သင့် Cell လေးက ဒီနေ့ဘာပြောနေလဲ” Mini Apps ပရိုမိုးရှင်း အစီအစဥ်၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ
၁။ KBZPay သည် “သင့် Cell လေးက ဒီနေ့ဘာပြောနေလဲ” Mini Apps ပရိုမိုးရှင်း အစီအစဥ်ကာလကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့ အထိ သတ်မှတ်ထား ပါသည်။
၂။ KBZPay Level 1.5၊ Level 2 နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပါသည်။ KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။
၃။ ဤအစီအစဥ် ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5၊ Level 2 နှင့် Youth Account အသုံးပြုသူများအားလုံး သည် ဤအစီအစဉ် ကာလအတွင်း ချိုချဉ်လေးများအား စုဆောင်းကာ iphone 17 pro နှင့် ပြန်အမ်းငွေများ၊ ဖုန်းဘေလ်ဖြည့်ကူပွန်များကို အရုပ်ကောက်စက်မှ ကံထူးရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ဤ အစီအစဥ် ကာလအတွင်း Mini Apps Merchants များထံမှ “OA အထူးပရိုမိုးရှင်း” ကူပွန်များကိုလဲရရှိနိုင်မည်ဖြစ်သည်။ ချိုချဥ်လေးများဖြင့် အရုပ်ကောက်စက်မှ ကံထူး ရရှိနိုင်သော ဆုလက်ဆောင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Iphone 17 pro
၅၀၀၀ ကျပ်တန် ပြန်အမ်းငွေ
၁၀၀၀ ကျပ်တန် ပြန်အမ်းငွေ
၅၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
၃၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
၂၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့် ကူပွန်
ကျေးဇူးတင်ပါသည်
၄။ ဤ အစီအစဥ် တွင်ပါဝင်လိုသူများသည် အစီအစဉ်ကာလအတွင်း KBZPay Mini Apps တွင် ငွေပေးချေခြင်း ၊ နေ့စဉ် မိမိနှစ်သက်ရာ Cells လေးများကို ရွေးချယ်ခြင်း ၊ အစီအစဉ်အကြောင်းကို သူငယ်ချင်းအချင်းချင်း မျှဝေခြင်းများဖြင့် ချိုချဉ်လေးများ စုဆောင်းနိုင်မည် ဖြစ်ပြီး ချိုချဉ် (၅) လုံးလျှင် တစ်ကြိမ် အရုပ်ကောက်စက်မှ ဆုလက်ဆောင်များ ကံစမ်းနိုင်မည် ဖြစ်သည်။
၅။ KBZPay Mini Apps မှာ ငွေပေးချေဝယ်ယူခြင်းကို အစီအစဥ် ကာလအတွင်း နေ့စဉ်အကြိမ်အရေအတွက် အကန့်အသတ်မရှိလုပ်ဆောင်နိုင်မည် ဖြစ်ပြီး KBZPay Mini Apps တွင် များများစျေးဝယ်လေ ချိုချဉ်များများစုဆောင်းနိုင်မည် ဖြစ်သည်။
400 Ks မှ 5,000 Ks အတွင်းဝယ်ယူပါက ချိုချဉ် ၁ လုံး
5,000 Ksနှင့်အထက် ဝယ်ယူပါက ချိုချဉ် ၂ လုံး
30,000 Ks နှင့်အထက် ဝယ်ယူပါက ချိုချဉ် ၃ လုံး
50,000 Ks နှင့်အထက် ဝယ်ယူပါက ချိုချဉ် ၄ လုံး
100,000 Ks နှင့်အထက် ဝယ်ယူပါက ချိုချဉ် ၅ လုံး
၆။ နေ့စဉ် KBZPay Mini App ရှိ “သင့် Cell လေးက ဒီနေ့ဘာပြောနေလဲ” အပိုင်း တွင် သွားမယ် cell ၊ စားမယ် cell ၊ ဝယ်မယ် cell၊ chill မယ် cell, မေးမယ် cell၊ ပို့မယ် cell များကို ဖော်ပြထားပြီး နှစ်သက်ရာ cell (၁) ခုကို တစ်ရက် လျှင် တစ် ကြိမ် ရွေးချယ်ခြင်းဖြင့် ချိုချဉ် (၁) လုံးစီရရှိစုဆောင်းနိုင်မည် ဖြစ်သည်။ နေ့စဉ် ၇ ရက်ဆက်တိုက် မပျက်မကွက် cell လေးများကို ရွေးချယ်ပါက နေ့စဥ်ရရှိမည့် ချိုချဥ်များအပြင် နောက်ထပ် ချိုချဉ် (၂)လုံး စုစုပေါင်း ချိုချဉ်(၉)လုံးအထိ ရရှိစုဆောင်းနိုင်မည်ဖြစ်ပါသည်။
၇။ ဤအစီအစဉ်တွင်ပါဝင်ရန် သူငယ်ချင်းနှင့်အချင်းချင်းအပြန်အလှန် မျှဝေ၍ ဖိတ်ခေါ်ခြင်း လုပ်ဆောင်ချက်တွင် မျှဝေသူမှ တစ်နေ့လျှင် သူငယ်ချင်း (၁)ယောက်အား မျှဝေပေးနိုင်ပြီး ဖိတ်ခေါ်ခံရသူမှ မျှဝေထားသော လင့်ခ်မှ တစ်ဆင့် အစီအစဉ်တွင် ဝင်ရောက်ပါက မျှဝေသူနှင့် ဖိတ်ခေါ်ခံရသူတို့သည် တစ်ယောက်လျှင် ချိုချဉ်(၁) လုံးစီ ရရှိနိုင်မည် ဖြစ်သည်။
၈။ ဤအစီအစဉ်ကာလအတွင်း အစီအစဉ်တွင် ပါဝင်သော KBZPay Mini Apps Merchants များထံမှ “OA အထူးပရိုမိုးရှင်း” ကူပွန်များကို KBZPay Official Account များမှတစ်ဆင့် notification ဖြင့်သော် လည်းကောင်း Campaign Page ထဲတွင်လည်းကောင်း ဝင်ရောက်ရယူနိုင်မည် ဖြစ်ပါသည်။ ဤ “OA အထူးပရိုမိုးရှင်း” ကူပွန်များကို Official Account ရှိသက်ဆိုင်ရာ ဆောင်းပါးများကို ရှာဖွေဖတ်ရှုခြင်းဖြင့် စုဆောင်းရမည်ဖြစ်ပါသ့ည်။ OA အထူးပရိုမိုးရှင်းကူပွန်သက်တမ်းနှင့် ည်းမျဉ်းစည်းကမ်းများသည် KBZPay Official Accountရှိ သက်ဆိုင်ရာ ဆောင်းပါး တွင် ရေးသားဖော်ပြထားသည့်အတိုင်း အကျုံးဝင်သွားမည် ဖြစ်ပါသည်။ KBZPay Official Accountရှိ သက်ဆိုင်ရာ ဆောင်းပါးများမှ ရရှိမည့် ကူပွန်များကို အသုံးပြုကာ KBZPay Mini Apps ရှိ သက်ဆိုင်ရာ Merchants ဆိုင်များတွင်ပြန်လည်အသုံးပြုကာ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။
၉။ ဤအစီအစဥ်မှ ပေးအပ်သည့် iphone 17 pro အားကံထူးသည့် ကံထူးရှင်အား အစီအစဉ် ပြီးဆုံးပြီးသည့် နောက် ရုံးဖွင့်ရက် (၁၄) ရက်အတွင်း KBZPay Official Facebook Page , KBZPay Official Account များမှတစ်ဆင့် ကြေငြာပေးသွားမည်ဖြစ်ပြီး ကံထူးရှင်ကိုယ်တိုင် မိမိ၏ မှတ်ပုံတင်၊ ကိုယ်တိုင်ပါဝင်ကံစမ်းထားသည့် KBZPay အကောင့်များနှင့်တကွ သတ်မှတ်ထားသောနေရာတွင် လာရောက်ထုတ်ယူရမည် ဖြစ်သည်။ ထိုကဲ့သို့ ဆုလက်ဆောင်ကို ထုတ်ယူရာတွင် ပစ္စည်း၏ အရည်အသွေး၊ အရောင်၊ ပစ္စည်းစစ်မှန်မှု ရှိမရှိ စသည်တို့ကိုစစ်ဆေးရမည့် တာဝန်သည် မိမိ၏တာဝန်သာဖြစ်ပါသည်။ ထိုကိစ္စရပ်နှင့် ပတ်သက်၍ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းကို အသုံးပြုသူမှ လက်ခံသဘောတူပါသည်။
၁၀။ ဤအစီအစဥ်မှ ကံထူးရရှိလာသော ပြန်အမ်းငွေများအား KBZPay Wallet သို့ တိုက်ရိုက် ချက်ချင်း ထည့်သွင်းပေးသွားမည် ဖြစ်ပြီး ကူပွန်များကို “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ အရုပ်ကောက်စက်မှ ကံထူးရရှိသော ကူပွန် တစ်ခု ၏ သက်တမ်း မှာ ရရှိသည့်ရက် မှ (၇) ရက် ဖြစ်ပြီး ၎င်းသတ်မှတ်ထားသည့် ရက်ကုန်ဆုံးသွားသည့်အခါ ရရှိထားသောကူပွန်အား အသုံးပြုနိုင် တော့မည်မဟုတ်ပါ။ အစီအစဥ်မှရရှိသော ကူပွန်များနှင့် ပြန်အမ်းငွေများအား ချက်ချင်းထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း KBZ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ကူပွန်များနှင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှု ရှိနိုင်ပါသည်။
၁၁။ ဤ Campaign တွင် ရရှိမည့် ကူပွန်များ၊ ပြန်အမ်းငွေများနှင့် iphone 17 ဆုလက်ဆောင်များသည် သတ်မှတ်အရေအတွက်ရှိပါသည်။ ကူပွန်ရရှိသူများ ၊ iphone 17 pro ဆုလက်ဆောင် ရရှိသူများသည် ၎င်းတို့ရရှိသောဆုလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ
၁၂။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။
၁၃။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၁၄။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၅။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၆။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၇။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၁၈။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ အကျုံးဝင်စေရမည်။
၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၂၀။ KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။
၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။