“KBZPay အကောင့်လုံခြုံရေးအတွက် သင်ဘာတွေသိထားပြီးပြီလဲ”

KBZPay အကောင့်လုံခြုံရေးအတွက် သင်ဘာတွေသိထားပြီးပြီလဲဆိုတဲ့ အစီအစဉ်ကနေ မေးခွန်းလေးတွေဖြေပြီး လျှော့စျေးကူပွန်ရယူလိုက်ပါ။

အစီအစဉ်ကာလကတော့ မတ်လ ၄ရက်နေ့မှ ၁၇ရက်နေ့ အထိဖြစ်ပါတယ်။ KBZPay အသုံးပြုသူ Customer များအနေနဲ့ KBZPay အပ်ပလီကေးရှင်းရှိ KBZPay Official Account (သို့) အစီအစဉ်ရဲ့ ပင်မစာမျက်နှာ (သို့) အခြားသူများရဲ့ အဖြေများကိုနှိပ်ကာ မေးခွန်း ၅ခု ဖြေဆိုရမှာဖြစ်ပြီး အဖြေအားလုံးမှန်ကန်ပါက လျှော့စျေးကူပွန်ကို KBZPay အပ်ပလီကေးရှင်းမှာ ရယူနိုင်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာပါဝင်ဖို့ မိမိမိုဘိုင်းဖုန်းမှာ KBZPay အပ်ပလီကေးရှင်း 5.0 version နှင့်အထက် ရှိရမှာဖြစ်ပါတယ်။ 

အစီအစဉ်မှာ ပါဝင်နိုင်ဖို့ အခုပဲ KBZPay Official Account ကို ဝင်ကြည့်လိုက်တော့နော်။ စည်းကမ်းသတ်မှတ်ချက်များကို ကြည့်ရှုရန် ဒီ လင့်ခ် ကို နှိပ်ပါ။

ပိုမိုလုံခြုံစိတ်ချရပြီး ပိုကောင်းတဲ့အတွေ့အကြုံအတွက် သင့် KBZPay ကိုနောက်ဆုံးအဆင့်သို့မြှင့်တင်လိုက်ပါ။
iOS: https://apple.co/31igRU9
Android: https://bit.ly/3rTwa2J

မြန်မာနိုင်ငံရှိ KBZPay Center များမှထုတ်ယူနိုင်သော ငွေသားပမာဏ

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် KBZPay Center များအားလုံးတွင် နေ့စဉ် မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ ဝန်ဆောင်မှုများရယူနိုင်ပါသည်။ KBZPay Center များအားလုံးတွင် KBZPay အေးဂျင့်မှငွေထုတ်ယူခြင်း ဝန်ဆောင်မှုအား KBZPay အကောင့်တစ်ခုမှ ၃၀၀,၀၀၀ ကျပ် ဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ရက်မှ စတင်၍ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။

KBZPay အေးဂျင့်မှ ငွေထုတ်ခြင်း ဝန်ဆောင်မှုအားရယူနိုင်ရန် မိမိကိုယ်ပိုင် KBZPay account မှ ရယူထားသော Book Appointment Booking (KBZPay အေးဂျင့်မှငွေထုတ်ခြင်း) အတည်ပြုချက်ဖြင့်သာသတ်မှတ်ထားသော ငွေသားပမာဏ (KBZPay အကောင့်တစ်ခုမှ ၃၀၀,၀၀၀ ကျပ်) အား သတ်မှတ် ထားသော အေးဂျင့်  ဝန်ဆောင်ခ (ကျပ်၂,၄၀၀) ပေးဆောင်၍ ကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ကြောင်း (ကိုယ်စားထုတ်ယူနိုင်မည်မဟုတ်ကြောင်း) ကိုလည်း ထပ်မံ အသိပေး အကြောင်းကြားအပ်ပါသည်။

မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာ နှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။

KBZPay App ကို ရယူရန် –
Android Version: http://bit.ly/2RP3U0N
iOS Version: https://apple.co/31igRU9

ရန်ကုန်မြို့တွင် တိုးချဲ့ဖွင့်လှစ်လိုက်သော KBZPay Center များ

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် ရန်ကုန်မြို့တွင် KBZPay Center အသစ်များအား အောက်ပါ နေရာများတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ပါပြီ။

၁။ နံပါတ် ၉၅၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်း၊ ဂမုန်းပွင့်အရှေ့၊ စံရိပ်ငြိမ်ရပ်ကွက် (၁)၊ ကမာရွတ်မြို့နယ်။

၂။ ၃၃/၄၉၊ မဟာဗန္ဓုလပန်းခြံလမ်း​၊ ၂ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်။

၃။ ၂၀၆၊ ကျိုက္ကဆံလမ်း၊ ကျားကွက်သစ်ရပ်ကွက်၊ တာမွေမြို့နယ်။ (ကျောက်မြောင်းဈေး ကားမှတ်တိုင် အနီး)

၄။ ၅၄၊ လေးထောင့်ကန်လမ်း၊ လေးထောင့်ကန်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်။

KBZPay Center များအားလုံးတွင် နေ့စဉ် မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ ဝန်ဆောင်မှုများရယူနိုင်ပါသည်။ ရယူနိုင်သောဝန်ဆောင်မှုများမှာ

  • KBZPay သို့ ငွေသွင်းခြင်း
  • KBZPay အေးဂျင့် မှ ငွေထုတ်ခြင်း (တနင်္လာနေ့မှ စနေနေ့အထိသာ) ( appointment အား KBZPay Book appointment အား ကြိုတင်ယူရန် နှင့် ဝန်ဆောင်ခရှိနိုင်ပါသည်)
  • KBZPay အကောင့်ဖွင့်ခြင်း (ဘဏ်အကောင့်ဖြင့် ချိတ်ဆက်ခြင်း)
  • ကိုယ်ရေးအချက်အလက်များပြင်ဆင်ပေးခြင်း 

KBZPay အေးဂျင့်မှ ငွေထုတ်ခြင်း ဝန်ဆောင်မှုအားရယူနိုင်ရန် မိမိကိုယ်ပိုင် KBZPay account မှ ရယူထားသော Book Appointment Booking အတည်ပြုချက်ဖြင့်သာသတ်မှတ်ထားသော ငွေသားပမာဏ (KBZPay အကောင့်တစ်ခုမှ ၂၀၀,၀၀၀ ကျပ်) အား ကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ကြောင်း (ကိုယ်စားထုတ်ယူနိုင်မည်မဟုတ်ကြောင်း) ကိုလည်း ထပ်မံ အသိပေး အကြောင်းကြားအပ်ပါသည်။မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာ နှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။

KBZPay နဲ့ ဖုန်းဘေလ်၊ ဒေတာပက်ကေ့ချ်များ ဝယ်ယူပုံ

Step – 1

Step – 2

Step -3

Step – 4

Step – 4

KBZPay နဲ့ ကမ္ဘောဇဘဏ်အကောင့်ကို ချိတ်ဆက်ပုံ အဆင့်ဆင့်

KBZPay အကောင့်အသစ်ဖွင့်ပုံ အဆင့်ဆင့်

Step – 1

Step – 2

Step – 3

Step – 4

Step – 5


Step – 6

Step – 7

Step – 8

Step – 9

Step – 10

MPU ကဒ်မှ KBZPay အကောင့်သို့ ‌ငွေသွင်းပုံ

KBZPay အသုံးပြုသူအဆင့် ၁.၅ သို့ မြှင့်တင်ပုံ

KBZPay အသုံးပြုပြီး Branch Appointment ရယူပုံအဆင့်ဆင့်

https://www.youtube.com/watch?v=CIJj_-TPAJ4

KBZPay အကောင့်ဖွင့်ထားသော ဖုန်းနံပါတ်ပြောင်းပုံ