City Mart, Marketplace နဲ့ Ocean Supercenter တွေမှာ KBZPay နဲ့ ရှင်းမယ်

KBZPay အသုံးပြုသူ Customer များအတွက် အောက်ပါ City Mart, Marketplace နဲ့ Ocean Supercenter တို့မှာ KBZPay နှင့် ငွေပေးချေနိုင်ပါပြီ။

  1. Golden Valley Marketplace
  2. 6.5 Miles Marketplace
  3. City Mart ရန်ကင်း
  4. City Mart သမိုင်း
  5. City Mart FMI
  6. မော်လမြိုင် Ocean
  7. Ocean တောင်ကြီး
  8. Ocean မင်္ဂလာမန္တလေး
  9. Ocean Diamond Plaza
  10. City Mart (၁၉လမ်း၊ မန္တလေး)
  11. City Mart Neighbourhood (တောင်ဥက္ကလာပ)
  12. City Mart (အောင်ဆန်း)
  13. City Mart ၄၇လမ်း
  14. Ocean ရွှေဂုံတိုင်
  15. City Mart မြေနီကုန်း
  16. Ocean နေပြည်တော် Junction စင်တာ
  17. Ocean ဥတ္တရသီရိ
  18. City Mart လှည်းတန်းစင်တာ 
  19. City Mart  Junction ဇဝန 
  20. City Mart  ရေကျော်
  21. City Mart အဝေးပြေး၊ ၀ မိုင်
  22. City Care ၁၅၃ လမ်း
  23. City Mart အင်းစိန်ဖော့ကန်
  24. City Mart ဒဂုံဆိပ်ကမ်းဆိုင်ခွဲ
  25. City Mart ရွှေပြည်သာဆိုင်ခွဲ
  26. Ocean မုံရွာ
  27. Ocean ပုသိမ်
  28. City Mart ကျန်စစ်မင်း လှိုင်သာယာ
  29. City Mart တောင်ဒဂုံ
  30. Ocean ၉ မိုင်
  31. Ocean လှိုင်သာယာ
  32. Marketplac မြန်မာပလာဇာ
  33. Marketplace Junction City 
  34. City Mart Junction Square
  35. City Mart ဝေဇယန္တာ
  36. City Mart Junction 8
  37. City Mart ဧရာဝဏ်
  38. Marketplace ကန်သာယာ
  39. City Mart ရွှေမိုးကောင်း
  40. City Mart မြောက်ဒဂုံ ၄၁
  41. Marketplace ဆူးလေ

ငွေပေးချေပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ငွေပေးချေရန် ပထမဦးစွာ KBZPay အက်ပလီကေးရှင်းသို့ ဝင်ရောက်ပါ။ ထို့နောက် “ Scan” ကို နှိပ်ပါ။
  • “ ပေးသည်” ကိုနှိပ်ပြီး “ အဆင်ပြေသည်” ကိုရွေးပါ။
  • ငွေပေးချေမည့် QR ကုတ်အား အရောင်းကောင်တာကိုပြပါ။
  • ထို့နောက် လျှို့ဝှက်နံပါတ်အား ရိုက်နှိပ်ပါ။
  • ဤနည်းလမ်းဖြင့် အရောင်းကောင်တာတွင် အောင်မြင်စွာ ငွေပေးချေနိုင်ပါသည်။

အခြား City Mart, Marketplace နှင့် Ocean များ၌ KBZPay နှင့် ငွေပေးချေနိုင်သည့်အခါတွင်လည်း KBZPay Official Account နှင့် KBZPay Official Website မှ ထပ်မံကြေညာပေးသွားမည်ဖြစ်ပါသည်။  

အသေးစိတ်ကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။ 

ပိုမိုလုံခြုံစိတ်ချရပြီး ပိုကောင်းတဲ့အတွေ့အကြုံအတွက် သင့် KBZPay ကိုနောက်ဆုံးအဆင့်သို့မြှင့်တင်လိုက်ပါ။
iOS: https://apple.co/31igRU9
Android : https://bit.ly/3rTwa2J

Appointment လုပ်စရာမလိုဘဲ ငွေသားထုတ်ယူနိုင်သော KBZPay စင်တာများ

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် KBZPay မှ Book Appointment ပြုလုပ်စရာမလိုဘဲ အောက်ပါ KBZPay စင်တာ (၅)ခုတွင် ငွေသားထုတ်ယူနိုင်ပါပြီ။ KBZPay အေးဂျင့်မှ ငွေထုတ်ယူခြင်းဝန်ဆောင်မှုကို တနင်္လာနေ့မှ စနေနေ့အထိ မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ KBZPay အကောင့်တစ်ခုမှ တစ်နေ့လျှင် ငွေသား ၃၀၀,၀၀၀ ကျပ် ကို သတ်မှတ်ထားသော အေးဂျင့်ဝန်ဆောင်ခဖြင့် ထုတ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ Customer များသည် ငွေသားထုတ်သောနေ့မှစပြီး ၇ရက်အကြာတွင် နောက်ထပ်တစ်ကြိမ် ငွေသားထုတ်ယူနိုင်မှာဖြစ်ပါတယ်။ 

၁။ KBZPay Center (နေပြည်တော်) – KBZ ဘဏ်ခွဲ (၅)၊ အမှတ် (၂၆၁၊ ၂၆၂၊ ၂၆၈၊၂၆၉)၊ ရာဇသင်္ဂလမ်း၊ သ​ပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ ​နေပြည်​တော်။

၂။ KBZPay Center (တောင်ကြီး) – အမှတ် (၁၈၂)၊ ရေထွက်ဦးလမ်း၊ ကန်(ရှေ့)ရပ်ကွက်၊ တောင်ကြီး။

၃။ KBZPay Center (မော်လမြိုင်) – အမှတ် (၄၁၇)၊ အောက်လမ်းမကြီး၊မရမ်းကုန်းရပ်ကွက်၊ မော်လမြိုင်။

၄။ KBZPay Center (ရန်ကုန်၊ လှိုင်သာယာ) – အမှတ် (၀၂)၊ မြေညီထပ်၊ တပင်ရွှေထီးနှင့် ညောင်တုန်းလမ်း၊ တပင်ရွှေထီးအိမ်ရာ၊ လှိုင်သာယာမြို့နယ်။

၅။ KBZPay Center (Sunny ရွှေကမ်းသာယာ) – အမှတ် (၉/၁၁)၊ ရွှေကမ်းသာယာအိမ်ရာ၊ ရန်ကုန် – ပုသိမ်လမ်းမကြီး၊ လှိုင်သာယာ။ထပ်မံဖွင့်လှစ်လိုက်သော မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာ နှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။

ရန်ကုန်နှင့် မန္တလေးရှိ KBZPay Center များတွင် အိမ်ရာချေးငွေဝန်ဆောင်မှု ရယူလိုက်ပါ

KBZPay အသုံးပြုသူ Customer များအတွက် ရန်ကုန်နှင့် မန္တလေးရှိ သတ်မှတ်ထားသော KBZPay Center များတွင် အိမ်ရာချေးငွေနှင့် ပတ်သက်သောဝန်ဆောင်မှုများကို ရယူနိုင်ပါပြီ။ Customer များအတွက် KBZPay Center မှ ဝန်ထမ်းများမှ အိမ်ရာချေးငွေနှင့် ပတ်သက်သော ဝန်ဆောင်မှုများကို ရှင်းပြသွားမှာဖြစ်ပါတယ်။

ဝန်ဆောင်မှုရယူနိုင်သော KBZPay Center များမှာ အောက်ပါအတိုင်းဖြစ်ပါတယ် –

KBZPay စင်တာ (Times City)နံပါတ် (၂၁၇), Shop house 2, Time City Complex, ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းထောင့်, ကမာရွတ်မြို့နယ်။
KBZPay စင်တာ  (မင်းရဲကျော်စွာဘဏ်ခွဲ)၂ လွှာ၊ မင်းရဲကျော်စွာလမ်း၊ (City Mall ဘေး)
KBZPay စင်တာ (စမ်းချောင်း ပဒုမ္မာ)နံပါတ် (၁၆၂)၊ RM A1၊ မြေညီထပ်၊ စမ်းချောင်းလမ်းနှင့် အနောက်မြေနီကုန်းလမ်းထောင့်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
KBZPay စင်တာ (လှည်းတန်း)နံပါတ် ၁၂၊ လှည်းတန်းလမ်း၊ ၃ ရပ်ကွက်၊ ကမာရွတ်မြို့နယ်။
KBZPay စင်တာ (တောင် ဥက္ကလာပဘဏ်ခွဲ)အမှတ် ၃၃၇၊ မြေညီထပ်၊ ရတနာလမ်း၊ ရန်ကုန်။
KBZPay စင်တာ (ရေကျော်ဘဏ်ခွဲ)အခန်း ၁၀၈၊ မြေညီထပ်၊ ဗိုလ်ချုပ်လမ်းနှင့် ရေကျော်လမ်းထောင့်၊ ၉ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်။
KBZPay စင်တာ (​ရွှေပြည့်စုံ ဘဏ်ခွဲ)အခန်း (A&B)၊ မြေညီထပ်၊ ရွှေပြည့်စုံစျေး (မင်္ဂလာစျေး)၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
KBZPay စင်တာ (အနော်ရထာ)နံပါတ် ၂၁၆၊ ၂၁၈၊ ၂၂၀၊ အနော်ရထာလမ်း၊ ၁၁ ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်။
KBZPay စင်တာ (ရွှေတောင်တန်း)နံပါတ် ၄၉၀၊ ကမ်းနားလမ်းနှင့် ရွှေတောင်တန်းလမ်းထောင့်၊ ၇ ရပ်ကွက်၊ လမ်းမတော်မြို့နယ်။
KBZPay စင်တာ (လှိုင်သာယာ)နံပါတ် ၀၂၊ မြေညီထပ်၊ တပင်ရွှေထီးနှင့် ညောင်တုန်းလမ်း၊ တပင်ရွှေထီးအိမ်ရာ၊ လှိုင်သာယာမြို့နယ်။
KBZPay စင်တာ (မန္တလေး 007) (MD05)လမ်း၃၀၊ ၆၄x၆၅ ကြား၊ ချမ်းအေးသာဇံမြို့နယ်။
KBZPay စင်တာ (မန္တလေး 008) (MD12)နံပါတ် F 9/91၊ မနော်ဟရီလမ်း၊ ၆၅x၆၆ကြား၊ မြို့သစ် ၂ ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
KBZPay စင်တာ (မန္တလေး 009) (MD39)၃၅လမ်း (၅၅x၅၆ ကြား) မဟာအောင်မြေမြို့နယ်။

မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာ နှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။

KBZPay ဗားရှင်းမြှင့်တင်ရန် သူငယ်ချင်းတွေကိုပါ ဖိတ်ခေါ်ပြီး ၁၀,၀၀၀ ကျပ်အထိ ဖုန်းဘေလ်လျှော့ဈေးကူပွန်တွေ ရယူလိုက်ပါ

KBZPay ရဲ့ ဝန်ဆောင်မှုအသစ်များနှင့် သတင်းအချက်အလက်အစုံကို ပိုမိုကျယ်ပြန့်စွာသိရှိအသုံးပြုနိုင်ရန်အတွက် သင်ကိုယ်တိုင်ဖြစ်စေ၊ သင်၏ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများကို KBZPay ဗားရှင်း ၅.၀ နှင့်အထက် မြှင့်တင်ရန်ဖိတ်ခေါ်ပြီး ၁၀,၀၀၀ ကျပ်အထိ ဖုန်းဘေလ်လျှော့ဈေးကူပွန်တွေ ရယူလိုက်ပါ။ 

အစီအစဉ်ကာလမှာ ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ ဖြစ်ပြီး KBZPay နောက်ဆုံးဗားရှင်းကို ကိုယ်တိုင်မြှင့်တင်ခြင်းဖြစ်စေ၊ သင့်ရဲ့ မိတ်ဆွေသူငယ်ချင်းများကို ဖိတ်ခေါ်ပြီးဖြစ်စေ ဖုန်းဘေလ်လျှော့ဈေးကူပွန်များ ရယူနိုင်ဖို့ အခုပဲ ဖိတ်ခေါ်လိုက်ပါ။ 
အစီအစဉ်အသေးစိတ်အား သိရှိရန် ဒီ လင့်ခ် ကိုနှိပ်ပါ။

KBZPay App ကို ရယူရန် –
Android Version: bit.ly/2RP3U0N
iOS Version: apple.co/31igRU9

KBZPay Center များအား သင်္ကြန် ပိတ်ရက်များအတွင်း ဖွင့်လှစ်ပေးထားပါတယ်

KBZPay အသုံးပြုသူ Customer များအတွက် အောက်ပါ KBZPay Center (၄)ခု တွင် သင်္ကြန် ပိတ်ရက်များဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ရက်နေ့မှ ၁၆ရက်နေ့ အတွင်း မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ ဖွင့်လှစ်ထားပါတယ်။ KBZPay အကောင့်တစ်ခုမှ ၃၀၀,၀၀၀ ကျပ် ငွေသားထုတ်ယူရန် Appointment ကို တစ်ရက်ကြိုတင်ပြီး ရယူနိုင်ပါတယ်။

  1. KBZPay စင်တာ (Times City) – နံပါတ် (၂၁၇), Shop house 2, Time City Complex, ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းထောင့်, ကမာရွတ်မြို့နယ်။
  2. KBZPay စင်တာ (မန္တလေး 007) (MD05) – လမ်း၃၀၊ ၆၄x၆၅ ကြား၊ ချမ်းအေးသာဇံမြို့နယ်။
  3. KBZPay စင်တာ (တောင်ကြီး) – နံပါတ် (၁၈၂)၊ ရေထွက်ဦးလမ်း၊ ကန်(ရှေ့)ရပ်ကွက်။
  4. KBZPay စင်တာ (နေပြည်တော်) – KBZ ဘဏ်ခွဲ (၅)၊ 261/262/268/269၊ ရာဇသင်္ဂလမ်း၊ သ​ပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ ​နေပြည်​တော်။

အောက်ပါဘဏ်ခွဲ KBZPay စင်တာ(၂)ခုတွင်လည်း ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ရက်နေ့မှ ၁၆ရက်နေ့ အတွင်း  book appointment ယူစရာမလိုဘဲ KBZPay အကောင့်တစ်ခုအတွက် ၂၀၀,၀၀၀ ကျပ်အား ထုတ်ယူနိုင်ပါသည်။ 

  • ငွေဆောင်ကမ်းခြေ ဘဏ်ခွဲ (နှစ်ထပ်ဆိုင်၊ မြို့အဝင်လမ်း။ အမှတ် ၂ ရပ်ကွက်၊ ဆင်ဖြူစျေး၊ ငွေဆောင်မြို့)
  • ချောင်းသာကမ်းခြေ ဘဏ်ခွဲ (ချောင်းသာ ပုသိမ်ကားလမ်း နှင့် ရွာသစ်ဘုန်းကြီးကျောင်း လမ်းထောင့်၊ ချောင်းသာမြို့)

မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာ နှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။

KBZPay Center များအား သင်္ကြန် ပိတ်ရက်များအတွင်း ဖွင့်လှစ်ပေးထားပါတယ်

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် KBZPay Center များကို သင်္ကြန် ပိတ်ရက်များအတွင်း ဖွင့်လှစ်ပေးထားပါတယ်။

KBZPay Center များအားလုံးတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၉ရက်နေ့မှ ၁၂ရက်နေ့အထိ နေ့စဉ် မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ ဝန်ဆောင်မှုများရယူနိုင်ပါသည်။ ရယူနိုင်သောဝန်ဆောင်မှုများမှာ

  • KBZPay သို့ ငွေသွင်းခြင်း
  • KBZPay အေးဂျင့်မှ ငွေထုတ်ခြင်း (appointment အား KBZPay book appointment မှ တစ်ရက်ကြိုတင်ယူရန် နှင့် ဝန်ဆောင်ခရှိနိုင်ပါသည်)
  • KBZPay အကောင့်ဖွင့်ခြင်း (ဘဏ်အကောင့်ဖြင့် ချိတ်ဆက်ခြင်း)
  • ကိုယ်ရေးအချက်အလက်များပြင်ဆင်ပေးခြင်း 

KBZPay အေးဂျင့်မှ ငွေထုတ်ခြင်း ဝန်ဆောင်မှုအားရယူနိုင်ရန် မိမိကိုယ်ပိုင် KBZPay account မှ ရယူထားသော Book Appointment Booking အတည်ပြုချက်ဖြင့်သာသတ်မှတ်ထားသော ငွေသားပမာဏ (KBZPay အကောင့်တစ်ခုမှ ၃၀၀,၀၀၀ ကျပ်) အား ကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ကြောင်း (ကိုယ်စားထုတ်ယူနိုင်မည်မဟုတ်ကြောင်း) ကိုလည်း ထပ်မံ အသိပေး အကြောင်းကြားအပ်ပါသည်။

ငွေသားထုတ်ယူရန် Appointment ကို တစ်ရက်ကြိုတင်ပြီး ရယူနိုင်ပါတယ်။မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာ နှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။

KBZPay Book Appointment မှ ငွေသားထုတ်ယူရန် booking အား တနင်္ဂနွေနေ့မှ သောကြာနေ့အထိ ရယူနိုင်ပါပြီ

Customer များသည် ဘဏ်ခွဲများနှင့် KBZPay Center များတွင် ငွေသားထုတ်ယူရန် Booking ပြုလုပ်ရာ၌ ပိုမိုအဆင်ပြေစေရန်  Booking များကို ဘဏ်ခွဲများအတွက် တနင်္ဂနွေနေ့မှ ကြာသပတေးနေ့အတွင်းလည်းကောင်း၊ KBZPay Center များအတွက် တနင်္ဂနွေနေ့မှ သောကြာနေ့အတွင်းလည်းကောင်း နံနက် ၉နာရီ မှ ည ၉နာရီအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ 

ဘဏ်ခွဲများနှင့် KBZPay Center များတွင် ငွေသားထုတ်ယူရန် booking များကို လာမည့်တနင်္ဂနွေနေ့ (၁၃.၃.၂၀၂၂) မှ စတင်၍ သတ်မှတ်ထားသည့်နေ့ရက်များအတွက် ရယူနိုင်ပါသည်။ 

အဆင့်မြှင့်တင်လိုက်သော Book Appointment ဝန်ဆောင်မှုအားအသုံးပြုပုံအဆင့်ဆင့်

  1. KBZPay အား login ဝင်ပြီး ပင်မစာမျက်နှာရှိ ‘ကျွန်ုပ်၏ဝန်ဆောင်မှုများ’ အောက်တွင် သို့မဟုတ် လူမှုဘဝဝန်ဆောင်မှု စာမျက်နှာရှိ ‘ငွေကြေးနှင့် ချေးငွေဝန်ဆောင်မှုများ’ အောက်တွင် ရှိသော ‘Book Appointment’ အားရွေးချယ်ပါ။
  2. မိမိငွေသားထုတ်ယူလိုသော ဝန်ဆောင်မှု နှင့် ပမာဏပေါ်မူတည်၍ KBZPay Center (သို့) ဘဏ်ခွဲအားရွေးချယ်ကာ အချက်အလက်များအား ဖြည့်သွင်းပါ။
  3. ငွေသားထုတ်ယူရန်  Appointment ရသောအခါ KBZPay SMS မက်ဆေ့မှတစ်ဆင့် အကြောင်းကြားမည်ဖြစ်ပြီး Customer များအနေဖြင့်လည်း Booking အခြေအနေကို ထို booking တင်သောနေ့၏ ည 10 နောက်ပိုင်း တွင် KBZPay အပ်ပလီကေးရှင်းထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
  4. Customer များသည်  ဘဏ်တွင် အများဆုံး 500,000 ကျပ် အထိ ငွေသားထုတ်ယူနိုင်ပြီး KBZPay Center များတွင် အများဆုံး 300,000 ကျပ် အထိ ထုတ်ယူနိုင်ပါသည်။
  5. ငွေသားထုတ်ယူရန် Booking အား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ဘဏ်များတွင်လည်းကောင်း၊ KBZPay Center တည်ရှိသောနေရာများတွင်လည်းကောင်း Booking ရယူနိုင်မည်ဖြစ်ပါသည်။
  6. ငွေသားထုတ်ယူရန် booking ရရှိသော customer များသည် ငွေသားထုတ်ယူသည့် ရက်မှ ၇ ရက်အကြာတွင် ပြန်လည် booking တင်နိုင်မည်ဖြစ်ပါသည်။ အပါတ်စဉ် ငွေသားထုတ်ယူရန် booking ရရှိသော customer များသည် ငွေသားအား အပါတ်စဉ်ထုတ်ယူနိုင်မည့် အခွင့်အရေးရရှိနိုင်မည် ဖြစ်ပါသည်။
ဝန်ဆောင်မှုများဘဏ် နှင့် AppointmentKBZPay Center Appointment
Booking ပြုလုပ်နိုင်သော နေ့ရက်နှင့် အချိန်များတနင်္ဂနွေနေ့မှ ကြာသပတေးနေ့
(နံနက် ၉ နာရီ မှ ည ၉ နာရီ)
တနင်္ဂနွေနေ့မှ သောကြာနေ့ 
(နံနက် ၉ နာရီ မှ ည ၉ နာရီ)
ငွေထုတ်ယူနိုင်သောပမာဏအများဆုံး 500,000 ကျပ် အထိအများဆုံး 300,000 MMK အထိ

အမေးများသော မေးခွန်းများအား သိရှိရန် ဤနေရာ ကိုနှိပ်ပါ။

ပိုမို သိရှိလိုပါက KBZPay Call Center နံပါတ် 3211 ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

“KBZPay အကောင့်လုံခြုံရေးအတွက် သင်ဘာတွေသိထားပြီးပြီလဲ”

KBZPay အကောင့်လုံခြုံရေးအတွက် သင်ဘာတွေသိထားပြီးပြီလဲဆိုတဲ့ အစီအစဉ်ကနေ မေးခွန်းလေးတွေဖြေပြီး လျှော့စျေးကူပွန်ရယူလိုက်ပါ။

အစီအစဉ်ကာလကတော့ မတ်လ ၄ရက်နေ့မှ ၁၇ရက်နေ့ အထိဖြစ်ပါတယ်။ KBZPay အသုံးပြုသူ Customer များအနေနဲ့ KBZPay အပ်ပလီကေးရှင်းရှိ KBZPay Official Account (သို့) အစီအစဉ်ရဲ့ ပင်မစာမျက်နှာ (သို့) အခြားသူများရဲ့ အဖြေများကိုနှိပ်ကာ မေးခွန်း ၅ခု ဖြေဆိုရမှာဖြစ်ပြီး အဖြေအားလုံးမှန်ကန်ပါက လျှော့စျေးကူပွန်ကို KBZPay အပ်ပလီကေးရှင်းမှာ ရယူနိုင်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာပါဝင်ဖို့ မိမိမိုဘိုင်းဖုန်းမှာ KBZPay အပ်ပလီကေးရှင်း 5.0 version နှင့်အထက် ရှိရမှာဖြစ်ပါတယ်။ 

အစီအစဉ်မှာ ပါဝင်နိုင်ဖို့ အခုပဲ KBZPay Official Account ကို ဝင်ကြည့်လိုက်တော့နော်။ စည်းကမ်းသတ်မှတ်ချက်များကို ကြည့်ရှုရန် ဒီ လင့်ခ် ကို နှိပ်ပါ။

ပိုမိုလုံခြုံစိတ်ချရပြီး ပိုကောင်းတဲ့အတွေ့အကြုံအတွက် သင့် KBZPay ကိုနောက်ဆုံးအဆင့်သို့မြှင့်တင်လိုက်ပါ။
iOS: https://apple.co/31igRU9
Android: https://bit.ly/3rTwa2J

မြန်မာနိုင်ငံရှိ KBZPay Center များမှထုတ်ယူနိုင်သော ငွေသားပမာဏ

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် KBZPay Center များအားလုံးတွင် နေ့စဉ် မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ ဝန်ဆောင်မှုများရယူနိုင်ပါသည်။ KBZPay Center များအားလုံးတွင် KBZPay အေးဂျင့်မှငွေထုတ်ယူခြင်း ဝန်ဆောင်မှုအား KBZPay အကောင့်တစ်ခုမှ ၃၀၀,၀၀၀ ကျပ် ဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ရက်မှ စတင်၍ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။

KBZPay အေးဂျင့်မှ ငွေထုတ်ခြင်း ဝန်ဆောင်မှုအားရယူနိုင်ရန် မိမိကိုယ်ပိုင် KBZPay account မှ ရယူထားသော Book Appointment Booking (KBZPay အေးဂျင့်မှငွေထုတ်ခြင်း) အတည်ပြုချက်ဖြင့်သာသတ်မှတ်ထားသော ငွေသားပမာဏ (KBZPay အကောင့်တစ်ခုမှ ၃၀၀,၀၀၀ ကျပ်) အား သတ်မှတ် ထားသော အေးဂျင့်  ဝန်ဆောင်ခ (ကျပ်၂,၄၀၀) ပေးဆောင်၍ ကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ကြောင်း (ကိုယ်စားထုတ်ယူနိုင်မည်မဟုတ်ကြောင်း) ကိုလည်း ထပ်မံ အသိပေး အကြောင်းကြားအပ်ပါသည်။

မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာ နှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။

KBZPay App ကို ရယူရန် –
Android Version: http://bit.ly/2RP3U0N
iOS Version: https://apple.co/31igRU9

ရန်ကုန်မြို့တွင် တိုးချဲ့ဖွင့်လှစ်လိုက်သော KBZPay Center များ

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် ရန်ကုန်မြို့တွင် KBZPay Center အသစ်များအား အောက်ပါ နေရာများတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ပါပြီ။

၁။ နံပါတ် ၉၅၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်း၊ ဂမုန်းပွင့်အရှေ့၊ စံရိပ်ငြိမ်ရပ်ကွက် (၁)၊ ကမာရွတ်မြို့နယ်။

၂။ ၃၃/၄၉၊ မဟာဗန္ဓုလပန်းခြံလမ်း​၊ ၂ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်။

၃။ ၂၀၆၊ ကျိုက္ကဆံလမ်း၊ ကျားကွက်သစ်ရပ်ကွက်၊ တာမွေမြို့နယ်။ (ကျောက်မြောင်းဈေး ကားမှတ်တိုင် အနီး)

၄။ ၅၄၊ လေးထောင့်ကန်လမ်း၊ လေးထောင့်ကန်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်။

KBZPay Center များအားလုံးတွင် နေ့စဉ် မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ ဝန်ဆောင်မှုများရယူနိုင်ပါသည်။ ရယူနိုင်သောဝန်ဆောင်မှုများမှာ

  • KBZPay သို့ ငွေသွင်းခြင်း
  • KBZPay အေးဂျင့် မှ ငွေထုတ်ခြင်း (တနင်္လာနေ့မှ စနေနေ့အထိသာ) ( appointment အား KBZPay Book appointment အား ကြိုတင်ယူရန် နှင့် ဝန်ဆောင်ခရှိနိုင်ပါသည်)
  • KBZPay အကောင့်ဖွင့်ခြင်း (ဘဏ်အကောင့်ဖြင့် ချိတ်ဆက်ခြင်း)
  • ကိုယ်ရေးအချက်အလက်များပြင်ဆင်ပေးခြင်း 

KBZPay အေးဂျင့်မှ ငွေထုတ်ခြင်း ဝန်ဆောင်မှုအားရယူနိုင်ရန် မိမိကိုယ်ပိုင် KBZPay account မှ ရယူထားသော Book Appointment Booking အတည်ပြုချက်ဖြင့်သာသတ်မှတ်ထားသော ငွေသားပမာဏ (KBZPay အကောင့်တစ်ခုမှ ၂၀၀,၀၀၀ ကျပ်) အား ကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ကြောင်း (ကိုယ်စားထုတ်ယူနိုင်မည်မဟုတ်ကြောင်း) ကိုလည်း ထပ်မံ အသိပေး အကြောင်းကြားအပ်ပါသည်။မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာ နှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။