“သီတင်းကျွတ်ဖယောင်းတိုင်လေးများစုကာ KBZPay ရဲ့မုန့်ဖိုးများရယူမျှဝေပါ” အစီအစဥ်စည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ

၁။         “သီတင်းကျွတ်ဖယောင်းတိုင်လေးများစုကာ KBZPay ရဲ့မုန့်ဖိုးများ ရယူမျှဝေပါ” အစီအစဥ်ကာလကို ၂၀၂၄ ခုနှစ်  အောက်တိုဘာလ (၁၅) ရက်နေ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့ အထိ      သတ်မှတ်ထား ပါသည်။

၂။ ဤ Campaign တွင်KBZPay အဆင့် ၂       နှင့် Youth Account အသုံးပြုသူများသာ       ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay  အဆင့် ၁      အသုံးပြုသူများသည် KBZPay အဆင့် ၂           သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်သည်။ဤ Campaign တွင် ပါဝင်သူများအနေဖြင့်       သီတင်းကျွတ် မုန့်ဖိုးအား ရယူရန် ဖယောင်းတိုင်များအား KBZPay Pocket Money အား ဖွင့်ဖောက်မည့်  နေ့ရက် မတိုင်မီ ကြိုတင်စုဆောင်းထားရန်      လိုအပ်ပါသည်။ 

၃။ Campaign ကာလအတွင်း Customer များသည် သီတင်းကျွတ် မုန့်ဖိုးအား ရယူရန် ဖယောင်းတိုင်များကို ကြိုတင်၍  စုဆောင်းထားရမည်ဖြစ်ပါသည်။ ဖယောင်းတိုင်များကိုကြိုတင်၍ စုဆောင်းပြီးပါက မိမိစုဆောင်းထားသော ဖယောင်းတိုင်အရေအတွက်ပေါ်မူတည်၍ မီးပုံးအမျိုးအစားသုံးမျိုးမှ တစ်မျိုးအား တစ်နေ့လျှင်တစ်ကြိမ်ရယူနိုင်မည်ဖြစ်သည်။ မီးပုံးအမျိုးအစားသုံးမျိုးမှာ စက္ကူမီးပုံး၊ ကြယ်မီးပုံးနှင့် မီးပုံးကြီးတို့ဖြစ်ပါသည်။

၄။ KBZPay Customerများအနေဖြင့်တစ်နေ့လျှင်တစ်ကြိမ်သာ မီးပုံးတစ်ပုံးကိုဖွင့် ၍မုန့်ဖိုးအားရယူနိုင်မည်ဖြစ်သည်။ မုန့်ဖိုးရယူနိုင်ရန်အတွက်systemမှအလိုအလျောက် အကြီးဆုံးမီးပုံးမှစတင်၍ နေ့စဉ် ဖွင့်ပေးသွားမည်ဖြစ်သည်။  

 ၅။     KBZPay Customer များအနေဖြင့် KBZPay မှ သတ်မှတ်ထားသည့် အောက်ဖော်ပြပါ လုပ်ဆောင်ချက်များကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်းဖြင့်ဖယောင်းတိုင်များစုဆောင်းနိုင်မှာဖြစ်ပါသည်။ဖယောင်းတိုင်များ စုဆောင်းရန်နှင့် သတ်မှတ်ထားသောပြန်အမ်းငွေအရေအတွက်နှင့်ကူပွန်များ ရရှိရန် KBZPay Customer များအနေဖြင့် အောက်ပါ အချက်များအား      လုပ်ဆောင်ရမည်      ဖြစ်ပါသည်။

 ၅၊၁။ KBZPay အသုံးပြုသူ Customerအသစ်များ   အားဖိတ်ခေါ်ခြင်းဖြစ်ပြီး စုစုပေါင်း (၈) ဦးအထိ ဖိတ်ခေါ်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ဖိတ်ခေါ်ခြင်း အတွက် ဖိတ်ခေါ်မည့်သူသည် သတ်မှတ် ထားသောပြန်အမ်းငွေအရေအတွက်ကို ရယူနိုင်မည်ဖြစ်ပြီး ဖိတ်ခေါ်ခံရသူသည် သတ်မှတ်ထားသော ပြန်အမ်းငွေအရေအတွက်နှင့်ကူပွန်များရယူနိုင်မည်ဖြစ်သည်။

၅၊၂။ ပါဝင်သူများအနေဖြင့် အချင်းချင်း ဆိုရှယ်မီဒီယာများမှ တစ်ဆင့် သူငယ်ချင်း ၊ မိတ်ဆွေများကြား ဖယောင်းတိုင်များ ဝေမျှ၊ လက်ခံ ရယူနိုင်မှာ ဖြစ်ပါတယ်။ ပါဝင်သူတစ်ဦးသည် ၁ ရက် လျှင်  သုံးကြိမ် မျှဝေပေးနိုင်မည်ဖြစ်ပြီး တစ်ကြိမ်လျှင် ဖယောင်းတိုင် ၅ ခုနှုန်းဖြင့် အသီးသီး ရယူနိုင်မည်ဖြစ်သည်။  

၅၊၃။ QR Code Payment ဖြင့် ၁၀,၀၀၀ ကျပ်နှင့်အထက် Merchant ဆိုင်များတွင် ငွေပေးချေခြင်း။            

၅၊၄။ MPT ဖုန်းနံပါတ်အား ၅၀၀၀ကျပ်ငွေဖြည့်ခြင်း။      

၅၊၅။ Gift Card အား ၁၀,၀၀၀ကျပ်နှင့်အထက်ငွေဖြည့်ခြင်း။      

၅၊၆။       မည်သည့်  Mini App ထဲသို့ မဆိုဝင်ရောက် ကြည့်ရှုလေ့လာခြင်း။      

           ၅၊၇။       KBZPay Market ထဲသို့ဝင်ရောက်လေ့လာခြင်း။      

           ၅၊၈။ Campaign စာမျက်နှာရှိ Official Account မှတဆင့် ဆောင်းပါးများကိုဖတ်ရှုပြီး Like လုပ်ခြင်း။      

၆။ ဤCampaign     တွင်ပါဝင်သူများအနေဖြင့်     အထက်ဖော်ပြပါ လုပ်ငန်းဆောင်တာများပြီးဆုံးအောင် လုပ်ဆောင်ပြီးနောက်ရရှိထားသော ဖယောင်းတိုင်ကတ်ကိုလှန်ကာ ဆုလက်ဆောင်များစုဆောင်းရန်ခလုတ်ကို နှိပ်မှသာ ကျပန်းဆုလက်ဆောင်များကိုရရှိနိုင်မည်ဖြစ်သည်။ပါဝင်သူများသည် ကူပွန်များကို ဆွတ်ခူးရန် အခွင့်အရေးရှိမည်ဖြစ်သည်။ ကံစမ်းနိုင်မည့် ကူပွန်များမှာ

  •  ၂၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  •  ၅၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  •  ၂၀၀ ကျပ်တန် ဘေလ်ပေးဆောင်ခြင်းကူပွန်
  •  ၅၀၀ ကျပ်တန် ဘေလ်ပေးဆောင်ခြင်းကူပွန်
  •  ၂၀၀  ကျပ်တန်  Gift Card ကူပွန်
  •  ၄၀၀ကျပ်တန် Gift Cardကူပွန်
  •  ၄၀၀၀ ကျပ်တန် KBZPay Market ကူပွန်
  • ၃၀ ကျပ်တန်ပြန်အမ်းငွေ
  • ၅၀ ကျပ်တန်ပြန်အမ်းငွေ
  • ကျေးဇူးတင်ပါတယ်

၇။  Customer မှ ရရှိလာသော ကူပွန်များကို “My Profile” အောက်ရှိ  “My Coupons” တွင်ပြန်လှည်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။  ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၇) ရက် ဖြစ်ပြီး ယင်း (၇) ရက်သက်တမ်း ကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင်တော့မည်မဟုတ်ပါ။

၈။ ၂၀၂၄ခုနှစ် အောက်တိုဘာလ  ၁၅ ရက်နေ့မှ      ၁၇  ရက် အတွင်း တွင် စုဆောင်းထားသော ဖယောင်းတိုင်များ ဖြင့် ၂၀၂၄ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ ည ၈ နာရီတွင်  စတင်ကာ မုန့်ဖိုးများ ဖွင့်ဖောက် ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ ၂၀၂၄ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်ပြီး ၂၀၂၄ခုနှစ် အောက်တိုဘာလ ၂၁  ရက်နေ့အထိ ည ၈ နာရီရောက်တိုင်း  Customer မှ စုဆောင်းထားသည့် ဖယောင်းတိုင်များဖြင့် မုန့်ဖိုးများဖွင့်ဖောက် ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ 

၉။  ဉီးရာလူစနစ်ဖြစ်သောကြောင့် Customer များသည် Campaign မစခင် KBZPay အကောင့်ထဲသို့ ကြိုတင်ဝင်ရောက်၍ မုန့်ဖိုးများကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။

KBZPay Customer မှရရှိထားသော ဖယောင်းတိုင်များဖြင့် မီးပုံးများဖွင့်ပြီး ပထမဖွင့်ဖောက်သည့် နေ့ရက်တွင်ပင်အသုံးပြုမည်ဆိုပါက နောက်ထပ်မုန့်ဖိုးဖွင့်ဖောက်မည့် နေ့ရက်များအတွက် ဖယောင်းတိုင်များ အား အစမှ ပြန်လည်စုဆောင်းရန်လိုအပ်ပါသည်။

၁၀။ KBZPay Customer များသည် သီတင်းကျွတ် မုန့်ဖိုးပမာဏ များများ ရရှိနိုင်ရန် မိမိ နှင့် ချစ်ခင်ရင်းနှီးရသော မိတ်ဆွေ၊ သူငယ်ချင်းများကို KBZPay အကောင့်ဖွင့်ရန် ပိုမိုဖိတ်ခေါ်နိုင်ပြီး ဖိတ်ခေါ်ခံရသူများမှ KBZPay အဆင့် ၂ အား အောင်မြင်စွာဖွင့်လှစ်နိုင်လျှင် Customer အနေဖြင့် ဖယောင်းတိုင်များအား ပိုမိုစုဆောင်းနိုင်မည်ဖြစ်သည်။  

၁၁။  ဤ Campaign တွင် ပေးအပ်သွားမည့် ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၇) ရက် ဖြစ်ပြီး သက်တမ်းကျော်လွန်သွားသော      ကူပွန်အား အသုံးပြုနိုင်တော့မည်မဟုတ်ပါ။ ကူပွန် ရရှိသူများသည် ၎င်းတို့ရရှိသောကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၁၂။ ဤ Campaign တွင်ပါဝင်ဆင်နွှဲရန် KBZPay အက်ပလီကေးရှင်းအား နောက်ဆုံးဗားရှင်းသို့ မြှင့်တင် ထားရန် လိုအပ်ပါသည်။

၁၃။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။  

၁၄။ ဤ Campaignကာလအတွင်း KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင်မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customer များသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၁၃  တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး (၇)ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။     

၁၅။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၆။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၇။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၈။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၉။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၂၀။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၂။   KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customer အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။
 ၂၃။     ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။