မိုခါ (MOCHA) မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် KBZ Bank ၊ KBZPay နှင့် KBZPay Market တို့မှ ဆောင်ရွက်ချက်များ (မေလ ၂၀၂၃)

5/19/2023

“မိုခါ (MOCHA) မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အတူတကွ ဖေးကူလို့ ထူမကြမယ်” ကမ်ပိန်း

မိုခါ (MOCHA) မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် KBZ Bank ၊ KBZPay နှင့် KBZPay Market တို့မှ ဆောင်ရွက်ချက်များ (မေလ ၂၀၂၃)

မြန်မာနိုင်ငံအတွင်း အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ် ခံစားခဲ့ရသော ဒေသများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ ဂွ နှင့် အခြားမြို့နယ်များတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အများပြည်သူ စုပေါင်းပါဝင်ကူညီနိုင်ရန် KBZPay Market နှင့် မြန်မာနိုင်ငံ ကြက်‌ခြေနီအသင်း (MRCS) တို့ ပူးပေါင်း၍ စီစဥ် ဆောင်ရွက်ထားရှိပါသည်။

မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်မည့် အစားအသောက်၊ ဆေးဝါးနှင့် အသုံးအဆောင် ပစ္စည်းများကို KBZPay Market ပေါ်ရှိ “မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အတူတကွ ဖေးကူလို့ ထူမကြမယ်” Campaign စာမျက်နှာတွင် MOCHA Cyclone Relief Care Packages များနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများ လိုအပ်နိုင်မည့် အခြားသော ကုန်ပစ္စည်းများကို ကိုယ်တိုင်ရွေးချယ် ဝယ်ယူလှူဒါန်းနိုင်ပြီး အဆိုပါ လှူဒါန်းပစ္စည်းများကို မုန်တိုင်းသင့်ပြည်သူများထံ KBZPay Market နှင့် Myanmar Red Cross Society (MRCS) တို့ ပူးပေါင်းစီစဥ် ပို့ဆောင်ပေးမည် ဖြစ်ပါသည်။

Gallery image 1
Gallery image 2
Gallery image 3

လှူဒါန်းပစ္စည်းများ ပို့ဆောင်ရမည့် လိပ်စာနေရာ၌ မိမိတို့ လိပ်စာအစား တိုင်းဒေသကြီးနေရာတွင် ရန်ကုန်တိုင်း၊ လိပ်စာနေရာတွင် Red Cross ဟု ထည့်သွင်းရေးသားရန် လိုပါသည်။ Red Cross သို့ လိပ်မူထားသော ကုန်ပစ္စည်းအမှာစာများကို မုန်တိုင်းဒဏ်သင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် ဦးစားပေး ပို့ဆောင်သွားမည် ဖြစ်ပြီး၊ ပုံမှန် အမှာစာများအတွက် ကုန်ပစ္စည်းလက်ကျန်ရှိမှု‌ပေါ် မူတည်ပြီး ဆက်သွယ်ဆောင်ရွက်သွားပါမည်။

ကျသင့်သည့် ပို့ဆောင်ခ ကိုလည်း ပါဝင်လှူဒါန်းသည့် Customer များ၏ KBZPay wallet သို့ ၄၈ နာရီအတွင်း ပြန်လည် ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။

MOCHA Relief Care Packages နှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများ လိုအပ်နိုင်မည့် အခြားကုန်ပစ္စည်းများကို အောက်ဖော်ပြပါ လင့်ခ် တွင် ဝင်ရောက်ကြည့်ရှုပြီး မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အတူတကွ ဖေးကူလို့ ထူမကြပါစို့။

ကမ်ပိန်းကာလ >> ၁၇ – ၃၁ ၊ မေလ ၂၀၂၃

လှူဒါန်းရန် =>

စည်းမျဥ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ ကြည့်ရှုရန်

မိုခါ (MOCHA) မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အတူတကွ ဖေးကူလို့ ထူမကြမယ် အစီအစဥ်တွင် ပါဝင်လှူဒါန်းရန် ဆောင်ရွက်ပုံအဆင့်ဆင့်

လှူဒါန်းပစ္စည်းများ ဝယ်ယူရန် အောက်တွင်ဖော်ပြထားသည့် အဆင့်များအတိုင်း အလွယ်တကူပြုလုပ်နိုင်ပါသည်။

Gallery image 1
Gallery image 2
Gallery image 3
Gallery image 4
Gallery image 5
Gallery image 6
Gallery image 7
Gallery image 8

သတိပြုရန် – လှူဒါန်းပစ္စည်းများ ပို့ဆောင်ရမည့် လိပ်စာနေရာ၌ မိမိတို့ လိပ်စာအစား တိုင်းဒေသကြီးနေရာတွင် ရန်ကုန်တိုင်း၊ လိပ်စာနေရာတွင် Red Cross ဟု ထည့်သွင်းရေးသားရန် လိုပါသည်။ (ပုံအမှတ် ၅ တွင် အသေးစိတ် ကြည့်ရှုနိုင်ပါသည်။)

Red Cross သို့ လိပ်မူထားသော ကုန်ပစ္စည်းအမှာစာများကို မုန်တိုင်းဒဏ်သင့်ပြည်သူများထံ အမြန်ဆုံး ရောက်ရှိနိုင်ရေးအတွက် ဦးစားပေး ပို့ဆောင်သွားမည် ဖြစ်ပြီး၊ ပုံမှန် အမှာစာများအတွက် ကုန်ပစ္စည်းလက်ကျန်ရှိမှု‌ပေါ် မူတည်ပြီး ဆက်သွယ်ဆောင်ရွက်သွားပါမည်။

မိုခါ (MOCHA) မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ငွေကြေးအားဖြင့် ပါဝင်လှူဒါန်းနိုင်သည့် KBZPay QR

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် နေရာဒေသများနှင့် လူမှုအဖွဲ့အစည်းများကို ငွေကြေးအားဖြင့် ပါဝင်ကူညီလိုသူများအနေဖြင့် အောက်ဖော်ပြပါ KBZPay QR များမှတစ်ဆင့် ပါဝင်လှူဒါန်းနိုင်ပါသည်။

Gallery image 1
Gallery image 2

လှူဒါန်းရန် ဆောင်ရွက်ပုံအဆင့်ဆင့်

၁) KBZPay အက်ပလီကေးရှင်းကိုဖွင့်၍ မိမိ အကောင့်ထဲသို့ဝင်ပါ။

၂) ‘Scan’ကို နှိပ်ပါ။

၃) မိမိလှူဒါန်းလိုသော အဖွဲ့အစည်း၏ QR Code ကို Scan ဖတ်ပါ။

၄) မိမိလှူဒါန်းလိုသော ငွေသားပမာဏကို ထည့်သွင်းပါ။

၅) ငွေလွှဲမည်ကိုနှိပ်ပြီး လှူဒါန်းနိုင်ပါသည်။

QR ကုတ်မှတစ်ဆင့် ငွေလွှဲသည့်အခါတွင် ဝန်ဆောင်ခတစ်စုံတရာ ပေးရန်လိုအပ်မည်မဟုတ်ပါ။

မိုခါ (MOCHA) မုန်တိုင်းသင့်ဒေသများအတွက် ကမ္ဘောဇဘဏ်၏ ငွေလွှဲဝန်ဆောင်ခ အခမဲ့ အစီအစဥ်

ကမ္ဘောဇဘဏ်အနေဖြင့် ရခိုင်ပြည်နယ်မှ မုန်တိုင်းဒဏ်သင့် ဒေသများရှိပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ “ငွေလွှဲခ အခမဲ့” အစီအစဉ်ဖြင့် အကူအညီပေးလျက်ရှိပါသည်။

မေလ ၁၇ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့အတွင်း ရခိုင်ပြည်နယ်ရှိ အောက်ပါဘဏ်ခွဲများမှ အခြားဘဏ်ခွဲများသို့ မှတ်ပုံတင်ဖြင့် ငွေလွှဲသည့်အခါဖြစ်စေ အခြားဘဏ်များမှ ရခိုင်ပြည်နယ်အတွင်းရှိ ဘဏ်ခွဲများသို့ မှတ်ပုံတင်ဖြင့် ငွေလွှဲသည့်အခါဖြစ်စေ ငွေလွှဲသူနှင့် ငွေလွှဲလက်ခံသူများ အနေဖြင့် မည်သည့် ဝန်ဆောင်ခ‌မျှပေးအပ်ရန်မလိုဘဲ အခမဲ့ ဝန်ဆောင်မှုရယူနိုင်ပြီဖြစ်ပါသည်။

ထို့အပြင် customer များအနေဖြင့် မေလ ၁၇ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့အတွင်း ရခိုင်ပြည်နယ်ရှိ ကမ္ဘောဇ ဘဏ်ခွဲများတွင် ဖွင့်လှစ်ထားသည့် ဘဏ်စာရင်းတစ်ခု သို့ဖြစ်စေ၊ ဘဏ်စာရင်းတစ်ခုမှဖြစ်စေ ဘဏ်စာရင်း ဖွင့်လှစ်ထားသည့် မည်သည့်ဘဏ်ခွဲထံသို့ဖြစ်စေ၊ မည်သည့်ဘဏ်ခွဲထံမှဖြစ်စေ အောက်တွင်ဖော်ပြထားသည့် transaction များကို ပြုလုပ်ရာတွင် ဝန်ဆောင်ခ ကင်းလွတ်ခွင့် ‌ရရှိမည်ဖြစ်ပါသည်။

(၁) Cash Deposit – ငွေသွင်းခြင်း

(၂) Cash Withdrawal – ငွေထုတ်ခြင်း

(၃) Inhouse Cheque Deposit (Debit Account အနေဖြင့်ဖြစ်စေ၊ Credit Account အနေဖြင့်ဖြစ်စေ ချက်လက်မှတ်ဖြင့် ငွေသွင်း/ငွေထုတ်ခြင်း)

(၄) Account to Account Transfer (Debit Account အနေဖြင့်ဖြစ်စေ၊ Credit Account အနေဖြင့်ဖြစ်စေ account အချင်းချင်း ငွေလွှဲခြင်း)

Gallery image 1
Gallery image 2

မိုခါ မုန်တိုင်းဒဏ်သင့်ဒေသတွင်းရှိ ကမ္ဘောဇဘဏ်ခွဲများတွင် KBZPay ၏ ဝန်ဆောင်ခများ အခမဲ့ပေးခြင်းအစီအစဉ်

မိုခါ (MOCHA) မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် KBZ Bank ၊ KBZPay နှင့် KBZPay Market တို့မှ ဆောင်ရွက်ချက်များ (မေလ ၂၀၂၃)

မေလ ၁၈ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့အတွင်း ရခိုင်ပြည်နယ်ရှိ ဝန်ဆောင်မှု ပြန်လည်် ပေးအပ်နေသော ဘဏ်ခွဲများတွင် KBZPay ၏ဝန်ဆောင်မှုများဖြစ်သော

၁) KBZPay မှတဆင့် ငွေလွှဲခြင်း

၂) KBZPay မှတဆင့် ငွေထုတ်ခြင်း

၃) Quick Pay ဝန်ဆောင်မှုများအသုံးပြုခြင်း စသည့်ဝန်ဆောင်မှုများကို အသုံးပြုသူများအနေဖြင့် မည်သည့် ဝန်ဆောင်ခ‌မျှပေးအပ်ရန်မလိုဘဲ အခမဲ့ ဝန်ဆောင်မှုရယူနိုင်ပါသည်။

ကမ္ဘောဇဘဏ် ဝန်ထမ်းများအတွက် MOCHA Helpdesk Hotline များ

MOCHA ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် အင်တာနက်လိုင်း ဖုန်းလိုင်း ပြတ်တောက်မှုများ ဖြစ်ပွားခဲ့ရာ အဆိုပါဒေသများရှိ ဝန်ထမ်းများနှင့် အဆက်အသွယ် ပြတ်တောက်မှုအချို့ ကြုံတွေ့ခဲ့ရပါသည်။ သို့ဖြစ်၍ အဆိုပါ မုန်တိုင်းဒဏ်သင့် ဒေသများရှိ ဘဏ်ခွဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် လိုအပ်သည့် အကူအညီများ အမြန်ဆုံး ပေးအပ်နိုင်ရန် ကမ္ဘောဇဘဏ်ရုံးချုပ်မှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

ဘဏ်ခွဲ နှင့် ဝန်ထမ်းများသာမက ဝန်ထမ်းမိသားစုများ မုန်တိုင်းဒဏ်ကြောင့် ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲ စိန်ခေါ်မှုများနှင့် ပတ်သက်၍ အဆိုပါဒေသရှိ ဝန်ထမ်းများမှ ဖြစ်စေ၊ ထိုဒေသများရှိ ဝန်ထမ်းများနှင့် အဆက်အသွယ်ရရှိသော ဝန်ထမ်းများမှတဆင့်ဖြစ်စေ သတင်းပေးပို့ အကြောင်းကြား အကူအညီ တောင်းခံနိုင်ရန် Internal Helpdesk Hotline များထားရှိပြီး အချိန်နှင့် တပြေးညီ အကူအညီပေးနိုင်ရန် ဆောင်ရွက်ထားရှိပါသည်။

မုန်တိုင်းဒဏ်ကြောင့် သက်ရောက်ထိခိုက်မှုရှိသော ဘဏ်ခွဲများအတွက် လိုအပ်သလို သန့်ရှင်းရေးပြုလုပ်ခြင်း ၊ ပိုးသတ်ခြင်း၊ လုံခြုံရေး ကိစ္စရပ်များ ၊ ပြန်လည်ပြုပြင်ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ စက်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ခြင်း ကိစ္စရပ်များအတွက်လည်း ကမ္ဘောဇဘဏ်၏ Admin/ DPS ( Digital Professional Services) Team များမှ လိုအပ်သည့်အကူအညီများ ပေးအပ်ခဲ့ပါသည်။