“ မိုးအေးအေးမှာ ကော်ဖီသောက်ရင်းပြန်အမ်းငွေနှင့် ကူပွန်များရယူမယ်” အစီအစဥ် စည်းမျဉ်းစည်းကမ်း  သတ်မှတ်ချက်များ

၁။ KBZPayမှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက် နေ့မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ အား “ မိုးအေးအေးမှာ ကော်ဖီသောက်ရင်း ပြန်အမ်းငွေနှင့် ကူပွန်များရယူမယ်”အစီအစဥ် နေ့အဖြစ် သတ်မှတ်ထား ပါသည်။

၂။ KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1 သို့မဟုတ် KBZPay Level 1.5 အသုံးပြုသူများသည် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤ အစီအစဥ်၏ ရည်ရွယ်ချက်မှာ ဖော်ပြပါ KBZPay မိတ်ဖက်ဆိုင်များတွင်တစ်နေ့လျှင် ၅၀၀၀ ကျပ်ဖိုးနှင့်အထက်  ဝယ်ယူသော customer များအနေဖြင့် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ လက်ငင်း ပြန်အမ်းငွေများနှင့်လျှော့စျေးကူပွန်များ သတ်မှတ်အရေအတွက် ရှိသလောက် ရယူနိုင်ရန်ဖြစ်ပါသည်။ ပါဝင်မည့်မိတ်ဖက်ဆိုင်များမှာ Booboo Café၊ Capulus Cafe၊ Coffee Channel၊  Coffee Date၊ Coffee Tree၊  Hta Naung Coffee၊  My Hill Coffee House၊ Origin Coffee၊ TellUs၊ Thae Lay Coffee၊ The District Coffee Lounge၊ The Tea Cafe & Social တို့ဖြစ်ပါသည်။ 

၄။ ဤ အစီအစဥ်ကာလအတွင်း ရရှိနိုင်သော လျှော့စျေးကူပွန်နှင့် ပြန်အမ်းငွေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • ၅၀,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၃,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၁,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၅,၀၀ ကျပ် ပြန်အမ်းငွေ 
  • ၁,၀၀၀ကျပ် ပြန်အမ်းငွေ
  • ကျေးဇူးတင်ပါသည်

၅။ KBZPay အသုံးပြုသူများအနေဖြင့် ရရှိလာသော လျှော့ဈေးကူပွန်များကို ပြန်လည် အသုံးပြုရာတွင် ငွေပေးချေ ဝယ်ယူသည့် ပမာဏသည် လျှော့ဈေးကူပွန် ပမာဏထက် ပိုများရန်လိုအပ်ပါသည်။ ဤ အစီအစဥ် အရ ကူပွန်ရရှိထားသူများသည် ၎င်းတို့ရရှိသောကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်း ပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေး အဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၆။ အသုံးပြုသူများအနေဖြင့် ငွေပေးချေမှုတစ်‌ကြောင်းလျှင် အနည်းဆုံး စုစုပေါင်းငွေကျပ်၅,၀၀၀ ကျပ်နှင့်အထက် ဝယ်ယူ၍ မိတ်ဖက်ဆိုင်များ၏ KBZPay QR Code အား scan ဖတ်၍ ငွေပေးချေမှသာ လျှော့စျေးကူပွန်နှင့် ပြန်အမ်းငွေရရှိမည်ဖြစ်သည်။ ထို့အပြင် QR Codeအား scan ဖတ်၍ငွေပေးချေခြင်း မဟုတ်သည့် ဝယ်ယူမှုများအတွက် လျှော့စျေးကူပွန်နှင့် ပြန်အမ်းငွေများကို ရရှိနိုင်မည်မဟုတ်ပါ။ 

၇။ ဤ အစီအစဥ် တွင်ပါဝင်သူများအနေဖြင့် အစီအစဥ် ကာလအတွင်း KBZPay အကောင့်တစ်ခု အတွက် တစ်နေ့လျှင် ပြန်အမ်းငွေ(၁)ကြိမ်နှင့် လျှော့စျေးကူပွန်(၁)ကြိမ်နှုန်းဖြင့် အစီအစဥ်ကာလအတွင်း စုစုပေါင်း ပြန်အမ်းငွေ (၁၄)ကြိမ် နှင့် လျှော့စျေးကူပွန် (၁၄) ကြိမ်အထိ ရယူခွင့်ရှိမည်ဖြစ်သည်။  သတ်မှတ်ချက်နှင့် ပြည့်မှီသည့်ဝယ်ယူပေးချေမှုများ အတွက် နေ့စဥ် ပြန်အမ်းငွေ  အကြိမ် ၆၀၀ နှင့်  လျှော့စျေးကူပွန် အကြိမ် ၂၀၀ အထိ သတ်မှတ်ထားပါသည်။

၈။ အထက်တွင် လျှော့‌စျေးကူပွန်ပမာဏ နှင့် ပြန်အမ်းငွေပမာဏအား မည်သို့ပင်ဖော်ပြစေကာမူ ဤ အစီအစဥ် ကာလအတွက် KBZPayမှ သတ်မှတ်ထားသော လျှော့‌စျေးကူပွန်နှင့် ပြန်အမ်းငွေပမာဏ သို့ရောက်ရှိသွားပါက “ကျေးဇူးတင်ပါသည်” သာပြန်လည်ရရှိမည်ဖြစ်ပြီး သတ်မှတ်ထားသော ပမာဏသို့ ရောက်ရှိသွားပါက ၅,၀၀၀ကျပ် ကျော်လွန်သည့် မည်သည့် ငွေပေးချေမှု အားလုံးအတွက်မဆို “ကျေးဇူးတင်ပါသည်” သာပြန်လည်ရရှိမည်ဖြစ်ပါသည်။

၉။ လျှော့‌စျေးကူပွန်များရရှိသူများသည် KBZPay “ကျွန်ုပ်၏ ပရိုဖိုင်” ရှိ “ ကူပွန်များ” ထဲသို့ ကူပွန်အားလက်ခံရရှိမည် ဖြစ်ပြီး ပြန်အမ်းငွေရရှိသူများသည် KBZPay Wallet အကောင့်ထဲသို့ ချက်ချင်းတိုက်ရိုက် လက်ခံ ရရှိမည်ဖြစ်သည်။ လျှော့‌စျေးကူပွန်များ နှင့်ပြန်အမ်းငွေများအား ချက်ချင်းထည့်သွင်းပေးမည်ဟု ဖော်ပြထား သော်လည်း KBZ Bank၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် လျှော့‌စျေးကူပွန်များ နှင့်ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။ 

၁၀။ လျှော့ဈေးကူပွန်၏သက်တမ်းမှာ အသုံးပြုသူ လက်ခံရရှိသည့် နေ့ရက်မှ  (၇) ရက်အတွင်း သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး သက်တမ်းမကုန်မီ မိတ်ဖက်ဆိုင်များတွင် KBZPay QR Code ကို scan ဖတ်၍ငွေပေး‌ချေသော ဝယ်ယူမှုများအတွက် ပြန်လည်အသုံးပြုနိုင်ပါသည်။

၁၁။   ဤ အစီအစဥ် ကာလအတွင်း KBZPay Level 2 အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း    သတ်မှတ်ချက်ပါ အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပြီး အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ အစီအစဥ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် အစီအစဥ် ကာလပြီးဆုံးသော်လည်း အပိုဒ် (၁၀) တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည်။

၁၂။ အသုံးပြုသူများမှ KBZPayမိတ်ဖက်ဆိုင်များတွင် ဝယ်ယူပြီးသောပစ္စည်းများအား လဲလှယ်ခြင်းနှင့် ပြန်အမ်းငွေပြန်လည် တောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာသောကိစ္စရပ်များပေါ်ပေါက်ပါက KBZPay မိတ်ဖက်ဆိုင်များနှင့် အသုံးပြုသူများနှင့်သာ သက်ဆိုင်မည်ဖြစ်သည်။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ မိတ်ဖက်ဆိုင်များ၏ စည်းမျဥ်းစည်းကမ်းများ နှင့်အညီ ဆုံးဖြတ်သည့် အတိုင်း လိုက်နာရမည် ဖြစ်သည်။ ။

၁၃။ အစီအစဥ် တွင်ပါဝင်ရန် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။

၁၄။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၅။   ဤ အစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၆။   ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိ သည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၇။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်း မရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၈။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ အစီအစဥ်အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၉။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် KBZPay မိတ်ဖက်ဆိုင်များ၏   စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။ 

၂၀။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၂၁။   KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ သို့မဟုတ် KBZPay မိတ်ဖက်ဆိုင်များမှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ သို့မဟုတ် KBZPay မိတ်ဖက်ဆိုင်များ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ် ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၂။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်း သတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။