၁။ KBZPay သည် “ကြိုဖြည့်” ကံစမ်းမဲ အစီအစဥ်ကာလကို ၂၀၂၅ ခုနှစ် မတ်လ (၁) ရက်နေ့ မှ ၂၀၂၅ ခုနှစ် မတ်လ (၃၁) ရက်နေ့ အထိသတ်မှတ်ထား ပါသည်။
၂။ ဤအစီအစဥ်တွင် ပါဝင်ရန်အတွက် KBZPay မှတစ်ဆင့် ဖုန်းဘေလ်ဖြည့်ရာတွင် “ကြိုဖြည့်” ဝန်ဆောင်မှုကို ရယူနိုင်သော အသုံးပြုသူများမှာ KBZPay Level 2 အသုံးပြုသူ အားလုံး ပါဝင်နိုင်မည်ဖြစ်ပါသည်။
၃။ ဤအစီအစဥ်တွင် ပါဝင်ရန်အတွက် “ကြိုဖြည့်”ကို ရယူရန် အကျုံးဝင်သော KBZPay Level 2 အသုံးပြုသူများသည် ဤအစီအစဥ်ကာလအတွင်း KBZPay မှတစ်ဆင့် ဖုန်းဘေလ်ဖြည့်ရာတွင် “ကြိုဖြည့်” ဝန်ဆောင်မှုအား နှစ်ထောင် (၂,၀၀၀) ကျပ်နှင့် အထက် အသုံးပြုတိုင်း ဤအစီအစဥ်တွင် အလိုအလျောက် ပါဝင်ကံစမ်းခွင့်ရရှိမည် ဖြစ်ပြီး ကံစမ်းခွင့် တစ်ကြိမ်စီ ရရှိမည်ဖြစ်ပါသည်။
၄။ ဤအစီအစဥ်တွင် ပါဝင်ကံစမ်းခွင့်ရရှိသူများအနေဖြင့် အောက်ဖော်ပြပါပြန်အမ်းငွေများအား ကံစမ်းခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။
- သုံးထောင် (၃,၀၀၀) ကျပ် – (၂၄၀) ဆု
- ငါးထောင် (၅,၀၀၀)ကျပ် – (၁၂၀) ဆု
- တစ်သောင်း (၁၀,၀၀၀)ကျပ် – (၆၀) ဆု
- တစ်သိန်း (၁၀၀,၀၀၀) ကျပ် – (၁) ဆု (အထူးဆု)
၅။ ပြန်အမ်းငွေရရှိသောကံထူးရှင်များအား ဤအစီအစဥ်ကာလကုန်ဆုံးပြီးနောက်တွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။ ကံထူးရှင်များကို KBZ ၏ Official Social Media Channel (အပြာရောင်အမှတ်ခြစ်ပါသော) များ နှင့် KBZ Bank Official Website တို့မှ တဆင့် ကြေငြာရန်အလို့ငှာ ကံထူးရှင်များ၏ အမည် နှင့် အပြည့်အစုံမဟုတ်သော မိုဘိုင်းဖုန်းနံပါတ်ကို KBZ မှ အသုံးပြုနိုင်သည်ကို ကံထူးရှင်များမှ သိရှိပြီး သဘောတူ ပါသည်။ အစိုးရ ရုံးပိတ်ရက်များ (သို့မဟုတ်) KBZ မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ပြန်အမ်းငွေများအား ထည့်သွင်းပေးမည့်အချိန်နှင့် ကံထူးရှင်များအား ကြေညာမည့်အချိန် သည် အပြောင်းအလဲ ရှိနိုင်ပါသည်။
၆။ ဤအစီအစဥ်ကာလအတွင်း KBZPay အကောင့် တစ်ခုလျှင် ကံစမ်းခွင့်အကြိမ်အရေအတွက် ကန့်သတ်ထားခြင်း မရှိသော်လည်း KBZPay အကောင့် တစ်ခုလျှင် ပြန်အမ်းငွေဆု တစ်ဆုသာ လက်ခံခွင့်ရှိမည်ဖြစ်ပါသည်။
၇။ ပြန်အမ်းငွေများကံထူးသွားသည့် ကံထူးသူများအား ဆုရရှိကြောင်း ကြေညာပြီးနောက် ရုံးဖွင့်ရက် (၇) ရက်အတွင်းတွင် ပြန်အမ်းငွေများကို ကံထူးသူ၏ KBZPay Wallet ထဲသို့ တိုက်ရိုက်ထည့်သွင်းပေး သွားမည် ဖြစ်ပါသည်။ ပြန်အမ်းငွေများအား ဆုရရှိကြောင်းကြေညာပြီး ရုံးဖွင့်ရက် (၇) ရက်အတွင်းတွင် ထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များ ကြောင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန်ပြောင်းလဲမှုရှိနိုင်ပါသည်။
၈။ KBZ ဝန်ထမ်းများသည် အစီအစဥ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ကိုယ်ရေး အချက်အလက်များ၊ OTP၊PIN (သို့မဟုတ်) KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၉။ ကံထူးသူများသည် ၎င်းတို့၏ဆုလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် ငွေကြေးအဖြစ် လဲလှယ်ခြင်းအား ခွင့်မပြုပါ။
၁၀။ ဤအစီအစဥ်တွင် ပါဝင်သူများသည် ဤစည်းမျဥ်းစည်းကမ်းများကို လိုက်နာရန် သဘောတူပါသည်။
၁၁။ ဤအစီအစဥ်ကာလအတွင်း KBZPay အသုံးပြုသူများ အနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး အစီအစဉ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။
၁၂။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။
၁၃။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၄။ ဤအစီအစဥ်နှင့်ပတ်သက်၍ အသုံးပြုသူများနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့် ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၅။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPayအသုံးပြုသူများ အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၁၆။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့် သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၇။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။
၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည် ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၁၉။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထား သည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်း နိုင်သောဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။
၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုး ဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။