မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် KBZPay Center များ

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် KBZPay Center များအားလုံးတွင် ပိတ်ရက်မရှိ မနက် ၉:၀၀ မှ ညနေ ၅ နာရီအထိ အောက်ပါဝန်ဆောင်မှုများကို ရယူနိုင်ပါသည်။ 

  • အကောင့်ဖွင့်ပေးခြင်း
  • ကိုယ်ရေးအချက်အလက်ပြင်ဆင်ခြင်း
  • ဘဏ်အကောင့်ဖြင့်ချိတ်ဆက်ခြင်း
  • KBZPay သို့ငွေသွင်းခြင်း/ KBZPay အေးဂျင့်မှ ငွေထုတ်ခြင်း
  • ငွေလွှဲ/ငွေထုတ်ခြင်း 
  • QuickPay
  • ဖုန်းဘေလ်ဖြည့်ခြင်း
  • ဘေလ်ပေးဆောင်ခြင်း
  • လက်ဆောင်ကဒ်ဝယ်ယူခြင်း
  • ခရီးသွားလက်မှတ်ဝယ်ယူခြင်း

KBZPay အသုံးပြုသူ Customer များအတွက် Book Appointment ပြုလုပ်စရာမလိုဘဲ KBZPay စင်တာများအားလုံးတွင် ၂၀၂၂ခုနှစ် မေလ ၁၆ရက်နေ့မှစ၍ ငွေသားထုတ်ယူနိုင်ပါပြီ။ KBZPay အေးဂျင့်မှ ငွေထုတ်ယူခြင်း နှင့် အကောင့်ဖွင့်လှစ်ခြင်း ဝန်ဆောင်မှုအပါအဝင် အခြား KBZPay ဝန်ဆောင်မှုများအား   မနက် ၉နာရီမှ ညနေ ၅နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ KBZPay အကောင့်တစ်ခုမှ တစ်နေ့လျှင် ငွေသွင်းခြင်း ၊ ငွေလွှဲခြင်း၊ ငွေထုတ်ယူခြင်း အစရှိသော ဝန်ဆောင်မှုများအားလုံးအတွက် သတ်မှတ်ချက်မှာ KBZPay အကောင့်တစ်ခု၏ နေ့စဉ် ပမာဏ အတိုင်းသာဖြစ်ပါသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ KBZPay Center (၂၈) ခုမှာ KBZ Credit Card နှင့် ပတ်သက်သော ဝန်ဆောင်မှုများကို လျှောက်ထားရယူနိုင်သောနေရာများကို ယခုလင့်ခ်မှတစ်ဆင့်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာနှင့် ရယူနိုင်သောဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


KBZPay Center တွင်ရရှိနိုင်သော ဝန်ဆောင်မှုများကို ထပ်မံတိုးချဲ့သွားမည်ဖြစ်ပြီး www.kbzpay.com တွင် နောက်ဆုံးသတင်းအချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။