“ဘော်ဒါတွေစုဝေး Let’s Play & Chill” အစီအစဥ်နှင့်သက်ဆိုင်သောစည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ

၁။ “ဘော်ဒါတွေစုဝေး Let’s Play & Chill” အစီအစဥ်ကာလကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၅ ရက် မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်  အထိ သတ်မှတ်ထားသည်။

၂။ KBZPay Level 2 အသုံးပြုသူများသာ ယခုအစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်ပါသည်။ KBZPay Level 1 (သို့) Level 1.5 အသုံးပြုသူ များသည် Level 2 သို့ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး အသုံးပြုသူအသစ်များသည်လည်း KBZPay Level 2 Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်သည်။ KBZPay Youth Account အသုံးပြုသူများ နှင့် KBZ ဝန်ထမ်းများသည် အသုံးပြုသူအသစ် ဖိတ်ခေါ်ရသော လုပ်ဆောင်မှုကို ပါဝင်လုပ်ဆောင်ခွင့် မရှိပါ။ 

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 2 အသုံးပြုသူများအနေဖြင့် အစီအစဥ် ကာလအတွင်း KBZPay App အတွင်းရှိ Campaign စာမျက်နှာ တွင် ဖော်ပြထားသော လုပ်ဆောင်မှုများကို လုပ်ဆောင်ကာ Mystery Box ဖွင့်ဖောက်ကံစမ်းခွင့်ရမည်ဖြစ်ပြီး ထို Mystery Box အတွင်းမှ Physical Prize၊ ပြန်အမ်းငွေ၊ လက်ဆောင်ကဒ်ကူပွန်များ၊ ဖုန်းငွေဖြည့်ကူပွန်များ နှင့် KBZPay Market ကူပွန်များကံစမ်းနိုင်မည်ဖြစ်သည်။ 

၄။ လုပ်ဆောင်မှု အမှတ်စဥ် (၁) သည် အသုံးပြုသူမှ အခြားအသုံးပြုသူ အသစ်များကို Campaign စာမျက်နှာရှိ ဖိတ်ခေါ်ခြင်းလင့် မှတဆင့် ဖိတ်ခေါ်ရသော လုပ်ဆောင်မှုဖြစ်သည်။ ဖိတ်ခေါ်ခံရသူ (Invitee) ၏ KYC စာရင်းသွင်းမှုပြီးဆုံး၍ KBZPay Level 2 အသုံးပြုသူအဖြစ် ဖိတ်ခေါ်ခြင်းအောင်မြင်ပါက ဖိတ်ခေါ်သူ (Inviter) သည် Mystery Box ကို ဖွင့်ခွင့်ရရှိမည် ဖြစ်ပါသည်။ ဖိတ်ခေါ်သူ (Inviter) သည် ဖိတ်ခေါ်ခံရသူ(Invitee)တစ်ဦးကို အောင်မြင်စွာဖိတ်ခေါ်နိုင် လျှင် Mystery Box ကို တစ် (၁) ကြိမ် ဖွင့်ခွင့်ရမည်ဖြစ်ပြီး Campaign ကာလတစ်ခုလုံးအတွင်း အများဆုံး အကြိမ် သုံးဆယ် (၃၀) သာ ဖွင့်ခွင့်ရှိမည်ဖြစ်သည်။ ထို့အပြင် ဖိတ်ခေါ်သူသည် အောင်မြင်သော ဖိတ်ခေါ်မှု တစ်ခုလျှင် ပြန်အမ်းငွေ ၁,၀၀၀ ကျပ် ရရှိမည်ဖြစ်ပြီး ထို ဖိတ်ခေါ်ခြင်းလင့် မှတဆင့် ဖိတ်ခေါ်ခံရပြီးနောက် စာရင်းသွင်းပြီး Level 2 အသုံးပြုသူဖြစ်လာသူများသည်လည်း ပြန်အမ်းငွေ ၃၀၀ ကျပ်၊ ၃၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကူပွန် နှင့် ၄၀၀ ကျပ်တန် လက်ဆောင်ကဒ်ကူပွန် တို့ကို လက်ခံရရှိမည်ဖြစ်သည်။ ဤ Campaign မဟုတ်ဘဲ အခြား campaign တစ်ခုခုမှ ဖိတ်ခေါ်ခြင်းဖြင့် ချိတ်ဆတ်ထားပြီးဖြစ်သော ဖိတ်ခေါ်ခံရသူများသည် ဤလုပ်ဆောင်မှုအတွက် အကျုံးမဝင်ပါ။ 

၅။ လုပ်ဆောင်မှု အမှတ်စဥ် (၂) သည် အသုံးပြုသူများမှ KBZPay ရှိ လက်ဆောင်ကဒ် ၁၀,၀၀၀ ကျပ် နှင့်အထက် ဝယ်ယူလျှင် Mystery Box ဖွင့်ခွင့် တစ် (၁) ကြိမ် ရရှိနိုင်မည့် လုပ်ဆောင်မှု ဖြစ်သည်။ ဤ လုပ်ဆောင်မှုနှင့်သက်ဆိုင်၍ အသုံးပြုသူတစ်ဦးလျှင် တစ်ရက်အတွင်း Mystery Box နှစ် (၂) ကြိမ် အထိသာ ဖွင့်ခွင့်ရရှိမည် ဖြစ်သည်။ 

၆။ လုပ်ဆောင်မှု အမှတ်စဥ် (၃) သည် အသုံးပြုသူများက Campaign စာမျက်နှာ မှတဆင့် KBZPay Market အတွင်းရှိ Uni League Store ကို သွား‌ရောက်ခြင်းဖြင့် Mystery Box ဖွင့်ခွင့် တစ် (၁) ကြိမ် ရရှိနိုင်မည့် လုပ်ဆောင်မှု ဖြစ်သည်။ ဤ လုပ်ဆောင်မှုနှင့်သက်ဆိုင်၍ အသုံးပြုသူတစ်ဦးလျှင် အစီအစဥ်ကာလ တစ်ခုလုံးအတွင်း Mystery Box တစ် (၁) ကြိမ် အထိသာ ဖွင့်ခွင့်ရရှိမည် ဖြစ်သည်။

၇။ လုပ်ဆောင်မှု အမှတ်စဥ် (၄) သည် အသုံးပြုသူများက Campaign စာမျက်နှာ မှတဆင့် KBZPay App အတွင်းရှိ Uni League Mini App ကို သွားရောက်ခြင်းဖြင့် Mystery Box ဖွင့်ခွင့် တစ် (၁) ကြိမ် ရရှိနိုင်မည့် လုပ်ဆောင်မှု ဖြစ်သည်။ ဤ လုပ်ဆောင်မှုနှင့်သက်ဆိုင်၍ အသုံးပြုသူတစ်ဦးလျှင် အစီအစဥ်ကာလ တစ်ခုလုံးအတွင်း Mystery Box တစ် (၁) ကြိမ် အထိသာ ဖွင့်ခွင့်ရရှိမည် ဖြစ်သည်။

၈။ Mystery Box တွင်ပါဝင်သော လက်ဆောင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • Samsung Watch 7
  • Samsung Bud Live
  • G-Shock Watch
  • ၃၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁,၀၀၀ ကျပ် နှင့် ၅,၀၀၀ ကျပ် အစရှိသော  ပြန်အမ်းငွေများ
  • ၂,၅၀၀ ကျပ်တန် လက်ဆောင်ကဒ်ကူပွန် (၁၅,၀၀၀ ကျပ်နှင့်အထက် လက်ဆောင်ကဒ် ဝယ်ယူမှုအတွက်သာ အသုံးပြုနိုင်သည်။) 
  • ၅၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကူပွန် (၃,၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်ခြင်း အတွက်သာ အသုံးပြုနိုင်သည်။) 
  • ၄,၀၀၀ ကျပ်တန် KBZPay Market ကူပွန် ( ၂၅,၀၀၀ ကျပ်နှင့်အထက် KBZPay Market တွင် ဝယ်ယူမှုအတွက်သာ အသုံးပြုနိုင်သည်။) 
  • ၂၀၀ ကျပ်တန် လက်ဆောင်ကဒ်ကူပွန် (၁,၈၀၀ ကျပ်နှင့်အထက် လက်ဆောင်ကဒ် ဝယ်ယူမှုအတွက်သာ အသုံးပြုနိုင်သည်။) 
  • ၂၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကူပွန် (၂,၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်ခြင်း အတွက်သာ အသုံးပြုနိုင်သည်။) 
  • “ကျေးဇူးတင်ပါသည်”

၉။ အထက်ဖော်ပြပါ လက်ဆောင်များအတွက် နေ့စဉ်ကန့်သတ်ပမာဏ နှင့် အစီအစဥ် ကာလ တစ်ခုလုံးအတွက် သတ်မှတ်ထားသော စုစုပေါင်း ကန့်သတ်ပမာဏများ ရှိသည်ဖြစ်ရာ ဦးစွာရယူသူသာ ရရှိမည်ဖြစ်ပြီး ကန့်သတ်ပမာဏ ကုန်ဆုံးသွားပါက လက်ဆောင် ရတော့မည် မဟုတ်ပါ။ 

၁၀။ KBZ မှ ဆုရရှိသူများကို SMS ဖြင့် အကြောင်းကြားပေးပါမည်။ ကံထူးရှင်များသည် မိမိ၏ ဆုများကို KBZ ၏ သတ်မှတ်ထားသော နေရာ၌ အတည်ပြု SMS ကို ပြသ၍ တစ်ဆယ်(၁၀) ရက်အတွင်း ထုတ်ယူရန် လိုအပ်ပါသည်။ သတ်မှတ်ထားသော အချိန်ကျော်လွန်ပြီးနောက်တွင် ဆုရရှိသူများသည် ဤဆုများကို ရယူနိုင်မည်မဟုတ်ပါ။ ကံထူးရှင်မှရရှိသောဆုများကို ထုတ်ယူချိန်တွင် စစ်ဆေးရမည်ဖြစ်ပြီး ထုတ်ယူပြီးနောက်တွင် အမှားအယွင်းများ သို့မဟုတ် ပျက်စီးဆုံးရှုံးမှုများအတွက် KBZ မှ တာဝန်ယူမည်မဟုတ်ပါ။

၁၁။ ဤ အစီအစဥ် မှ ရရှိလာသော ကူပွန်များအား “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ KBZPay အသုံးပြုသူများအနေဖြင့် သတ်မှတ်ချက်နှင့် ပြည့်မှီသော လုပ်ဆောင်မှု တစ်ကြိမ်အတွက် ကူပွန်တစ်စောင်သာ အသုံးပြုခွင့်ရမည် ဖြစ်သည်။ ပြန်အမ်းငွေရရှိသူများသည် KBZPay Wallet အကောင့်ထဲသို့ တိုက်ရိုက် လက်ခံရရှိမည်ဖြစ်သည်။ ကူပွန်များ နှင့်ပြန်အမ်းငွေများအား ထည့်သွင်း ပေးမည်ဟု ဖော်ပြထားသော်လည်း KBZ ဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များ ကြောင့် ကူပွန်များ နှင့်ပြန်အမ်းငွေများအား ထည့်သွင်းချိန်ပြောင်းလဲမှုရှိနိုင်ပါ။

၁၂။ ဤ အစီအစဥ် မှ ရရှိလာသော ကူပွန်များအား အသုံးပြုနိုင်သည့်သက်တမ်းမှာ အသုံးပြုသူလက်ခံရရှိသည့်နေ့ရက်မှစ၍ (၇)ရက်အတွင်းဖြစ်ပြီး သတ်မှတ်ရက် ကျော်သွားပါက အသုံးပြုနိုင်တော့မည် မဟုတ်ပါ။

၁၃။ ဤ အစီအစဥ် အရ ကူပွန် ရရှိထားသူများသည် ၎င်းတို့ရရှိသောကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်ရရှိမည် မဟုတ်ပါ။

၁၄။ ဤအစီအစဉ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ အစီအစဉ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay Customer များအနေဖြင့် အစီအစဉ်ကာလပြီးဆုံးသော်လည်း အပိုဒ် (၁၂) တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက် အသုံးပြုနိုင်မည် ဖြစ်သည်။ 

၁၅။ KBZ ဝန်ထမ်းများသည် အစီအစဉ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့် သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၆။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၇။ ဤအစီအစဉ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေ အရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၈။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၉။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၂၀။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၂။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပေါ် နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများ ကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZPay မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZPay အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၃။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သော ကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်း သတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။