“အသုံးပြုသူအသစ်များဖိတ်ခေါ်ကာဆုလက်ဆောင်များရယူပါ” အစီအစဉ် ၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁။ KBZPayသည် “အသုံးပြုသူအသစ်များဖိတ်ခေါ်ကာဆုလက်ဆောင်များရယူပါ” အစီအစဉ်ကာလ ကို ဒီဇင်ဘာလ ၃၀  ရက်နေ့ ၂၀၂၄ ခုနှစ် မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ၂၀၂၅ ခုနှစ်အထိသတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 , Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ဤအစီအစဥ် တွင်ပါဝင်လိုသည့် KBZPay အသုံးပြုသူများအနေဖြင့် KBZPay အပ်ပလီကေး ရှင်းအား ၅.၅.၀ နှင့် အထက် ဗားရှင်းသို့ မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤ အစီအစဉ်၏  ရည်ရွယ်ချက်မှာ လက်ရှိ KBZPay အသုံးပြုသူများမှ မိမိ နှင့် ချစ်ခင်ရင်းနှီးသော မိတ်ဆွေ၊ သူငယ်ချင်းများအား KBZPay အကောင့်အသစ်ဖွင့်ရန် ဖိတ်ခေါ်ရမည်ဖြစ်ပြီး ဖိတ်ခေါ်ခြင်းခံရသူမှ KBZPay Level 2 သို့ အောင်မြင်စွာဖွင့်လှစ် အဆင့်မြှင့်တင်ပြီးပါက ဖိတ်ခေါ်သူ နှင့် ဖိတ်ခေါ်ခြင်းခံရသူ (၂)ဦးစလုံးသည် ပြန်အမ်းငွေ  ၁,၀၀၀ ကျပ်စီ အခွင့်အရေးရရှိမည့် အပြင် KBZPay အသုံးပြုသူအသစ်များအား အများဆုံးဖိတ်ခေါ်နိုင်သူ (၅)ဦး သည် အောက်ဖော်ပြပါ အထူးဆုများကိုထပ်ဆောင်းခံစားခွင့်ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။

           ထပ်ဆောင်းရရှိနိုင်သောအထူးဆုများ

  • ပထမဆု  – (၁၀) သိန်းကျပ်
  • ဒုတိယဆု – (၅) သိန်းကျပ်
  • တတိယဆု- (၃) သိန်းကျပ်
  • စတုတ္ထဆု -(၂)သိန်းကျပ်
  • ပဉ္စမဆု ဆု -(၁) သိန်းကျပ်

၄။ ဤအစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူ (၁) ဦးမှ  မှ အခြားသော အသုံးပြုသူအသစ်များကို အရေအတွက်အကန့်အသတ်မရှိ ဖိတ်ခေါ်နိုင်မည်  ဖြစ်ပြီး ဖိတ်ခေါ်ခြင်းခံရသည့် သူမှာ ဖိတ်ခေါ်သူ၏ Referral ကုဒ်နံပါတ်ကိုထည့်သွင်း၍ KBZPay Level 2 သို့ အောင်မြင်စွာအဆင့်မြှင့်တင်ပြီးပါကဖိတ်ခေါ်သူ နှင့် ဖိတ်ခေါ်ခြင်းခံရသူ (၂)ဦးစလုံး ပြန်အမ်းငွေ ၁,၀၀၀  ကျပ်စီ ရယူနိုင်မှာ ဖြစ်ပါသည်။ သိူ့သော် ဤအစီအစဉ်ကာလအတွင်း KBZPay Level 2 အသုံးပြုအသစ် ဖိတ်ခေါ်ခြင်း အတွက် အများဆုံးအရေအတွက် (၂၀၀) ဦးအထိသာ ပြန်အမ်းငွေ ရရှိနိုင်မည်ဖြစ်သည်။

၅။   ထပ်ဆောင်းအထူးဆုများကို ဤအစီအစဉ်ပြီးဆုံးပြီးနောက်  တွင် KBZ မှ စစ်ဆေးအတည်ပြုပြီးပါက KBZPay အသုံးပြုသူအသစ်အများဆုံးဖိတ်ခေါ်သူနိုင်သူ (၅) ဦးထံသို့ အထူးဆုများကို (၁)လ အတွင်းထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ အထူးဆုရရှိသူများ ထံသို့ KBZPay မှ SMS ပေးပို့အကြောင်းကြားမည်ဖြစ်သည်။

၆။ ဤအစီအစဥ်တွင် ပါဝင်လိုသူများသည် အောင်မြင်သည့် KBZPay Level 2 အသုံးပြုသူအသစ်ဖိတ်ခေါ်မှု တစ်ခု ဖြစ်ဖို့ အဆင့်မြှင့်တင်သူသည် KBZPay Application မှ တစ်ဆင့် စာရင်းပေးသွင်းသူ ဖြစ်ရပါမယ်။ Web မှ စာရင်းပေးသွင်းသူများမှ အကျုံးဝင်ခြင်းမရှိပါ။ 

၇။ ဤ အစီအစဥ် ကာလအတွင်း KBZPayအကောင့်ရှိပြီးသူမှ ၎င်း၏ အကောင့်အားပိတ်ပြီး ပြန်ဖွင့်လျှင် အကောင့်အသစ်ဟု မသတ်မှတ်ပါ။ ထိုသို့ အကောင့်များသည် ဤ အစီအစဉ်တွင် အကျုံးဝင်ခြင်းမရှိပါ။ 

၈။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေနှင့် အထူးဆုများကို KBZPay wallet များထဲသို့ တိုက်ရိုက် ထည့်သွင်းပေးမည် ဖြစ်သော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများ အား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၉။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၁၀။ ဤအစီအစဉ်တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။  

၁၁။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၂။ KBZ မှချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်မှုကြောင့် ဆိုင်းငံ့၊ ရပ်ထား၊ ပိတ်ပင်တားမြစ်ခြင်းခံရသော KBZPay အသုံးပြုသူများသည် ဤအစီအစဉ်အား ပါဝင်ခွင့်ရရှိမည်မဟုတ်သည့်အပြင် ဆုလက်ဆောင်များလည်း ရရှိခံစားခွင့်ရနို င်မည်မဟုတ်ပါ။.

၁၃။ ဤ အစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။ ဤအစီအစဉ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၅။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၆။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၇။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၉။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။
၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။