“KBZPay နဲ့ဖုန်းဘေလ်ဖြည့်ပြီး ပြန်အမ်းငွေ နှင့် ကူပွန်များရယူပါ ” အစီအစဉ်၏ စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များ
၁။ KBZ သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့ မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့ အထိကို “KBZPay နဲ့ဖုန်းဘေလ်ဖြည့်ပြီး ပြန်အမ်းငွေ နှင့် ကူပွန်များရယူပါ အစီအစဉ်ကာလအဖြစ် သတ်မှတ်ထားပါသည်။
၂။ KBZPay Level 1.5 ၊ KBZPay Level 2 နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ အစီအစဥ်တွင်ပါဝင်နိုင်မည် ဖြစ်ပါသည်။ Youth Account အသုံးပြုသူများအနေဖြင့် သက်ဆိုင်ရာ အုပ်ထိန်းသူ၏ ခွင့်ပြုချက်ဖြင့်သာပါဝင်နိုင်မည်ဖြစ်ပြီး Youth Account အသုံးပြုသူများမှ ဤ Campaign တွင်ပါဝင်ခြင်းသည် သက်ဆိုင်ရာအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရရှိ၍ ပါဝင်ခြင်းဖြစ်သည်ဟု မှတ်ယူမည်ဖြစ်သည်။
၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 1.5 ၊ KBZPay Level 2နှင့် Youth Account အသုံးပြုသူများ အားလုံးသည် ဤအစီအစဉ် ကာလအတွင်း KBZPay နဲ့ ငွေ ၃၀၀၀ ကျပ်နှင့် အထက် မည်သည့်ဖုန်းဘေလ် အမျိုးအစားကိုမဆို ဖုန်းဘေလ်ဖြည့်ပါက အောက်ဖော်ပြပါ ပြန်အမ်းငွေများနှင့် လျော့စျေးကူပွန်များကံထူးနိုင်ရန် အတွက် Spin Wheel လှည့်ရန် အခွင့်အရေးများရရှိမှာဖြစ်ပါသည်။
(မှတ်ချက် - KBZPay ဖြင့် Data Packages ဝယ်ယူခြင်းများအတွက် မပါဝင်ပါ)
Spin Wheel လှည့် ကံထူးနိုင်သည့်ပြန်အမ်းငွေ နှင့် လျော့စျေးကူပွန်များ
● ၁,၁၀၀,၀၀၀ ကျပ် ပြန်အမ်းငွေ (၃) ဆု
● ၁၀၀,၀၀၀ ကျပ် ပြန်အမ်းငွေ (၁၁) ဆု
● ၄၅၀ ကျပ် ပြန်အမ်းငွေကျပ်
● ၃၅၀ ကျပ် ပြန်အမ်းငွေကျပ်
● ၃၀၀ကျပ် ပြန်အမ်းငွေ
● ၃၀၀ ကျပ်တန် ကူပွန်
● ၂၅၀ ကျပ်တန်ကူပွန်
● ၂၀၀ ကျပ်တန် ကူပွန်
● ကျေးဇူးတင်ပါသည်
၄။ ဤအစီအစဥ်ကာလအတွင်း KBZPay အသုံးပြုသူတစ်ဦးသည်KBZPay ဖြင့် ဖုန်းဘေလ်ဝယ်ယူခြင်းများအတွက် တစ်ရက်လျှင် အများဆုံး (၁၀)ကြိမ်အထိ Spin Wheel လှည့်ကံစမ်းကာ ဆုလက်ဆောင်များယူနိုင်သည့် အခွင့်အရေးရရှိမှာဖြစ်ပါသည်။ KBZPay ဖြင့် ဝယ်ယူသည့် ဖုန်းဘေလ်ပမာဏအလိုက် Spin Wheel လှည့်ကံစမ်းခွင့် အရေအတွက်များကို သတ်မှတ်ထားပါသည်။ ဖုန်းဘေလ်ဝယ်ယူသည့် ငွေပေးချေမှု တစ်ကြိမ်အတွက် ရရှိနိုင်သည့် Spin Wheel လှည့် ကံစမ်းခွင့် အရေအတွက်များ ကိုအောက်ပါဇယားတွင်ကြည့်ရှ့နိုင်ပါသည်။
စဉ် ဖုန်းဘေလ် ပမာဏ ငွေပေးချေမှုတစ်ကြိမ်လျင် ရရှိနိုင်သည့်အရေအတွက်
၁ ၃၀၀၀ ကျပ် မှ ၄၉၉၉ ကျပ် အထိ ၁ ကြိမ်
၂ ၅၀၀၀ ကျပ် မှ ၉,၉၉၉ ကျပ် အထိ ၂ ကြိမ်
၃ ၁၀,၀၀၀ ကျပ် မှ ၁၉,၉၉၉ ကျပ် အထိ ၃ ကြိမ်
၄ ၂၀,၀၀၀ ကျပ် နှင့်အထက် ၄ ကြိမ်
၅။ ဤအစီအစဥ်မှ လက်ဆောင်ရရှိသော လျော့စျေးကူပွန်များကို အောက်ဖော်ပြပါအတိုင်း ပြန်လည် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
စဉ် ကူပွန်ပမာဏ ပြန်လည်အသုံးပြုနိုင်သော ဖုန်းဘေလ်ပမာဏ
၁။ ၃၀၀ ကျပ်တန် ကူပွန် ၃,၀၀၀ ကျပ်နှင့်အထက် ကျော်လွန်သော ဖုန်းဘေလ်ပမာဏ
၂။ ၂၅၀ ကျပ်တန် ကူပွန် ၃,၀၀၀ ကျပ်နှင့်အထက် ကျော်လွန်သော ဖုန်းဘေလ်ပမာဏ
၃။ ၂၀၀ ကျပ်တန် ကူပွန် ၃,၀၀၀ ကျပ်နှင့်အထက် ကျော်လွန်သော ဖုန်းဘေလ်ပမာဏ
၆။ ဤအစီအစဥ်မှ ရရှိထားသော ကူပွန်အား မိမိ၏ KBZPay ရှိ “ကူပွန်များ” နေရာတွင် သွားရောက်ရယူ နိုင်မည်ဖြစ်ပြီး ကူပွန်တစ်ခု၏ သက်တမ်းမှာ စတင်ရရှိသည့်ရက်မှ ၄၈ နာရီ အတွင်း ဖြစ်ပါသည်။ လက်ဆောင်ရရှိထားသော လျော့စျေးကူပွန်များကို သက်တမ်းမကုန်မီ အချိန်အတွင်း KBZPay ရှိ ၃,၀၀၀ ကျပ်နှင့် အထက် မည့်သည့် ဖုန်းဘေလ်အမျိုးအစား ကိုမဆို ဖုန်းဘေလ်ဖြည့်ခြင်းအတွက် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။
၇။ ပြန်အမ်းငွေများအား ကံထူးရရှိသည့် KBZPay အသုံးပြုသူများအနေဖြင့် KBZမှ သက်ဆိုင်ရာ KBZPay wallet များထဲသို့ ပြန်အမ်းငွေများကို တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပြီး မိမိ၏ KBZPayရှိ မှတ်တမ်းတွင် ပြန်လည် ကြည့်ရှုနိုင်မည်ဖြစ်သည်။ နေ့စဉ်အတွက် သတ်မှတ်ထားသော ဆုလက်ဆောင်ပေးမည့် အကြိမ်အရေအတွက်သည် ကန့်သတ်ချက်ရှိသဖြင့် ထိုကန့်သတ်အရေအတွက်ထက် ကျော်လွန်သော ဝယ်ယူငွေပေးချေမှုပြုလုပ်သည့် KBZPay အသုံးပြုသူများအနေဖြင့် ဤအစီအစဥ်မှပေးအပ်သော ဆုလက်ဆောင် ရရှိနိုင်မည် မဟုတ်ပါ။ ဆုလက်ဆောင်များအား ထည့်သွင်းပေးမည့် အချိန်သည် KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ဆုလက်ဆောင်များအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။
၈။ ဤအစီအစဉ်အရ အသုံးပြုသူ အနေဖြင့် ရရှိထားသော ကူပွန်များကို KBZမှ မည်သည့်အခါတွင်မျှ ငွေကြေးဖြင့်လဲလှယ်ပေးမည်မဟုတ်ဘဲ အသုံးပြုသူဘက်မှလည်း ထိုကဲ့သို့လဲလှယ်ပေးရန် တောင်းဆိုပိုင်ခွင့် မရှိပါ။
၉။ ဤအစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ပြီးကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ကူပွန်များကိုရရှိသည့် KBZPay အသုံးပြုသူများအနေဖြင့် အပိုဒ် (၆) ပါ သတ်မှတ်ချက်နှင့်အညီ ကူပွန်သက်တမ်းကျန်ရှိသည်အတိုင်း အသုံးပြုခွင့်ရမည်ဖြစ်ပါသည်။
၁၀။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။
၁၁။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၁၂။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။
၁၃။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၄။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၅။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။
၁၆။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် သက်ဆိုင်ရာ မိတ်ဖက်ဆိုင်များ၏ စည်းမျဉ်း စည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၁၈။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြား မည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။
၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။