၁။ ဤ “မြန်မာ့နှစ်ကူးသင်္ကြန်မှာ ပြည်ပငွေလွှဲလက်ခံရင်း ငွေသားဆုလက်ဆောင်များ ကံထူးနိုင်ခွင့်” Campaign သည် ၂၀၂၅ ခုနှစ် မတ်လ (၂၄) ရက် မှ ၂၀၂၅ ခုနှစ် ဧပြီလ (၃၀) ရက်နေ့ အထိကြာမြင့်မည် ဖြစ်ပါသည်။ ( ငွေလွှဲပေးပို့သည့် ရက်စွဲနှင့် ငွေလွှဲလက်ခံသည့် ရက်စွဲ နှစ်ခုစလုံးသည် ဤ Campaign ကာလအတွင်းဆောင်ရွက်မှသာ ဤCampaign တွင် အကျုံးဝင်မည်ဖြစ်သည်။)
၂။ ဤ Campaign ၏ ရည်ရွယ်ချက်မှာ Merchantrade သုံးစွဲသည့် ကမ္ဘောဇဘဏ် Customer များကို ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် ငွေသားဆုများကံစမ်းနိုင်မည့် အခွင့်အရေးရရှိနိုင်ရန် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။
၃။ ဤCampaign ကာလအတွင်း မလေးရှားနိုင်ငံမှ Merchantradeဖြင့် ပြည်ပလွှဲပို့ငွေများကို KBZ Bank Account (သို့မဟုတ်) KBZPay Wallet Account မှတစ်ဆင့် လက်ခံရရှိသည့် ကမ္ဘောဇဘဏ် Customerများအားလုံးသည် အပိုဒ် ၅ တွင်ဖော်ပြထားသော ဆုလက်ဆောင်များ ပါဝင်ကံစမ်းနိုင်မည်ဖြစ်ပါသည်။ ဤCampaignအတွက် ကံထူးရှင်ရွေးချယ်ရာတွင် ဤCampaign ကာလအတွင်း Campaign စတင်သည့်နေ့မှစ၍ (၁၄) ရက်လျှင် တကြိမ်စီကံထူးရှင်အယောက် ငါးဆယ် (၅၀) ကို ရွေးချယ်ပေးမည်ဖြစ်ပါသည်။ အစိုးရ ရုံးပိတ်ရက်များ သို့မဟုတ် ကမ္ဘောဇဘဏ် မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ကံထူးရှင်များကို ကြေညာပေးသည့်နေ့ရက်သည် အပြောင်းအလဲရှိနိုင်ပါသည်။
၄။ ဤCampaign ကာလအတွင်း မလေးရှားနိုင်ငံမှ Merchantrade ဖြင့် ပြည်ပလွှဲပို့ငွေများကို လက်ခံရရှိသည့် ကမ္ဘောဇဘဏ်Customer များသည် (၁၄)ရက်အတွင်း ဆုကံစမ်းခွင့် တစ်ကြိမ်စီ ရရှိ၍ ဤ Campaign တွင်ပါဝင် ကံစမ်းနိုင်မည်ဖြစ်ပါသည်။ ငွေလွှဲအကြိမ်အရေအတွက် မည်မျှရှိစေကာမူ ငွေလွှဲလက်ခံသူတစ်ဦးလျှင် (၁၄) ရက်ပြည့်တိုင်း ကံစမ်းခွင့် တစ်ကြိမ်သာ အကျုံးဝင်မည် ဖြစ်ပါသည်။
၅။ ဤ Campaign ကာလအတွင်း (၁၄) ရက်ပြည့်တိုင်း ကံစမ်းနိုင်မည့် ဆုလက်ဆောင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဆုများ | ဆုအရေအတွက် | အစီအစဉ် |
ငွေသားဆု 25,000 MMK | ၂၈ | ၁၄ရက်လျှင်တကြိမ်ဆုမဲရွေးချယ်ပေးသွားပါမည်။ Campaign ကာလအတွင်း စုစုပေါင်း ၃ကြိမ်၊ ဆုလက်ဆောင်အရေအတွက် စုစုပေါင်း ၁၅၀ ဖြစ်ပါမည်။ ပထမအကြိမ် – (၉) ရက် ဧပြီလ ၂၀၂၅ဒုတိယအကြိမ် – (၂၃) ရက် ဧပြီလ ၂၀၂၅တတိယအကြိမ် – (၂)ရက် မေလ ၂၀၂၅ |
ငွေသားဆု 50,000 MMK | ၁၀ | |
ငွေသားဆု 100,000 MMK | ၅ | |
ငွေသားဆု 200,000 MMK | ၄ | |
ငွေသားဆု 300,000 MMK | ၃ | |
စုစုပေါင်း | ၅၀ |
၆။ ဤ Campaign ကာလအတွင်း Merchantradeမှ ငွေလွှဲလက်ခံများအတွက် (၁၄) ရက်ပြည့်သည့်အခါတိုင်း အထက်ဖော်ပြပါ အပိုဒ် ၅အရ ဘဏ်၏သတ်မှတ်ရက်များအတိုင်း ဆုလက်ဆောင် ကံထူးသူ (၅၀) ဦးစီကို ကျပန်းစနစ် Random Picker ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး ကံထူးသူများကို အပြာရောင်အမှန်ခြစ်ပါသော KBZ Bank Social Media Channel မှတစ်ဆင့် ကြေညာပေးသွားမည် ဖြစ်ပါသည်။ ဤ Campaign မှ ဆုလက်ဆောင်ကံထူးရရှိသည့် ကံထူးသူကို SMS မှတဆင့် ဆုလက်ဆောင် ကံထူးသူများအား ရွေးချယ်ပြီးသည့်နောက် ရုံးဖွင့်ရက် (၂)ရက်အတွင်း အသိပေးအကြောင်းကြားသွားမည် ဖြစ်သည်။ ဆုလက်ဆောင် ကံထူးသူများအား Social Media များနှင့် Website များတွင် ကြေညာရန်အလို့ငှာ ကံထူးသူများ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ် အပြည့်အစုံမဟုတ်ပါ) ကို ကမ္ဘောဇဘဏ်မှ အသုံးပြုနိုင်သည်ကို ကံထူးသူများမှ သိရှိပြီး သဘောတူပါသည်။ ဤ Campaign ကာလအတွင်းဆုလက်ဆောင် ကံထူးသူရွေးချယ်သည့် အစီအစဉ်ကို စုစုပေါင်း သုံး(၃)ကြိမ် တိတိပြုလုပ်သွားမည်ဖြစ်ပြီး ဆုလက်ဆောင်အရေအတွက်မှာ (၁၅၀) တိတိဖြစ်ပါသည်။
၇။ ငွေသားဆုများကို ကံထူးရှင်များ၏ သက်ဆိုင်ရာ KBZ Bank Account သို့မဟုတ် KBZPay Wallet Account များထံသို့ ကံထူးရှင်ကြေညာပြီး (၂) ရက်အတွင်း တိုက်ရိုက်ထည့်သွင်းပေးသွားပါမည်။ ငွေသားဆုများအား ထည့်သွင်းပေးမည့်အချိန် ဖော်ပြထားသော်လည်း ကမ္ဘောဇဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ငွေသားဆုများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။
၈။ ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် ဤ Campaign တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN နှင့် KBZ Bank Account အချက်အလက်များနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက် အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၉။ ဤ Campaign ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ် Customer များအနေဖြင့် ဤစည်းမျဥ်း စည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။
၁၀။ ဤ Campaign တွင် ကမ္ဘောဇဘဏ်၏ ဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။
၁၁။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၂။ ဤ Campaign နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် ၏ Customer များနှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ် ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ Customer၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၃။ ကမ္ဘောဇဘဏ် သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့် ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၄။ ကမ္ဘောဇဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် ကမ္ဘောဇဘဏ် ၏ Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၁၅။ ကမ္ဘောဇဘဏ် နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု(International Remittance) ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
၁၆။ ဤစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ် ဖွင့်ဆိုရမည်။
၁၇။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှု ကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲ ခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ကမ္ဘောဇဘဏ် မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ကမ္ဘောဇဘဏ် မှပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ် အနေဖြင့် ကမ္ဘောဇဘဏ် Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။
၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာ ဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။
၁၉။ ဤ Campaign နှင့် ပက်သက်၍ ပိုမိုသိရှိလိုပါက KBZ Bank Call Center ဖုန်းနံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။