“သင့်ရဲ့ဇာတာကို ဆန်းစစ်ဖို့ San Zarni Bo Mini App  ” အစီအစဥ်၏စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay သည်  “သင့်ရဲ့ဇာတာကို ဆန်းစစ်ဖို့ San Zarni Bo Mini App”  အစီအစဥ်ကာလကို  ၂၀၂၅ ခုနှစ် မေလ (၈) ရက် မှ ၂၀၂၅ ခုနှစ် မေလ (၁၇) ရက် အထိ   သတ်မှတ်ထား ပါသည်။

 ၂။ KBZPay Level 1.5 ၊ Level 2 နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး  KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ယခု အစီအစဥ်တွင်ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ဤ Campaign တွင် ပါဝင်လိုသည့် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay အပ်ပလီကေး ရှင်းအား 5.1 နှင့် အထက် ဗားရှင်းသို့ အဆင့်မြှင့်ထားရန်လိုအပ်ပါသည်။ 

 ၃။ ဤအစီအစဥ် ၏ရည်ရွယ်ချက်မှာ Level 1.5 ၊ Level 2 နှင့် Youth Account အသုံးပြုသူများအားလုံးသည် KBZPay တွင် San Zarni Bo Mini App  ၌  စံဇာနည်ဘို၏ ဝန်ဆောင်မှုများအား ဝယ်ယူရာတွင်  spin wheelလှည့်ခွင့်ရရှိမည်ဖြစ်ကာ ပြန်အမ်းငွေများ၊ ဆရာကြီး စံဇာနည်ဘိုနှင့် အခမဲ့လူတွေ့ဗေဒင်မေးမြန်းခွင့်များရရှိကံစမ်းနိုင်ရန်    ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။

 ၄။ ဤအစီအစဥ်ကာလအတွင်း KBZPay အသုံးပြုသူတစ်ဦးလျှင်      KBZPayရှိ San Zarni Bo Mini App မှ တစ်ဆင့် ဝန်ဆောင်မှုများအားတစ်ကြိမ် ဝယ်ယူပြီးသည့်အခါတွင်      spin wheel လှည့်ခွင့် တစ်ရက်လျှင် တစ်ကြိမ်ကံစမ်းနိုင်မည်ဖြစ်သည်။ ထို့အပြင် အစီအစဉ်ကာလအတွင်း KBZPay Account တစ်ခုဖြင့် အသုံးပြုသူတစ်ဦးလျှင် ယခုအစီအစဉ်ကို  ဆိုရှယ်မီဒီယာမှ တစ်ဆင့်မျှဝေခြင်းဖြင့်လည်း  ‌Spin Wheel လှည့်ခွင့်တစ်ကြိမ်ထပ်မံရရှိနိုင်မည် ဖြစ်သည်။

 ၅။ San Zarni Bo Mini Appတွင် ဝန်ဆောင်မှုများဝယ်ယူပြီးနောက် spin wheel လှည့်ပြီး ရရှိနိုင်မည့် ပြန်အမ်းငွေများနှင့်ကူပွန်များမှာ-

  • ဆရာကြီး စံဇာနည်ဘိုနှင့် အခမဲ့ လူတွေ့ဗေဒင်မေးမြန်းခွင့် ကူပွန်
  • ၃,၀၀၀ ကျပ်တန် ပြန်အမ်းငွေ
  • ၅,၀၀၀ ကျပ်တန် ပြန်အမ်းငွေ
  • ၁၀,၀၀၀ ကျပ်တန်ပြန်အမ်းငွေ 
  • ၁၀၀,၀၀၀ ကျပ်တန်ပြန်အမ်းငွေ နှင့်
  • ကျေးဇူးတင်ပါသည် တို့ဖြစ်ပါသည်။

 ၆။ KBZPay အသုံးပြုသူများအနေဖြင့် ကူပွန်ရရှိပါက ယင်း ကူပွန်ပေါ်ရှိ ယခုပဲမေးမည်ကိုနှိပ်သည့်အခါ ဗေဒင်အခမဲ့မေးမြန်းခွင့်စာမျက်နှာကိုတွေ့ရမည်ဖြစ်ပြီး ဗေဒင်မေးမြန်းရန်လိုအပ်သောအချက်အလက်များကို

ပြည့်ပြည့်စုံစုံဖြည့်၍ အခမဲ့ မေးမြန်းနိုင်မည်ဖြစ်ပါသည်။ KBZPay ရှိကျွန်ုပ်၏ဆုများ နေရာတွင်လည်း မိမိရရှိထားသော ကူပွန်ကိုသွားရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ဗေဒင်မေးမြန်းရန် လိုအပ်သော အချက်အလက်များ ကို ပြည့်ပြည့်စုံစုံဖြည့်၍ ဗေဒင်အခမဲ့မေးမြန်းနိုင်မည်ဖြစ်ပါသည်။

၇။ KBZPayအသုံးပြုသူများအနေဖြင့် ဤအစီအစဥ်တွင် ရရှိလာသောကူပွန်များကို ဤအစီအစဥ် ကာလအတွင်းသာအသုံးပြုနိုင်မည်ဖြစ်ပြီးဤအစီအစဥ်ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် ကူပွန်များ၏သက်တမ်းသည်လည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၈။  ဤ အစီအစဥ် တွင်ပါဝင်သူများသည် KBZPay Account တစ်ခုဖြင့် အစီအစဥ် ကာလ အတွင်း KBZPay တွင် San Zarni Bo Mini App၌ဝန်ဆောင်မှုများအား ဝယ်ယူခြင်းဖြင့် တစ်ရက်လျှင် တစ်(၁)ကြိမ်သာ ပါဝင်နိုင်ပါသည်။ KBZPay အသုံးပြုသူမှ ရရှိထားသော ပြန်အမ်းငွေများကို ၎င်းတို့၏ KBZPay wallet များထဲသို့     တိုက်ရိုက် ထည့်သွင်းပေး သွားမည်ဖြစ်ပြီး ၎င်းတို့၏ KBZPay ရှိ မှတ်တမ်းတွင် ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်သည်။ တစ်နေ့တာအတွက် ပြန်အမ်းငွေပေးမည့်  အကြိမ်အရေအတွက်သည် Random အလိုက် ကန့်သတ်ချက်ရှိသောကြောင့် ကန့်သတ်ချက် ကျော်လွန်ပြီး နောက်     ပေးချေမှုပြုလုပ်သည့် KBZPay အသုံးပြုသူများအနေဖြင့်  ပြန်အမ်းငွေ ရရှိနိုင်မည် မဟုတ်ပါ။

၉။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူ၏ KBZPay wallet များထဲသို့ တိုက်ရိုက် ထည့်သွင်းပေးမည် ဖြစ်သော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများ အား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၁၀။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၁၁။    ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၁၂။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၃။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ      က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ      တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၅။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်     အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၆။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၇။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ      အကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၉။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။