“ပြည်ပငွေလွှဲများစွာ KBZPay မှာလက်ခံကာ ဆုလက်ဆောင်များကံစမ်းပါ ” အစီအစဥ် နှင့်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

၁။ “ပြည်ပငွေလွှဲများစွာ KBZPay မှာလက်ခံကာ ဆုလက်ဆောင်များကံစမ်းပါ” အစီအစဥ်ကာလကို ၂၀၂၄ ခုနှစ် ဇွန်လ ၇ ရက် မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက် အထိ သတ်မှတ်ထားသည်။

၂။ KBZPay Level 2 အသုံးပြုသူများသာ ယခုအစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်ပါသည်။ KBZPay Level 1 (သို့) Level 1.5 Customer များသည် Level 2 သို့ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး Customer အသစ်များသည်လည်း KBZPay Level 2 Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်သည်။ 

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 2 အသုံးပြုသူများအနေဖြင့် အစီအစဥ်ကာလအတွင်း  နိုင်ငံခြားမှ လွှဲပို့ငွေများကို KBZPay ဖြင့် လက်ခံရယူ၍ Spin Wheel လှည့်ခွင့်ရရှိကာ ဆုလက်ဆောင်များ ကံစမ်းနိုင်ရန် ရည်ရွယ်ပါသည်။

၄။ အစီအစဥ်ကာလအတွင်း နိုင်ငံခြားမှလွှဲပို့ငွေ မည်သည့်ပမာဏကိုမဆို KBZPay တွင် တစ်ကြိမ်လက်ခံသည့်အခါတိုင်း အသုံးပြုသူသည် Spin Wheel လှည့်ခွင့် တစ် (၁) ကြိမ် ရရှိမည်ဖြစ်သည်။ 

၅။ အစီအစဥ်ကာလအတွင်း အသုံးပြုသူများအနေဖြင့် နိုင်ငံခြားမှလွှဲပို့ငွေများကို လက်ခံရယူရင်း ရရှိနိုင်မည့် Spin Wheel လှည့်ခွင့် အကြိမ်ရေကို ကန့်သတ်ထားခြင်းမရှိပါ။ 

၆။ Spin Wheel တွင်ပါဝင်သော ဆုလက်ဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ၁၀၀,၀၀၀ ကျပ် ပြန်အမ်းငွေ
  • ၅,၀၀၀ ကျပ် ပြန်အမ်းငွေ
  • ၁,၀၀၀ ကျပ် ပြန်အမ်းငွေ
  • ၅၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  • ၂၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  • ကျေးဇူးတင်ပါသည်။ 

၇။ KBZPay အသုံးပြုသူများအနေဖြင့် နိုင်ငံခြားမှ လွှဲပို့ငွေများကို လက်ခံရယူပြီး ရရှိလာသော Spin Wheel လှည့်ခွင့်အား ဤအစီအစဉ်ကာလအတွင်း မည့်သည့်အချိန်တွင်မဆို အသုံးပြုခွင့်ရှိပါသည်။ သို့ရာတွင် KBZPay အသုံးပြုသူများရရှိထားသော Spin Wheel လှည့်ခွင့်(များ)သည် အစီအစဉ်ပြီးဆုံးသည်နှင့် တပြိုင်နက် Spin Wheel လှည့်ခွင့်(များ)သည်လည်း အလိုအလျောက် ကုန်ဆုံးသွားမည်ဖြစ်သောကြောင့်  KBZPay အသုံးပြုသူများအနေဖြင့် ရရှိထားသော Spin Wheel လှည့်ခွင့်(များ)အား အစီအစဉ်ကာလအတွင်း အသုံးပြုရန်လိုအပ်ပါသည်။

၈။ နိုင်ငံခြားမှလွှဲပို့ငွေ လက်ခံရရှိပြီး Spin Wheel လှည့်ခွင့်ရရှိသည့် KBZPay အသုံးပြုသူများအား ၎င်းတို့၏ KBZPay မှတဆင့် အသိပေးသွားမည်ဖြစ်ပြီး KBZPay အသုံးပြုသူများအနေဖြင့် ၎င်းတို့ရရှိသည့် Spin Wheel လှည့်ခွင့်များအား Campaign Page မှတဆင့် ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။ 

၉။ အသုံးပြုသူသည် Spin Wheel လှည့်ခွင့်မည်မျှရရှိထားသည်ကို အသုံးပြုသူ၏ KBZPay မှတဆင့် ဤအစီအစဥ်နှင့်သက်ဆိုင်သော KBZPay အတွင်းရှိ Campaign စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။ 

၁၀။ Spin Wheel လှည့်ပြီး ရရှိလာသော ဖုန်းဘေလ်ဖြည့်ကူပွန်များအား “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ KBZPay အသုံးပြုသူများအနေဖြင့် ဖုန်းဘေလ် ဖြည့်သွင်းမှု တစ်ကြိမ်အတွက် ဖုန်းဘေလ်ဖြည့်ကူပွန်တစ်စောင်သာ အသုံးပြုခွင့်ရမည် ဖြစ်သည်။ ပြန်အမ်းငွေရရှိသူများသည် KBZPay Wallet အကောင့်ထဲသို့ တိုက်ရိုက် လက်ခံရရှိမည်ဖြစ်သည်။ ပြန်အမ်းငွေများအား ထည့်သွင်း ပေးမည်ဟု ဖော်ပြထားသော်လည်း KBZဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များ ကြောင့် ကူပွန်များ နှင့်ပြန်အမ်းငွေများအား ထည့်သွင်းချိန်ပြောင်းလဲမှုရှိနိုင်ပါ။

၁၁။ Spin Wheel လှည့်ပြီး ရရှိလာသော ဖုန်းဘေလ်ဖြည့်ကူပွန်အား အသုံးပြုနိုင်သည့်သက် တမ်းမှာ အသုံးပြုသူလက်ခံရရှိသည့်နေ့ရက်မှစ၍ (၇)ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး သတ်မှတ်ရက် ကျော်သွားပါက အသုံးပြုနိုင်တော့မည် မဟုတ်ပါ။

၁၂။ ဤအစီအစဉ်အရ ဖုန်းဘေလ်ဖြည့်ကူပွန် ရရှိထားသူများသည် ၎င်းတို့ရရှိသောကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်ရရှိမည် မဟုတ်ပါ။

၁၃။ ဤအစီအစဉ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်း စည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ အစီအစဉ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များ ရရှိသော KBZPay Customer များအနေဖြင့် အစီအစဉ်ကာလ ပြီးဆုံးသော်လည်း အပိုဒ် (၁၁) တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည်။

၁၄။ ဤ အစီအစဥ်တွင် KBZ ဝန်ထမ်းများ ပါဝင်ခွင့်ရှိသည်။ 

၁၅။ KBZ ဝန်ထမ်းများသည် အစီအစဉ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၆။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၇။ ဤအစီအစဉ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေ အရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၈။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၉။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၂၀။ KBZPay နှင့် International Remittance ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၂။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပေါ် နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများ ကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZPay မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZPay အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၃။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။