“နှစ်ဦးတန်ခူးမှာ ရွှင်မြူးစရာ KBZPay သင်္ကြန်အခါ” အစီအစဥ်စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

4/3/2026

၁။ KBZPayသည် “နှစ်ဦးတန်ခူးမှာ ရွှင်မြူးစရာ KBZPay သင်္ကြန်အခါ” အစီအစဥ်ကာလကို ၂၀၂၆ ခုနှစ်၊ ဧပြီ လ (၁၁) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဧပြီ လ (၁၈) ရက်နေ့ အထိ သတ်မှတ်ထား ပါသည်။

၂။ ဤ အစီအစဥ်တွင် KBZPay App အား အသုံးပြုသည့် အဆင့် ၁.၅၊ အဆင့် ၂ နှင့် Youth Account အသုံးပြုသူများသာ ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay အဆင့် ၁ အသုံးပြုသူများသည် KBZPay အဆင့် ၂ သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီး မှသာ ပါဝင်နိုင်မည် ဖြစ်သည်။ Youth Account အသုံးပြုသူများအနေဖြင့် သက်ဆိုင်ရာ အုပ်ထိန်းသူ၏ ခွင့်ပြုချက်ဖြင့်သာပါဝင်နိုင်မည်ဖြစ်ပြီး Youth Account အသုံးပြုသူများမှ ဤ Campaign တွင်ပါဝင်ခြင်းသည် သက်ဆိုင်ရာအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရရှိ၍ ပါဝင်ခြင်းဖြစ်သည်ဟု မှတ်ယူမည်ဖြစ်သည်။ ဤ Campaign တွင် ပါဝင်လိုသော KBZPay အသုံးပြုသူများအနေဖြင့် Campaign မှပေးအပ်မည့် သင်္ကြန်မုန့်ဖိုးများ ရယူရန် ပိတောက်ပန်းများကို KBZPay Pocket Money အား ဖွင့်ဖောက်မည့် နေ့ရက် မတိုင်မီ ကြိုတင်စုဆောင်းထားရန် လိုအပ်ပါသည်။

၃။ ဤ အစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay အသုံးပြုများသည် သတ်မှတ်ထားသော လုပ်ဆောင်ချက်များအား လုပ်ဆောင်ပြီး ပိတောက်ပန်းများကိုကြိုတင် စုဆောင်းကာ မိမိစုဆောင်းထားသော ပိတောက်ပန်းများ၏အရေအတွက်ပေါ်မူတည်၍ KBZPay Pocket Money အား ဖွင့်ဖောက်မည့် နေ့ရက်တွင် ရေဖလား၊ ရေပုံး၊ ငွေဖလား တို့ကိုနှိပ်၍ သင်္ကြန်မုန့်ဖိုးများရယူနိုင်မည့် အခွင့်အရေးအပြင် စုဆောင်းထားသော ပိတောက်ပန်းများဖြင့် ကူပွန်များလဲလှယ်ခြင်း နှင့် လျှို့ဝှက်သေတ္တာဖွင့်၍ ဆုလက်ဆောင်ကြီးများ ကံစမ်းနိုင်မည့် အခွင့်အရေးပါရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။

ဤ အစီအစဥ်မှ ပေးအပ်မည့် သင်္ကြန်မုန့်ဖိုးမှာအောက်ပါအတိုင်းဖြစ်သည်။

Loading table…

၄။ ဤ အစီအစဥ်တွင်ပါဝင်လိုသော KBZPay အသုံးပြုသူ များအနေဖြင့် ပိတောက်ပန်းများ ကြိုတင်စုဆောင်းရန်အတွက် ဤ အစီအစဥ် ကာလ အတွင်း အောက်ပါ လုပ်ဆောင်ချက်များအား လုပ်ဆောင်ရမည် ဖြစ်ပါသည်။

၄၊၁။ အစီအစဉ်တွင်ပါဝင်သူများကို ဆုမွန်ကောင်းတောင်းလွှာပေးပို့ခြင်း

အစီအစဉ်တွင်ပါဝင်သူများအနေဖြင့် ဆိုရှယ်မီဒီယာများမှ တစ်ဆင့် သူငယ်ချင်းများ ၊ မိတ်ဆွေများအကြား အချင်းချင်း KBZPay မှသတ်မှတ်ထားသော ဆုမွန်ကောင်းတောင်းလွှာLink အား မျှဝေ ပြီး ထိုမျှဝေသော Link အား လက်ခံ ရရှိသူမှ ဝင်ရောက်ခြင်းဖြင့် ပိတောက်ပန်းများ ရယူနိုင်မည် ဖြစ်သည်။ ပါဝင်သူတစ်ဦးသည် တစ် (၁) ရက် လျှင် အများဆုံး သုံး (၃)ကြိမ် မျှဝေခြင်း (သို့မဟုတ်) မျှဝေခံရခြင်း လုပ်ဆောင်နိုင်ပါသည်။ သို့သော် တစ်ရက် လျှင် (၁)ကြိမ်သာ တူညီသော သူငယ်ချင်းများ၊ မိတ်ဆွေများအကြား မျှဝေခြင်း(သို့မဟုတ်) မျှဝေခံရခြင်းပြုလုပ်နိုင်ပါသည်။

၄၊၂။ နေ့စဉ် အစီအစဉ် စာမျက်နှာသို့ဝင်ရောက်ခြင်း။

၄၊၃။ အစီအစဥ်စာမျက်နှာရှိ Official Account မှတဆင့် ဆောင်းပါးများကိုဖတ်ရှုပြီး Like လုပ်ခြင်း။

၄၊၄။ KBZPay ရှိ Short Dramas ထဲသို့ဝင်ရောက်လေ့လာခြင်း။

၄၊၅။ KBZPay Market သို့ဝင်ရောက်လေ့လာခြင်း။

၄၊၆။ KBZPay ရှိ Arcade ထဲသို့ဝင်ရောက်လေ့လာခြင်း။

၄၊၇။ ကြိုက်နှစ်သက်ရာ ATOM ဖုန်းဘေလ်ဖြည့်ခြင်း သို့ Data Package ဝယ်ယူခြင်း။

၄၊၈။ ငွေတစ်သောင်း (၁၀,၀၀၀) ကျပ်ဖိုး နှင့် အထက် မိမိ၏ ဘဏ်အကောင့်မှ မိမိ၏ KBZPay Wallet အားငွေဖြည့်သွင်းမှု။

၄၊၉။ ငွေ(၁၀၀၀၀) ကျပ်နှင့်အထက် ဘေလ်ပေးဆောင်ခြင်း။

၄၊၁၀။ ဖုန်းဘေလ် ငွေငါးထောင် (၅၀၀၀) ကျပ်နှင့်အထက် (ATOM မပါဝင်ပါ) KBZPay ဖြင့်ဖြည့်ခြင်း။

၄၊၁၁။ KBZPay Merchant ဆိုင်များတွင် ဝယ်ယူပြီး ငွေတစ်သောင်း (၁၀,၀၀၀) ကျပ်နှင့်အထက်ဝယ်ယူပေးချေမှုအတွက် ထို Merchant ဆိုင်များ၏ KBZPay QR Code ကို Scan ဖတ်၍ငွေပေးချေခြင်း။

၄၊၁၂။ လက်ဆောင်ကတ်အား ငွေတစ်သောင်း (၁၀,၀၀၀) ကျပ်နှင့်အထက် KBZPay ဖြင့် ဝယ်ယူခြင်း။

၄၊၁၃။ KBZPay Mini Apps တွင်ဈေးဝယ်ခြင်း ငွေ(၁ကျပ်နှင့်အထက်)ဝယ်ယူခြင်း(Short Dramas မပါဝင်ပါ)။

၄၊၁၄။ KBZPay ရှိ Short Dramas တွင် ငွေတစ်ရာ (၁၀၀) ကျပ်နှင့် အထက် ဇာတ်ကားများဝယ်ယူကြည့်ရှု့ခြင်း။

၄၊၁၅။ ငွေလေးသောင်း (၄၀,၀၀၀) ကျပ်နှင့်အထက် KBZPay ရှိ Quick Pay ဖြင့်ငွေပေးချေခြင်း။

၄၊၁၆ KBZPay ဖြင့် ငွေ၃၀၀,၀၀၀ ကျပ်နှင့်အထက် နိုင်ငံတကာငွေလွှဲများကို လက်ခံခြင်း။

၅။ ပိတောက်ပန်းများ ကြိုတင်စုဆောင်းရန်အတွက် လုပ်ဆောင်ချက် တစ်ခုကို(၁) ရက်လျှင် အများဆုံးပြုလုပ်နိုင်မည့်အကြိမ်အရေအတွက် နှင့် ရရှိနိုင်သော ပိတောက်ပန်း အရေအတွက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Loading table…

၆။ KBZPay အသုံးပြုများအနေဖြင့် မိမိစုဆောင်းထားသည့် ပိတောက်ပန်းများဖြင့် အောက်ဖော်ပြပါ ကူပွန်များ ကို KBZPay ရှိ ကူပွန်လဲလှယ်ရန်နေရာတွင် အစီအစဉ်ကာလအတွင်း နေ့စဉ် သွားရောက်လဲလှယ်အသုံးပြုနိုင်ပါသည်။ အသုံးပြုသူတစ်ဦးသည် အောက်ပါဇယားတွင်ဖော်ပြထားသောကူပွန်များအား တစ်ရက်လျှင် အများဆုံး ကူပွန် သုံး (၃) ခု အထိသာလဲလှယ်၍ ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Loading table…

၇။ KBZPay အသုံးပြုများအနေဖြင့် ကြိုတင်စုဆောင်းထားသော ပိတောက်ပန်းများဖြင့် ဆုလက်ဆောင်ကြီးများ ကံစမ်းရန်အတွက် လျှို့ဝှက်သေတ္တာ ကိုဖွင့်လှစ်၍ အောက်ဖော်ပြပါ အထူးဆုများဖြစ်သော Samsung Galaxy A 56 အပါအဝင် အခြားဆုလက်ဆောင်များကို ကံထူးနိုင်မည်ဖြစ်သည်။ KBZPay အသုံးပြုသူများသည် လျှို့ဝှက်သေတ္တာကို နေ့စဉ် ဖွင့်လှစ်ကံစမ်းနိုင်မည်ဖြစ်ပြီး တစ်ကြိမ် ဖွင့်တိုင်း ပိတောက်ပန်း (၈)ခု ကို အသုံးပြုရမည်ဖြစ်သည်။ ကံစမ်းနိုင်မည် ဆုလက်ဆောင်များမှာ-

၁။ Samsung Galaxy A56 (၁)လုံး

၂။ OPPO A6 (၁)လုံး

၃။ FUJIFILM Instax Mini 12 (၁)လုံး

၄။ Smasung Galaxy Watch FE (၁)လုံး

၅။ Redmi Pad 2 (၁)လုံး

၆။ ငွေတစ်ရာ (၁၀၀) ကျပ် ပြန်အမ်းငွေ

၇။ ငွေနှစ်ရာ (၂၀၀) ကျပ်ပြန်အမ်းငွေ

၈။ ငွေငါးရာ (၅၀၀) ကျပ်ပြန်အမ်းငွေ

၉။ ငွေတစ်ထောင် (၁၀၀၀) ကျပ်ပြန်အမ်းငွေ

၁၀။ ငွေသုံးထောင် (၃၀၀၀) ကျပ်ပြန်အမ်းငွေ

၁၁။ (၁၀၀) ကျပ်တန်ဘက်စုံသုံးကူပွန်

၁၂။ (၂၀၀) ကျပ်တန်ဘက်စုံသုံးကူပွန်

၁၃။(၅၀၀) ကျပ်တန်ဘက်စုံသုံးကူပွန်

၁၄။(၁၀၀၀) ကျပ်တန်ဘက်စုံသုံးကူပွန်

၁၅။ (၃၀၀၀) ကျပ်တန်KBZPay Market ကူပွန်

၁၆။ ကျေးဇူးတင်ပါသည် တို့ ဖြစ်ပါသည်။

၈။ ဤအစီအစဥ်မှ လျှို့ဝှက်သေတ္တာမှ လက်ဆောင်ရရှိသော ကူပွန်များကို အောက်ဖော်ပြပါအတိုင်း ပြန်လည် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

Loading table…

ဘက်စုံသုံးကူပွန် များကို QR ဖြင့်ငွေပေးချေခြင်း(အခြားဘဏ်များ၏ QR များတွင်ပေးချေခြင်းမပါဝင်ပါ)၊ ဖုန်းဘေလ်ဖြည့်ခြင်း၊ လက်ဆောင်ကတ်ဝယ်ယူခြင်း၊ ဘေလ်ဆောင်ခြင်း၊ Quick Pay ဖြင့်ဘေလ်ဆောင်ခြင်း၊ Mini Apps တွင်ဈေးဝယ်ခြင်း ၊ KBZPay Market တွင်ဈေးဝယ်ခြင်းတို့တွင် အသုံးပြုနိုင်ပါသည်။

၉။ ဤအစီအစဥ်မှ ရရှိသော အထူးဆု Samsung Galaxy A 55,OPPO A6, UJIFILM Instax Mini 12, Smasung Galaxy Watch FE, Redmi Pad 2 ဆုလက်ဆောင်များကို ကံထူးရှင်များထံသို့ တိုက်ရိုက်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ သို့သော် ပို့ဆောင်ရန်ခက်ခဲသော‌ နေရာများဖြစ်ပါက KBZPay မှသတ်မှတ်ထားသောနေရာတွင် အထူးဆုကံထူးသူများသည် ကိုယ်တိုင်လာရောက်ထုတ်ယူရမည်ဖြစ်သည်။ အထူးဆုကံထူးသူများ ထံသို့ KBZPay မှ SMS ပေးပို့အကြောင်းကြားမည်ဖြစ်သည်။ ဆုရရှိသူများသည် query@kbzpay.com သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ လက်ရှိအသုံးပြုနေသည့်ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshot နှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ရပါမည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံ ဆုလက်ဆောင်များကိုပို့ဆောင်ပေးမည်ဖြစ်ပြီး ပို့ဆောင်ရန်ခက်ခဲသောနေရာများရှိ ဆုရရှိသူများကိုမူဆုလက်ဆောင်များလာရောက်ထုတ်ယူနိုင်မည့်လိပ်စာအား အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။ KBZPay မှ ဆုရရှိသူများထံသို့ ဆုလက်ဆောင်များပေးပို့ပေးရာတွင် ဆုရရှိသူများအနေဖြင့် ကိုယ်ရေးအချက်အလက်များကို မှားယွင်းစွာ ပေးပို့မှုကြောင့် ဆုလက်ဆောင်များ လွဲမှားရောက်ရှိသွားပါက KBZPay မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

၁၀။ ပို့ဆောင်ရန်ခက်ခဲသော နေရာများတွင်ရှိသည့် ဆုရရှိသူသည် ဆုလက်ဆောင်များအား KBZPayမှ (၃၀)ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား KBZPay မှ ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်သည်။ ဆုရရှိသူမှ ဆုအား လက်ခံရယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ဆုရရှိသူမှ ထုတ်ယူပြီးသောဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZPay မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၁၁။ KBZPay သင်္ကြန်မုန့်ဖိုး

KBZPay အသုံးပြုများအနေဖြင့် စုဆောင်းပြီး ပိတောက်ပန်းများဖြင့် အစီအစဉ် စာမျက်နှာရှိ “ဖွင့်မည်” ကို နှိပ်၍ သင်္ကြန်မုန့်ဖိုးများရယူနိုင်ပါသည်။ မုန့်ဖိုးရယူနိုင်ရန်အတွက်systemမှအလိုအလျောက် မိမိတို့စုဆောင်းရရှိထားသော ပိတောက်ပန်းများအပေါ်မူတည်၍ ရေဖလား၊ ရေပုံး နှင့် ငွေဖလားအကြီး တို့ကို ၂၀၂၆ ခုနှစ်၊ ဧပြီ (၁၅၊၁၆၊၁၇၊၁၈) ရက်နေ့များ၌ ည (၈) နာရီတွင် ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။ KBZPay အသုံးပြုသူများအနေဖြင့်တစ်နေ့လျှင်တစ်(၁)ကြိမ်သာ ရေဖလား၊ ရေပုံး နှင့် ငွေဖလားအကြီး တို့ကိုနှိပ်၍မုန့်ဖိုးအားရယူနိုင်မည်ဖြစ်သည်။ ရေဖလား၊ ရေပုံး နှင့် ငွေဖလားအကြီး တို့ကိုနှိပ်ရန် လိုအပ်သော ပိတောက်ပန်းအရေအတွက်များသည် သတ်မှတ်ထားသော နေ့ရက် တစ်ရက်စီတိုင်းတွင် တူညီနိုင်မည်မဟုတ်ပါ။

၁၂။ သင်္ကြန်မုန့်ဖိုးများသည် ဉီးရာလူစနစ်ဖြစ်သောကြောင့် အသုံးပြုများသည် အစီအစဉ်မစခင် KBZPay အကောင့်ထဲသို့ ကြိုတင်ဝင်ရောက်၍ မုန့်ဖိုးများကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။

၁၃။ KBZPay အသုံးပြုများသည် KBZPay မှ အပိုဒ် (၄) တွင်သတ်မှတ်ထားသော လုပ်ဆောင်ချက်များအားလုပ်ဆောင်ပြီးနောက်ရရှိထားသော ပိတောက်ပန်းများဖြင့် သင်္ကြန်မုန့်ဖိုးဖွင့်ဖောက်ရန်/ ကူပွန်လဲလှယ်ရန်/ လျှို့ဝှက်သေတ္တာဖွင့်လှစ်ရန် လိုအပ်ပြီး တစ်ကြိမ်အသုံးပြုပြီးပါက နောက်ထပ်တစ်ကြိမ်အသုံးပြုရန် အတွက် လိုအပ်သော ပိတောက်ပန်းများကို ထပ်မံစုဆောင်းရန်လိုပါသည်။

၁၄။ ဤအစီအစဥ်မှရရှိလာသော ပြန်အမ်းငွေများအား KBZPay Wallet သို့ တိုက်ရိုက် ထည့်သွင်းပေးသွားမည် ဖြစ်ပြီး ကူပွန်များကို “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၂၄) နာရီ ဖြစ်ပြီး ၎င်းသက်တမ်းကုန်ဆုံးသွားသည့်အခါ ထိုကူပွန်အား အသုံးပြုနိုင် တော့မည်မဟုတ်ပါ။ ကူပွန်များ နှင့် ပြန်အမ်းငွေများအား တိုက်ရိုက်ထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း KBZ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့်ကူပွန်များနှင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှု ရှိနိုင်ပါသည်။

၁၅။ ဤ အစီအစဥ်အရ ဆုလက်ဆောင်ရရှိသူများနှင့် ကူပွန် ရရှိသူများသည် ၎င်းတို့ရရှိသော ဆုလက်ဆောင်/ ကူပွန် အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်းသို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၁၆။ ဤ အစီအစဥ်တွင်ပါဝင်ဆင်နွှဲရန် KBZPay အက်ပလီကေးရှင်းအား နောက်ဆုံးဗားရှင်းသို့ မြှင့်တင် ထားရန် လိုအပ်ပါသည်။

၁၇။ အစီအစဥ်တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။

၁၈။ KBZPay အသုံးပြုသူများ အနေဖြင့် အခြားဘဏ်များ၏ MMQR အသုံးပြုထားသော ဆိုင်များတွင် ငွေပေးချေပါက ဤအစီအစဉ်တွင်ပါဝင်ခွင့်မရရှိနိုင်ပါ။

၁၉။ ဤ အစီအစဥ်ကာလအတွင်း KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင်မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customer များသည် အစီအစဥ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက အစီအစဥ် ကာလပြီးဆုံးသော်လည်း အပိုဒ် (၁၄) တွင် ဖော်ပြချက်နှင့်အညီ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၂၀။ KBZ ဝန်ထမ်းများသည် အစီအစဥ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၂၁။ ဤ အစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၂။ ဤ အစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူ များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၂၃။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၂၄။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၂၅။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် သက်ဆိုင်ရာ အရောင်းမိတ်ဖက် ဆိုင်များ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၇။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။