
နိုင်ငံသားစိစစ်ရေးကတ် တုပအသုံးပြုမှုများသတိပြု
မသမာသူတွေက နိုင်ငံသားစိစစ်ရေးကတ် (NRC) တွေကို မရိုးသားတဲ့သဘောနဲ့ တုပခြင်း၊ ပြုပြင်ခြင်း၊ပြောင်းလဲခြင်းတွေ ပြုလုပ်ပြီး လိမ်လည်မှု၊ မသမာမှုတွေ ကျူးလွန်နေကြပါတယ်။
မှတ်ပုံတင်ကို ဘယ်လို ပြောင်းလဲ ပြင်ဆင်ကြတာလဲ။
⚠ မှတ်ပုံတင်နံပါတ်များကို ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း
⚠ မှတ်ပုံတင်ရှိ ဓာတ်ပုံနေရာတွင် အစားထိုးခြင်း
ပြောင်းလဲ ပြင်ဆင်ထားတဲ့ မှတ်ပုံတင်အတုတွေကို မသမာသူတွေက…
❗ မှတ်ပုံတင်အတုများနှင့် ဘဏ်စာရင်းအကောင့်/ KBZPay အကောင့်များဖွင့်ခြင်း
❗ လိမ်လည်ရရှိသောခိုးယူငွေများကို အခြားငွေစာရင်းအကောင့်များသို့ လွှဲပြောင်းရယူခြင်း
❗ တရားမဝင်လုပ်ငန်းများတွင် ကိုယ်ရေးအချက်အလက်အမှန်များ ဖုံးကွယ်ရန် အသုံးပြုခြင်း
❗ နိုင်ငံသားစိစစ်ရေးကတ် (NRC) ကတ်များ တုပပြုလုပ်ရောင်းချခြင်းမှ ငွေကြေးအကျိုးအမြတ်များ ရယူခြင်းတို့မှာ အသုံးပြုကြပါတယ်။
အများပြည်သူတွေအနေနဲ့ ဒီလို မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်စေဖို့…
✅ အခြားသူတွေရဲ့ NRC ကို တွေ့ရှိ/ကောက်ရပါက သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးကို အပ်နှံပါ။
✅ မိမိရဲ့ NRC ပျောက်ဆုံးပါက နီးစပ်ရာ ရဲစခန်းသို့ တိုင်ကြားပြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးရုံးမှာ မိတ္တူထုတ်ပေးခွင့်ကို ကိုယ်တိုင်လျှောက်ထားပါ။
မိမိတို့ရဲ့ ကိုယ်ပိုင် နိုင်ငံသားစိစစ်ရေးကတ်၊ မိုဘိုင်းလ် SIM ကတ်၊ မိုဘိုင်းလ်ငွေလွှဲအကောင့်၊ ဘဏ် အကောင့်တွေကို တခြားတစ်ဦးဆီသို့ အခကြေးငွေနဲ့ ငှားရမ်းခြင်း (သို့) ရောင်းချခြင်းတွေ ပြုလုပ်မယ်ဆိုရင် နောက်ပြီး ထိုသို့ငှားထား ရောင်းထားသော အကောင့်များသည် လိမ်လည်မှုတစ်ခုခုနှင့် ပတ်သက်ခဲပါက တည်ဆဲဥပဒေတွေအရ တိုက်ရိုက်အရေးယူခြင်းခံရနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် မိမိကိုယ်ရေးကိုယ်တာအချက်အလက်တွေကို မိမိကိုယ်တိုင်ကာကွယ်ဖို့နဲ့ အခကြေးငွေနဲ့ ရောင်းချခြင်းမပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။