Top Up Point System Campaign ၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay ကနေ ဖုန်း‌ဘေလ်ဖြည့်၊ ဒေတာပက်ကေ့ချ် ဝယ်ယူရင်းပွိုင့်တွေစုကြမယ် Campaign သည် ဩဂုတ်လ ၂၈ ရက်နေ့ ၂၀၂၂ ခုနှစ်မှ  နိုဝင်ဘာလ ၂၇ ရက်နေ့ ၂၀၂၂ ခုနှစ်ထိဖြစ်ပါသည်။ 

၂။  KBZPay ကနေ ဖုန်းဘေလ်ဖြည့်၊ ဒေတာပက်ကေ့ချ် ဝယ်ယူရင်းပွိုင့်တွေစုကြမယ် Campaign ၏ရည်ရွယ်ချက်မှာ KBZPay အသုံးပြုသူများအားလုံး ဖုန်းဘေလ်ဖြည့်ခြင်း သို့မဟုတ် ဒေတာ Packages များဝယ်ယူရင်း ရရှိလာသော ပွိုင့်များအား စုဆောင်းကာ ထိုစု‌ဆောင်းထားသော ပွိုင့်များအား ဖုန်းဘေလ်ဖြည့်လျှော့ဈေးကူပွန်များအဖြစ်လဲလှယ်ခြင်း နှင့် Spin Wheel လှည့်၍ ကျပန်း ပွိုင့်များ ကံစမ်းခြင်းတို့အားး ပြုလုပ်နိုင်မည်ဖြစ်ပြီး ၁၅ရက်အတွင်း စုဆောင်းထားသော ပွိုင့်စုစုပေါင်းဖြင့်လည်း အဆင့်သတ်မှတ်ချက် (Ranking) တွင်ပါဝင်ပြီး ပြန်အမ်းငွေ ရရှိနိုင်စေရန်   ရည်ရွယ်ပါသည်။ 

၃။  KBZPay Level 1.5 နှင့် 2 များအသုံးပြုသူများသာ ယခု အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ပါဝင်နိုင်မှာ ဖြစ်ပါသည်။

၄။  KBZPay Level 1.5 နှင့် Level 2  အသုံးပြုသူ မည်သူမဆို Campaign ကာလအတွင်း ဖုန်းဘေလ်ဖြည့်ခြင်း၊ ဒေတာပက်ကေ့ချ်  ဝယ်ယူခြင်းများအတွက် ဝယ်ယူသည့်ပမာဏ၏ ၁ ရာခိုင်နှုန်း ကို ပွိုင့် အနေဖြင့် ပြန်လည်ရရှိမည်ဖြစ်ပါသည်။ 

၅။ စုဆောင်းရရှိလာသောပွိုင့်များအား အသုံးပြု၍ Spin Wheel လှည့်ပြီး ပွိုင့်များကံစမ်းခြင်း (သို့မဟုတ်) ပွိုင့်များအား ကူပွန်များဖြင့် ပြန်လည် လဲလှယ်နိုင်ခြင်း အစရှိသည့် အခွင့်အရေးများကို ရှိနိုင်မည့်အပြင် ၁၅ရက်အတွင်း ဖုန်းဘေလ်ဖြည့်ခြင်း၊ ‌ဒေတာပက်ကေ့ချ် ဝယ်ယူခြင်းသီးသန့်မှ  စုဆောင်းထားသော ပွိုင့်စုစုပေါင်းဖြင့်လည်း အဆင့်သတ်မှတ်ချက် (Ranking List) တွင် ပါဝင်ပြီး ပြန်အမ်းငွေများ ရယူနိုင်မှာဖြစ်ပါသည်။

၆။ KBZPay Level 1.5 နှင့် Level 2  အသုံးပြုသူသည် ၁၅ရက်အတွင်း ဖုန်းဘေလ်ဖြည့်ခြင်း၊ ‌ဒေတာပက်ကေ့ချ် ဝယ်ယူခြင်းသီးသန့်မှ ရရှိထားသောသော ပွိုင့်များဖြင့်အ အဆင့်သတ်မှတ်ချက်  (Ranking List) တွင် ပါဝင်ယှဉ်ပြိုင်၍  ပြန်အမ်းငွေများ ရယူနိုင်ပါသည်။ အဆင့်သတ်မှတ်ချက် (Ranking List) အား ၁၅ ရက် ခြားတစ်ခါ ထုတ်ပြန်ကာ ဆုငွေပေးအပ်သွားမည်ဖြစ်သည်။ ရရှိနိုင်သော ပြန်အမ်းငွေများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။

  • အဆင့် (၁) အတွက် -၈၀,၀၀၀ ကျပ်
  • အဆင့် (၂) အတွက် – ၆၀,၀၀၀ ကျပ်
  • အဆင့် (၃) အတွက် – ၄၀,၀၀၀ ကျပ်
  • အဆင့် (၄) မှ (၁၀) အတွက် – ၃၀,၀၀၀ ကျပ်
  • အဆင့် (၁၁) မှ အဆင့် (၂၀) အတွက် – ၂၅,၀၀ ကျပ် 
  • အဆင့် (၂၁) မှ အဆင့် (၃၀) အတွက် – ၂၀,၀၀၀ ကျပ်
  • အဆင့် ( ၃၁) မှ အဆင့် (၅၀) အတွက် – ၁၅,၀၀၀ ကျပ်
  • အဆင့် (၅၁) မှ အဆင့် (၇၀) အတွက် – ၁၂,၀၀၀ ကျပ် 
  • အဆင့် (၇၁) မှ အဆင့်ာ(၁၀၀) အတွက် – ၈,၀၀၀ ကျပ်

၇။ အဆင့်သတ်မှတ်ချက် (Ranking List) တွင် ဖော်ပြမည့် ပွိုင့်အရေအတွက်သည် အသုံးပြုသူ တစ်ဉီး၏ Campaign စတင်ချိန်မှစ၍ ၁၅ ရက်အတွင်း ဖုန်းဘေလ်ဖြည့်ခြင်း၊ ‌ဒေတာပက်ကေ့ချ် ဝယ်ယူခြင်းသီးသန့်မှ ရရှိခဲ့သော စုစုပေါင်း ပွိုင့်အရေအတွက်ကိုသာ ဖော်ပြခြင်းဖြစ်ပြီး အသုံးပြုသူမှ အသုံးမပြုရ သေးဘဲ ကျန်ရှိနေသည့် ပွိုင့်အရေအတွက်အား ဖော်ပြထားခြင်းမဟုတ်ပါ။ 

၈။ အသုံးပြုသူတစ်ဉီး၏ Campaign စတင်ချိန်မှ ပထမ ၁၅ ရက်အတွင်း ဖုန်းဘေလ်ဖြည့်ခြင်း၊ ‌ဒေတာပက်ကေ့ချ် ဝယ်ယူခြင်းသီးသန့်မှ ရရှိခဲ့သောပွိင့်အရေအတွက်ကိုသာ ထည့်သွင်းတွက်ချက်၍ ရမှတ်ရရှိမှုအတိုင်း ပထမအကြိမ် အဆင့်သတ်မှတ်ချက် (Ranking List) တွင် ဖော်ပြမည်ဖြစ်သည်။ 

၉။ ၁၅ရက်တစ်ခါ Round တစ်ကြိမ်ပြီးတိုင်း ပွိုင့်များကို “ ၀” မှစ၍ ပြန်လည်‌ရေတွက်ပါမည်။  ဆိုလိုသည်မှာ ပထမ ၁၅ ရက်ကျော်လွန်သည်နှင့်တပြိုင်နက် ပထမ ၁၅ရက်အတွင်း အသုံးပြုသူ ဖုန်းဘေလ်ဖြည့်ခြင်း၊ ‌ဒေတာပက်ကေ့ချ် ဝယ်ယူခြင်းသီးသန့်မှ ရရှိခဲ့သည့် ပွိုင့်များအား ဒုတိယအကြိမ် အဆင့်သတ်မှတ်ချက် (Ranking List)တွင် ထည့်သွင်းတွက်ချက်ခြင်းမပြုတော့ဘဲ နောက်ထပ် ၁၅ ရက်အတွင်း အသုံးပြုသူ၏ ဖုန်းဘေလ်ဖြည့်ခြင်း၊ ‌ဒေတာပက်ကေ့ချ် ဝယ်ယူခြင်းသီးသန့်မှ ရရှိခဲ့သည့် ပွိုင့်အရေအတွက်ကိုသာလျှင် ထည့်သွင်းတွက်ချက်သွားမည်ဖြစ်သည်။

၁၀။ KBZPay မှသတ်မှတ်သည့် နောက်ဆုံး အဆင့်သတ်မှတ်ချက် (Ranking List)သည်သာလျှင် အတည်ဖြစ်ပြီး ထိုနောက်ဆုံး အဆင့်သတ်မှတ်ချက်ရှိ ဆုကြေးငွေရရှိသူများ၏ KBZPay အကောင့်များထဲသို့ အလုပ်လုပ်ရက် (၇)ရက်အတွင်း သက်ဆိုင်ရာ ဆုကြေးငွေများအား တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်သည်။ KBZမှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် အဆင့်သတ်မှတ်ချက် ဖော်ပြမည့်နေ့ရက်နှင့် ဆုကြေးငွေ ထည့်သွင်းပေးမည့်ကာလသည် အပြောင်းအလဲရှိနိုင်ပါသည်။

၁၁။ အသုံးပြုသူ၏ ဖုန်းဘေလ်ဖြည့်ခြင်း၊ ‌ဒေတာပက်ကေ့ချ် ဝယ်ယူခြင်းသီးသန့်မှ စုဆောင်းထားသော ပွိုင့်များဖြင့် ကံစမ်းရန် Spin Wheel လှည့်နိုင်ပြီး တစ်ကြိမ်လျှင်အနည်းဆုံး ပွိုင့် (၉) ပွိုင့်ရှိရန်လိုအပ်ပါသည်။  Spin Wheel လှည့်ပြီးသည်နှင့်  အသုံးပြုပြီးသော ပွိုင့် (၉) ပွိုင့်လည်း ကုန်ဆုံးမည်ဖြစ်ပါသည်။ Spin Wheel လှည့်ရာမှ ရရှိလာသော ပွိုင့်များသည် အဆင့်သတ်မှတ်ချက် (Ranking List)အတွက် ထည့်သွင်းတွက်ချက်ခြင်းပြုလုပ်မည်မဟုတ်ဘဲ Spin Wheel လှည့်ရာမှ ရရှိလာသော ပွိုင့်များသည် ကူပွန်ဖြင့်လဲလှယ်ရန်အတွက်သာလျှင် အသုံးပြုနိုင်မည် ဖြစ်သည်။

Spin Wheel မှတဆင့် ရရှိနိုင်သော ပွိုင့်ဆုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • Thank You
  • ၉ ပွိုင့်
  • ၁၉ ပွိုင့်
  • ၁၉၉ ပွိုင့်
  • ၉၉၉ ပွိုင့်

၁၂။ ပွိုင့်များအား ကူပွန်များအနေဖြင့် လဲလှယ် အသုံးပြုရန် သတ်မှတ်ထားသော ပမာဏမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ပွိုင့် ၄၀၀ အတွက်  ၁၀၀ ကျပ်တန် ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်
  • ပွိုင့် ၈၀၀ အတွက် ၂၀၀ ကျပ် တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်
  • ပွိုင့် ၁၆၀၀ အတွက် ၅၀၀ ကျပ် တန်ဖုန်းငွေဖြည့်လျှော့ဈေးကူပွန်

၁၃။ ပွိုင့်များနှင့် လဲလှယ်ပြီး ရရှိလာသော  လျှော့ဈေး ကူပွန်မျ တစ်စောင်လျှင် တစ်ကြိမ် ဖုန်းဘေလ်ဖြည့်ခြင်း သို့မဟုတ် Data package  ဝယ်ယူမှုတစ်ခုအတွက်သာလျှင် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။ KBZPay အသုံးပြုသူများသည် လျှော့ဈေး ကူပွန်များအား ပြန်လည် အသုံးပြုရာတွင် ဝယ်ယူသည့် ပမာဏ သည် ကူပွန်ပမာဏ ထက်ပိုမိုရန်လိုအပ်ပါသည်။ 

၁၄။ ကူပွန်တစ်ခုအား အသုံးပြုနိုင်ခွင့်သက်တမ်းမှာ ၇ ရက်ဖြစ်ပြီး ၇ ရက်ကျော်သွားလျှင် အသုံးပြုနိုင်တော့မည်မဟုတ်ပါ။ 

၁၅။ Campaign ကာလာသုံးလအတွင်း  ဖုန်းဘေလ်ဖြည့်ခြင်း၊ ‌ဒေတာပက်ကေ့ချ် ဝယ်ယူခြင်းနှင့် Spin Wheel လှည့်ပြီး ပွိုင့်များကံစမ်းခြင်းမှ ရရှိလာသော ပွိုင့်စုစုပေါင်းအား Spin Wheelအလယ်တွင်ကြည့်နိုင်ပြီး ပွိုင့်မှတ်တမ်းအား Campaign စာမျက်နှာ ရှိ “ကျွန်ုပ်၏ ပွိုင့်များ” အောက်တွင်ကြည့်ရှုနိုင်ပါသည်။ 

၁၆။ အသုံးပြုသူများအနေဖြင့် ၎င်းတို့ရရှိထားသော ပွိုင့်များနှင့် ကူပွန်များအား အခြားလူတစ်ဉီးဉီးထံသို့လွှဲပြောင်းခွင့်မရှိပါ။

၁၇။ KBZPay ကနေ ဖုန်းငွေဖြည့်၊ ဒေတာ Packages ဝယ်ယူရင်းပွိုင့်တွေစုကြမယ်Campaign ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများနှင့် ပွိုင့်များကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများနှင့် အသုံးပြုသူရရှိထားသော ပွိုင့်များသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay အသုံးပြုသူများသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၁၄ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး  (၇) ရက် အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၈။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၉။ ဤKBZPay ကနေ ဖုန်းငွေဖြည့်၊ ဒေတာ Packages ဝယ်ယူရင်းပွိုင့်တွေစုကြမယ် ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

 ၂၀။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ KBZPay အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၂၁။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၂၂။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၂၃။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။