZPay Agent များအတွက် ဆုလက်ဆောင်ပေးမည့် အစီအစဥ်များကို အခါအားလျော်စွာ ပြုလုပ်သွားမှာဖြစ်လို့ ပါဝင်ပေးကြဖို့လည်း ကြိုတင်ဖိတ်ခေါ်လိုက်ရပါတယ်။

အခုအစီအစဥ်မှာ အထူးဆုလက်ဆောင်များကို ကံထူးသွားတဲ့ KBZPay Agent များအားလုံးကိုလည်း ဝမ်းသာဂုဏ်ပြုစကားမျှဝေလိုက်ပါတယ်။ 

ကံထူးသူများစားရင်းအား အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။

Winner NamePhone NumberPrizeState
U LIN AUNG0978008xxxxSamsung TabletYangon
DAW HNIN WAI OO0925456xxxxSamsung TabletNaypyitaw
DAW WIN THIDAR AUNG09509xxxxRemax Power BankYangon
KO MYAT LYNN THU09510xxxxRemax Power BankYangon
YEE YEE THANT0945358xxxxRemax Power BankYangon
U ZAW LINN KYI0996471xxxxRemax Power BankBago
U ZAW WIN HTIKE0942399xxxxRemax Power BankTanitharyi
KHAING HEIN MYAT0997437xxxxRemax Power BankMagway
U YE MIN THU0966214xxxxRemax Power BankBago
MAY CHAN MYAE0978723xxxxRemax Power BankYangon
U YAN NAING TUN0944412xxxxRemax Power BankMon
U NAING AYE0926467xxxxRemax Power BankAyeyawady
U THAN HTIKE0942906xxxxRemax Power BankAyeyawady
U HSEN LYNN0997355xxxxRemax Power BankBago
U WIN NAING0945068xxxxRemax Power BankRakhine
DAW WAI PHYO PAING09513xxxxRemax Power BankYangon

KBZPay နှင့် K PLUS တို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံသို့ Cross Border ဒီဂျစ်တယ် ငွေလွှဲဝန်ဆောင်မှုကို စတင်မိတ်ဆက်လိုက်ပါပြီ 

မြန်မာနိုင်ငံရှိ Mobile Wallet များထဲမှာမှ အအောင်မြင်ဆုံးနှင့် အသုံးပြုရ လွယ်ကူ အဆင်ပြေဆုံး ဖြစ်သည့် KBZPay နှင့်  ထိုင်းနိုင်ငံ၏ ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းများထဲမှ ထိပ်တန်း ဘဏ်လုပ်ငန်းတစ်ခုဖြစ်သည့် KBank နှင့် ပူးပေါင်းလိုက်ပြီဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားများအတွက် ထူးခြားသော Cross Border ဒစ်ဂျစ်တယ် ငွေလွှဲခြင်း အတွေ့အကြုံကို ပေးဆောင်ရန် ရည်ရွယ်သည့်အပြင် စမတ်ကျ၍ လွယ်ကူလုံခြုံသော ဒစ်ဂျစ်တယ်လုပ်ငန်းစဉ်ကို အသုံးပြု၍ မြန်မာနိုင်ငံရှိ မိသားစု သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများထံသို့ အချိန်နှင့် တပြေးညီ တိုက်ရိုက်ငွေလွှဲနိုင်စေရန်ဖြစ်ပါသည်။ 

KBZPay Mobile Wallet ရဲ့ နောက်ဆုံးပေါ်စွမ်းဆောင်ရည်များ နှင့် KBank ရဲ့ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း လုပ်ဆောင်ချက်များကို ပေါင်းစပ်ထားခြင်းဖြစ်တာကြောင့် ဒစ်ဂျစ်တယ်ငွေလွှဲခြင်း၊ ငွေလက်ခံခြင်းလုပ်ငန်းစဉ်မှာ ရိုးရှင်းလွယ်ကူနေမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက မြန်မာနိုင်ငံရှိ  မိသားစုများထံသို့  ငွေလွှဲတဲ့အခါ လူကိုယ်တိုင် ဘဏ် သွားစရာမလိုတော့ဘဲ  K Plus Mobile Banking ကတစ်ဆင့် KBZPay သို့ တိုက်ရိုက် ငွေလွှဲနိုင်မှာဖြစ်ပါတယ်။  

K Plus Mobile Banking App မှတစ်ဆင့် မြန်မာနိုင်ငံရှိ မိသားစုဝင်များ၏ KBZPay Mobile Wallet ထဲသို့  ငွေလွှဲရာမှာလည်း  လုံခြုံစိတ်ချရပြီး စမတ်ကျသည့် ဒစ်ဂျစ်တယ် လုပ်ငန်းစဉ်တို့ကြောင့် တိုက်ရိုက်ငွေလွှဲပို့သည့်အခါတွင်  ယခင်ကထက် ပိုမိုလွယ်ကူ အဆင်ပြေလာမည်ဖြစ်ပြီး ၁၀၀% ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် Smart Phone မှတစ်ဆင့် အချိန်နေရာမရွေး လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

အထူးအစီအစဉ်အနေနှင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ မှ အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း K PLUS နှင့် KBZPay သို့ ငွေလွှဲခ အခမဲ့ဖြင့် ငွေလွှဲပေးပို့နိုင်မည်ဖြစ်ပါသည်။ 

လွယ်ကူ ရိုးရှင်းတဲ့ နည်းလမ်းများနှင့် ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံသို့ ငွေလွှဲမည်ဆိုလျှင် အောက်ပါနည်းလမ်းများအတိုင်း လုပ်ဆောင်နိုင်ပါသည်။

  • Step 1: “Transfer” ကိုရွေးချယ်ပါ
  • Step 2: “International Transfer” ကိုထပ်မံရွေးချယ်ပါ
  • Step 3: နေရပ်လိပ်စာဖြည့်သွင်းပါ (ပထမဆုံးအကြိမ် အတွက်သာ)၊ ထို့နောက် “Next” ကိုနှိပ်ပါ
  • Step 4: “Myanmar” ကိုရွေးချယ်ပါ
  • Step 5: KBZPay Phone Number, လွှဲမည့်ပမာဏ နှင့် ငွေလွှဲခြင်း ရည်ရွယ်ချက် စသည့် အချက်အလက်များ ဖြည့်သွင်းပါ
  • Step 6: အချက်အလက်များကို အတည်ပြုစစ်ဆေးပါ၊ ထို့နောက် “Confirm” ကိုနှိပ်ပါ

မြန်မာနိုင်ငံရှိ ငွေလက်ခံသူများအနေဖြင့် K PLUS မှ လွှဲပို့ငွေများကို KBZPay ၏ Transaction Message (သို့) မှတ်တမ်းမှတစ်ဆင့် ဝင်ရောက်စစ်ဆေးနိုင်ပြီး KBZPay အကောင့်ထဲတွင် တစ်ရက်လျှင် အများဆုံး မြန်မာငွေကျပ် ၅,၀၀၀,၀၀၀ ထိ ငွေလွှဲ လက်ခံနိုင်ပါသည်။ ငွေလွှဲလက်ခံမည့် KBZPay အကောင့်သည် အဆင့် ၂ ( level 2 ) ရှိရန်လိုအပ်ပါသည်။

ငွေသား ထုတ်ယူဖို့အတွက် နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲများတွင်  သွားရောက်ထုတ်ယူနိုင်ပြီး  KBZPay စင်တာ၊ ATMစက်များနှင့် KBZPay အေးဂျင့်များထံတွင်လည်း သတ်မှတ်ထားသော ငွေသားထုတ်ယူမှု ပမာဏအတိုင်း ထုတ်ယူနိုင်မှာဖြစ်ပါသည်။

သတ်မှတ်ချက် နှင့် ဝန်ဆောင်ခများ

လုပ်ဆောင်မှုအမျိုးအစားလုပ်ဆောင်မှုပမာဏဝန်ဆောင်ခ
K PLUS မှ KBZPay သို့ ငွေလွှဲခြင်း အနည်းဆုံးပမာဏ ၁၀၀,၀၀၀ ကျပ် မှ အများဆုံးပမာဏ ၅,၀၀၀,၀၀၀ ကျပ်အထိ (တစ်ကြိမ်လျှင်)ဘတ် ၅၀ မှ ဘတ် ၂၅၀ အထိ (သတ်မှတ်ထားသည့် ငွေလွှဲပမာဏများအတိုင်း)
KBZPay အေးဂျင့်ထံတွင် ငွေထုတ်ခြင်းအများဆုံးပမာဏ ၁,၀၀၀,၀၀၀ ကျပ် (တစ်ရက်လျှင်)၃၀၀ ကျပ် မှ ၇,၈၀၀ ကျပ် အထိ (သတ်မှတ်ထားသည့် ငွေထုတ်ပမာဏအတိုင်းများအတိုင်း)
KBZPay စင်တာတွင် ငွေထုတ်ခြင်း အများဆုံးပမာဏ ၁,၀၀၀,၀၀၀ ကျပ် (တစ်ရက်လျှင်)၃၀၀ ကျပ် မှ ၇,၈၀၀ ကျပ် အထိ (သတ်မှတ်ထားသည့် ငွေထုတ်ပမာဏများအတိုင်း)
ကမ္ဘောဇဘဏ်ခွဲတွင် ငွေထုတ်ခြင်း အများဆုံးပမာဏ ၁,၀၀၀,၀၀၀ ကျပ် (တစ်ရက်လျှင်)၃၀၀ ကျပ် မှ ၇,၈၀၀ ကျပ် အထိ (သတ်မှတ်ထားသည့် ငွေထုတ်ပမာဏများအတိုင်း)
ATM မှ ငွေထုတ်ခြင်းအများဆုံးပမာဏ ၁,၀၀၀,၀၀၀ ကျပ် (တစ်ရက်လျှင်)၀-၃၀၀,၀၀၀ (အခမဲ့)၃၀၀,၀၀၁-၅၀၀,၀၀၀ (၀.၃%)၅၀၀,၀၀၁-၁,၀၀၀,၀၀၀ (၀.၅%)

ဝန်ဆောင်မှုအကြောင်း အသေးစိတ်သိရှိလိုပါက KBZPay Call Center 3211 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။ 

Mastercard၊ Visa ကတ်များဖြင့် KBZPay သို့ ငွေသွင်းပါ

KBZPay အဆင့် (၂) အသုံးပြုသူများအတွက် အခုဆိုရင် KBZPay မှာ  နှစ်သက်ရာ Visa/Mastercardများမှ (KBZ Visa/Mastercard မှ အပ) လွယ်ကူစွာ ငွေသွင်းနိုင်ကြောင်း သတင်းကောင်းပါးပါရစေ။ တစ်ရက်လျှင် ၁၀သိန်းကျပ်အထိ ငွေသွင်းနိုင်မှာဖြစ်ပြီး ငွေတစ်ခါသွင်းလျှင် အနည်းဆုံးပမာဏ ၃သောင်းကျပ်မှစတင်၍ အများဆုံး ပမာဏ ၃သိန်းကျပ်အထိ ငွေသွင်းနိုင်ပါပြီ။ 

ပထမဆုံး အသုံးပြုသူများအနေနှင့် “ကတ်ဖြင့် တစ်ကြိမ်ငွေသွင်းရန်” နှင့် “ကတ်အား ချိတ်ဆက်ပြီး ငွေသွင်းရန်” စသည့် နည်းလမ်း နှစ်မျိုးဖြင့် ငွေသွင်းနိုင်မှာဖြစ်ပါတယ်။   ကတ်၏ အချက်အလက်များကို မသိမ်းဆည်းထားပဲ လိုအပ်သည့်အချိန်မှ အသုံးပြုလိုသူများအနေနှင့် “ကတ်ဖြင့် တစ်ကြိမ်ငွေသွင်းရန်”ကို ရွေးချယ် ငွေသွင်းနိုင်ပါတယ်။ ကတ်၏ အချက်အလက်များကို တစ်ခါဖြည့်သွင်းပြီး နောက်ပိုင်းတွင် ထပ်မံဖြည့်သွင်းစရာမလိုပဲ OTPဖြင့်သာ လွယ်ကူစွာ ငွေသွင်းလိုသူများအနေနှင့် “ကတ်အား ချိတ်ဆက်ပြီး ငွေသွင်းရန်”ကို ရွေးချယ်ပြီး အချက်အလက်များ ဦးစွာဖြည့်သွင်းကာ ငွေသွင်းနိုင်ပါပြီ။ 

KBZPay ရဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တိုင်းမှာ ပါဝင်နိုင်ဖို့ နဲ့ ပိုမိုကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံအတွက် KBZPay Level 2 သို့ အဆင့်မြှင့်ပြီး သင့် KBZPay အက်ပလီကေးရှင်းကိုလည်း နောက်ဆုံးဗားရှင်းသို့မြှင့်တင်လိုက်ပါ။ iOS: https://apple.co/31igRU9
Android: https://bit.ly/3rTwa2J