KBZPay  ကြိုတင်လစာဖြင့် လစာရဲ့ ၅၀ %အထိ လမကုန်ခင်လစာထုတ်ယူနိုင်ပါပြီ

ကမ္ဘောဇဘဏ် Payroll Customer များ၏ ဝန်ထမ်းများ လမကုန်ခင် လစာထုတ်ယူနိုင်သော “ကြိုတင်လစာ” ဝန်ဆောင်မှုအား မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။ KBZPay ကြိုတင်လစာအား PayAdvance အသုံးပြုရန်သဘောတူညီမှုရရှိထားသော Company မှဝန်ထမ်းတိုင်း အသုံးပြုနိုင်မည်ဖြစ်ပြီး လတိုင်း၏ 16 ရက်နေ့မှစတင်၍ ဝန်ထမ်းများမှ လျောက်ထားရယူနိုင်မည်ဖြစ်ပါသည်။ 

ကြိုတင်လစာသည် လကုန်ရက်မရောက်ခင် ဝန်ထမ်းများ ကြုံတွေ့လေ့ရှိသော အရေးပေါ်ငွေကြေးလိုအပ်မှုအား ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး လစာ၏ ၅၀ရာခိုင်နှုန်း အများဆုံး ၅သိန်းကျပ်အထိ ထုတ်ယူနိုင်မှာဖြစ်ပါသည်။

KBZPay ကြိုတင်လစာအား KBZPay အက်ပလီကေးရှင်း၏ ငွေကြေးနှင့်ချေးငွေဝန်ဆောင်မှုများ ရှိ ‘ကြိုတင်လစာ’ မှတစ်ဆင့် ရယူနိုင်မည်ဖြစ်ပြီး မိမိရယူလိုသော ကြိုတင်လစာအတွက် ဝန်ဆောင်ခ ၅၀၀ ကျပ် ကျသင့်မည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက KBZPay Call Center 3211 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ပိုမိုနားလည်သိရှိနိုင်ရန် မေးလေ့မေးထရှိသော မေးခွန်းများကို ဝင်ရောက်လေ့လာနိုင်ရန် ဒီနေရာကို နှိပ်ပါ။

KBZPay နဲ့ MOBILE LEGENDS ဒိုင်းမွန်းတွေတွေ ဘယ်လို ဝယ်ယူပုံ 

https://www.youtube.com/shorts/-voLkkTe2kM

Step 1: ပထမ ဦးစွာ KBZPay App ထဲသို့ ဝင်ပြီး လက်ဆောင်ကဒ် လုပ် ဆောင်မှု ကိုနှိပ်ပါ။

Step 2: “လက်ဆောင်ကဒ်” လုပ်ဆောင်မှု ထဲ မှ Mobile Legends: Bang Bang ကိုရွေး ချယ်ပါ။

Step 3: Mobile Legends: Bang Bang ထဲတွင် အသုံးပြုသူ၏ ကိုယ်ပိုင် နံပါတ် နှင့် Zone နံပါတ်ကို ဖြည့်ပေးပါ။

Step 4: မိမိကြိုက်နှစ်သက်ရာ ပမာဏ ကို ရွေးချယ်ပြီး “ ငွေပေးချေမည်” ကို နှိပ်ပါ။

Step 5: မိမိ၏ ကိုယ်ပိုင် လျှို့ဝှက်နံပါတ် ကို ထည့်ပေးပါ။

Step 6: ဝယ်ယူမှု ပြီးမြောက်ပါပြီ။

Grab မှာ မုန့်မှာပြီး KBZPay နဲ့ ရှင်းမယ်

ရန်ကုန် နဲ့ မန္တလေး မှာ ရှိတဲ့ KBZPay အသုံးပြုတဲ့သူတွေ အနေနဲ့ ဇွန်လ (၁၇) ရက်နေ့ ကနေစတင်ပြီးတော့ Grab ကနေ မုန့်မှာပြီး KBZPay နဲ့ ငွေပေးချေနိုင်တော့မှာ ဖြစ်ပါတယ်။ 

KBZPay နဲ့ ပေးချေနိုင်ဖို့ လုပ်ဆောင်ရမှာကတော့ 
အဆင့် (၁) စားစရာမှာဖို့ Food ပုံကို နှိပ်ပါ။
အဆင့် (၂) မိမိအကြိုက်စားသောက်ဆိုင်ကိုရှာပြီး မှာချင်တဲ့ စားစရာတွေကို Add to Basket ကို နှိပ်ပြီးမှာပါ။
အဆင့် (၃) ငွေပေးချေမှုကို Cash သာ ရွေးပါ။
အဆင့် (၄) Place Order ကို နှိပ်ပါ။ 
အဆင့် (၅) အစားအသောက်ပို့ဆောင်သူထံမှ KBZPay QR Code ကို ဖတ်ပြီး ငွေပေးချေလိုက်ပါ။

အစားအသောက်လာပို့တဲ့ Grab Rider တွေ အကုန်လုံးမှာ KBZPay QR Code တွေ ပါလာမှာ ဖြစ်တဲ့အတွက် Grab Rider တွေဆီက QR Code ကို scan ဖတ်ပြီး ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက် မှာ ယူတဲ့ အချိန်မှာ ငွေသားကိုင်ဆောင်စရာ မလိုတော့သလို ငွေပြန်အမ်းရတဲ့ အခက်အခဲကိုလည်း ဖြေရှင်းပြီးသား ဖြစ်ပါတယ်။ 

မြန်မာတစ်နိုင်ငံလုံးရှိ KBZPay Customer များကို ပြီးပြည့်စုံတဲ့ ကျန်းမားရေး စောင့်ရှောက်မှုပေးသွားမယ့် My-Medicine 

ပြီးပြည့်စုံတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ပေးအပ်နေတဲ့ My-Medicine အွန်လိုင်းကျန်းမာရေး စောင့်ရှောက်မှုကို ဇွန်လ ၈ ရက်နေ့မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ KBZPay အသုံးပြုသူများ မှ စတင် အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ 

ဒါ့အပြင် KBZPay အတွင်းရှိ My-Medicine မှာ ဇွန်လ ၈ ရက်နေ့ မှ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း ပထမဆုံး အကြိမ် အဖြစ် စာရင်းပေးသွင်းပြီး အထွေထွေရောဂါကုဆရာဝန်ဖြင့် ရက်ချိန်းရယူသည့် ပထမဦးဆုံး  အယောက် (၃၀၀) အား အခမဲ့ (၁) ကြိမ် တိုင်ပင် ဆွေးနွေးခွင့် အသီးအသီးကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ 

အထွေထွေရောဂါကု ဆရာဝန် များဖြင့် အခမဲ့ (၁) ကြိမ် တိုင်ပင်ဆွေးနွေးခွင့်ရဖို့ KBZPay Level 1.5 နှင့် အထက်သို့ အဆင့်မြင့်တင်ထားရန်လိုအပ်ပြီး မိမိ  တိုင်ပင်ဆွေးနွေးလိုတဲ့ အထွေအထွေရောဂါကု ဆရာဝန် နှင့် ရက်ချိန်းရယူကာ အခမဲ့ တိုင်ပင် ဆွေနွေးခွင့် (၁) ကြိမ် ကို ရယူနိုင်မှာ ဖြစ်ပါတယ်။ 

ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ရယူရန် ယခု လင့်ခ့် အား နှိပ်ပါ။ 

KBZPay Application အား အဆင့်မြှင့်တင်ရန်အတွက် အောက်ဖော်ပြပါ လင့်ခ့်များအား နှိပ်ပါ။ 
iOS: https://apple.co/31igRU9
Android : https://bit.ly/3rTwa2J

My-Medicine အကြောင်း သိရှိမေးမြန်းလိုပါက 09 779995588 နှင့် KBZPay ဝန်ဆောင်မှုများအတွက် 3211  ကို ဆက်သွယ်နိုင်ပါတယ်

KBZPay Application ကနေ ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ရယူလိုက်ပါ

ပြောင်းလဲလာတဲ့ ကျန်းမာရေး လိုအပ်ချက်တွေနဲ့ အညီ ထိုင်ရာကမထ မိမိအိမ်ထဲမှတင် ကျန်းမာရေးအတွက် ဆွေးနွေးစောင့်ရှောက်မှုရယူနိုင်ပြီး ငွေပေးချေမှု အပိုင်းမှာလည်း KBZPay ဖြင့် လွယ်ကူအဆင်ပြေစွာ ပေးချေနိုင်မည့် အွန်လိုင်းကျန်းမာရေး စောင့်ရှောက်မှု တစ်ခုဖြစ်တဲ့ “My-Medicine” အား မေလ ၁၇ ရက်နေ့မှ စတင်ပြီး KBZPay Application အတွင်းမှာ စတင်အသုံးပြုနိုင်နေပြီဖြစ်ပါသည်။ 

My-Medicine သည် မြန်မာနိုင်ငံရှိ သုံးစွဲသူများကို ယုံကြည်စိတ်ချရပြီး လွယ်ကူသက်သာသည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေး နယ်ပယ်အတွင်းမှ အတွေ့အကြုံ ရင့်ကျက်သည့် ဆရာဝန်များ နှင့် ဝန်ထမ်းများ ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် အွန်လိုင်း ကျန်းမာရေး ဝန်ဆောင်မှု အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ 

My-Medicine ၏ လက်ရှိ ပေးအပ်နေသည့် ဝန်ဆောင်မှုများမှာ 

  • အထွေထွေဆရာဝန်များဖြင့် ကျန်းမာရေးဆွေးနွေးနိုင်ခြင်း 
  • မြန်မာနိုင်ငံ၏ နာမည်ကြီး အထူးကုဆရာဝန်များဖြင့် ကျန်းမာရေးဆွေးနွေးနိုင်ခြင်း 
  • My-Medicine ၏ In-House အထွေထွေဆရာဝန်များဖြင့် အချိန်တိုအတွင်း ကျန်းမာရေးဆွေးနွေးနိုင်ခြင်း 
  • ဆေးဝါး နှင့် ဝန်ဆောင်မှုများအကြောင်းကို မနက် ၉ မှ ည ၁၂ အထိ ဖြေရှင်းပေးမည့် ဆေးဝါးအထူးကျွမ်းကျင်ပညာရှင်များမှ အသင့်ရှိနေခြင်း 
  • ကျန်းမာရေးစောင့်လျှောက်မှုများ အပြီး လိုအပ်သည့် ဆေးဝါးများကို အလွယ်တကူအွန်လိုင်းမှ ဝယ်ယူနိုင်ခြင်း အစရှိသည်တို့ဖြစ်ပါသည်။

လက်ရှိတွင် ရန်ကုန် နှင့် မန္တလေးမြို့ရှိ KBZPay အသုံးပြုသူများသာ My-Medicine ၏ ဝန်ဆောင်မှုများ အား အသုံးပြုနိုင်ဦးမှာ ဖြစ်သော်လည်း မကြာမီအချိန်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ KBZPay အသုံးပြုသူများမှ အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။ 

My-Medicine ၏ ဝန်ဆောင်မှုကို ရယူနိုင်ရန်အတွက်  KBZPay Application အား နောက်ဆုံးလယ်ဗယ်သို့ အဆင့်မြှင့်တင်ထားရန် လိုအပ်ပါသည်။ KBZPay Application အား အဆင့်မြှင့်တင်ရန်အတွက် အောက်ဖော်ပြပါ လင့်ခ့်များအား နှိပ်ပါ။ 
iOS: https://apple.co/31igRU9
Android : https://bit.ly/3rTwa2J

My-Medicine နှင့် ပတ်သတ်သည့် အကြောင်းအရာများကို မေးမြန်းနိုင်ရန်အတွက် 09 779995588 ကို ဆက်သွယ်နိုင်ပါသည်။  KBZPay နှင့် ပတ်သက်သည့် အကြောင်းအရာများကို မေးမြန်းနိုင်ရန်အတွက် 3211 ကို ဆက်သွယ်နိုင်ပါသည်။

KBZPay စင်တာများတွင် Appointment ပြုလုပ်စရာမလိုဘဲ ငွေသားထုတ်ယူနိုင်ပါပြီ

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် Book Appointment ပြုလုပ်စရာမလိုဘဲ KBZPay စင်တာများအားလုံးတွင် ၂၀၂၂ခုနှစ် မေလ ၁၆ရက်နေ့မှစ၍ ငွေသားထုတ်ယူနိုင်ပါပြီ။ KBZPay အေးဂျင့်မှ ငွေထုတ်ယူခြင်းဝန်ဆောင်မှုကို တနင်္လာနေ့မှ စနေနေ့ မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ (ဇွန်လ ၁ရက်နေ့မှစ၍ မနက် ၉နာရီမှ ညနေ ၅နာရီအထိ ဖွင့်လှစ်သွားပါမည်) KBZPay အကောင့်တစ်ခုမှ တစ်နေ့လျှင် ငွေသား ၃၀၀,၀၀၀ ကျပ် ကို သတ်မှတ်ထားသော အေးဂျင့်ဝန်ဆောင်ခဖြင့် ထုတ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ Customer များသည် ငွေသားထုတ်သောနေ့မှစပြီး ၇ရက်အကြာတွင် နောက်ထပ်တစ်ကြိမ် ငွေသားထုတ်ယူနိုင်မှာဖြစ်ပါသည်။ 

မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာနှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။

KBZPay app ကိုရယူရန်
iOS: https://apple.co/31igRU9
Android : https://bit.ly/3rTwa2J

City Mart, Marketplace နဲ့ Ocean Supercenter တွေမှာ KBZPay နဲ့ ရှင်းမယ်

KBZPay အသုံးပြုသူ Customer များအတွက် အောက်ပါ City Mart, Marketplace နဲ့ Ocean Supercenter တို့မှာ KBZPay နှင့် ငွေပေးချေနိုင်ပါပြီ။

  1. Golden Valley Marketplace
  2. 6.5 Miles Marketplace
  3. City Mart ရန်ကင်း
  4. City Mart သမိုင်း
  5. City Mart FMI
  6. မော်လမြိုင် Ocean
  7. Ocean တောင်ကြီး
  8. Ocean မင်္ဂလာမန္တလေး
  9. Ocean Diamond Plaza
  10. City Mart (၁၉လမ်း၊ မန္တလေး)
  11. City Mart Neighbourhood (တောင်ဥက္ကလာပ)
  12. City Mart (အောင်ဆန်း)
  13. City Mart ၄၇လမ်း
  14. Ocean ရွှေဂုံတိုင်
  15. City Mart မြေနီကုန်း
  16. Ocean နေပြည်တော် Junction စင်တာ
  17. Ocean ဥတ္တရသီရိ
  18. City Mart လှည်းတန်းစင်တာ 
  19. City Mart  Junction ဇဝန 
  20. City Mart  ရေကျော်
  21. City Mart အဝေးပြေး၊ ၀ မိုင်
  22. City Care ၁၅၃ လမ်း
  23. City Mart အင်းစိန်ဖော့ကန်
  24. City Mart ဒဂုံဆိပ်ကမ်းဆိုင်ခွဲ
  25. City Mart ရွှေပြည်သာဆိုင်ခွဲ
  26. Ocean မုံရွာ
  27. Ocean ပုသိမ်
  28. City Mart ကျန်စစ်မင်း လှိုင်သာယာ
  29. City Mart တောင်ဒဂုံ
  30. Ocean ၉ မိုင်
  31. Ocean လှိုင်သာယာ
  32. Marketplac မြန်မာပလာဇာ
  33. Marketplace Junction City 
  34. City Mart Junction Square
  35. City Mart ဝေဇယန္တာ
  36. City Mart Junction 8
  37. City Mart ဧရာဝဏ်
  38. Marketplace ကန်သာယာ
  39. City Mart ရွှေမိုးကောင်း
  40. City Mart မြောက်ဒဂုံ ၄၁
  41. Marketplace ဆူးလေ

ငွေပေးချေပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ငွေပေးချေရန် ပထမဦးစွာ KBZPay အက်ပလီကေးရှင်းသို့ ဝင်ရောက်ပါ။ ထို့နောက် “ Scan” ကို နှိပ်ပါ။
  • “ ပေးသည်” ကိုနှိပ်ပြီး “ အဆင်ပြေသည်” ကိုရွေးပါ။
  • ငွေပေးချေမည့် QR ကုတ်အား အရောင်းကောင်တာကိုပြပါ။
  • ထို့နောက် လျှို့ဝှက်နံပါတ်အား ရိုက်နှိပ်ပါ။
  • ဤနည်းလမ်းဖြင့် အရောင်းကောင်တာတွင် အောင်မြင်စွာ ငွေပေးချေနိုင်ပါသည်။

အခြား City Mart, Marketplace နှင့် Ocean များ၌ KBZPay နှင့် ငွေပေးချေနိုင်သည့်အခါတွင်လည်း KBZPay Official Account နှင့် KBZPay Official Website မှ ထပ်မံကြေညာပေးသွားမည်ဖြစ်ပါသည်။  

အသေးစိတ်ကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။ 

ပိုမိုလုံခြုံစိတ်ချရပြီး ပိုကောင်းတဲ့အတွေ့အကြုံအတွက် သင့် KBZPay ကိုနောက်ဆုံးအဆင့်သို့မြှင့်တင်လိုက်ပါ။
iOS: https://apple.co/31igRU9
Android : https://bit.ly/3rTwa2J

Appointment လုပ်စရာမလိုဘဲ ငွေသားထုတ်ယူနိုင်သော KBZPay စင်တာများ

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် KBZPay မှ Book Appointment ပြုလုပ်စရာမလိုဘဲ အောက်ပါ KBZPay စင်တာ (၅)ခုတွင် ငွေသားထုတ်ယူနိုင်ပါပြီ။ KBZPay အေးဂျင့်မှ ငွေထုတ်ယူခြင်းဝန်ဆောင်မှုကို တနင်္လာနေ့မှ စနေနေ့အထိ မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ KBZPay အကောင့်တစ်ခုမှ တစ်နေ့လျှင် ငွေသား ၃၀၀,၀၀၀ ကျပ် ကို သတ်မှတ်ထားသော အေးဂျင့်ဝန်ဆောင်ခဖြင့် ထုတ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ Customer များသည် ငွေသားထုတ်သောနေ့မှစပြီး ၇ရက်အကြာတွင် နောက်ထပ်တစ်ကြိမ် ငွေသားထုတ်ယူနိုင်မှာဖြစ်ပါတယ်။ 

၁။ KBZPay Center (နေပြည်တော်) – KBZ ဘဏ်ခွဲ (၅)၊ အမှတ် (၂၆၁၊ ၂၆၂၊ ၂၆၈၊၂၆၉)၊ ရာဇသင်္ဂလမ်း၊ သ​ပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ ​နေပြည်​တော်။

၂။ KBZPay Center (တောင်ကြီး) – အမှတ် (၁၈၂)၊ ရေထွက်ဦးလမ်း၊ ကန်(ရှေ့)ရပ်ကွက်၊ တောင်ကြီး။

၃။ KBZPay Center (မော်လမြိုင်) – အမှတ် (၄၁၇)၊ အောက်လမ်းမကြီး၊မရမ်းကုန်းရပ်ကွက်၊ မော်လမြိုင်။

၄။ KBZPay Center (ရန်ကုန်၊ လှိုင်သာယာ) – အမှတ် (၀၂)၊ မြေညီထပ်၊ တပင်ရွှေထီးနှင့် ညောင်တုန်းလမ်း၊ တပင်ရွှေထီးအိမ်ရာ၊ လှိုင်သာယာမြို့နယ်။

၅။ KBZPay Center (Sunny ရွှေကမ်းသာယာ) – အမှတ် (၉/၁၁)၊ ရွှေကမ်းသာယာအိမ်ရာ၊ ရန်ကုန် – ပုသိမ်လမ်းမကြီး၊ လှိုင်သာယာ။ထပ်မံဖွင့်လှစ်လိုက်သော မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာ နှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။

ရန်ကုန်နှင့် မန္တလေးရှိ KBZPay Center များတွင် အိမ်ရာချေးငွေဝန်ဆောင်မှု ရယူလိုက်ပါ

KBZPay အသုံးပြုသူ Customer များအတွက် ရန်ကုန်နှင့် မန္တလေးရှိ သတ်မှတ်ထားသော KBZPay Center များတွင် အိမ်ရာချေးငွေနှင့် ပတ်သက်သောဝန်ဆောင်မှုများကို ရယူနိုင်ပါပြီ။ Customer များအတွက် KBZPay Center မှ ဝန်ထမ်းများမှ အိမ်ရာချေးငွေနှင့် ပတ်သက်သော ဝန်ဆောင်မှုများကို ရှင်းပြသွားမှာဖြစ်ပါတယ်။

ဝန်ဆောင်မှုရယူနိုင်သော KBZPay Center များမှာ အောက်ပါအတိုင်းဖြစ်ပါတယ် –

KBZPay စင်တာ (Times City)နံပါတ် (၂၁၇), Shop house 2, Time City Complex, ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းထောင့်, ကမာရွတ်မြို့နယ်။
KBZPay စင်တာ  (မင်းရဲကျော်စွာဘဏ်ခွဲ)၂ လွှာ၊ မင်းရဲကျော်စွာလမ်း၊ (City Mall ဘေး)
KBZPay စင်တာ (စမ်းချောင်း ပဒုမ္မာ)နံပါတ် (၁၆၂)၊ RM A1၊ မြေညီထပ်၊ စမ်းချောင်းလမ်းနှင့် အနောက်မြေနီကုန်းလမ်းထောင့်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
KBZPay စင်တာ (လှည်းတန်း)နံပါတ် ၁၂၊ လှည်းတန်းလမ်း၊ ၃ ရပ်ကွက်၊ ကမာရွတ်မြို့နယ်။
KBZPay စင်တာ (တောင် ဥက္ကလာပဘဏ်ခွဲ)အမှတ် ၃၃၇၊ မြေညီထပ်၊ ရတနာလမ်း၊ ရန်ကုန်။
KBZPay စင်တာ (ရေကျော်ဘဏ်ခွဲ)အခန်း ၁၀၈၊ မြေညီထပ်၊ ဗိုလ်ချုပ်လမ်းနှင့် ရေကျော်လမ်းထောင့်၊ ၉ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်။
KBZPay စင်တာ (​ရွှေပြည့်စုံ ဘဏ်ခွဲ)အခန်း (A&B)၊ မြေညီထပ်၊ ရွှေပြည့်စုံစျေး (မင်္ဂလာစျေး)၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
KBZPay စင်တာ (အနော်ရထာ)နံပါတ် ၂၁၆၊ ၂၁၈၊ ၂၂၀၊ အနော်ရထာလမ်း၊ ၁၁ ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်။
KBZPay စင်တာ (ရွှေတောင်တန်း)နံပါတ် ၄၉၀၊ ကမ်းနားလမ်းနှင့် ရွှေတောင်တန်းလမ်းထောင့်၊ ၇ ရပ်ကွက်၊ လမ်းမတော်မြို့နယ်။
KBZPay စင်တာ (လှိုင်သာယာ)နံပါတ် ၀၂၊ မြေညီထပ်၊ တပင်ရွှေထီးနှင့် ညောင်တုန်းလမ်း၊ တပင်ရွှေထီးအိမ်ရာ၊ လှိုင်သာယာမြို့နယ်။
KBZPay စင်တာ (မန္တလေး 007) (MD05)လမ်း၃၀၊ ၆၄x၆၅ ကြား၊ ချမ်းအေးသာဇံမြို့နယ်။
KBZPay စင်တာ (မန္တလေး 008) (MD12)နံပါတ် F 9/91၊ မနော်ဟရီလမ်း၊ ၆၅x၆၆ကြား၊ မြို့သစ် ၂ ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
KBZPay စင်တာ (မန္တလေး 009) (MD39)၃၅လမ်း (၅၅x၅၆ ကြား) မဟာအောင်မြေမြို့နယ်။

မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာ နှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။

KBZPay ဗားရှင်းမြှင့်တင်ရန် သူငယ်ချင်းတွေကိုပါ ဖိတ်ခေါ်ပြီး ၁၀,၀၀၀ ကျပ်အထိ ဖုန်းဘေလ်လျှော့ဈေးကူပွန်တွေ ရယူလိုက်ပါ

KBZPay ရဲ့ ဝန်ဆောင်မှုအသစ်များနှင့် သတင်းအချက်အလက်အစုံကို ပိုမိုကျယ်ပြန့်စွာသိရှိအသုံးပြုနိုင်ရန်အတွက် သင်ကိုယ်တိုင်ဖြစ်စေ၊ သင်၏ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများကို KBZPay ဗားရှင်း ၅.၀ နှင့်အထက် မြှင့်တင်ရန်ဖိတ်ခေါ်ပြီး ၁၀,၀၀၀ ကျပ်အထိ ဖုန်းဘေလ်လျှော့ဈေးကူပွန်တွေ ရယူလိုက်ပါ။ 

အစီအစဉ်ကာလမှာ ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ ဖြစ်ပြီး KBZPay နောက်ဆုံးဗားရှင်းကို ကိုယ်တိုင်မြှင့်တင်ခြင်းဖြစ်စေ၊ သင့်ရဲ့ မိတ်ဆွေသူငယ်ချင်းများကို ဖိတ်ခေါ်ပြီးဖြစ်စေ ဖုန်းဘေလ်လျှော့ဈေးကူပွန်များ ရယူနိုင်ဖို့ အခုပဲ ဖိတ်ခေါ်လိုက်ပါ။ 
အစီအစဉ်အသေးစိတ်အား သိရှိရန် ဒီ လင့်ခ် ကိုနှိပ်ပါ။

KBZPay App ကို ရယူရန် –
Android Version: bit.ly/2RP3U0N
iOS Version: apple.co/31igRU9