“KBZPay Mini Apps Café On-Ground Event” အစီအစဉ်၏ စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များ
3/20/2026
၁။ KBZ သည် ၂၀၂၆ ခုနှစ် မတ်လ (၂၈) ရက်နေ့ မှ ၂၀၂၆ ခုနှစ် မတ်လ (၂၉) ရက်နေ့ အထိကို “KBZPay Mini Apps Café On-Ground Event” အစီအစဉ်၏ အစီအစဉ်ကာလအဖြစ် သတ်မှတ်ထားပါသည်။
၂။ KBZPay Level 2 နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ အစီအစဥ်တွင်ပါဝင်နိုင်မည် ဖြစ်ပါသည်။ Youth Account အသုံးပြုသူများအနေဖြင့် သက်ဆိုင်ရာ အုပ်ထိန်းသူ၏ ခွင့်ပြုချက်ဖြင့်သာပါဝင်နိုင်မည်ဖြစ်ပြီး Youth Account အသုံးပြုသူများမှ ဤ Campaign တွင်ပါဝင်ခြင်းသည် သက်ဆိုင်ရာအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရရှိ၍ ပါဝင်ခြင်းဖြစ်သည်ဟု မှတ်ယူမည်ဖြစ်သည်။
၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 2 နှင့် Youth Account အသုံးပြုသူများ အားလုံးသည် Junction City Promotion Area တွင် ပြုလုပ်သော KBZPay Mini Apps ပွဲတွင် KBZPay ၏ Mini Apps Category များအကြောင်း လေ့လာနိုင်ပြီး Mini Apps မှ တစ်ဆင့် စျေးဝယ်ခြင်းများ ပြုလုပ်ကာ ပြန်အမ်းငွေ လက်ဆောင်များ ရရှိနိုင်စေရန်ဖြစ်ပါသည်။
၄။ ပထမဦးစွာ KBZPay Mini Apps အသုံးပြုသူများသည် Junction City KBZPay Mini Apps Café Promotion Area သို့ လူကိုယ်တိုင်လာရောက်ရမည်ဖြစ်ပြီး Promotion Area ရှိ X stand, A5 stand များမှ QR code ကို scan ဖတ်ကာ Campaign Page သို့ ဝင်ရောက်ရမည်ဖြစ်ပါသည်။
၅။ KBZPay ရှိ Campaign Page တွင် Mini Apps များအား လေ့လာနိုင်မည်ဖြစ်ပြီး KBZPay Mini Apps Café promo သို့ ဝင်ရောက်ကာ Merchants များမှ ပေးထားသော လျော့စျေးများဖြင့် KBZPay Mini Apps တွင် စျေးများ ဝယ်ယူနိင်ပြီး ပြန်အမ်းငွေ လက်ဆောင်သေတ္တာ ဖွင့်ခွင့်လည်းရရှိမည်ဖြစ်ပါသည်။
၆။ ဤအစီအစဥ်ကာလအတွင်း တစ်ရက်လျှင် KBZPay Mini Apps တွင် ငွေ ၅၀,၀၀၀ ကျပ်အောက် ဝယ်ယူမှုအတွက် ပြန်အမ်းငွေ လက်ဆောင်သေတ္တာ ဖွင့်ခွင့် တစ်ကြိမ် ရရှိမည်ဖြစ်ပြီး ငွေ ၅၀,၀၀၀ ကျပ်နှင့်အထက် ဝယ်ယူမှုအတွက် ပြန်အမ်းငွေ လက်ဆောင်သေတ္တာ ဖွင့်ခွင့် နှစ်ကြိမ် ရရှိမည်ဖြစ်ပါသည်။ KBZPay Mini Apps အသုံးပြုသူများအနေဖြင့် Campaign တွင် တစ်ရက်လျှင် တစ်ကြိမ်သာ ပါဝင်ခွင့် ရှိမည်ဖြစ်ပါသည်။ ထို့ပြင် KBZPay Mini Apps တွင် စျေးဝယ်ယူပြီးပါက ပြန်အမ်းငွေ လက်ဆောင်သေတ္တာ ဖွင့်ခွင့်အပြင် ကော်ဖီ ကူပွန်နှင့် Spin Wheel လှည့်ခွင့်ပါ ထပ်မံရရှိနိုင်မည်ဖြစ်ပါသည်။ KBZမှ သတ်မှတ်ထားသည့် ကော်ဖီ ကူပွန်နှင့် Spin Wheel လှည့်ခွင့်အရေအတွက်ထက်ကျော်လွန်ပြီး နောက်KBZPay Mini Apps တွင် စျေးဝယ်ယူသည့် အသုံးပြုသူများအနေဖြင့် အဆိုပါ အခွင့်အရေးများ ရရှိနိုင်တော့မည်မဟုတ်ကြောင်း သိရှိနားလည်ပါသည်။
၇။ ဒါ့အပြင် KBZPay Mini Apps နှင့် ချိတ်ဆက် လက်တွဲချင်သည့် Merchants များအနေဖြင့်လည်း Junction City KBZPay Mini Apps Café Event ပွဲမှတဆင့် QR code ကို scan ဖတ်ကာ campaign page ရှိ To Merchant Application Mini App button ကိုနှိပ်ကာ Merchant Application အတွက် သက်ဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းရမည်ဖြစ်ပြီး ပရိုမိုးရှင်းပွဲ ပြီးပါက သက်ဆိုင်ရာ ဌာနမှတစ်ဆင့် ပြန်လည် ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။
၈။ ပြန်အမ်းငွေ လက်ဆောင်သေတ္တာတွင် ပါဝင်သော ဆုများမှာ
(၁) ၁,၀၀၀,၀၀၀ ကျပ် ပြန်အမ်းငွေ
(၂) ၁၀၀,၀၀၀ ကျပ် ပြန်အမ်းငွေ
(၃) ၅၀,၀၀၀ ကျပ် ပြန်အမ်းငွေ
(၄) ၃၀,၀၀၀ ကျပ် ပြန်အမ်းငွေ
(၅) ၂၀,၀၀၀ ကျပ် ပြန်အမ်းငွေ
(၆) ၁၀,၀၀၀ ကျပ် ပြန်အမ်းငွေ
(၇) ၅,၀၀၀ ကျပ် ပြန်အမ်းငွေ
(၈) ၃,၀၀၀ ကျပ် ပြန်အမ်းငွေ
(၉) ကျေးဇူးတင်ပါသည်
၉။ ဤအစီအစဉ်အရ အသုံးပြုသူ အနေဖြင့် ရရှိထားသော ကူပွန်နှင့် လက်ဆောင်များအား KBZမှ မည်သည့်အခါတွင်မျှ ငွေကြေးဖြင့်လဲလှယ်ပေးမည်မဟုတ်ဘဲ အသုံးပြုသူဘက်မှလည်း ထိုကဲ့သို့လဲလှယ်ပေးရန် တောင်းဆိုပိုင်ခွင့် မရှိပါ။
၁၀။ ဤအစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ပြီးကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။
၁၁။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၁၂။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။
၁၃။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၄။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၅။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။
၁၆။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် သက်ဆိုင်ရာ မိတ်ဖက်ဆိုင်များ၏ စည်းမျဉ်း စည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၁၈။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြား မည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။
၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။