၁။ KBZPay သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့ မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ အထိကို “ဖက်ရှင်ထိမိ စတိုင်ငြိဖို့ KBZPay နဲ့ ငွေရှင်းစို့”” အစီအစဉ်ကာလအဖြစ် သတ်မှတ်ထားပါသည်။
၂။ KBZPay အသုံးပြုသူအားလုံး ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဤအစီအစဥ် တွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၅.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။
၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay အသုံးပြုသူများ အားလုံး ဤအစီအစဉ် ကာလအတွင်း KBZPay ၏ မိတ်ဖက်ဆိုင်များဖြစ် သော MK Fashion၊ American Collection၊ Giordano၊ UUBuy Myanmar နှင့် Virgo Fashion တို့တွင် ၅၀,၀၀၀ ကျပ်နှင့်အထက်ဝယ်ယူရန်လိုအပ်ပြီး ထိုမိတ်ဖက်ဆိုင်များ၏ KBZPay QR Code (သို့) ငွေပေးချေမည့် KBZPay အသုံးပြုသူ၏ KBZPay QR Code ကို scanဖတ်၍ ငွေပေးချေခြင်း (သို့) Own Scan (Micro Pay)အသုံးပြုကာ KBZPayနှင့်ငွေပေးချေပါက ၃၀၀,၀၀၀ ကျပ် (၁)ဆု၊ ၂၀၀,၀၀၀ ကျပ် (၁)ဆု၊ ၁၀၀,၀၀၀ ကျပ် (၁)ဆု၊ ၅၀,၀၀၀ ကျပ် (၅)ဆု စသည့်တို့ကိုကံစမ်းခွင့်ရရှိစေလိုသည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။
၄။ ဆုငွေကံထူးရှင်များကို ကျပန်းစနစ်ဖြင့် ရွေးချယ်ပေးမည်ဖြစ်ပြီး ဤအစီအစဥ်အတွက် ကံထူးရှင်(၁) ဦးလျှင် ဆု(၁)ဆုသာခံစားခွင့်ရရှိမည်ဖြစ်ပါသည်။ ဆုငွေကံထူးရှင်များကို ဤအစီအစဥ်ကာလ ပြီးသည့်နောက် တစ်(၁)ပတ်အတွင်း ကမ္ဘောဇဘဏ်၏ Official Facebook Page နှင့် Official Viber Channel များတွင်ရွေးချယ်ကြေညာပေးမည်ဖြစ်ပါသည်။
၅။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay ကံထူးသူများ၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ဆုငွေများအား KBZPay ကံထူးသူ များထံသို့ ကံထူးရှင်ရွေးချယ်ကြေညာပြီးသည့် အချိန်မှစ၍ (၂)ပတ်အတွင်း ထည့်သွင်းပေးသွားမည် ဖြစ်သော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများ အား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။
၆။ ဆုငွေကံထူးရှင်များကို KBZPay ၏ Official Facebook Page နှင့် Official Viber Channel များတွင်ကြေညာပေးရန်အလို့ငှာ ဆုငွေကံထူးရှင်များ၏ အမည် နှင့် အပြည့်အစုံမဟုတ်သော မိုဘိုင်းဖုန်းနံပါတ်များကို ကမ္ဘောဇဘဏ်မှ အသုံးပြုနိုင်သည်ကို ဆုငွေကံထူးရှင်များမှ သိရှိပြီး သဘောတူ ပါသည်။
၇။ ဤအစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။
၈။ ဤအစီအစဥ်တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။
၉။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။
၁၁။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၂။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၃။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။
၁၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် KBZPay မိတ်ဖက်ဆိုင်များ ဆိုင်များ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။
၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။