၁။ KBZPay ကနေ ဖုန်းငွေဖြည့်၊ ဒေတာ ပက်ကေ့ချ် ဝယ်ယူရင်းပွိုင့်တွေစုကြမယ် Campaign သည် ဇူလိုင် ၁ ရက်နေ့ ၂၀၂၂ ခုနှစ်မှ ဇူလိုင် ၃၁ ရက်နေ့ ၂၀၂၂ ခုနှစ်ထိဖြစ်ပါသည်။
၂။ KBZPay ကနေ ဖုန်းငွေဖြည့်၊ ဒေတာပက်ကေ့ချ်ဝယ်ယူရင်းပွိုင့်တွေစုကြမယ် Campaign ၏ရည်ရွယ်ချက်မှာ KBZPay အသုံးပြုသူများအားလုံး ဖုန်းငွေဖြည့်ခြင်းသို့မဟုတ် ဒေတာပက်ကေ့ချ်များဝယ်ယူရင်း ရရှိလာသော ပွိုင့်များအား စုဆောင်းကာ ပြန်အမ်းငွေ နှင့် ဖုန်းငွေဖြည့်လျှော့ဈေးကူပွန် များ ပြန်လည် ရယူနိုင်ရန်ရည်ရွယ်ပါသည်။
၃။ မည်သည့်အဆင့် KBZPay အသုံးပြုသူမဆို Campaign ကာလအတွင်း ဖုန်းငွေဖြည့်ခြင်း၊ ဒေတာပက်ကေ့ချ်ဝယ်ယူခြင်းများအတွက် ဝယ်ယူသည့်ပမာဏ၏ ၁ ရာခိုင်နှုန်း ကို ပွိုင့် အနေဖြင့် ပြန်လည်ရရှိမည်ဖြစ်ပါသည်။
၄။ ရရှိလာသော ပွိုင့်များအား Campaign စာမျက်နှာ ရှိ “My Points “ အောက်တွင်ကြည့်ရှုနိုင်ပါသည်။
၅။ စုဆောင်းရရှိလာသောပွိုင့်များအား အသုံးပြု၍ Spin Wheel လှည့်၍ကံစမ်းခြင်း သို့မဟုတ် ပွိုင့်များနှင့် လျှော့ဈေး ကူပွန်များ လဲလှယ်ခြင်းများပြုလုပ်နိုင်ပါသည်။
၆။ Spin Wheel လှည့်ရန် အသုံးပြုသူများ အနေဖြင့် ပွိုင့် ၃၀ စုဆောင်းထားရှိရန်လိုအပ်ပြီး Spin Wheel လှည့်ပြီးသည်နှင့် အသုံးပြုသူ စုဆောင်းထားသော ပွိုင့် ၃၀ ကုန်ဆုံးမည်ဖြစ်ပါသည်။
Spin Wheel တွင်ပါဝင်သော ဆုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ၁၀,၀၀၀ ကျပ်ပြန်အမ်းငွေ
- ၁၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန် (အနည်းဆုံး ငွေပမာဏ ၅၀၀ ကျပ် အသုံးပြုရန်)
- ၂၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန် (အနည်းဆုံး ငွေပမာဏ ၅၀၀ ကျပ် အသုံးပြုရန်)
- ၃၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန် (အနည်းဆုံး ငွေပမာဏ ၅၀၀ ကျပ် အသုံးပြုရန်)
- ၁၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန် (အနည်းဆုံး ငွေပမာဏ ၁,၀၀၀ ကျပ် အသုံးပြုရန်)
- ၂၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန် (အနည်းဆုံး ငွေပမာဏ ၂,၀၀၀ ကျပ် အသုံးပြုရန်)
- ၂၀၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန် (အနည်းဆုံး ငွေပမာဏ ၅,၀၀၀ ကျပ် အသုံးပြုရန်)
၇။ ပွိုင့်များနှင့် ကူပွန်များအား လဲလှယ် အသုံးပြုရန် သတ်မှတ်ထားသော ပမာဏမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ပွိုင့် ၄၀၀ အတွက် ၁၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန် (အနည်းဆုံး ငွေပမာဏ ၁,၀၀၀ ကျပ် အသုံးပြုရန်)
- ပွိုင့် ၈၀၀ အတွက် ၂၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန် (အနည်းဆုံး ငွေပမာဏ ၂,၀၀၀ ကျပ် အသုံးပြုရန်)
- ပွိုင့် ၁၆၀၀ အတွက် ၅၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန် (အနည်းဆုံး ငွေပမာဏ ၃,၀၀၀ ကျပ် အသုံးပြုရန်)
၈။ KBZPay အသုံးပြုသူများသည် ဖုန်းငွေဖြည့်ခြင်းမှ ရရှိလာသော ပွိုင့်များအား တစ်နေ့လျှင့် အများဆုံး ပွိုင့် ၅၀၀ အထိစုဆောင်းခွင့်ရှိမည်ဖြစ်ပြီး Task list အား လုပ်ဆောင်ပြီးရရှိလာသော ပွိုင့်များကိုမူ အကန့်အသတ် မရှိစုဆောင်း နိုင်ပါသည်။
၉။ KBZPay အသုံးပြုသူများသည် Campaign စာမျက်နှာရှိ Task list မှ တစ်ဆင့် KBZPay အသုံးမပြုသေးသူ သူငယ်ချင်းများအား KBZPay Account ဖွင့်ရန် ဖိတ်ခေါ်ပြီး အဖိတ်ခေါ်ခြင်းခံရသူများမှ KBZPay တွင် စာရင်းသွင်းပြီးပါက ဖိတ်ခေါ်ခြင်းခံရသူသည် ၁၀၀ ကျပ်တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန် ရရှိမည်ဖြစ်ပြီး ဖိတ်ခေါ်သူသည် (အဖိတ်ခေါ်ခြင်းခံရသူများမှ KBZPay တွင် Level 1.5 အဖြစ် အောင်မြင်စွာစာရင်းသွင်းပြီးပါက) ပြန်အမ်းငွေ ၃၀၀ ကျပ်နှင့်တကွ ၂၀၀ ကျပ်တန် ဖုန်းငွေဖြည့်လျှော့ဈေး ကူပွန် ရရှိမည်ဖြစ်ပါသည်။ အကယ်၍ ဖိတ်ခေါ်ခြင်းခံရသူ သည် Campaign ကာလအတွင်း ဖုန်းငွေဖြည့်ခြင်းလုပ်ဆောင်ခဲ့ပါက ဖိတ်ခေါ်သူသည် ထပ်ဆောင်း ပွိုင့် ၈၀၀ ရရှိမည်ဖြစ်ပါသည်။
၁၀။ KBZPay အသုံးပြုသူများသည် ရရှိလာသော လျှော့ဈေး ကူပွန်များအား ဖုန်းငွေဖြည့်ခြင်း နှင့် မည်သည့် ဒေတာပက်ကေ့ချ်အမျိုးအစားကိုမဆို ဝယ်ယူခြင်းများတွင် ပြန်လည်အသုံးပြုနိုင်ပါသည်။ KBZPay အသုံးပြုသူများသည် လျှော့ဈေး ကူပွန်များအား ပြန်လည် အသုံးပြုရာတွင် အပိုဒ် (၇) တွင် သတ်မှတ်ထားသော ပမာဏ အတိုင်းဝယ်ယူအသုံးပြုရန်လိုအပ်ပါသည်။
၁၁။ Campaign ကာလ အတွင်း KBZPay Level 1.5 အတည်ပြုချက် စောင့်ဆိုင်းနေသူ အသုံးပြုသူများ (စတင်အသုံးပြုသူများ) အနေဖြင့် လျှော့ဈေးကူပွန် အား လက်ခံရရှိသော်လည်း KBZPay ၏ အတည်ပြုချက်ရရှိပြီး အသုံးပြုသူ Level 1 သို့မဟုတ်Level 1.5 ဖြစ်မှသာ ကူပွန်ကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။
၁၂။ KBZPay စတင်အသုံးပြုသူများသည် လျှော့ဈေး ကူပွန်များအားကို လက်ခံရရှိပြီး ၇ ရက် အတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး ၇ ရက်ကျော်လွန်ပါက အသုံးပြု၍မရနိုင်ပါ။
၁၃။ ကူပွန်အား ပြန်လည်အသုံးပြုမည့် KBZPay အသုံးပြုသူများသည် ရရှိလာသော လျှော့ဈေး ကူပွန်များအား တစ်စောင်လျှင် ဖုန်းငွေဖြည့်ခြင်း သို့မဟုတ် ဒေတာပက်ကေ့ချ်ဝယ်ယူမှုတစ်ခု အတွက်သာ အသုံးပြုနိုင်ပါသည်။
၁၄။ ‘KBZPay ကနေ ဖုန်းငွေဖြည့်၊ ဒေတာပက်ကေ့်ချ်ဝယ်ယူရင်း ပွိုင့်တွေစုကြမယ်’ Campaign ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများနှင့် point များကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးပြီး ၇ ရက်အထိ အကျုံးဝင်သောpoint များသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay အသုံးပြုသူများသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၁၂ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး ၇ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
၁၅။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP၊ PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၁၆။ ဤKBZPay ကနေ ဖုန်းငွေဖြည့်၊ ဒေတာပက်ကေ့ချ် ဝယ်ယူရင်း ပွိုင့်တွေစုကြမယ် Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း ဆောင်ရွက်ခြင်း မပြုပါ။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူကိုမဆို KBZPay အသုံးပြုခြင်းကို ပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၇။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ KBZPay အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည် ဖြစ်သည်။
၁၈။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၉။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ် ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၂၁။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။
၂၂။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။(ဤ Campaign တွင်ပါဝင်ရန် အသုံးပြုသူများသည် KBZPay ၏ နောက်ဆုံး Version ကိုအဆင့်မြှင့်တင် ထားရန်လိုအပ်ပါသည်)