“Shwe Nar Sin Mini App 7 Days Free Trial Campaign” Terms and Conditions

၁။ Shwe Nar Sin Mini App 7 Days Free Trial Campaign ကို ၂၀၂၄ ခုနှစ် မေလ ၈ ရက်နေ့ မှ ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့ အထိ  ပြုလုပ်သွားမည် ဖြစ်ပါသည်။ 

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် KBZPay Application Version  အား 5.1 နှင့် အထက်  မြှင့်တင်ထားရန် လိုအပ်ပါသည်။

၃။ ယခု Campaign၏ အဓိက ရည်ရွယ်ချက်မှာ KBZPay အသုံးပြုသူများအနေဖြင့် KBZPay Application ထဲရှိ Shwe Nar Sin Mini App မှတစ်ဆင့် သီချင်းပေါင်းမြောက်များစွာနှင့် အသံစာအုပ်ကောင်းများကို ၂၀၂၄ ခုနှစ် မေလ ၈ ရက်နေ့ မှ ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့ အထိ ၇ ရက်စာ ပျော်ပျော်ကြီး နားဆင်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပါသည်။

၄။ ဤCampaignကို KBZPay Application ရှိ Shwe Nar Sin Mini Appမှတစ်ဆင့် နားဆင်မှသာလျှင် ပါဝင်နိုင်မည် ဖြစ်ပြီး  အခြားသော Applicationများမှ နားဆင်ပါက ဤCampaignတွင် ပါဝင်ခွင့်ရရှိနိုင်မည် မဟုတ်ပါ။  

၅။ Campaignကာလဖြစ်သည့် ၂၀၂၄ ခုနှစ် မေလ ၈ ရက်နေ့ မှ ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့ အတွင်း (၇ ရက်အတွင်းသာ) KBZPay Application ထဲရှိ Shwe Nar Sin Mini App မှတစ်ဆင့် နားဆင်မှသာ ပါဝင်ခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။ 

၆။ KBZPay ၏ Shwe Nar Sin Mini App တွင် Campaign ကာလအတွင်း ဝန်ဆောင်မှုရယူရန် မလိုဘဲ မြန်မာသီချင်းများစွာနှင့် အသံစာအုပ်ကောင်းများစွာကို တစ်ပတ်တာ အခမဲ့ နားဆင်နိုင်မှာဖြစ်ပြီး ဤCampaignကာလ ပြီးဆုံးချိန်တွင် တစ်ပတ်တာ အခမဲ့ အစီအစဉ်အား ခံစားခွင့်ရနိုင်မည် မဟုတ်ပါ။ ဝန်ဆောင်မှုရယူထားသူများအနေဖြင့်လည်း Campaign ကာလအတွင်း ဝန်ဆောင်မှု သက်တမ်း ကုန်ဆုံးသွားပါက Shwe Nar Sin Mini App ထဲမှ မြန်မာသီချင်းများစွာနှင့် အသံစာအုပ်ကောင်းများစွာကို Campaignကာလ မကုန်ဆုံးခင်ချိန်ထိ အခမဲ့ နားဆင်နိုင်မည် ဖြစ်ပါသည်။ 

၇။ ဤ Campaign ကာလအတွင်း KBZPay Application 5.1 version နှင့်အထက် အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤCampaign ကာလ ရပ်စဲသည် သို့မဟုတ် ပြီးဆုံးသွားသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၈။ ဤ Campaign တွင်ပါဝင်ရန်အတွက် KBZPay Applicationရှိ Banner များ၊        အသိပေးချက်များ၊ KBZPay Official Account မှတဆင့် ပါဝင်နိုင်ပါသည်။  

၉။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၃။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် Shwe Nar Sin Mini App  စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ သို့မဟုတ် Shwe Nar Sin မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ သို့မဟုတ် Shwe Nar Sin အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။
၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။