၁။ KBZPayသည် “Christmas နှင့် New Year မုန့်ဖိုးများစွာ KBZPay မှာ ရယူမျှဝေပါ” အစီအစဥ်ကာလကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ အထိ သတ်မှတ်ထား ပါသည်။
၂။ ဤ အစီအစဥ်တွင်KBZPay အဆင့် ၁.၅၊ အဆင့် ၂နှင့် Youth Account အသုံးပြုသူများသာ ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay အဆင့် ၁ အသုံးပြုသူများသည် KBZPay အဆင့် ၂ သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်သည်။ဤ Campaign တွင် ပါဝင်လိုသော KBZPay အသုံးပြုသူများအနေဖြင့် ခရစ်စမတ်နှင့် နှစ်သစ်ကူးမုန့်ဖိုးအား ရယူရန် နှင်းပွင့် များအား KBZPay Pocket Money အား ဖွင့်ဖောက်မည့် နေ့ရက် မတိုင်မီ ကြိုတင်စုဆောင်းထားရန် လိုအပ်ပါသည်။
၃။ ဤ အစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay အသုံးပြုများသည် သတ်မှတ်ထားသော လုပ်ဆောင်ချက်များအား လုပ်ဆောင်ပြီး နှင်းပွင့်များကိုကြိုတင် စုဆောင်းကာ မိမိစုဆောင်းထားသော နှင်းပွင့်များ၏အရေအတွက်ပေါ်မူတည်၍ KBZPay Pocket Money အား ဖွင့်ဖောက်မည့် နေ့ရက်တွင် နှင်းလူ၊ သမင်၊ ဆန်တာကလော့ တို့ကိုနှိပ်၍ ခရစ်စမတ်နှင့် နှစ်သစ်ကူးမုန့်ဖိုးများရယူနိုင်မည့် အခွင့်အရေးအပြင် စုဆောင်းထားသော နှင်းပွင့်များဖြင့် ကူပွန်များလဲလှယ်ခြင်း နှင့် လျှို့ဝှက်သေတ္တာဖွင့်၍ ဆုလက်ဆောင်ကြီးများ ကံစမ်းနိုင်မည့် အခွင့်အရေးပါရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။
၄။ ဤ အစီအစဥ်တွင်ပါဝင်လိုသော KBZPay အသုံးပြုသူ များအနေဖြင့် နှင်းပွင့်များ စုဆောင်းရန်အတွက် အောက်ပါ လုပ်ဆောင်ချက်များအား လုပ်ဆောင်ရမည် ဖြစ်ပါသည်။
၄၊၁။ KBZPay အသုံးပြုသူ အသစ်များ အားဖိတ်ခေါ်ခြင်း
ထိုကဲ့သို့ဖိတ်ခေါ်ခြင်း အတွက် ဖိတ်ခေါ်မည့် အရေအတွက် အားကန့်သတ်ထားခြင်းမရှိသော်လည်း အများဆုံး အသုံးပြုသူအသစ် ဖိတ်ခေါ်မှု (၈)ဦး အထိသာ သတ်မှတ် ထားသောပြန်အမ်းငွေအရေအတွက် နှင့် နှင်းပွင့်များအရေအတွက်များ ကို ရယူနိုင်မည်ဖြစ်သည်။ ဖိတ်ခေါ်ခံရသူသည် KBZPay အဆင့် (၂) သို့အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးနောက် ဖိတ်ခေါ်သူအတွက် သတ်မှတ်ထားသော ပြန်အမ်းငွေအရေအတွက်နှင့် နှင်းပွင့်များ၊ ဖိတ်ခေါ်ခံရသူ (၂) အတွက် သတ်မှတ်ထားသော ပြန်အမ်းငွေအရေအတွက်နှင့် ကူပွန်များရယူနိုင်မည်ဖြစ်သည်။
၄၊၂။ အစီအစဉ်တွင်ပါဝင်သူအချင်းချင်း အကူညီပေးခြင်း
အစီအစဉ်တွင်ပါဝင်သူများအနေဖြင့် အချင်းချင်း ဆိုရှယ်မီဒီယာများမှ တစ်ဆင့် သူငယ်ချင်းများ ၊ မိတ်ဆွေများကြား အချင်းချင်း ကူညီဖေးမခြင်းဖြင့် KBZPay သတ်မှတ်ထားသော Link အား မျှဝေခြင်း နှင့် ထို Link အား ဝင်ရောက်ခြင်းဖြင့် နှင်းပွင့်များ ရယူနိုင်မည် ဖြစ်သည်။ ပါဝင်သူတစ်ဦးသည် ၁ ရက် လျှင် သုံးကြိမ် အကူညီတောင်းခံခြင်း (သို့မဟုတ်) အကူညီပေးခြင်းလုပ်ဆောင်နိုင်ပါသည်။ သို့သော် တစ်ရက် လျှင် (၁)ကြိမ်သာ တူညီသော သူငယ်ချင်းများ၊ မိတ်ဆွေများမှ ကူညီခြင်း သို့ အကူညီတောင်းခံခြင်းပြုလုပ်နိုင်ပါသည်။
၄၊၃။ KBZPay QR Code Payment ဖြင့် ၃၀,၀၀၀ ကျပ်နှင့်အထက် Merchant ဆိုင်များတွင် Merchant ဆိုင်များ၏ KBZPay QR Code ကို Scan ဖတ်၍ငွေပေးချေခြင်း။
၄၊၄။ ၃၀,၀၀၀ ကျပ်နှင့်အထက် KBZPay ဖြင့် ဘေလ်ဆောင်ခြင်း (သို့မဟုတ်) Quick Pay ဖြင့်ငွေပေးချေခြင်း။
၄၊၅။ Gift Card အား ၁၀,၀၀၀ကျပ်နှင့်အထက် KBZPay ဖြင့် ငွေဖြည့်ခြင်း။
၄၊၆။ ၁၀,၀၀၀ ကျပ်ဖိုး နှင့် အထက် KBZPay Wallet အားငွေဖြည့်သွင်းမှု
၄၊၇။ KBZPay Market ထဲသို့ဝင်ရောက်လေ့လာခြင်း။
၄၊၈။ Campaign စာမျက်နှာရှိ Official Account မှတဆင့် ဆောင်းပါးများကိုဖတ်ရှုပြီး Like လုပ်ခြင်း။
၄၊၉။ My Medicine ထဲသို့ဝင်ရောက်လေ့လာခြင်း။
၄၊၁၀။ မည်သည့် Mini App ထဲသို့ မဆိုဝင်ရောက် ကြည့်ရှုလေ့လာခြင်း။
၅။ လုပ်ဆောင်ချက် တစ်ခုအတွက်(၁) ရက်လျှင် အများဆုံးပြုလုပ်နိုင်မည့်အကြိမ်အရေအတွက် နှင့် ရရှိနိုင်သော နှင်းပွင့် အရေအတွက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
စဉ် | လုပ်ဆောင်ချက် | (၁)ရက်လျှင်အများဆုံး ပြုလုပ်နိုင်သည့်အကြိမ်အရေအတွက် | (၁)ကြိမ်လျှင် နှင်းပွင့်အများဆုံးရရှိနိုင်သည့်အရေအတွက် |
၁ | အသုံးပြုသူအသစ်ဖိတ်ခေါ် ခြင်း | အကန့်အသတ်မရှိ (အများဆုံးဖိတ်ခေါ်မှု (၈) ဦး/ (၈)ကြိမ်အထိသာ ဆုလက်ဆောင်ရရှိနိုင်မည်) | —— မှ အများဆုံး ——- |
၂ | အသုံးပြုုသူမှ ကူညီခြင်း/ အကူညီတောင်းခံခြင်း | (၃) ကြိမ် | ၇ |
၃ | ၁၀,၀၀၀ ကျပ်ဖိုး နှင့် အထက် ငွေဖြည့်သွင်းမှု | (၃)ကြိမ် | ၁၃ |
၄ | KBZPay QR Code Payment ဖြင့် ၃၀,၀၀၀ ကျပ်နှင့်အထက် Merchant ဆိုင်များတွင် ငွေပေးချေခြင်း။ | (၃)ကြိမ် | ၁၃ |
၅ | ၃၀,၀၀၀ ကျပ်နှင့်အထက် ဘေလ်ဆောင်ခြင်း သို့ Quick Pay ဖြင့်ငွေပေးချေခြင်း | (၃)ကြိမ် | ၁၃ |
၆ | Gift Card အား KBZPay ဖြင့် ၁၀,၀၀၀ကျပ်နှင့်အထက်ငွေဖြည့်ခြင်း။ | (၃)ကြိမ် | ၁၃ |
၇ | KBZPay Market ထဲသို့ဝင်ရောက်လေ့လာခြင်း။ | (၁)ကြိမ် | ၆ |
၈ | Campaign စာမျက်နှာရှိ Official Account မှတဆင့် ဆောင်းပါးများကိုဖတ်ရှုပြီး Like လုပ်ခြင်း။ | (၁)ကြိမ် | ၆ |
၉ | My Medicine ထဲသို့ဝင်ရောက်လေ့လာခြင်း။ | (၁)ကြိမ် | ၆ |
၁၀ | မည်သည့် Mini App ထဲသို့ မဆိုဝင်ရောက် ကြည့်ရှုလေ့လာခြင်း | (၁)ကြိမ် | ၆ |
၆။ KBZPay အသုံးပြုများအနေဖြင့် စုဆောင်းပြီး နှင်းပွင့်များဖြင့် အောက်ဖော်ပြပါ ကူပွန်များ ကို KBZPay ရှိ ကူပွန်လဲလှယ်ရန်နေရာတွင် အစီအစဉ်ကာလအတွင်း နေ့စဉ် သွားရောက်လဲလှယ်အသုံးပြုနိုင်ပါသည်။ အသုံးပြုသူတစ်ဦးသည် တစ်ရက်လျှင် အများဆုံး ကူပွန် ၅ ခု အထိသာလဲလှယ်၍ ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
စဉ် | ကူပွန်အမျိုးအစား | ပမာဏ (ကျပ်) | ပြန်လည်အသုံးပြုနိုင်မည့် အခြေအနေ | လဲလှယ်ရန်အတွက် လိုအပ်သော နှင်းပွင့် |
၁ | ဖုန်းဘေလ်ဖြည့်ခြင်း ကူပွန် | ၂၀၀ | ၂၀၀၀ ကျပ် နှင့်အထက် | ၅ |
၂ | ဖုန်းဘေလ်ဖြည့်ခြင်း ကူပွန် | ၅၀၀ | ၃၀၀၀ ကျပ် နှင့်အထက် | ၇ |
၃ | ဖုန်းဘေလ်ဖြည့်ခြင်း ကူပွန် | ၁၅၀၀ | ၁၀,၀၀၀ ကျပ် နှင့်အထက် | ၉ |
၄ | ဘေလ်ဆောင်ခြင်း ကူပွန် | ၅၀၀ | ၃၀၀၀ ကျပ် နှင့်အထက် | ၇ |
၅ | ဘေလ်ဆောင်ခြင်း ကူပွန် | ၁၅၀၀ | ၁၀,၀၀၀ ကျပ် နှင့်အထက် | ၉ |
၆ | လက်ဆောင်ကတ်ကူပွန် | ၄၀၀ | ၂၅၀၀ ကျပ် နှင့်အထက် | ၇ |
၇ | လက်ဆောင်ကတ်ကူပွန် | ၂၅၀၀ | ၁၅,၀၀၀ ကျပ် နှင့်အထက် | ၉ |
၈ | KBZPay Market ကူပွန် | ၄၀၀၀ | ၂၀,၀၀၀ ကျပ် နှင့်အထက် | ၉ |
အသုံးပြုသူ မှ ရရှိလာသော ကူပွန်များကို KBZPay တွင် “My Profile” အောက်ရှိ “My Coupons” တွင်ပြန်လှည်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၂၄) နာရီ ဖြစ်ပြီး ယင်း (၂၄) နာရီသက်တမ်း ကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင်တော့မည်မဟုတ်ပါ။
၇။ KBZPay အသုံးပြုများအနေဖြင့် စုဆောင်းထားသော နှင်းပွင့်များဖြင့် ဆုလက်ဆောင်ကြီးများ ကံစမ်းရန်အတွက် လျှို့ဝှက်သေတ္တာ ကိုဖွင့်လှစ်၍ အောက်ဖော်ပြပါ အထူးဆုများဖြစ်သော Samsung Galaxy A 55 အပါအဝင် အခြားဆုလက်ဆောင်များကို ကံထူးနိုင်မည်ဖြစ်သည်။ KBZPay အသုံးပြုသူများသည် လျှို့ဝှက်သေတ္တာကို နေ့စဉ် ကံစမ်းနိုင်မည်ဖြစ်ပြီး တစ်ကြိမ် ဖွင့်တိုင်း နှင်းပွင့် ၂၀ ကို အသုံးပြုရမည်ဖြစ်သည်။ ကံစမ်းနိုင်မည့် ဆုလက်ဆောင်များမှာ-
၁။ ၃၀၀ ကျပ်ပြန်အမ်းငွေ
၂။ ၅၀၀ ကျပ်ပြန်အမ်းငွေ
၃။ ၁၂၀၀ ကျပ်ပြန်အမ်းငွေ
၄။ ၃၀၀၀ ကျပ်ပြန်အမ်းငွေ
၅။ ၅၀၀၀ ကျပ်ပြန်အမ်းငွေ
၆။ ၁၀,၀၀၀ ကျပ်ပြန်အမ်းငွေ
၇။ Samsung Galaxy A55 ပါဝင်သော KBZPay Advent Calendar (၄ ခု) နှင့်
၈။ ကျေးဇူးတင်ပါသည် တို့ ဖြစ်ပါသည်။
၈။ အထူးဆုဖြစ်သော Samsung Galaxy A 55 ဖုန်း ဆုလက်ဆောင်များကို ကံထူးရှင်များထံသို့ တိုက်ရိုက်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ သို့သော် ပို့ဆောင်ရန်ခက်ခဲသော နေရာများဖြစ်ပါက KBZPay မှသတ်မှတ်ထားသောနေရာတွင် အထူးဆုကံထူးသူများသည် လာရောက်ထုတ်ယူရမည်ဖြစ်သည်။ အထူးဆုကံထူးသူများ ထံသို့ KBZPay မှ SMS ပေးပို့အကြောင်းကြားမည်ဖြစ်သည်။ ဆုရရှိသူများသည် [email protected] သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshot နှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ရပါမည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံ ဆုလက်ဆောင် လာရောက်ထုတ်ယူနိုင်မည့်လိပ်စာအား အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
၉။ ဆုရရှိသူသည် ဆုလက်ဆောင်အား ကမ္ဘောဇဘဏ်မှ (၃၀)ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား KBZPay မှ ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်သည်။ ဆုရရှိသူမှ ဆုအားထုတ်ယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ဆုရရှိသူမှ ထုတ်ယူပြီးသောဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။
၁၀။ KBZPay ခရစ်စမတ် နှင့် နှစ်သစ်ကူးမုန့်ဖိုး
KBZPay အသုံးပြုများအနေဖြင့် စုဆောင်းပြီး နှင်းပွင့်များဖြင့် အစီအစဉ် စာမျက်နှာရှိ “ဖွင့်မည်” ကို နှိပ်၍ ခရစ်စမတ် နှင့် နှစ်သစ်ကူးမုန့်ဖိုးများရယူနိုင်ပါသည်။ မုန့်ဖိုးရယူနိုင်ရန်အတွက်systemမှအလိုအလျောက် မိမိတို့စုဆောင်းရရှိထားသော နှင်းပွင့်များအပေါ်မူတည်၍ နှင်းလူ၊ သမင်၊ ဆန်တာကလော့ တို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၄၊၂၅၊၃၁) ရက်နေ့များ နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ ည (၈) နာရီတွင် ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။KBZPay အသုံးပြုသူများအနေဖြင့်တစ်နေ့လျှင်တစ်ကြိမ်သာ နှင်းလူ၊ သမင်၊ ဆန်တာကလော့ တို့ကိုနှိပ်၍မုန့်ဖိုးအားရယူနိုင်မည်ဖြစ်သည်။ နှင်းလူ၊ သမင်၊ ဆန်တာကလော့ တို့ကိုနှိပ်ရန် လိုအပ်သော နှင်းပွင့်အရေအတွက်များသည် သတ်မှတ်ထားသော နေ့ရက် တစ်ရက်စီတိုင်းတွင် တူညီနိုင်မည်မဟုတ်ပါ။
၁၁။ ဉီးရာလူစနစ်ဖြစ်သောကြောင့် အသုံးပြုများသည် အစီအစဉ်မစခင် KBZPay အကောင့်ထဲသို့ ကြိုတင်ဝင်ရောက်၍ မုန့်ဖိုးများကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။
၁၂။ KBZPay အသုံးပြုများသည် KBZPay မှ သတ်မှတ်ထားသော လုပ်ဆောင်ချက်များအားလုပ်ဆောင်ပြီးနောက်ရရှိထားသော နှင်းပွင့်များဖြင့် မုန့်ဖိုးဖွင့်ဖောက်ရန်/ ကူပွန်လဲလှယ်ရန်/ လျှို့ဝှက်သေတ္တာဖွင့်လှစ်ရန် လိုအပ်ပြီး တစ်ကြိမ်အသုံးပြုပြီးပါက နောက်ထပ်တစ်ကြိမ်အသုံးပြုရန် အတွက် လိုအပ်သော နှင်းပွင့်များကို ထပ်မံစုဆောင်းရန်လိုပါသည်။
၁၃။ ရရှိလာသော ပြန်အမ်းငွေများအား KBZPay Wallet သို့ တိုက်ရိုက် ထည့်သွင်းပေးသွားမည် ဖြစ်ပြီး ကူပွန်များကို “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၂၄) နာရီ ဖြစ်ပြီး ၎င်းရက်ကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင် တော့မည်မဟုတ်ပါ။ ကူပွန်များ နှင့် ပြန်အမ်းငွေများအား တိုက်ရိုက်ထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း KBZဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့်ကူပွန်များနှင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှု ရှိနိုင်ပါသည်။
၁၄။ ဤ အစီအစဥ်အရ ဆုလက်ဆောင်ရရှိသူများနှင့် ကူပွန် ရရှိသူများသည် ၎င်းတို့ရရှိသော ဆုလက်ဆောင်/ ကူပွန် အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။
၁၅။ ဤ အစီအစဥ်တွင်ပါဝင်ဆင်နွှဲရန် KBZPay အက်ပလီကေးရှင်းအား နောက်ဆုံးဗားရှင်းသို့ မြှင့်တင် ထားရန် လိုအပ်ပါသည်။
၁၆။ အစီအစဥ်တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။
၁၇။ ဤ အစီအစဥ်ကာလအတွင်း KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင်မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customer များသည် အစီအစဥ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက အစီအစဥ် ကာလပြီးဆုံးသော်လည်း အပိုဒ် ၁၂ တွင် ဖော်ပြချက်နှင့်အညီ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။
၁၈။ KBZ ဝန်ထမ်းများသည် အစီအစဥ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၁၉။ ဤ အစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၂၀။ ဤ အစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူ များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၂၁။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၂၂။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၂၃။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။
၂၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၂၅။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။
၂၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။