Fast, safe, social, payments

Easy Payroll

Easy Payroll သည် KBZPay Partner app ၏ အသစ်ထပ်မံဖြည့်စွက်ထားသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး အသေးစားနှင့် SME လုပ်ငန်းပိုင်ရှင်များ (ကိုယ်စားလှယ်များ နှင့် မိတ်ဖက်များ) အနေဖြင့် မိမိတို့၏ ဝန်ထမ်းလစာများအား လုပ်ဆောင်ချက်အဆင့်အနည်းငယ်ဖြင့် လွယ်ကူရိုးရှင်းစွာ ပေးနိုင်ပြီဖြစ်ပါတယ်။


အသုံးပြုပုံအဆင့်ဆင့်

  • ဝန်ထမ်းစီမံခန့်ခွဲခြင်း ဝန်ထမ်းများကို ထပ်ထည့်ခြင်း၊ ပြင်ဆင်ခြင်း နှင့် ပယ်ဖျက်ခြင်းတို့ကိုပြုလုပ်နိုင်ပါသည်။
  • အသုံးပြုသူစီမံခန့်ခွဲခြင်း လစာထည့်မှုတစ်ခုစီအတွက် teller အား ခန့်ထားနိုင်ပြီး ထိုလစာထည့်ပေးမှုတစ်ခုစီ၏ အတည်ပြုသူ သို့မဟုတ် ပြုလုပ်သူအဖြစ်လည်း ခန့်အပ်နိုင်သည်။
  • ဝန်ထမ်းအုပ်စုစီမံခန့်ခွဲခြင်း လုပ်ခလစာအချိန်ဇယား နှင့် ဝန်ထမ်းအမျိုးအစားတူညီသည့်ဝန်ထမ်းများကို အုပ်စုဖွဲ့၍လစာပေးနိုင်ပါသည်။
  • လစာပေးခြင်း လစာငွေပေးရာတွင် ချက်ချင်းထည့်ပေးခြင်း နှင့် အချိန်သတ်မှတ်၍ပေးခြင်း တို့ပြုလုပ်နိုင်ပါသည်။
  • မှတ်တမ်းရှိခြင်း အလုပ်ရှင်များမှ လစာပေးသည့် လုပ်ဆောင်ချက်များကို ပြန်လည်ကြည့်ရှုနိုင်ပါသည်။

အကျိုးကျေးဇူးများ

Easy Steps

လစာငွေအားခလုတ်တစ်ချက်နှိပ်ရုံဖြင့် လွယ်ကူရိုးရှင်းစွာပေးနိုင်ခြင်း

KBZPay Wallets

ဝန်ထမ်းများ၏ KBZPay wallet အတွင်းသို့လစာတိုက်ရိုက်ရောက်ခြင်း

SME Business

အသေးစား နှင့် အလတ်စားလုပ်ငန်းများအတွက်သင့်တော်ခြင်း

  • KBZPay Partner App ကို အသုံးပြုနေသော KBZPay ကိုယ်စားလှယ် နှင့် အရောင်းဆိုင်များ ဖြစ်ရန်လိုအပ်ပါသည်။
  • Easy Payroll ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် မှတ်ပုံတင်ရန် လိုအပ်ပါသည်။
  • Easy Payroll မှ လစာကိုရရှိရန် ဝန်ထမ်းများ၏ KBZPay အဆင့်သည် ၁.၅ သို့မဟုတ် ၂ ဖြစ်ရန် လိုအပ်ပါသည်။