KBZPay Market တွင် “10.10 Shopping Spree ” Campaign၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁) KBZPay Market တွင် “10.10 Shopping Spree” Campaign သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့  မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ  ၁၉ ရက်နေ့ အထိ သတ်မှတ်ထားပါသည်။ “10.10 Shopping Spree” Campaign တွင် ဝယ်ယူမှုတိုင်းအတွက် မြန်မာနိုင်ငံအနှံ့အပြားကို  ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။

၂) KBZPay Level 2 Customer များသာ ယခု Campaign တွင် ပါဝင်၍ ဝယ်ယူမှုများပြုလုပ်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 (သို့) Level 1.5 Customerများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ပါဝင်၍ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ဤ Campaign တွင် ပါဝင်လိုသည့် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay အပ်ပလီကေး ရှင်းအား 5.1 နှင့် အထက် ဗားရှင်းသို့ အဆင့်မြှင့်ထားရန်လိုအပ်ပါသည်။ 

၃) ဤ Campaign ၏ ရည်ရွယ်ချက်မှာ KBZPay အပ်ပလီကေးရှင်း 5.1 ဗားရှင်း နှင့်အထက် အသုံးပြုသည့် KBZPay Customer များမှ KBZPay Marketမှတဆင့် Merchant များထံတွင် ဝယ်ယူမှုများပြုလုပ်ပြီး KBZPay ဖြင့် ငွေပေးချေခြင်းအတွက် အထူးလျှော့စျေးများ ရရှိစေရန်နှင့် ပို့ဆောင်ခအခမဲ့ ခံစားခွင့်ရရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ 

၄) ဤ “10.10 Shopping Spree” Campaign တွင် ပါဝင်သော အစီအစဉ်များမှာ အောက်တိုဘာလ ၁၂ရက်နေ့ ၊  အောက်တိုဘာလ ၁၆ရက်နေ့ နှင့် အောက်တိုဘာလ ၁၉ ရက်နေ့ များတွင် ၃၈,၀၀၀ ကျပ်နှင့် အထက် ပထမဆုံးဝယ်ယူမှု ၂၀၀ အတွက်  ပို့ဆောင်ခလျှော့ဈေးအစီအစဥ် အပြင် Campaign ကာလအတွင်း Hottest Deals in Town အစီအစဥ် ပါဝင်သွားမည် ဖြစ်ပါသည်။ ပို့ဆောင်ခအခမဲ့ အစီအစဥ်များအတွက် အခမဲ့ပို့ဆောင်ပေးမည့် အများဆုံးပို့ဆောင်ခမှာ ၂,၀၀၀ ကျပ် (နှစ်ထောင်ကျပ်) အထိ သတ်မှတ်ထားပြီး ပို့ဆောင်ခ ၂,၀၀၀ ကျပ်အထက်ကို  ကျော်လွန်ပါက ကျော်လွန်နေသော ပို့ဆောင်ခပမာဏအား Customer ဘက်မှ ကျခံပေးချေရမည် ဖြစ်ပါသည်။  

၅) ဤ “10.10 Shopping Spree” Campaign တွင် Hottest Deals in Town အစီအစဉ်ကို ၂ ကြိမ်ပြုလုပ်ပါမည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ တွင် တစ်ကြိမ် နှင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ရက်နေ့  တွင် တစ်ကြိမ် ပြုလုပ်ပါမည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့  Hottest Deals in Town အစီအစဉ်သည် ည ၁၀ နာရီ မှ စတင် ဝယ်ယူနိုင်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ရက်နေ့ Hottest Deals in Town အစီအစဉ်သည်  ည ၈ နာရီမှ စတင်၍ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ Hottest Deals in Town အစီအစဉ်ရှိ ကူပွန်များသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက် ည ၁၀ နာရီမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက် ည ၁၀နာရီ အထိသာ အသုံးပြုခွင့်ရှိပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ရက်နေ့ Hottest Deals in Town အစီအစဉ်ရှိ ကူပွန်များသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ရက်နေ့  ည ၈ နာရီမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့ ည၈ နာရီ အထိသာ အသုံးပြုခွင့်ရှိပါသည်။ ပစ္စည်းတစ်ခုချင်းစီ၏ ကူပွန်ကုဒ်သည် လူတစ်ဦးလျှင် တစ်ကြိမ်သာ အသုံးပြု နိုင်မည်ဖြစ်ပါသည်။ ကူပွန်အရေအတွက်သည် အကန့်အသတ်ရှိပြီး လူတစ်ဦးလျှင် တစ်ကြိမ်ထက်ပိုပြီး အသုံးပြုခွင့်မရှိပါ။ 

၆) Customer မှ ရရှိသည့်ကူပွန်အား KBZPay Market ရှိ Merchant များထံမှ ဝယ်ယူပေးချေခြင်းတွင် ပြန်လည် အသုံးပြုနိုင်ပြီး ဝယ်ယူပေးချေသည့်ပမာဏသည် ကူပွန်ပမာဏထက်ပိုများရန် လိုအပ်ပါ သည်။

၇) Customer များသည် KBZPay Application mini icon၊ KBZPay Home page banner၊ KBZPay Facebook၊ Viber၊ KBZPay Market Official Account (5.1 version နှင့်အထက် အသုံးပြုသည့် KBZPay Customer များအတွက်) တို့မှတဆင့် “10.10 Shopping Spree” Campaign တွင် Merchant များ၏ဆိုင်များမှ ကုန်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်သည်။ 

၈) ဤ “10.10 Shopping Spree” Campaignတွင် ပါဝင်သော Merchant ဆိုင်များရှိ ကုန်ပစ္စည်းအရေအတွက် ရရှိနိုင်မှုသည် ကန့်သတ်ချက်များရှိနိုင်ပါသဖြင့် Customer များမှ အမြန်ဝယ်ယူရန်လိုအပ်ပါသည်။ KBZPay မှ Customer ထံသို့ order အတည်ပြုချက်ပေးပို့ထားခြင်း မရှိသော Customer ၏ order များကို အောင်မြင်စွာ ဝယ်ယူထားသော order အဖြစ် သတ်မှတ်မည်မဟုတ်ဘဲ ထို order များကို Merchant ဖက်မှ အချိန်မရွေး Cancel ခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ ထို order များကို KBZPay မှလည်း Customer ထံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိမည်မဟုတ်ပါ။

၉) KBZPay Market သည် Merchant များမှ ၎င်းတို့၏ ကိုယ်ပိုင်စတိုးဆိုင်များကဲ့သို့ စီမံခန့်ခွဲနိုင်သည့်  Market Place ဖြစ်သည့်အတွက် Merchant များဘက်မှ Cancel သည့် ပစ္စည်းများကို KBZမှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် Merchant ဘက်မှ Cancel ခြင်းသည် ကျိုးကြောင်းဆီလျော်သော သို့မဟုတ် ယုံကြည်ရလောက်သော အကြောင်းပြချက်မရှိသည့် Cancel ခြင်းမျိုးဖြစ်ပါက ထို Merchant များကို KBZPay Market ရဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်း Cancel ခြင်းနှင့် အခြားစည်းကမ်းချိုးဖောက်မှုများကို အရေးယူသွားမည်ဖြစ်သည်။

၁၀) ဤ Campaignအရ Customer များအား ပေးသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ နည်းပညာ ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင်ခြင်းတစ်ခုခုအတွက် KBZသည် Customer အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို Customerအနေဖြင့် သဘောတူပါသည်။

၁၁) Merchant ဆိုင်များရှိ “10.10 Shopping Spree” Campaignတွင် ပါဝင်သော ကုန်ပစ္စည်းအား သတ်မှတ်မြို့နယ်များမှ ဝယ်ယူသော Customer များ၏ ဝယ်ယူမှုများအတွက် သက်ဆိုင်ရာ နေရာသို့ပို့ဆောင်ရာတွင် သတ်မှတ်ထားသည့်ရက်အတွင်းပေးပို့နိုင်ရန်အတွက် KBZPay နှင့် Merchant များသည် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမည် ဖြစ်သော်လည်း KBZPay နှင့် Merchant များအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် သတ်မှတ်ရက် အတွင်းမပေးပို့နိုင်ခဲ့ပါက KBZPay နှင့် Merchant များတွင် မည်သည့်တာဝန်မျှမရှိပါ။ 

၁၂) KBZPay နှင့် Merchantများအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် အချိန်မှီပေးပို့နိုင်ခြင်းမရှိခဲ့သည့် ကုန်ပစ္စည်းများအား KBZPay နှင့် Merchant များသည် သင့်လျော်သည့် အချိန်တစ်ခုတွင် ဝယ်ယူထားသည့် Customer များထံသို့ ပြန်လည်ပို့ဆောင်ပိုင်ခွင့် သို့မဟုတ် ထိုပစ္စည်းအတွက် Customer အား ငွေပြန်အမ်းခြင်းတို့အား KBZPay နှင့် Merchantများ၏ ဆုံးဖြတ်ချက်တို့ဖြင့် ပြုလုပ်ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

၁၃) Customer မှ ဝယ်ယူထားသော ကုန်ပစ္စည်းအား Cancel ပြုလုပ်ခြင်း၊ Merchant ထံသို့ ကုန်ပစ္စည်းအား ပြန်လည်ပေးပို့ခြင်း၊ လိမ်လည်မှုကိစ္စနှင့် အရည်အချင်းမပြည့်မီသော ထုတ်ကုန်များနှင့် ပတ်သက်သည့် ပြဿနာများရှိပါက Customer မှ ပစ္စည်းများအား လက်ခံရရှိပြီးချိန်မှစ၍ ၄၈ နာရီအတွင်း KBZPay Market မှ တဆင့် Merchant များသို့တင်ပြရမည်ဖြစ်သည်။ Merchant သည် အမှန်တကယ် ပြန်လည်လဲလှယ်ပေးရန် လိုအပ်သော ကုန်ပစ္စည်းများ လဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းရန်ခြင်းများအားဆောင်ရွက်ပေးရမည်ဖြစ်ပြီး အငြင်းပွားမှုများဖြစ်ပေါ်လာပါက KBZPay Market၏  ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

၁၄) ဤ Campaign ကာလအတွင်းသာလျှင် KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက် အသုံးပြုသော KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ရပ်စဲသည် သို့မဟုတ် ပြီးဆုံးသွားသည် နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။  

၁၅) KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည်မဟုတ်ပါ။